စံသခင်၏စီစဥ်ဆောင်ရွက်ခြင်း၊ လူအများကိုရူးသွပ်သွားစေသည့် နောက်ဆုံးပစ္စည်း၊ အခြေတည်ဝိညာဉ်ကျင့်စဉ်နည်းစနစ်
Vol. 22 Ch. 433
လုဝမ်မင်၏စကားများကို ကြားပြီးနောက်လုမျိုးနွယ်စုမှ ကျင့်ကြံသူများသည် အထင်အမြင်သေးသည့်ပုံစံများ ဖြစ်ပေါ်ခဲ့ကြသည်။
ခပ်ပိန်ပိန် လုမျိုးနွယ်စုကျင့်ကြံသူက ပျက်ရယ်ပြုလိုက်သည်။
“ညီအစ်ကိုဝမ်မင်၊ မင်းဘယ်လိုလုပ် ဒီလို အခြေအမြစ်မရှိတဲ့ သတင်းတွေကို ယုံနိုင်ရတာလဲ? မင်းဘယ်လို မိစ္ဆာအခြေတည်ဝိညာဉ်ကျင့်စဉ်ကိုပြောနေတယ်ဆိုတာရောသိရဲ့လား? ငါသိသလောက်ဆိုရင် အခြေတည်ဝိညာဉ်နတ်ဆိုးက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက သွေးအရှင်ပဲ။ သူ့လက်ထဲမှာ သေဆုံးသွားခဲ့ရတဲ့ အခြေတည်ဝိညာဉ်အဆင့်စံသခင်အရေအတွက်က ၁၀ယောက်ထက်မနည်းဘူး။ မင်းတကယ်ပဲ အဲ့ဒီကျန်းမျိုးနွယ်စုက လူနှစ်ယောက်က သူ့ကိုတိုက်ခိုက်ဖို့စွမ်းရည်ရှိမယ်လို့ထင်နေတာလား?”
ထိုသူ၏စကားကိုကြားကာ လုဝမ်ချန်း၊ လုဝမ်ဟိုင်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
သူတို့၏အတွေးတွင်လည်း ထိုသတင်းများမှာ အမှန်တကယ်ပင် မယုံနိုင်စရာဖြစ်ပေသည်။
ဘယ်လိုလုပ်ရွှေအမြုတေအဆင့်လေးတွေက အခြေတည်ဝိညာဉ်စံသခင်ကို ဆန့်ကျင်ပြီး တိုက်ခိုက်နိုင်ပါ့မလဲ?
ထို့ပြင် ၎င်းမှာလည်း သာမန်အခြေတည်ဝိညာဉ်စံသခင်တစ်ယောက် မဟုတ်ပေ။
ထိုအချိန်တွင် လုရှင်းယွင်ကလည်း ပြောလိုက်သည်။
“မှန်တယ် ဒီကောလဟာလေတွေကို ဒီမှာပဲရပ်လိုက်ရအောင်။ ဒါကဖန်တီးထားတဲ့ဇာတ်လမ်းတစ်ပုဒ် မဟုတ်ရင်လည်း ကျန်းစုံတွဲက သူတို့ကို ပိုသန်မာစေတယ်လို့ထင်ရအောင် ဖြန့်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ရင်ဖြစ်မှာပေါ့။ ဘယ်သူမှ ငါ့ထက်ပိုပြီးတော့ တကယ့်အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မသိနိုင်ဘူး။ ဒါက ငါတို့ရွှေအမြုတေကျင့်ကြံသူတွေ မဟုတ်ရင်လည်း ငါ့လိုမျိုး ပဏာမအခြေတည်ဝိညာဉ်ကျင့်ကြံသူတွေတောင် တတ်နိုင်တဲ့ တည်ရှိမှုမျိုးမဟုတ်ဘူး။
ဒါကြောင့်မလို့ မင်းတို့ဒီကောလဟာလကို စိတ်ထဲထားနေဖို့မလိုဘူး”
“ဟုတ်ကဲ့ပါ ကျွန်တော်တို့ နားလည်ပါပြီ”
ပဏာမအခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် လုရှင်းယွင် ပြောလိုက်သည်ကို မြင်ပြီးနောက် လုဝမ်မင်သည် သူသက်သက် ဇီဇာကြောင်မိနေသည်ဟုသာ ခံစားမိလိုက်သည်။
သူသည် လုရှင်းယွင်နှင့် အခြားသူများကို ထပ်မံခေါင်းညိတ်ပြလိုက်ကာ လျင်မြန်စွာပင် ပျောက်ကွယ်သွားသည်။
….
ဆက်လက်ကာ
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည်လည်း တိမ်မီးတောက်မြို့သို့ ပထမဆုံးလာရောက်ကြသည့် ကျင့်ကြံသူများကဲ့သို့ပင် အနီးအနားကို လှည့်ပတ်ကြည့်နေခဲ့သည်။
သူတို့ နောက်မှလိုက်လိုက်သည့် နောက်ယောင်ခံများကို လုံးဝသတိမမူမိကြသည့် အတိုင်းပင် ဖြစ်သည်။
၎င်းသည် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် လုဝမ်မင်နှင့် လုမျိုးနွယ်စုမှ လူများကို လုံးဝအသက်ရှုချောင်စေခဲ့သည်။
အကြည့်များနှင့်ပင် လင်မယားနှစ်ယောက်သည် လေလံပွဲကိုတက်ရောက်ပြီးနောက် ထွက်ခွာရန် အစီအစဉ်ဆွဲနေကြသည်။
ဒီလိုဆိုလျှင် လုမျိးနွယ်စုသည် နောက်ပိုင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် အချိန်ပိုရပေလိမ့်မည်။
နောက်ဆုံးတွင်
နောက်ထပ်သုံးလကုန်ဆုံးသွားသည်။
လူတိုင်း အချိန်အတော်ကြာ စောင့်မျှော်နေကြသည့် တိမ်မီးတောက်မြို့ရှိ အကြီးစားလေလံပွဲကြီးသည် တရားဝင် စတင်ခဲ့လေပြီ။
ပွဲကျင်းပရာနေရာသည် တိမ်မီးတောက်မြို့၏ အမြုတေနယ်မြေဖြစ်သည့် တိမ်မီးတောက်ဈေးတန်းတွင် ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ရောက်ရှိသောအခါ …
သူတို့သည် ဤနေရာတွင် လူတော်တော်များများ စုရုံးနေကြမှန်း သဘောပေါက်သွားကြသည်။
ပွဲခန်းမထဲသို့ ဝင်သွားပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကျပန်းခုံတစ်ခုံကို ရှာတွေ့ခဲ့သည်။
မကြာမီပင် လေလံပွဲသည် တရားဝင် စတင်ခဲ့သည်။
လူတိုင်း၏ရှေ့တွင် ပေါ်လာသည်မှာ အနီရောင်တာအိုဝတ်ရုံနှင့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။
ဤပုဂ္ဂိုလ်ရောက်ရှိလာသည်နှင့် လေလံပွဲကျင်းပရာနေရာတစ်ခုလုံးသည် ကြီးမားသောဝိညာဉ်ဖိအားတစ်ခုဖြင့် လွှမ်းခြုံခံလိုက်ရသည်။
လူတိုင်း အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ပင် တည်ငြိမ်လေးနက်သွားခဲ့ရသည်။
အကြောင်းမှာ သူတို့ရှေ့တွင်ရှိနေသည့် အနီရောင်ဝတ်ရုံနှင့် အဘိုးကြီးသည် အမှန်တကယ် အခြေတည်ဝိညာဉ် စံသခင်တစ်ယောက်ဖြစ်ကြောင်း အသေအချာ အာရုံခံမိသွားသောကြောင့် ဖြစ်သည်။
အခြေတည်ဝိညာဉ်စံသခင်တစ်ယောက် ဤလေလံပွဲကို ကိုင်တွယ်စီစဉ်နေသည်ကို ကြည့်ခြင်းအားဖြင့် တိမ်မီးတောက်သည် ဤလေလံပွဲကို မည်မျှ အလေးအနက်ထားကြောင်း မြင်သာသည်။
“လူတိုင်းပဲ ငါ့နာမည်က ချီယွင်။ ငါက ဒီလေလံပွဲကို တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်”
ထိုအချိန်တွင် သူ့ကိုယ်သူ ချီယွင်ဟုခေါ်သည့် အနီရောင်ဝတ်ရုံနှင့် အဘိုးကြီးက ဖြည်းညင်းစွာပြောလိုက်သည်။
“တစ်ခုရှင်းလင်းအောင်လုပ်ပါရစေ။ ဒီလေလံပွဲအတွင်းမှာ တစ်ယောက်ယောက်က ငါတို့ရဲ့စည်းမျဉ်းတွေကို လူသိရှင်ကြားဖောက်ဖျက်မယ်ဆိုလို့ရှိရင် ဘယ်သူပဲဖြစ်နေဖြစ်နေ ဘယ်နောက်ခံကလာလို့ပဲဖြစ်နေဖြစ်နေ တိမ်မီးတောက်ဂိုဏ်းက သေချာပေါက်လွှတ်ပေးမှာမဟုတ်ဘူး။ လူကြီးမင်းတို့ ဒီဟာကို အမှတ်ရပြီးတော့ ဒုက္ခရောက်အောင် မလုပ်ကြဖို့ မျှော်လင့်ပါတယ်”
နောက်ဆုံးအကြောင်းတွင် စံသခင်ချီယွင်သည် အဆင့်နိမ့်ကျင့်ကြံသူများကို ဖြူဆုပ်သွားစေသည့် ထူးခြားသည့် ဖိအားတစ်ခုကို အခြေတည်ဝိညာဉ်စံသခင်များဆီသို့ ထုတ်လွှတ်လိုက်သည်။
ကံကောင်းစွာပင် ဤဖိအားကို ချက်ချင်း ပြန်လည်ရုတ်သိမ်းလိုက်သည်။
တစ်ချိန်တည်း၌ပင် စံသခင်ချီယွင်၏လက်ထဲသို့အေးစက်သောအော်ရာတစ်ခုဖြင့် လင်းလက်နေသည့် ဓားပျံတစ်ခု ရောက်ရှိလာခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် အကြည့်တစ်ချက်နှင့်ပင် ဓားပျံမှာ သာမန်ဓားပျံတစ်လက်မဟုတ်ဘဲ အလယ်အလတ်စတုတ္ထအဆင့်ဓားပျံတစ်လက်ဖြစ်ကြောင်း သိရှိသွားကြသည်။
သူတို့သည် ပထမဆုံးလေလံပစ္စည်းမှာ အလွန်ထူးခြားလိမ့်မည်ဟု မျှော်လင့်မထားကြပေ။
လူတိုင်းသိကြသည့်အတိုင်းပင် ဓားပျံများသည် ဓမ္မရတနာများထဲတွင် တန်ဖိုးအကြီးဆုံး ဖြစ်သည်။
ထို့ပြင် ဤဓားပျံ၏အဆင့်သည် အလယ်အလတ်စတုတ္ထအဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။
နောက်ဆုံးအဆင့်ရွှေအမြုတေကျင့်ကြံသူများပင်လျှင် လေလံဆွဲကြလိမ့်မည်။
မျှော်လင့်ထားသည့်အတိုင်းပင်..
စံသခင်ချီယွင်သည် ဓားပျံ၏နောက်ကြောင်းကို ရှင်းပြနေချိန်တွင် ဈေးပြိုင်ပေးနေသည့်အသံများ ထွက်ပေါ်ခဲ့သည်။
“ဝိညာဉ်ကျောက်တုံး၅သိန်း!”
“ဝိညာဉ်ကျောက်တုံး၆သိန်း!”
“ဝိညာဉ်ကျောက်တုံး၈သိန်း!”
တစ်ခနအတွင်းပင် ဤဓားပျံ၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး၈သိန်းသို့ မြင့်တက်သွားသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အဖို့ ထိုအဆင့်ဓားပျံများသည် သိပ်အသုံးတည့်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် ဈေးပြိုင်ခေါ်နေခြင်းတွင် မပါဝင်ခဲ့ကြပေ။
မကြာမီပင် ဓားပျံသည် ၁၁သိန်း တန်ဖိုးဖြင့် ရောင်းထွက်သွားသည်..
***