← Chapters

ပေါင်းစည်းခြင်း၊ ကန်းနန်မဟာမိတ်ပြုခြင်း၊ ပထမဆုံးပူးပေါင်းခြင်းခေါင်းဆောင်(၂)

Vol. 22 Ch. 430

ပေါင်းစည်းခြင်း၊ ကန်းနန်မဟာမိတ်ပြုခြင်း၊ ပထမဆုံးပူးပေါင်းခြင်းခေါင်းဆောင်(၂)

Vol. 22 Ch. 430

သူတို့ ဒါကိုဒီအတိုင်းထားခဲ့လို့မရနိုင်ဘူး မဟုတ်လား?

အဲ့ဒီလိုဆိုရင် အရမ်းဖြုန်းတီးရာကျနေတော့မှာပေါ့အ။ ရေးအကြီးဆုံးမှာ ကျင်းနှင့်ရှူတို့၏ ရွှေအမြုတေအင်အားစုရှစ်ခုမရှိဘဲ နီးကပ်လာတဲ့အနာဂတ်မှာ နတ်ဆိုးသားရဲဆူပူအုံကြွမှုတွေကို ဘယ်လိုခုခံမှာလဲ?

သူတို့က အဲ့ဒီနတ်ဆိုးသားရဲတွေကို အဲ့ဒီကျင်းနဲ့ရှူတို့ရဲ့ နယ်မြေတွေကို လွှဲပေးလိုက်ရတော့မှာလား?

ဒီလိုဆိုရင် သေမျိုးတွေဘယ်လောက်တောင် သေဆုံးကုန်တော့မှာလဲ?

ထို့ကြောင့်

ကျင်းနှင့်ရှူတို့ကို ပိုင်ရှင်မဲ့ထားခဲ့ရန် မဖြစ်နိုင်ပေ။

သူတို့သည် ၎င်းတို့အားပေါင်းစပ်ရန် နည်းလမ်းတစ်ခု ရှာဖွေရမည်ဖြစ်သည်။

ထို့ပြင် အနာဂတ်တွင် နတ်ဆိုးသားရဲအဓိကရုဏ်းများ ဖြစ်ပွားလာပါက ၎င်းကိုဂရုစိုက်ရန် သူတို့အတွက် အလွန်ပင်ခက်ခဲပေလိမ့်မည်။

ထို့ပြင် မည်သူမှမမေးရသေးသည့် အရေးကြီးသော မေးခွန်းတစ်ခုလည်း ရှိနေသေးသည်။

၎င်းမှာ ပိုင်ရှင်မဲ့နေသော ကျင်းနှင့်ရှူ ရှိအလွန်များပြားသော ရင်းမြစ်များကို ထားပစ်ခဲ့ရန်နှင့် အခြားသူများသို့ပေးပစ်ရန်မှာ သူတို့ဖို့ မဖြစ်နိုင်ပေ။

“အားလုံးပဲ ငါတို့ဒီကိစ္စကို ဘယ်လိုရင်ဆိုင်သင့်လဲဆိုတဲ့အပေါ် မင်းတို့ရဲ့အမြင်ကို လွတ်လွတ်လပ်လပ် ဖော်ပြနိုင်ပါတယ်”

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

သူတို့ကြားထဲတွင် စွမ်းအားအမြင့်ဆုံးသူတစ်ယောက်အနေဖြင့် သူပြောမည့်အရာကို မည်သူမှ မကန့်ကွက်လိုကြပေ။

မည်သို့ပင်ဖြစ်စေ ဤကိစ္စတွင်ပါဝင်နေသည့် စိတ်ဝင်စားမှုများနှင့် အကျိုးအမြတ်များသည် အလွန်ကြီးမားလွန်းသည်။

ခနကြာသည်အထိ မည်သူမှ ဘာမှမပြောကြသေးပေ။

တခနမျှကြာပြီးနောက် စင်မြင့်ခေါင်းဆောင်ဟောင်က နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူပြောလိုက်သည်မှာ

“ငါ့အထင်တော့ ငါတို့တွေကွဲပြားတဲ့နိုင်ငံတွေအနေနဲ့လုပ်ဆောင်နေမယ်ဆိုရင် ထိန်းမထားနိုင်တော့မှာ အသိအသာပဲ” ‌ဟူ၍ ဖြစ်သည်။

ဤစကားလုံးများသည် လူတိုင်းကို ခေတ္တမျှ နှလုံးခုန်ရပ်သွားစေခဲ့သည်။

ကောင်းကင်ယွဲ့ဂိုဏ်းမှ ယုဟောင်ကျိကပြောလိုက်သည်။

“ဒါဆိုရင် ခင်ဗျားဘယ်လိုအဆိုပြုချင်လဲ၊ စင်မြင့်ခေါင်းဆောင်ဟောင်”

လူတိုင်း ဟောင်တုန်းပိုင်ကို ကြည့်လိုက်ကြသည်။

ဟောင်တုန်းပိုင်က ပြောလိုက်သည်။

“ငါ့ရဲ့အဆိုပြုချက်ကတော့ တစ်စည်းတစ်လုံးတည်း ဖြစ်စေဖို့ပါပဲ”

“တစ်စည်းတစ်လုံးတည်း?”

“အမှန်ပဲ”

ဟောင်တုန်းပိုင်က ခေါင်းညိတ်လိုက်သည်။

“အခုကစပြီးတော့ ကန်းနန်တိုက်က လျန်၊ ယန်၊ ကျင်းနဲ့ ရှူနိုင်ငံတွေဆိုပြီးတော့ ခွဲထွက်နေတော့မှာမဟုတ်ဘူး။ စုပေါင်းထားတဲ့ ကန်းနန်ပူးပေါင်းခြင်းပဲရှိတော့မယ်။ မင်းတို့ဘယ်လိုထင်လဲ?”

“ကန်းနန်‌ပူးပေါင်းခြင်းလား?”

ဟောင်တုန်းပိုင်စကားများကိုကြားပြီးနောက် လူတိုင်း အလိုလိုပင် မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့သည် ဟောင်တုန်းပိုင်က ဤကဲ့သို့တင်ပြချက်တစ်ခု ပြုလုပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ထိုအချိန်တွင် ယွင်နိုင်ငံ၏ ပိုင်ယွင်ဂိုဏ်းမှ တာအိုဆရာဟယ်ယွင်က ပြောလိုက်သည်။

“အဲ့ဒါဆို ကျွန်မတို့ရဲ့ အမွေအနှစ်တွေကကော? ကျွန်မတို့ ဒါတွေကိုပါ ကန်းနန်ပူးပေါင်းခြင်းဆီ ပေးလိုက်ရမှာလား?”

အသေအချာပင် တာအိုဆရာဟယ်ယွင် စိုးရိမ်နေသည့်ကိစ္စသည် အခြားသူများစိုးရိမ်နေသည့် ကိစ္စနှင့် အတူတူပင်ဖြစ်သည်။

တစ်စုတစ်စည်းတည်းဖြစ်‌စေသည့် အယူအဆကို လူတိုင်း လက်ခံထားကြသည်။

မည်သို့ပင်ဖြစ်စေ အကြီးမားဆုံးပြဿနာမှာ မျိုးနွယ်စုတစ်ခုစီနှင့် ဂိုဏ်းတစ်ခုစီ၏ အမွေအနှစ်များပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဘယ်သူမှ သူတို့၏အမွေအနှစ်များကို မပေးလိုကြပေ။

“ငါတော့ ဒါကလိုအပ်တယ်လို့ မထင်ပါဘူး”

ဟောင်တုန်းပိုင်က ထပ်မံ၍ စကားပြောလိုက်သည်။

“တစ်စုတစ်စည်းတည်းဖြစ်စေမှုတစ်ခု ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ စွမ်းအားတွေကို သင့်တင့်စွာ ပေါင်းစည်းနိုင်တာ သေချာအောင်လို့ပဲ။ အမွေအနှစ်တွေအတွက်ကျတော့ ငါ့ကိုယ်ပိုင်ပြောရရင် မင်းတို့တွေသိမ်းထားနိုင်တယ်လို့ပဲ ခံစားမိပါတယ်။ ပြီးတော့ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး မင်းတို့အရမ်း ကန့်သတ်ခံထားရမှာ မဟုတ်ပါဘူး။ မင်းတို့လုပ်ရမယ့် တစ်ခုတည်းသော အရာက ပူးပေါင်းမှုခေါင်းဆောင်ပြောတယ့်အရာတွေကို လိုက်နာဖို့ပဲ။ ဒါကအဓိကဖြစ်ပြီးတော့ အခြေခံနိယာမပဲ။ ဒါပေါ့ ကန်းနန်ပူးပေါင်းမှုရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်မယ့်သူက ဩဇာတိက္ကမနဲ့ ပြည့်စုံပြီး လူတိုင်းကို သိမ်းသွင်းစည်းရုံးနိင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမှာပေါ့။ ဒီနေရာမှာ ငါက တာအိုရောင်းရင်းကျန်းက ကန်းနန်ပူးပေါင်းမှုရဲ့ ပထမဆုံး ပူးပေါင်းမှုခေါင်းဆောင်ဖြစ်လာမယ်လို့ အကြံပြုချင်တယ်”

၎င်းကို လူတိုင်းကြားကာ ကျန်းချန်ရွှမ်ကို အလိုလို ကြည့်လိုက်ကြသည်။

ရုတ်တရက် တစုံတစ်ယောက်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“စင်မြင့်ခေါင်းဆောင်ဟောင်မှန်တယ်။ ငါမင်းနဲ့သဘောတူတယ်”

၎င်းမှာ ကျန်းပိုင်လုံဖြစ်သည်။

သူသည် သူ့အပေါ်ရှိ အကြည့်များကို ဂရုစိုက်မနေပေ။

တစ်ချိန်တည်းမှာပင် ယန်နိုင်ငံမှ သွမ်ယိတောင်သည်လည်း သူ၏ရပ်တည်ချက်ကို ဖော်ပြလိုက်သည်။

“ငါ့မှာလည်း တခြားအတွေးမရှိဘူး”

ကျန်းပိုင်လုံနှင့် သွမ်ယိတောင်တို့ တစ်ယောက်ပြီးတစ်ယောက် သူတို့အမြင်ကို ဖော်ပြနေသည်ကို မြင်သောအခါ ဝမ်ရှူကျွင်း၊ လီမင်ခွန်းနှင့် ကောင်းကင်ယွဲ့ဂိုဏ်းမှ အခြားသူများလည်း သူတို့၏ အမြင်များကို ပြောပြကြသည်။

ကျန်းချန်ရွှမ်ကို ကန်းနန်ပူးပေါင်းမှု၏ ပထမဆုံးပူပေါင်းမှုခေါင်းဆောင်အနေဖြင့် ခန့်အပ်မည့် ဟောင်တုန်းပိုင်၏ အကြံပေးချက်ကို တစ်ယောက်ပြီးတစ်ယောက် ‌ထောက်ခံနေကြသည်ကိုမြင်သောအခါ အခြားသူများလည်း နောက်တစ်မျိုး အကြံမပြုနေတော့ဘဲ သဘောတူလိုက်ကြသည်။

သူ၏အမြင်ကို မဖော်ပြသည့် တစ်ယောက်တည်းသောသူမှာ ကျန်းချန်ရွှမ်သာဖြစ်သည်။

အခြားသူများဘယ်လိုပဲတွေးတွေး ကျန်းချန်ရွှမ် စိတ်ဆန္ဒမရှိပါက အချည်းနှီးပင်ဖြစ်မည်။

ကံကောင်းစွာပင် ကျန်းချန်ရွှမ်ကလည်း မငြင်း‌ဆိုခဲ့ပေ။

ထို့အပြင် သူ့အတွက် သို့မဟုတ် ကျန်းမျိုးနွယ်စုတစ်ခုလုံးအတွက်ဖြစ်စေ ၎င်းသည် ထိခိုက်နစ်နာသည် ထက်ပို၍ အကျိုးရှိစေလိမ့်မည်။

သူ့တွင်လည်း သဘာဝအလျောက် ငြင်းဆိုရန် အကြောင်းရင်းမရှိနေပေ။

သို့နှင့် ဤကိစ္စသည် ဆုံးဖြတ်ပြီးသွားခဲ့သည်။

ထို့နောက် လူတိုင်းသည် ပူးပေါင်းခြင်းစနစ်နှင့် ကျင်းနှင့် ရှူအတွင်းရှိ ရင်းမြစ်များ မည်ကဲ့သို့ခွဲဝေသက့်သည်တို့ကို အသေးစိတ် ဆွေးနွေးနေခဲ့ကြသည်။

၎င်းနေရာတွင် သံသယမရှိစွာပင် ကျန်းမျိုးနွယ်စုသည် အများစုကို တာဝန်ယူလိုက်သည်။

ကံကောင်းစွာပင် သူ့တွင် အလယ်အလတ် ရွှေအမြုတေအဆင့် ရုပ်သေးရုပ်နှစ်ရုပ် ရှိနေသေးသည်။

ဤရုပ်သေးရုပ်နှစ်ရုပ်နှင့် ကျန်းမျိုးနွယ်စုနှင့် ရှန်းမျိုးနွယ်စုတို့မှ ကျင့်ကြံသူများဖြင့်ဆိုလျှင် ကျင်းနှင့် ရှူတို့ကို တည်ငြိမ်စေရန်မှာပြဿနာတစ်ရပ် မဟုတ်တော့ပေ။

ဆွေးနွေးခြင်းပြီးဆုံးသွားသောအခါ သူတို့သည် ဆက်လက်၍ မနေတော့ဘဲ ပြန်သွားကြသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်လည်း ထူးမခြားနားပင် ဖြစ်သည်။

သူတို့နှစ်ယောက် ကျန်းမျိုးနွယ်စုသို့ ပြန်ရောက်သည်နှင့် သူတို့သည် ကျန်းရန်ယီနှင့် ကျန်းမျိုးနွယ်စုမှ ကျီဖုအဆင့်အကြီးအကဲများအားလုံးကိုခေါ်လိုက်ကာ ကန်းန်ပူးပေါင်းမှု ထူထောင်ခြင်းအကြောင်း ပြောပြလိုက်ကြသည်။

ဤဖြစ်ရပ်ပြောင်းလဲမှုသည် ကျန်းရန်ယီနှင့် အခြားသူများအတွက် အမှန်တကယ်ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ တစ်ချိန်တည်း၌ပင် သူတို့သည် ဤအခွင့်အရေးကို ဖမ်းဆုပ်ထားနိုင်ပါက ၎င်းသည် ကျန်းမျိုးနွယ်စုတစ်ခုလုံးအတွက် ထူးခြားသည့်တိုးတက်မှုတစ်ခုဖြစ်‌ကြောင်း သဘောပေါက်သွားကြသည်။

ကျန်းမ်ျုးနွယ်စုအတွက် စီစဉ်မှုများကို ပြုလုပ်ပြီးနောက် လင်မယားနှစ်ယောက်သည် ရှန်းယွမ်လုံကို တွေ့ဆုံရန် အီသာတောင်သို့သွားခဲ့ကာ သူနှင့် အချိန်‌အတော်ကြာ စကားပြောနေခဲ့ကြသည်။

၎င်းသည် လင်မယားနှစ်ယောက် တံခါးပိတ်ကျင့်ကြံခြင်းကိုစတင်ရန် သူတို့၏ သီးသန့်ဂူအိမ်များသို့ ဝင်သွားရန် အကုန်စီစဉ်ပြီးသည် အထိသာဖြစ်သည်။

ကန်းနန်ပူးပေါင်းမှုအတွက်ဖြစ်စေ၊ အနာဂတ်တွင် နတ်ဆိုးသားရဲဆူပူအုံကြွမှုများနှင့် ရင်ဆိုင်ရလျှင်ပင်ဖြစ်စေ သို့မဟုတ် အနာဂတ်တွင် အခြေတည်ဝိညာဉ်များကို ရင်ဆိုင်ရလျှင်ပင်ဖြစ်စေ နှောင့်နှေးကြန့်ကြာလို့မရသည့် အရေးကြီးသောအရာရှိသည်။

၎င်းမှာ စွမ်းအားများတိုးတက်လာခြင်းပင်ဖြစ်သည်။

သူတို့၏စွမ်းအားများ တိုးတက်လာမှသာ အနာဂတ်တွင် မခန့်မှန်းနိုင်သည့်ကိစ္စများကိုရင်ဆိုင်ရန် စွမ်းရည် သူတို့တွင် ရှိပေလိမ့်မည်။

ထိုအချိန်တွင် ..

ကျန်းချန်ရွှမ်၏ ဂူ၌..

သူသည် ပဥ္စမအဆင့် နတ်ဆိုးဧကရာဇ်၏ သွေးရည်ပုလင်းကို ထုတ်ပြီးဖြစ်သည်။

ဤသွေးရည်ပုလင်းအတွက် ကျန်းချန်ရွမ်သည် အခြေတည်ဝိညာဉ်နတ်ဆိုးသားရဲ၏ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

သာမန်ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သာဆိုပါက ၎င်းသည် သူ၏ခန္ဓာကိုယ်ကို အချိုးကျစေရန် မဆိုထားနှင့် ဖိအားတစ်ခုတည်းနှင့်ပင် သူ့ကိုလှုပ်၍မရအောင် ပြုလုပ်ရန် လုံလောက်နေပေပြီ။

၎င်းမှာ ချဲ့ကားပြောဆိုခြင်းတစ်ခု မဟုတ်ပါ။

တစ်ခုသိရမည်မှာ အဆင့်နယ်ပယ်ကွာခြားချက်သည် စိတ်စွမ်းအားတစ်ခုတည်းဖြင့် ကျော်လွှားလို့ရနိုင်သည့် တစ်စုံတစ်ခု မဟုတ်ပေ။

အမှန်ပင်

ယခုကျန်းချန်ရွှမ်အတွက်တော့ ပြဿနာတစ်စုံတစ်ရာမရှိပေ။

ပဉ္စမအဆင့်နတ်ဆိုးဧကရာဌ်၏ သွေးရည်ပုလင်းမဆိုထားနှင့် အမှန်တကယ် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တစ်ယောက်ဆိုရင်တောင် သူ၏လက်ရှိခွန်အားနှင့်ဆိုလျှင် ၎င်းကိုခေါင်းချင်းဆိုင်ပြီး ရင်ဆိုင်လို့ရပေသည်။

“ဝေါင်း!”

ကျန်းချန်ရွှမ် သွေးရည်ပုလင်းကို ဖွင့်လိုက်သည်နှင့် ရေစပါးအုံးနှင့်တူသည့် ခရမ်းရောင်နတ်ဆိုးသားရဲတစ်ကောင် ရုတ်တရက် ပုလင်းအဝသို့ ပျစ်ခဲသွားသည်။

၎င်းသည် ဤသွေးရည်ပုလင်းအတွင်းတွင် ကျန်ရှိနေသည့် နတ်ဆိုးဧကရာဇ်၏ အကြွင်းအကျန်ဖြစ်သည်။

၎င်းသည် ဝိညာဉ်တန်းလေးတစ်ခုဆိုရင်တောင် သာမန်ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို သူတို့၏စိတ်ဝိညာဉ်ထဲထိ ကြောက်ရွံ့သွားစေရန် လုံလောက်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်ကတော့ မရွေ့ရှားခဲ့ပေ။

သူ၏ လက်ချောင်းကို အသာအယာ ပုတ်လိုက်သည်။

ဝှီခနဲ မြည်သံတစ်ခု ထွက်လာသည်။

သူသည် ပဉ္စမအဆင့်ခရမ်းရောင်နတ်ဆိုးဧကရာဇ်၏ သွေးရည်ပုလင်းကို သူကြိတင်ပြင်ဆင်ထားသည့် ပွက်ပွက်ဆူနေသည့် ရေနွေးများနှင့် ကြီးမားသောရေပုံးတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။

***

All Chapters