← Chapters

၁၅နှစ်ကြာပြီးနောက်၊ နေသလင်းကျောက်၏သတင်း၊ ယန်နိုင်ငံသို့ခရီးစဉ်(၂)

Vol. 21 Ch. 432

၁၅နှစ်ကြာပြီးနောက်၊ နေသလင်းကျောက်၏သတင်း၊ ယန်နိုင်ငံသို့ခရီးစဉ်(၂)

Vol. 21 Ch. 432

ကျန်းချန်ရွှမ်သည် ကျန်းရန်ယီ၏ စကားများကိုကြားသောအခါ နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားခဲ့သည်။

သူသည် ကျန်းရန်ယီပြောလိုက်သည့် ယန်နိုင်ငံမှာ ယုနိုင်ငံကဲ့သို့ အရွယ်အစားရှိသည့် ကြီးမားသောနိုင်ငံတစ်ခုဖြစ်ကြောင်း သိခဲ့သည်။

ယုနိုင်ငံတွင်ရှိသည့် တိမ်မီးတောက်ဂိုဏ်းသည် ဓားဖုံးနန်းတော်ထက် မနိမ့်ကျလှပေ။

မည်သို့ပင်ဖြစ်စေ သူယန်နိုင်ငံသို့ သွားလိုပါက လုနိုင်ငံ၏နယ်မြေများကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

သူသည် သူတို့၏ လုနိုင်ငံသို့လမ်းကြောင်းကို ဖုံးကွယ်နိုင်ခဲ့လျှင်တောင် သူနှင့်ရှန်းရူယန်သည် ယုနိုင်ငံတွင် လေလံပွဲအတွက် ရုပ်လုံးထုတ်ပြပါက လုနိုင်ငံရှိ ကျင့်ကြံသူများ သူတို့ကို ရှာတွေ့သွားမည်ဖြစ်သည်။

ထိုအချိန်တွင် နှစ်ဖက်စလုံးကြားရှိ တိုက်ပွဲသည် ရှောင်လွဲမရနိုင်တော့ပေ။

သို့သော်လည်း ထိုသို့ဆိုရင်တောင် ကျန်းချန်ရွှမ်သည် ယန်နိုင်ငံသို့ သွားရန် ဆုံးဖြတ်ပြီးဖြစ်သည်။

အကြောင်းမှာ နေသလင်းကျောက်သည် သူ့အတွက် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။

သူဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက သူမည်မျှထပ်စောင့်ရမည်ကို မသိနိုင်ပေ။

လေလံပွဲတွင် သူတို့လိုအပ်နေသည့် တစ်စုံတစ်ခု ရှိကောင်းရှိနိုင်လိမ့်မည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ကျန်းရန်ယီနှင့် အခြားသူများကို တစ်စုံတစ်ခု ညွှန်ကြားလိုက်သည်။

အချိန်ကျလာသောအခါ လင်မယားနှစ်ယောက်သည် ထပ်မံတုံ့ဆိုင်းမနေတော့ပေ။

သူတို့သည် မှော်ဝင်တိုင်တောင်ကို ထွက်ခွာကာ ယန်နိုင်ငံ အရပ်ဆီသို့ ဦးတည်လိုက်ကြသည်။

သူတို့၏လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် သာမန်စက်ဝန်းများအောက်တွင် ကြီးမားသည့်နိုင်ငံနှစ်ခုကို ကျော်ဖြတ်ရန် တစ်လ သို့မဟုတ် ပို၍ ကြာနိုင်လိမ့်မည်။

ဤတစ်ကြိမ်တွင်‌တော့ လင်မယားနှစ်ယောက်သည် ယန်နိုင်ငံကို ရောက်ရှိရန် နှစ်လခွဲအချိန်ယူခဲ့ရသည်။

သူတို့ယန်နိုင်ငံသို့ ရောက်ရှိသည်နှင့် လင်မယားနှစ်ယောက်သည် ဤနေရာတွင် မီးအဆီအနှစ်များပေါများမှုကို ခံစားလိုက်ရသည်။

အခြားနေရာများနှင့်ယှဉ်လျှင် ဤနေရာရှိ မီးအ‌ဆီအနှစ်များသည် ၂၀% ပိုမိုမြင့်မားနေသည်။

ထို့ပြင် ဤနေရာသည် ယန်နိုင်ငံ၏ အဖျားပိုင်းသာရှိသေးသည်။

သူတို့ ပို၍အတွင်းကျလာသည်နှင့် မီးအဆီအနှစ်၏သိပ်သည်းမှုမှာ ဆက်လက်မြင့်တက်လာသည်။

ဤနေရာမျိုးတွင် မီးပါရမီကျင့်စဉ်နည်းစနစ်များကိုကျင့်ကြံခြင်း သို့မဟုတ် မီးပါရမီနတ်စွမ်းအားများကို သဘောပေါက်နားလည်ခြင်းတို့သည် သေချာပေါက် အားထုတ်မှုတစ်ဝက်လောက်နှင့် ရလဒ်နှစ်ဆဖြစ်စေလိမ့်မည်။

သူတို့သည် နေရာကူးပြောင်းခြင်းအစီအရင်တော်တော်များများကို အသုံးပြုလိုက်ကာ ကျင့်စဉ်မြို့တော်များကို ဖြတ်သန်းသွားခဲ့သည်။

တတိယမြောက်နေ့တွင် သူတို့သည် ယန်နိုင်ငံ၏မြို့တော်ဖြစ်သည့် တိမ်မီးတောက်မြို့သို့ ရောက်ရှိခဲ့သည်။

သူတို့ တိမ်မီးတောက်မြို့သို့ရောက်ရှိပြီး သိပ်မကြာခင်ပင် လင်မယားနှစ်ယောက်သည် သူတို့အပေါ်ရှိ လျှို့ဝှက်အကြည့်အချို့ကို အာရုံခံမိလိုက်ကြသည်။

၎င်းသည် သူတို့နှစ်ယောက်ကို မျက်မှောင်ကြုံ့စေခဲ့သည်။

တစ်စုံတစ်ရာမပြသဘဲ သူတို့နှစ်ယောက်သည် သူတို့၏ နတ်အာရုံများကို ဖြန့်ကျက်လိုက်ကြသည်။

မကြာမီပင် သူတို့နှစ်ယောက်သည် မီတာရာချီအဝေးမှ ပုံရိပ်အချို့ကို အာရုံခံမိလိုက်ကြသည်။

သူတို့ကို အံ့အားသင့်သွားစေသည့်အရာမှာ ပုံရိပ်များကြားရှိ ရွှေအမြုတေအဆင့်နှစ်ယောက်ဖြစ်သည်။

လင်မယားနှစ်ယောက်သည် ရန်သူကို နှိုးဆော်ရန် မရွေးချယ်ခဲ့ကြပေ။

သူတို့သည် ပုံမှန်နည်းလမ်းအတိုင်းပဲသွားကာ ယခုအချိန်အတောအတွင်း နေထိုင်ရန် စတုတ္ထအဆင့်ဂူအိမ်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ ကွယ်ဝှက်လိုက်ကြကာ ဂူအိမ်မှ တိတ်တဆိတ်ထွက်လာခဲ့သည်။

အပြင်ဘက်တွင် …

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏နောက်ကိုလိုက်လာသည့် လူအချို့သည် သူတို့နှစ်ယောက် ဂူအိမ်ထဲသို့ဝင်သွားသည်ကို မြင်ကြပြီးဖြစ်ရာ သူတို့လည်းဆက်လက်နေရန် ရည်ရွယ်ချက်မရှိတော့ပေ။

သူတို့သည် ဂူအိမ်ကို စောင့်ကြည့်ရန် လူတစ်ယောက်ထားခဲ့သည်။

အခြားသူများသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်နောက်သို့ လိုက်သွားခဲ့ပြီး တိမ်မီးတောက်မြို့ရှိ သူတို့၏ဌာနချုပ်သို့ ပြန်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူတို့သတိမထားမိလိုက်သည်မှာ သူတို့တိမ်မီးတောက်မြို့ရှိ ဌာနချုပ်သို့ ပြန်ရောက်ပြီးသည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ရောက်ရှိလာကြသည်။

သတ္ထုပြားများနှင့် ပတ်ပတ်လည်အခြေအနေအရ သူတို့နောက်ကိုလိုက်လာသည့်လူများမှာ လုနိုင်ငံမှ လုမျိုးနွယ်စုများဖြစ်သည်ဟု အခြေခံအားဖြင့် အတည်ပြုနိုင်သည်။

ကြည့်ရသည်မှာ သူတို့ နေရာကူးပြောင်းခြင်းအစီအရင်ပြားများကို စီးနင်းနေသည့် အချိန်ကတည်းကပင် လုမျိုးနွယ်စု၏ ရှာတွေ့ခြင်းကိုခံနေရပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူတို့အရမ်းမစိုးရိမ်နေကြပေ။

အဘယ်ကြောင့်ဆိုသော် တိမ်မီးတောက်မြို့တွင် တိုက်ပွဲများကို တားမြစ်ထားသောကြောင့် ဖြစ်သည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် တိတ်တဆိတ်ထွက်ခွာခဲ့သည်။

မည်သူ့ကိုမှ မနိုးကြားမိစေဘဲ သူတို့၏ ဂူအိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

တစ်ချိန်တည်း၌ပင်…

ထိုသူများသည် သူတို့၏ဌာနချုပ်သို့ ပြန်ရောက်သည်နှင့် လူတော်တော်များများ သူတို့ဆီလာခဲ့ကြသည်။

ခေါင်းဆောင်လူမှာ ချောင်ရှိုချွင်းနှင့် အခြားသူများဖြင့် နိုဗာရေပြင်သို့သွားခဲ့သည့် လုရှင်းယွင်ဖြစ်သည်။

သူ၏ ကျင့်စဉ်သည် ပဏာမအခြေတည်အဆင့်ကို ရောက်ရှိပြီးဖြစ်သည်။

“ဝမ်ချန်း၊ ဝမ်ဟိုင် ဘယ်လိုလဲ? တစ်ခုခုတွေ့ခဲ့လား?”

လုရှင်းယွင်သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ကြည့်လိုက်ကာ စိုးရိမ်တကြီးမေးလိုက်သည်။

လုဝမ်ချန်းနှင့် လုဝမ်ဟိုင်တို့သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

“ဘိုးဘေး၉ ကျွန်တော်တို့ အဲ့ဒီစုံတွဲကို ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ နေရာကူးပြောင်းခြင်းအစီအရင်ပြားတွေဆီကနေ ရခဲ့တဲ့သတင်းက အမှန်ပဲ”

“တကယ်လား?”

ဖြေဆိုချက်များကို ကြားပြီးနောက် လုရှင်းယွင်နှင့် လုမျိုးနွယ်မှ အခြားကျင့်ကြံသူများသည် အလွန်ပျော်ရွှင်သွားခဲ့သည်။

လုမျိုးနွယ်စုကျင့်ကြံသူများထဲမှ အနည်းငယ်ပိန်သည့်တစ်ယောက်က ပြောလိုက်သည်။

“ဘိုးဘေး၉ ကျွန်တော်တို့က တိမ်မီးတောက်မြို့မှာ ရောက်နေတာဆိုတော့ ကျွန်တော်တို့..?”

သူပြောနေစဉ်တွင် သူသည် ဆန့်ငင်ဆန့်ငင်ဖြစ်နေခဲ့သည်။

အခြားသူများလည်း လုရှင်းယွင်ကို ကြည့်လိုက်သည်။

မည်သို့ပင်ဖြစ်စေ လုရှင်းယွင်သည် တည်ကြည်သည့်အမူအယာတစ်ခုဖြင့် ခေါင်းခါလိုက်သည်။

“ငါက အဲ့ဒီလိုမလုပ်ဖြစ်မှာပဲကြောက်တာ။ ငါတို့က ယုနိုင်ငံမဟုတ်ဘဲ တိမ်မီးတောက်မြို့မှာ ရောက်နေတာမမေ့ကြနဲ့။ ငါတို့ဒီနေရာမှာ စည်းမျဉ်းတွေကို ချိုးဖောက်လိုက်တာနဲ့ ငါတို့လုမျိုးနွယ်စုကဖြစ်နေရင်တောင် တိမ်မီးတောက်ဂိုဏ်းက ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး”

“အဲ့ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ? သူတို့ကို ရှာတွေ့ဖို့က လွယ်တာမဟုတ်ဘူး။ ဒီတိုင်းပဲ လွှတ်ပေးလိုက်တော့မှာလား?”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ လုရှင်းယွင်က အေးဆေးတည်ငြိမ်နေခဲ့သည်။

သူက ပြောလိုက်သည်။

“ဘာတွေအလျင်လိုနေတာလဲ? ငါတော့ သူတို့ တိမ်မီးတောက်မြို့ကို လှည့်ပတ်ကြည့်ဖို့လောက်နဲ့ လာတယ်လို့ မထင်ဘူး။ ငါမမှားဘူးဆိုရင် သူတို့ဒီကိုလာရတဲ့တကယ့်ရည်ရွယ်ချက်က အကြီးစားလေလံတင်ပွဲကို ပါဝင်ဖို့ပဲ ဖြစ်လိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် မင်းတို့ ငါတို့တွေ စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်။ လေလံပွဲပြီးသွားပြီးတော့ သူတို့ တိမ်မီးတောက်မြို့ကနေ ထွက်သွားတာကိုစောင့်။ ဆိုလိုချင်တာက ငါတို့ အရေးပေါ်အတွက် သူတို့ကို စောင့်ကြည့်ဖို့တစ်ယောက်ယောက် လွှတ်ထားလိုက်မယ်”

၎င်းကို ကြားပြီးသောအခါ လုမျိုးနွယ်စုမှ ကျင့်ကြံသူများ တုံ့ပြန်ခဲ့ကြသည်။

လူတိုင်း သဘောပေါက်နားလည်သွားသည့်ပုံ ဖြစ်သွားခဲ့သည်။

“စကားမစပ်...”

ထိုအချိန်တွင် လုရှင်းယွင်သည် တစ်စုံတစ်ခု တွေးနေခဲ့ပုံပေါ်သည်။

သူဆက်၍ ပြောလိုက်သည်။

“သူတို့ကို‌ စောင့်ကြည့်ရမယ့်သူက ပုန်းကွယ်တဲ့နေရာမှာတော်ပြီးတော့ ကျင့်စဉ်လည်း အရမ်းနိမ့်နေလို့မရဘူး”

ဤအ‌ခြေအနေတွင် လုရှင်းယွင်သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို တည်ငြိမ်သော အမူအယာဖြင့်ကြည့်ကာ ပြောလိုက်သည်။

“ဝမ်မင်၊ ငါပြီးရင် မင်းကဒီနေရာမှာ အမြင့်ဆုံးကျင့်စဉ်ရှိတဲ့သူပဲ။ မင်းသူတို့ကို စောင့်ကြည့်ဖို့ တာဝန်ရှိတယ်။ ဒီကိစ္စပြီးသွားရင် ငါဒါကို မျိူးနွယ်စုကို တင်ပြပြီးတော့ မင်းကို ဂုဏ်တက်စရာတစ်ခုခုပေးမယ်”

လုရှင်းယွင်၏စကားများကိုကြားပြီးနောက် လုဝမ်မင်သည် ချက်ချင်းခေါင်းညိတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ မကြာမီပင် တုံ့ဆိုင်းနေသည့်အမူအယာတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်။

သူပြောလိုက်သည်။

“ဘိုးဘေး၉ ကျွန်တော်အရင်က ကြားဖူးတယ်၊ ကန်းနန်တိုက်မှာ အခြေတည်ဝိညာဉ်နတ်ဆိုးကျင့်ကြံသူတစ်ယောက် ရောက်ရှိလာပြီးတော့ စံသခင်ရွှမ်းယန်ရောက်လာပြီး သူ့ကိုမသတ်ခင်ထိ အဲ့ဒီစုံတွဲကထိန်းထားပေးခဲ့တာတဲ့။ အခုချိန်ထိ အဲ့ဒါအမှန်ဟုတ်မဟုတ်တော့ ဘယ်သူမှမသိကြဘူး။ ကျွန်တော်အချိန်အတော်ကြာ မေးမြန်းကြည့်ခဲ့ပေမယ့် ဘာမှမတွေ့ခဲ့ရဘူး။

ကျွန်တော်အခုနည်းနည်းစိုးရိမ်မိတယ်...

ကောလဟာလတွေအမှန်ဆို ဘယ်လိုလုပ်မလဲ?

ဒီလိုဆိုရင် ကျွန်တော်တို့ ဒီစုံတွဲနဲ့ ရင်ဆိုင်ဖို့ အရမ်း စွန့်စွားလွန်းရာ ကျမနေဘူးလား?”

***

All Chapters