← Chapters

၁၅နှစ်ကြာပြီးနောက်၊ ယန်နိုင်ငံသို့ နေသလင်းကျောက်ခရီးစဉ်၏ သတင်း

Vol. 22 Ch. 431

၁၅နှစ်ကြာပြီးနောက်၊ ယန်နိုင်ငံသို့ နေသလင်းကျောက်ခရီးစဉ်၏ သတင်း

Vol. 22 Ch. 431

ရွက်! ရွှက်!

ခနအတွင်းပင် ရေနွေးပုံးတစ်ခုလုံး ခရမ်းရောင်ပြောင်းသွားသည်။

အနံ့များပေါက်ကွဲမှုက ချက်ချင်းပင် ဂူအိမ်တစ်ခုလုံးကိုပြည့်နှက်သွားသည်။

၎င်းကိုမြင်ကာ ကျန်းချန်ရွှမ်လည်း တုံ့ဆိုင်းမနေတော့ဘဲ ခရမ်းရောင်ပြောင်းပြီးနေသည့် ရေနွေးပုံးထဲသို့ ချက်ချင်း ခုန်ချလိုက်သည်။

ချီ! ချီ! ချီ! ချီ!

ထိုအချိန်တွင် ဂူအိမ်ထဲသို့ ‌ထူထပ်သောအဖြူရောင်‌မြူများ မြင့်တက်လာသည်။

မြင့်မားသောအပူချိန်သည် ပတ်ပတ်လည်ရှိ ကျောက်နံရံများကို မသိမသာတူးခြစ်နေသော အရောင်သို့ ပြောင်းလဲသွားစေသည်။

ထိုသို့နှင့်

ရေပုံးထဲရှိ ရေ၏အရောင်ကို ထပ်မံဖောက်ထွင်းမြင်နိုင်သွားသောအခါ ကျန်းချန်ရွှမ်သည် ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။သူသည် သူ၏လက်ချောင်းများကို ညင်သာစွာကျစ်ကျစ်ဆုပ်ထားသည်။

လေထဲတွင် မမြင်နိုင်သော လျှပ်စီးကြောင်းတစ်ခု ပေါ်ပေါက်လာသည်။

၎င်းနှင့် အတူလိုက်ပါလာသည်မှာ လေပြင်းတစ်ခုဖြစ်သည်။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားသည် ရွှေအမြုတေအဆင့်သို့ကျော်လွန်ကာ စိတ်ကူးမယဉ်နိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

ဘွန်း!

သူ၏ လက်သီးများကို ထပ်မံကျစ်ကျစ်ဆုပ်ရန် ကြိုးစားလိုက်သည်။

ကျန်းချန်ရွှမ်သည် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်မှာ အဆုံးမရှိနိုင်သည့် ပဉ္စမအဆင့်သို့ နီးကပ်နေပြီဖြစ်ကြောင်း သိလိုက်သည်။

သူသည် သူ၏ ကိုယ်ခန္ဓာမွမ်းမံခြင်းကျင့်စဉ်ကိုပဉ္စမအဆင့်သို့ရောက်ရှိရန် သင့်လျော်သည့် အခွင့်အရေးတစ်ခုသာ လိုတော့သည်။

သူ၏အခြေအနေနှင့် နေသားကျပြီးနောက် ကျန်းချန်ရွှမ်သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာရန် အစီအစဉ်မရှိတော့ပေ။

ထိုအစား သူသည် စိတ်အေးအေးထားလိုက်ကာ စတင်ကျင့်ကြံလိုက်သည်။

တစ်ချိန်တည်း၌ပင် သူသည် သူ၏အဆောင်စုတ်တံကို ထုတ်ယူလိုက်ကာ သူ၏အဆောင်ပြုလုပ်ခြင်းအတတ်ပညာကို စတုတ္ထအဆင့်တွင်ကျွမ်းကျင်ရန် ပြင်ဆင်လိုက်သည်။

အချိန်များ ‌တရွေ့ရွေ့ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းပင် ၁၅နှစ်မျှကုန်လွန်သွားသည်။

ထို၁၅နှစ်အတွင်းတွင် ကျန်းချန်ရွှမ်သည် ရွှေအမြုတေအဌမအဆင့်သို့ ကျင့်ကြံနိုင်ခဲ့ရုံသာမက သူ၏အဆောင်ပြုလုပ်သည့် အတတ်ပညာမှာလည်း စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည်။

သူ၏ အဆောင်ပြုလုပ်သည့်အတတ်ပညာကို စတုတ္ထအဆင့်သို့ မြှင့်တင်လိုက်သည်နှင့်ပင် ရင်းနှီးနေသော အချက်ပေးသံတစ်ခု မြည်လာသည်။

[ဒင်]

[ဂုဏ်ယူပါတယ် ဟိုစ့် ။ သင်သည်သင်၏ အဆောင်ပြုလုပ်သည့်အတတ်ပညာကို စတုတ္ထအဆင့်သို့ မြှင့်တင်ပြီး ဖြစ်ပါသည်။ သင်သည် ဉာဏ်အလင်းပွင့်စေခြင်းအဆောင်နှင့် ကောင်းကင်မီးတောက်ကိုအဆင့်မြှင့်တင်ရန် အဆောင်တစ်ခုကိုရရှိပါသည်။]

ယခင်ပစ္စည်း၏ အသုံးဝင်မှုသည် ကိုယ့်ကိုကိုယ်သက်သေထူနိုင်ခြင်းပင် ဖြစ်သည်။

နောက်ပိုင်းတွင် ဤအဆောင်ကို အသုံးပြုပြီးပါက သူသည် သူ့တွင်ရှိသည့် ကောင်းကင်မီးတောက်ကို အဆင့်မြှင့်နိုင်မည်ဖြစ်သည်။

တုံ့ဆိုင်းမနေဘဲ ကျန်းချန်ရွှမ်သည် သူ၏ပတ္တမြားမီးတောက်ကို တိုးမြှင့်မှု ပြီးမြောက်စေရန် ဤအဆောင်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ဘွန်း!

ပတ္တမြားမီးတောက် အဆင့်မြှင့်ပြီးသည့် အချိန်တွင် ‌အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်ရန် လုံလောက်သည့် မြင့်မားသောကြောက်မက်ဖွယ်အပူချိန်တစ်ခုကို ၎င်းမှ ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ ပတ္တမြားမီးတောက်သည် ပဉ္စမအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ သူတို့သေချာသတိမထားပါက အဝါရောင်အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်မည့် တစ်စုံတစ်ခု စတင်လာလိမ့်မည်။

ထွက်ခွာရန် အချိန်ကျပေတော့မည်။

ပတ္တမြားမီးတောက်ကို သူ၏လက်ထဲသို့ ပြန်ထားပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏ဂူအိမ်မှ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် ကျန်းချန်ရွှမ်သည် သူ့အရင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာသည့် ရှန်းရူယန်ကိုမြင်လိုက်သည်။

မကြာမီပင် ကျန်းချန်ရွှမ်သည် ရှန်းရူယန်ဆီမှ မတူကွဲပြားနေသည့် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။

သူ အံ့အားသင့်သွားခဲ့သည်။

“ရူယန် မင်းရဲ့ကျင့်စဉ်က...”

ရှန်းရူယန်သည် ကျန်းချန်ရွှမ်ကို ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

“ပဉ္စမအဆင့်အတွင်းအမြုတေရဲ့အကူအညီကို ကျေးဇူးတင်ရမယ်။ ကျွန်မ နဝမမြောက်ရွှေအမြုတေအဆင့်ကို ရှင့်ထက်အရင်ရောက်တာနော်”

“ဒါတကယ့်ကို သတင်းကောင်းပဲ”

ကျန်းချန်ရွှမ်သည် ပျော်ရွှင်မှုကို ထုတ်ဖော်ပြသခဲ့သည်။

လင်မယားနှစ်ယောက်သည် နှစ်များစွာအတွင်း သူတို့၏တံခါးပိတ်ကျင့်ကြံခြင်းမှ ရရှိလာသည့် စုဆောင်းရရှ်ိမှုများကို စတင်ပြောဆိုခဲ့ကြသည်။

သူတို့၏စကားပြောခြင်းပြီးဆုံးသွားသောအခါ ကျန်းရန်ယီနှင့် အခြားသူများကိုခေါ်လိုက်ကာ နှစ်များစွာအတွင်း ကျန်းမျိုးနွယ်စု၏ အခြေအနေများကို မေးမြန်းခဲ့သည်။

ကျန်းမျိုးနွယ်စုသည် တဖြည်းဖြည်းပို၍ တိုးတက်လာသည်။

အခြေအနေအကုန်လုံးမှာ မဆိုးလှပေ။

ကျီဖုအဆင့်ကျင့်ကြံသူနှစ်ယောက် ပိုတိုးလာသည်။

ကျန်းရန်ထောင်၏ ကျင့်စဉ်သည် ကျီဖုနောက်ဆုံးအဆင့်သို့ ကျော်ဖြတ်ပြီးဖြစ်သည်။

လင်မယားနှစ်ယောက်၏ သီးသန့်တပည့် ကျန်းအန်းရန်မှာလည်း တကယ့်ကို အရည်အချင်းရှိလှပေသည်။

၁၅နှစ်အတွင်းတွင် သူမသည်လည်း လူတော်တော်များများကဲ့သို့ပင် အလယ်အလတ်ကျီဖုအဆင့်သို့ရောက်ရှိပြီးဖြစ်သည်။

ဘာမှမမှားယွင်းသွားပါက သူတို့နှစ်ယောက်ကို သူတို့၏ရွှေအမြုတေများဖွဲ့စည်းခြင်းတွင် ထည့်သွင်းလို့ရနိုင်ပေသည်။

အခြားကျင့်ကြံသူများသည်လည်း ခြားနားသော အဆင့်များသို့ တိုးမြင့်လာခဲ့သည်။

ထပ်ပေါင်းအနေဖြင့် စက်သားရဲများတွင် အလွန်အရည်အချင်းရှိသည့်ဟုပြောရလောက်သည့် ကျန်းတုန်းပိုင်သည် အဆင့်မြင့် ဒုတိယအဆင့်စက်သားရဲများကို သန့်စင်ပြီးဖြစ်သည်။

သူ့အဆိုအရ သူသာ အချိန်ပို၍ပေးလိုက်ပါက တတိယအဆင့်စက်သားရဲများကိုသန့်စင်ခြင်းသည် ပြဿနာတစ်ခုမဟုတ်နိုင်တော့ပေ။

“စကားမစပ်...”

ထိုအချိန်တွင် မျိုးနွယ်စုခေါင်းဆောင်ကျန်းရန်ယီ၌ အလွန်အမင်းအရေးကြီးသည့်ကိစ္စတစ်ခု ရှိပုံပေါ်နေသည်။

“ဘိုးဘေး၊ ဘိုးဘေးကကျွန်တော်တို့ကို နေသလင်းကျောက်နဲ့ အဆုံးမရှိကောင်းကင်သလင်းကျောက်ရဲ့သတင်းကို နားစွင့်နေဖို့ ပြောခဲ့တယ်နော်။ အခု နေသလင်းကျောက်အကြောင်း သတင်းရပြီကျွန်တော်တို့ရဲ့ အပြင်ဘက်ခြမ်းက မျိုးနွယ်ဝင်တွေပို့ထားတဲ့သတင်းအရဆိုရင် ယုနိုင်ငံနဲ့ သိပ်မဝေးတဲ့ ယန်နိုင်ငံမှာ လေလံပွဲတစ်ခုကျင်းပလိမ့်မယ်။ အဲ့ဒီမှာ ဘိုးဘေးတို့ နေသလင်းကျောက်ကိုရှာလို့ ရနိုင်တယ်”

အရင်အချိန်များကတည်းကပင် ကျန်းမျိုးနွယ်စု၏ များစွာသော အဖွဲ့ဝင်များကို ယုနိုင်ငံနှင့် ကန်နိုင်ငံသို့ သတင်းများစုဆောင်းရန် တိတ်တဆိတ် ပို့လွှတ်ထားပြီးဖြစ်သည်။

ထို့ပြင် သူတို့ရှိနေသည့် ကန်းနန်တိုက်မှာ အလွန်သေးငယ်ပြီး ဝေးလံသည်။

ကျင့်စဉ်ရင်းမြစ်များမှာ ပို၍ပင် ကန့်သတ်ထားသေးသည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အလိုရှိသည့် ရတနာအများစုသည် ကန်းနန်တိုက်တွင် ရှာမတွေ့နိုင်လောက်အောင်ပင်ဖြစ်သည်။

ထို့ကြောင့် များစွာသောနေရာများတွင် သတင်းများစုဆောင်းရန် ကင်းထောက်အချို့ လိုအပ်ပေသည်။

***

All Chapters