← Chapters

စံသခင်၏စီစဉ်‌ဆောင်ရွက်ခြင်း၊ လူအများကိုရူးသွပ်သွားစေသည့် နောက်ဆုံးပစ္စည်း၊ အခြေတည်ဝိညာဉ်ကျင့်စဉ်နည်းစနစ်(၂)

Vol. 22 Ch. 434

စံသခင်၏စီစဉ်‌ဆောင်ရွက်ခြင်း၊ လူအများကိုရူးသွပ်သွားစေသည့် နောက်ဆုံးပစ္စည်း၊ အခြေတည်ဝိညာဉ်ကျင့်စဉ်နည်းစနစ်(၂)

Vol. 22 Ch. 434

နောက်တစ်ခုမှာ ရွှေအမြုတေကျင့်ကြံသူများ သူတို့၏ ကျင့်စဉ်များကို မြှင့်တင်ရန် အသုံးပြုနိုင်သည့် ဆေးပြားပုလင်းဖြစ်သည်။

၎င်းကို တိမ်စင်စစ်ဆေးပြားဟုခေါ်သည်။

စခေါ်သည့် ဈေးမှာ ဝိညာဉ်ကျောက်တုံး ၁သိန်းဖြစ်သည်။

တိုးမြင့်ခေါ်ဆိုမှုတိုင်းသည် အနည်းဆုံးဝိညာဉ်ကျောက်တုံး၁သောင်း ရှိရမည်။

အဆုံးတွင် ဆေးပြားပုလင်း၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး၅သိန်း ဖြစ်ခဲ့သည်။

၎င်းအပြီးတွင် အဆောင်အချို့၊ ကျင့်စဉ်နည်းစနစ်များ၊ ဝိညာဉ်အပင်များနှင့် အခြားအရာများ ပေါ်ထွက်လာသည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့မှာ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ လိုအပ်သည့်အရာများမဟုတ်ပေ။

ရက်အနည်းငယ်ကြာပြီးသောအခါ..

စံသခင်ချီယွင်သည် သူ၏ကိုယ်ပေါ်မှ ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်လိုက်သည်။

ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သောအခါ ဒြပ်စင်ငါးခု၏အရောင်ဖြင့် လက်သီးဆုပ်အရွယ် ကျောက်တုံးတစ်ခုရှိနေခဲ့သည်။

၎င်း၏မျက်နှာပြင်သည် တောက်ပသော အလင်းများဖြင့် ဝင်းလက်နေသည်။

“အဲ့ဒါလား? ဓာတ်ငါးပါးလျှပ်စီးသလင်းကျောက်!”ချက်ချင်းဆိုသလိုပင် ရှန်းရူရန်သည် ထိုကျောက်တုံးကို သတိပြုမိလိုက်သည်။

၎င်းသည် သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ခုကို ပေါ်ပေါက်စေခဲ့သည်။

တစ်ချိန်တည်း၌ပင် လေလံစင်ပေါ်ရှိ စံသခင်ချီယွင်က ပြောလိုက်သည်။

“ငါတို့လေလံတင်မယ့် နောက်ပစ္စည်းတစ်မျိုးကတော့ ဓာတ်ငါးပါးလျှပ်စီးသလင်းကျောက်ပဲ။ ဒါကလျှပ်စီးကြောင်းကျင့်စဉ် ကျင့်ကြံနေတဲ့သူတွေ ဒါမှမဟုတ် ဓာတ်ငါးပါးလျှပ်စီးနည်းစနစ်ကို ကျင့်ကြံနေတဲ့သူတွေအတွက် အသုံးဝင်တယ်။ တစ်ချိန်တည်းမှာပဲ ဒီပစ္စည်းက လက်နက်တွေကို သန့်စင်တဲ့နေရာမှာလည်း အသုံးပြုလို့ရတယ်။ ခေါ်ဈေးကတော့ ဝိညာဉ်ကျောက်တုံး၅၀၀၀၀၀ပဲ။ တိုးမြင့်ခေါ်ဆိုမှုတိုင်းက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ရှိရမယ်’”

သူစကားပြော၍ပြီးသွားသည်နှင့် လျှပ်စီးကြောင်းကျင့်စဉ်ကျင့်ကြံနေသည့် ကျင့်ကြံသူအချို့က ဈေးပြိုင်ပေးကြသည်။

“ဝိညာဉ်ကျောက်တုံး၆၀၀၀၀၀!”

“ဝိညာဉ်ကျောက်တုံး၈၀၀၀၀၀!”

“ဝိညာဉ်ကျောက်တုံး၁သန်း!”

အချိန်တိုအတွင်းပင် ဓာတ်ငါးပါးလျှပ်စီးသလင်းကျောက်၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး၁သန်းသို့ တွန်းတင်ခံလိုက်ရပြီး ဆက်၍ မြင့်တက်နေသေးသည်။

“ဝိညာဉ်ကျောက်တုံး၁.၂သန်း!”

“ဝိညာဉ်ကျောက်တုံး၁.၅သန်း!”

“ဝိညာဉ်ကျောက်တုံး၁.၈သန်း!”

ဈေးနှုန်းတန်ဖိုးသည် အမြုတေတည်ဆောက်ခြင်းဆေးပြားတစ်ခု၏ တန်ဖိုးကိုပင် ယှဉ်လို့ရနေပေပြီ။

မည်သို့ပင်ဖြစ်စေ တန်ဖိုးမြင့်တက်မှုကလည်း ရပ်စဲမည့် လက္ခဏာမရှိပေ။

၎င်းသည် ထိုအရာ၏တန်ဖိုးမှာ ၂.၆သန်းအထိ ရောက်ရှိသွားပြီး ဈေးပြိုင်ခေါ်ဆိုသူအရေအတွက် စတင်လျော့ကျသွားသည့် အချိန်ထိသာဖြစ်သည်။

“ဝိညာဉ်ကျောက်တုံး၃သန်း!”

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏ဘေးရှိ ရှန်းရူရန်သည် စတင်ပြောဆိုခဲ့သည်။

သူမကမ်းလှမ်းသည့် တန်ဖိုးကိုကြားပြီးနောက် မူလက ၎င်းပစ္စည်းအတွက် တိုက်ခိုက်ချင်နေကြသည့် ကျင့်ကြံသူအချို့သည် ဤအတွေးကို ပပျောက်သွားစေကြသည်။

လူနှစ်ယောက်သာ ဆက်လက်ဈေးခေါ်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှန်းရူရန်သည် ပစ္စည်းတန်ဖိုးကို ၃.၅သန်းအထသို့ မြှင့်တင်လိုက်သောအခါ ထိုသူနှစ်ယောက်လည်း လက်လျှော့သွားရသည်။

“ဓာတ်ငါးပါးလျှပ်စီးသလင်းကျောက်နဲ့ဆိုရင် ရူရန် ၊ မင်းရဲ့ လျှပ်စီးအမတသတ်ဖြတ်သူငါးခုက ရတနာစင်စစ်တစ်ခုကို သေချာပေါက် တတ်လှမ်းနိုင်လိမ့်မယ်”

လေလံတင်ရောင်းချသူက ရှန်းရူရန်ကို ဓာတ်ငါးပါးလျှပ်စီးသလင်းကျောက်ကို ပေးလိုက်ချိန်တွင် ကျန်းချန်ရွှမ်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

ရှန်းရူရန်သည် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

လေလံပွဲသည် ဆက်လက်ကျင်းပခဲ့သည်။

မည်သို့ပင်ဖြစ်စေ ထိုပစ္စည်းပြီးနောက်လာသော အခြားအရာများသည် သိပ်အသုံးမတည့်လှပေ။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် သူတို့နှစ်ယောက်သည် မျိုးနွယ်စုနှင့် နှိုင်းစာ၍ အသုံးဝင်နိုင်လောက်သည့် ပစ္စည်းအချို့ကို ဝယ်ယူခဲ့သည်။

ဥပမာအားဖြင့် ကြီးမားသည့်ရတနာသင်္ဘောများ၊ ပျံသန်းယာဉ်များနှင့် စသည်တို့ ဖြစ်သည်။

နှစ်ရက်ကြာပြီးနောက်…

စံသခင်ချီယွင်သည် နေမင်းကဲ့သို့တောက်ပမှုတစ်ခုကို ထုတ်လွှတ်လျက်ရှိသည့် ရွှေရောင်ကျောက်တစ်ခုကို ထုတ်ယူလိုက်သောအခါ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ ချက်ချင်း အသက်ဝင်လှုပ်ရှားလာသည်။

“ယောက်ျား အဲ့ဒါနေသလင်းကျောက်ပဲ”

ကျန်းချန်ရွှမ်က ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် သူ၏အမူအယာသည် အတော်အသင့် တည်ငြိမ်လေးနက်နေပြီး ဖြစ်သည်။

အကြောင်းမှာ နေသလင်းကျောက် ထွက်ပေါ်လာသည်နှင့် လူတော်တော်များများသည် သားကောင်ကို ဖမ်းယူတော့မည်သကဲ့သို့ ၎င်းကို စိုက်ကြည့်နေကြသောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ် လေလံဆွဲခြင်းကတော့ လွယ်ကူတော့မည်မထင်ပါ။

၎င်းအတွေးက သူ၏စိတ်ထဲကို ဖြတ်သန်းသွားနေစဉ် လေလံစင်မြင့်ပေါ်ရှိ စံသခင်ချီယွင်က ဖြည်းညင်းစွာပြောလိုက်သည်။

“ငါဒီပစ္စည်းကို လူတော်တော်များများ သိကြမယ်လို့ထင်တယ်။ အမှန်ပဲ ဒါကနေသလင်းကျောက်ပဲ။ ယန်သန့်စင်ခြင်းကျင့်စဉ်နည်းစနစ်ကို ကျင့်ကြံနေတဲ့တာအိုရောင်းရင်းတွေ မဟုတ်ရင်လည်း ယန်နတ်စစံမ်းအားကို ကျင့်ကြံချင်တဲ့သူတွေ ဒါကိုမလွဲချော်ကြစေနဲ့။ ဒီပစ္စည်းရဲ့ စတင်ခေါ်ဈေးကတော့ ဝိညာဉ်ကျောက်တုံး၈၀၀၀၀၀ပဲ။ တိုးမြှင့်ခေါ်ဆိုမှုတိုင်းက အနည်းဆုံး ဝိညာဉ်ကျောက်တုံး၅၀၀၀၀ရှိရမယ်”

သူစကားပြော၍ ပြီးသွားသည်နှင့် လူတော်တော်များများ စတင်လေလံဆွဲကြသည်။

“ဝိညာဉ်ကျောက်တုံး၁သန်း!”

“ဝိညာဉ်ကျောက်တုံး၂သန်း!”

“ဝိညာဉ်ကျောက်တုံး၃သန်း!”

အလွန်လျင်မြန်စွာပင် နေသလင်းကျောက်၏ တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး၃သန်းသို့ တိုးမြင့်သွားသည်။

အဓိကအကြောင်းရင်းမှာ ဤပစ္စည်း၏ရှားပါးမှုကြောင့် ဖြစ်သည်။

မြောက်ဘက်နယ်စက်မှလွဲ၍ နေသလင်းကျောက်ကဲ့သို့ သန့်စင်သည့် ယင်ရတနာမျိုးမှာ ရှားပါးပေသည်။

မည်သို့ပင်ဖြစ်စေ ထိုသို့ဆိုရင်တောင် နေသလင်းကျောက်၏တန်ဖိုးသည် ဝိညာဉ်ကျောက်တုံး၄သန်းနီးနီးသို့ မြင့်တက်နေပြီ ဖြစ်သည်။

ဈေးပြိုင်ခေါ်ဆိုနေသည့်လူအရေအတွက်သည် သိသိသာသာ စတင်လျော့ကျလာသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က အော်ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး၅သန်း!”

ဤတန်ဖိုးသို့ မြင့်တက်သွားသည်နှင့် ဝိညာဉ်ကျောက်တုံးကို ဆက်လက်၍ဈေးပြိုင်ခေါ်ဆိုချင်နေကြသည့် လူများ၏အမူအယာမှာ ပြောင်းလဲသွားခဲ့သည်။

လုမျိုးနွယ်စုမှ ကျင့်ကြံသူများပင်လျှင် တိတ်တဆိတ် အံ့ဩသွားခဲ့ရသည်။

သူတို့သည် ထိုနှစ်ယောက်တွင် ဤကဲ့သို့ များပြားသည့် ဝိညာဉ်ကျောက်တုံးများရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

အခြေတည်ဝိညာဉ်မျိုးနွယ်စုမှ ရွှေအမြုတေအဆင့်ကျင့်ကြံသူများအနေနှင့်ပင်လျှင် သူတို့သည် ထိုစုံတွဲကဲ့သို့ များပြားသည့် ဝိညာဉ်ကျောက်တုံးများမရှိပေ။

သူတို့ဒီနှစ်ယောက်ကိုသာ အမှန်တကယ် သတ်ပစ်နိုင်လိုက်ပါက သူတို့၏ သေဆုံးသွားသော မျိုးနွယ်ဝင်များအတွင် ‌လက်စားချေနိုင်ရုံသာမက အလွန်အမင်းလည်း စုဆောင်းရရှိနိုင်လိမ့်မည်။

ထိုအချိန်တွင် လုမျိုးနွယ်စု၏ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့အား သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ ပို၍ နက်ရှိုင်းလာခဲ့သည်။

တစ်ချိန်တည်း၌ပင်…

ကျန်းချန်ရွှမ်သည် ဝိညာဉ်ကျောက်တုံး၅သန်းဟု ဈေးခေါ်လိုက်ချိန်တွင် မည်သူမျှ ဆက်မခေါ်တော့ပေ။

ထို့ကြောင့် သူသည် ခရီးစဉ်၏ ပန်းတိုင်ဖြစ်သည့် နေသလင်းကျောက်ကို ရရှိသွားသည်။

နေသလင်းကျောက်ကို ရရှိပြီးသော်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် လေလံပွဲကို ထွက်ခွာရန် အလောတကြီး ဖြစ်မနေခဲ့ကြပေ။

သူတို့သည် လာမည့်ရက်အနည်းငယ်အတွင်း သူတို့ကို အံ့ဩစေမည့် တစ်စုံတစ်ခု ရှိနိုင်ဦးမလားဆိုတာ သိချင်ခဲ့ကြသည်။

၎င်းသည် သူတို့၏ စောင့်ဆိုင်းမှုမှာ အချည်းနှီးမဖြစ်စေခဲ့မှုသို့ ပြောင်းလဲသွားသည်။

လေလံပွဲပြီးဆုံးခါနီးတွင် စံသခင်ချီယွင်သည် သူ၏ကိုယ်ပေါ်မှ အုတ်အော်သောင်းတင်းဖြစ်သွားစေသည့် နောက်ဆုံးပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လေလံပွဲ၏ နောက်ဆုံးပစ္စည်းသည် အခြေတည်ဝိညာဉ်အဆင့်အတွက် သင့်လျော်သည့် ကျင့်စဉ်နည်းစနစ်နစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ် လက်ရှိကျင့်ကြံနေသည့် ဒြပ်စင်ငါးပါးစစ်မှန်သော နည်းစနစ်ဖြစ်သည်။

ချီသန့်စင်ခြင်းမှ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ထိုမှတစ်ဆင့် ကျီဖုအဆင့်၊ ထိုမှ ရွှေအမြုတေအဆင့်နှင့် နောက်ဆုံးတွင် အခြေတည်ဝိညာဉ်အဆင့် ဖြစ်သည်။

၎င်းသည် ပြီးမြောက်သွားသော ဖြစ်တည်မှုတစ်ခုဟုလည်း ‌ပြောနိုင်သည်။

လူတိုင်းသိကြသည့်အတိုင်း ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်သည် အဆုံးစွန်ထိကျင့်ကြံနေခဲ့ရင်တောင် အလွန်အကျိုးကျေးဇူးခံစားရသည် မဟုတ်ပေ။

အခြေတည်ဝိညာဉ်အဆင့်သို့ကျင့်ကြံနိုင်ခဲ့ရင်တောင် ၎င်းသည် အခြေတည်ဝိညာဉ်အဆင့်နည်းစနစ်များကြားတွင် အားအနည်းဆုံးဟု ပြောလို့ရပေသည်။

ဘယ်လိုပဲဖြစ်နေပါစေ ၎င်းသည် ကျင့်စဉ်နည်းစနစ် အမွေဆက်ခံခြင်းတစ်ခု၏ ပြီးမြောက်သွားသော တည်ရှိမှု တစ်ခု ဖြစ်သည်။

ရွှေအမြုတေအဆင့်များ၊ ခိုင်မာသည့်အခြေခံတစ်ခုမရှိသည့် အခြေတည်ဝိညာဉ်ဂိုဏ်းများ၊ မျိုးနွယ်စုများပင်လျှင် ဤဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို ရရှိရန် အတွေးရှိကြသည်။

ကျန်းချန်ရွှမ်အဖို့တော့ ပြောစရာပင် မလိုတော့ပေ။

အခြားသူများ၏မျက်လုံးထဲတွင် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်သည် အားအနည်းဆုံးနှင့် အခြေခံအကျဆုံးနည်းစနစ်တစ်ခု ဖြစ်နိုင်သော်လည်း သူ့အတွက်မူ ၎င်းတွင် အကန့်အသတ်မဲ့စွမ်းရည်များရှိနေပေသည်။

အရေးအကြီးဆုံးမှာ သူသည် ရွှေအမြုတေအဆင့်အပြီးတွင် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကို ချို့တဲ့ခဲ့သည်။

သူသည် ၎င်းကို ငြင်းနိုင်စရာ အကြောင်းမရှိတော့ပေ။

မည်သို့ပင်ဖြစ်စေ သူသည် ဤကျင့်စဉ်နည်းစနစ်ကို လေလံဆွဲရန်မှာ မလွယ်ကူမှန်းလည်း သူသိသည်။

အထူးသဖြင့် ဤကျင့်စဉ်နည်းစနစ်ကိုသာ ရရှိသွားပါက မရေမတွက်နိုင်သော လူများ၏ တပ်မက်စိတ်ပြင်းပြသော မျက်လုံးများကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။

သူအရင်က ရတနာလေလံပွဲကြီးတွင် ရရှိထားသည့် မူလဝိညာဉ်ကျောက်စိမ်းစင်စစ်ကဲ့သို့ပင် ဖြစ်သည်။

အခြေတည်ဝိညာဉ်အဆင့်ပစ္စည်းတစ်ခုကို လေလံဆွဲခြင်းသည် ၎င်းကို အောင်မြင်စွာအိမ်သို့ သယ်ဆောင်သွားခြင်းထက် ဆယ်ဆပိုလွယ်ပေလိမ့်မည်။

ထိုအချိန်တွင် စံသခင်ချီယွင်က ပြောလိုက်သည်။

“ငါ့အနေနဲ့ ဒီအခြေတည်ဝိညာဉ်ကျင့်စဉ်နည်းစနစ်ဖြစ်တဲ့ ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ရဲ့ တန်ဖိုးကို အသေးစိတ်ရှင်းပြဖို့လိုတော့မယ် မထင်ပါဘူး။ ဒီပစ္စည်းရဲ့ စတင်ခေါ်ဈေးကတော့ ဝိညာဉ်ကျောက်တုံး၁သန်းပါ။ တိုးမြှင့်ခေါ်ဆိုမှုတိုင်းက အနည်းဆုံး ဝိညာဉ်ကျောက်တုံး၁သိန်းရှိရမယ်...”

***

All Chapters