အပေးအယူ၊ ၁၇သန်း၊ ကျင့်ကြံသူများကြားဖြတ်ခြင်း၊ စိတ်လွတ်လက်လွတ် သတ်ဖြတ်ခြင်း(၂)
Vol. 22 Ch. 436
လင်မယားနှစ်ယောက်သည် ဂူအိမ်ထဲသို့ ဝင်သွားပြီးနောက် သိပ်မကြာခင်ပင် မည်သူတစ်ဦးတစ်ယောက်၏ အာရုံစိုက်မှုကိုမှ မဆွဲဆောင်မိစေဘဲ တိမ်မီးတောက်မြို့မှ တိတ်ဆိတ်လျင်မြန်စွာ ထွက်ခွာသွားကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ နေရာကူးပြောင်းခြင်းအစီအရင်ပြားများကို အသုံးပြုပြီး လင်မယားနှစ်ယောက်သည် သူတို့၏ဂူအိမ်ထဲတွင် မရှိတော့ကြောင့် သတင်းပို့ခံလိုက်ရသည့် တစ်ကြမ်တွင်သာ သူတို့၏ အာရုံကို ဆွဲဆောင်မိခဲ့သည်။
“သေစမ်း ငါတို့သူတို့ကိုလွတ်သွားတောမ့လို့”
လုရှင်းယွင်က စွဲကျန်ရစ်နေသော ကြောက်ရွံ့မှုတစ်ခုဖြင့် ပြောလိုက်သည်။
သူသည် သူ၏လူများကို နေရာကူးပြောင်းခြင်းအစီအရင်ပြားများတွင်သာ လျှို့ဝှက်မထည့်ထားပါက လုမျိုးနွယ်စုသည် ဤသတင်းကို အလွန်လျင်မြန်စွာ ရရှိလိမ့်မည်မဟုတ်ပေ။
“အချိန်မရှိတော့ဘူး။ အခုပဲသွားကြစို့”
လုရှင်းယွင်သည် ချက်ချင်းပင် ရွှေအမြုတေအဆင့်နှင့်အထက် ကျင့်ကြံသူများအားလုံးကို ဦးဆောင်လိုက်ပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို လိုက်ဖမ်းခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ သူတို့ ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို မိသွားချိန်တွင် တစ်စုံတစ်ယောက်ကသူတို့ကို ရင်ဆိုင်တွေ့ကြုံကာ ရိုက်နှက်ပြီးဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ဤပုဂ္ဂိုလ်သည် မီးခိုးရောင်ကို ဝတ်ဆင်ထားပြီး ဝါးဦးထုပ်တစ်လုံးဆောင်းထားသည်။
သူသည် ငါးဆယ်ဝန်ကျင် ရှိဟန်တူသည်။
ထိုအချိန်တွင် သူသည် မည်သို့မှ မပြောဘဲ မလှုပ်ရှားဘဲနှင့် မတ်တပ်ရပ်နေခဲ့သည်။
သို့သော်လည်း သူသည် မဖော်ပြနိုင်လောက်သည့် ဖိအားတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။
“ဒါက.... တာအိုဝါဒီမီးခိုးကြိုးကြာပဲ”
ရုတ်ရက် တစ်စုံတစ်ယောက်က ထိုသူကို မှတ်မိသွားသည်။
ထိုအချိန်တွင် လူတော်တော်များများ စိတ်ပျက်လျက် အံ့အားသင့်သွားကြသည်။
အသေအချာပင် ဤထဲမှ လူအများစုသည် တာအိုဝါဒီမီးခိုးကြိုးကြာအကြောင်း ကြားဖူးပြီးဖြစ်သည်။
ပြောကြသည်မှာ ဤပုဂ္ဂိုလ်သည် အရာအားလုံးကို သူ့နည်းလမ်းအတိုင်းလုပ်သည့် လှည့်ပတ်လျှောက်သွားနေသော လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူ၏ကျင့်စဉ်မှာ ပဏာမအခြေတည်ဝိညာဉ်အဆင့် ဖြစ်သည်။
နှစ်များစွာအတွင်း သူသည် အခြေတည်ဝိညာဉ်အဆင့် တည်ဆောက်ရန် ပြင်ဆင်ခြင်းကို ပြုလုပ်နေပေသည်။
ယခုသူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို ကြားဖြတ်တိုက်ခိုက်ပြီးဖြစ်ရာ ၎င်းသည် ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ကြောင့်ပင် ဖြစ်လိမ့်မည်။
သူမည်သည့်နေရာပဲရောက်နေနေ ပဏာမပဉ္စမအဆင့်သို့ရောက်နေသည့် ကြိုးကြားအမျိုးအစားမိစ္ဆာသားရဲ တစ်ကောင်ရှိသည်ဟု ပြောစမှတ်ပြုကြသည်။
၎င်းသည် သူ တာအိုဝါဒီမီးခိုးကြိုးကြာဟု နာမည်တွင်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
ကျွိ--
ဤအတွေးသည် လူတိုင်း၏ စိတ်ထဲကို ဖြတ်သန်းသွားစဉ် ကြိုးကြာတစ်ကောင်၏ ကျယ်လောင်သော ငိုကြွေးသံတစ်ခုသည် ရုတ်တရက် ကောင်းကင်တွင် ထွက်ပေါ်လာသည်။
ချက်ချင်းပင် ပေတစ်ထောင်ရှည်လျားသည့် ကြီးမားသော ကြိုးကြာတစ်ကောင် ကောင်းကင်တွင် ရုတ်တရက် ပေါ်ပေါက်လာသည့်အတွက် လူတိုင်း အံ့အားသင့်သွားကြသည်။
၎င်းကြိုးကြာ ထုတ်လွှတ်နေသောဖိအားသည် ပဉ္စမအဆင့်သို့ တိုင်းတာ၍မရနိုင်အောင် နီးကပ်နေပြီး ဖြစ်သည်။
အခွင့်အရေးတစ်ခုရှိလာသည်နှင့် ဤမိစ္ဆာသားရဲသည် ပဉ္စမအဆင့် ဖြစ်သွားတော့မည့် ဟန်ရှိသည်။
ဝှစ်--
မြေပြင်ပေါ်တွင် ဟာရီကိန်းမုန်တိုင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ကောင်းကင်သို့ ခနမျှ လှည့်ပတ်ပြီးနောက် မီးခိုးရောင်ကြိုးကြာသည် သူ၏ အကြည့်များကို ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ အပေါ်တွင် သက်ရောက်စေခဲ့သည်။
တာအိုဝါဒီမီးခိုးကြိုးကြာသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကိုကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
“မင်းတို့မှာရှိတာတွေကို ရုန်းကန်လှုပ်ရှားမှုမပြုဘဲ လွှဲပေးမယ်ဆိုလို့ရှိရင် ငါမင်းတို့ကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်လိမ့်မယ်”
တာအိုဝါဒီမီးခိုးကြိုးကြာ၏စကားကို ကြားပြီးနောက် အပြေးအလွှားလာခဲ့ကြသည် ကျင့်ကြံသူများ၏ အမူအယာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
တစ်ဖက်တွင်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့၏ အမူအယာမှာတော့ သိပ်မပြောင်းလဲခဲ့ပေ။
ကျန်းချန်ရွှမ်၏ လေသံမှာ ပို၍ပင် အေးဆေးနေသေးသည်။
သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
“အဲ့ဒီလိုလား? ငါတို့မပေးဘူးဆိုရင်ရော? မင်းဘာလုပ်မှာလဲ?”
“မပေးဘူး?”
တာအိုဝါဒီမီးခိုးကြိုးကြာ၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်ရစ်ပတ်သွားခဲ့သည်။
သူ၏လေသံသည် အေးဆေးခြင်းမှ အေးစက်ခြင်းသို့ ပြောင်းလာသည်။
“ငါရုတ်တရက် စိတ်ပြောင်းသွားပြီ။ မင်းတို့မှာရှိတာအကုန်လုံး ငါ့ကိုလွှဲပေးမယ်ဆိုရင်တောင် မင်းတို့ကို လွှတ်ပေးဖို့ အစီအစဉ်မရှိတော့ဘူး”
သူစကားပြောနေစဉ်တွင် သူ၏အကြည့်သည် ရုတ်တရက် ထိုနေရာတွင်ရှိနေသည့် အခြားသူများထံ ရောက်သွားကာ သူက လျစ်လျှုရှုစွာ ပြောလိုက်သည်။
“လူတိုင်းပဲ မင်းတို့ဒီမှာရှိမှန်းငါသိတယ်။ ငါ့အတွက်တော့ အရေးအကြီးဆုံးပစ္စည်းက ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းရဲ့ပန်းတိုင်ကတော့ ဒြပ်စင်ငါးပါးစစ်မှန်သောနည်းနစနစ် မဟုတ်ဘူးလို့ ထင်တယ်။ မင်းတို့ဒီကို ဒြပ်စင်ငါးပါးစစ်မှန်သောနည်းစနစ်အတွက် ရောက်နေကြတယ်ဆိုရင်တောင် လူတိုင်းမှာ ဘာလုပ်ရမလဲဆိုတာကိုမသိသေးခင် ဒီနှစ်ယောက်ကို တိုက်ခိုက်ဖို့ ငါနဲ့အတူတွဲလုပ်လို့ရမယ့်မျှော်လင့်ချက်တစ်ခုရှိတယ်။
ဒီလိုဆိုရင်ရောဘယ်လိုလဲ?”
လူတော်တော်များများသည် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ယခုလေးတွင်ပင် သူတို့သည် တာအိုဝါဒီမီးခိုးကြိုးကြာက ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို သေသည်အထိ တိုက်ခိုက်တော့မည့်အကြောင်း တွေးမိသွားသော်လည်း သူနှင့်တိတ်တဆိတ်ပူးပေါင်းရလိမ့်မည်ဟု မျှော်လင့်မထားမိကြပေ။
အသေအချာပင် တာအိုဝါဒီမီးခိုးကြိုးကြာမှာလည်း မတုံးအပေ။
သူသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို အဆုံးစွန်ထိတိုက်ခိုက်ပြီး အနာတရဖြစ်သွားရင်ရော?
သူသည် သူ့ကိုယ်သူ အခြားသူများ အကျိုးအမြတ်ရစေနိင်မည့်ကိစ္စတစ်ခုသို့ စွန့်စွန့်စားစား တွန်းပို့နေတာမဟုတ်ဘူးလား?
“ဟဲဟဲ ညီအစ်ကိုမီးခိုးကြိုးကြာက ဖြောင့်မတ်မှန်ကန်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ ကိစ္စရှိမယ်ဆိုရင် လုမျိုးနွယ်စုပါပါဝင်ဖို့ ထည့်တွက်လိုက်ပါ”
လုရှင်းယွင်က အရင်ဦးဆုံး ပြောလိုက်သည်။
သူစကားပြောနေစဉ်တွင် သူ၊ လုဝမ်မင်၊ လုဝမ်ချန်းနှင့် အခြား လုမျိုးနွယ်စု၏ ရွှေအမြုတေအဆင့်များသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကို ဝိုင်းရံထားပြီး ဖြစ်နေသည်။
၎င်းကိုမြင်ကာ ကျန်လူများလည်း အလိုလို သဘောတူလိုက်ကြသည်။
သူ၏မျက်လုံးထဲတွင် ရုတ်ရက် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု ဖြတ်သန်းသွားသည်။
သူ “တိုက်ခိုက်ကြ!” ဟူ၍ အော်ပြောလိုက်ပြီးနောက် ဝိုးတိုးဝါးတားမီးခိုးအလင်းတစ်ခုဖြင့် လွှမ်းခြုံထားသည့် ကြီးမားသော ပိုက်ကွန်တစ်ခုသည် ကျန်းချန်ရွှမ်နှင့် သူ၏တာအိုတွဲဖက်အပေါ်တွင် ဖုံးအုပ်လိုက်သည်။
တစ်ချိန်တည်း၌ပင် သူသည် သူ၏ပါးစပ်ကိုဖွင့်ကာ တံတွေးထွေးလိုက်သည်။
မီးခိုးညိုရောင်ဆန်ဆန် ဓားပျံတစ်လက်သည် လင်မယားနှစ်ယောက်ကို ခုတ်ပိုင်းလိုက်သည်။
ကျွက်--
၎င်း၏ဆရာသခင် တိုက်ခိုက်သည်ကိုမြင်ကာ ကောင်းကင်မှ မီးခိုးကြိုးကြာကလည်းစတင်လှုပ်ရှားလာသည်။
၎င်းသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်။
ဘွန်း! ဘွန်း!
အချင်းမှာပေများစွာ ရှိသည့် ကြီးမားသောမီးခိုးအလင်းတိုင်နှစ်ခုသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူရန်တို့၏ အပေါ်ဘက်မှ ရုတ်တရက် ပြုတ်ကျလာသည်။
“ဒီဟာကို ဖြစ်နိုင်သမျှ အချိန်တိုအတွင်းမှာ အဆုံးသတ်ပလိုက်ကြရအောင်”
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် ရှန်းရူရန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ချက်ချင်း အလင်းတန်းတစ်ခုသဖွယ်ပြောင်းလိုက်သည်။
မိစ္ဆာသတ်ဖြတ်ခြင်းစွမ်းရည်မှာ ချက်ချင်း အသက်ဝင်လာသည်။
ဝှီခနဲ အသံတစ်ခု ထွက်ပေါ်ခဲ့သည်။
ကြီးမားပြီးပုံပျက်သွားသောလှိုင်းတစ်ခု လေထဲတွင် ပေါ်လာခဲ့သည်။
ထို့နောက်ချက်ချင်းပင် လူတိုင်းသည် ဆုတ်ဖြဲသည့်အသံတစ်ခုကို ကြားလိုက်ရသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့၏ အပေါ်တွင် ပိတ်ဆို့နေသည့် မီးခိုးရောင်ပိုက်ကွန်သည် ကျန်းချန်ရွှမ်၏ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကြောင့် အပိုင်းပိုင်း ပေါက်ပြဲကုန်သည်။
တာအိုဝါဒီမီးခိုးကြိုးကြာနှင့် အခြားသူများ မတုံ့ပြန်နိုင်သေးခင်မီပင် ကျန်းချန်ရွှမ်၏ ကောင်းကင်သို့ ပျံဝဲတက်နေသည့် ပုံရိပ်မှာ ရုတ်တရက် ကြီးမားကျယ်ပြန့်လာသည်။
ဖောက်! ဖောက်!
သူ၏ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်းပင် ပေ၃၀၀အထိမြင့်တက်လာသည်။
သူသည် သူ၏နက်ရှိုင်းမြေဓာတ်ပုဆိတ်လှံကို မြှောက်ကာ လွှဲလိုက်သည်။
ဘွန်း! ဘွန်း! ဘွန်း!
လေထဲတွင် တိမ်တိုက်များ ချက်ချင်းမြင့်တက်လာသည်။
ယောက်ယက်ခတ်နေသည့် လေထုကြားထဲတွင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် ကြီးမားသော တိမ်တိုက်ကြီးတစ်ခုဆီသို့ အပြေးအလွှားသွားခဲ့သည်။
ကျွိ--
အန္တရာယ်ကို အာရုံခံမိသွားသည်နှင့် ကောင်းကင်မှ မီးခိုးကြိုးကြာသည် အော်ဟစ်ငိုကြွေးသံတစ်ခု ထုတ်လွှတ်ခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ရှည်လျားလာသည်။
၎င်းသည် တောင်ပံများ ဖြန့်ထုတ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်--
ချကိခင်းပင် မရေမတွက်နိုင်သည့် ပါးလွှာထက်မြက်သောငှက်မွှေးများသည် ကျန်းချန်ရွှမ်ကို မြားများကဲ့သို့ ခုတ်ပိုင်းလိုက်သည်။
ဤချွန်မြသော ငှက်မွှေးများထဲမှ တစ်ခုပင်လျှင် အလယ်အလတ်အဆင့် သို့မဟုတ် နောက်ဆုံးအဆင့် ရွှေအမြုတေကျင့်ကြံသူများကို ချက်ချင်းသတ်ပစ်နိုင်သည့် စွမ်းအားရှိသည်။
မည်သို့ပင်ဖြစ်စေ ဤမြားများကြားတွင် ကျန်းချန်ရွှမ်သည် သူ၏မျက်နှာတွင် အမူအယာကင်းမဲ့နေဆဲ ဖြစ်သည်။
သူ၏လက်ထဲမှ နက်ရှိုင်းမြေဓာတ်ပုဆိန်လှံက ထပ်မံခုတ်ပိုင်းလိုက်သည်။
ဒုန်း-
၎င်းသည် ဟင်းလင်းပြင်းတစ်ခု ပျက်စီးသွားသည့် အတိုင်း ဖြစ်နေသည်။
ပုဆိန်အလင်း၏ သိသာမြင်သာသည့် လှိုင်းဂယက်မျသည် လျင်မြန်စွာပင် အလယ်ဗဟိုရှိ ပုဆိန်၏ထိပ်သို့ ဦးတည်ကာ ပျံ့နှံ့သွားသည်။
တရစပ် ဂျိုင်းခနဲ မြည်သံများ ထွက်ပေါ်ခဲ့သည်။
မီးခိုးရောကြိုးကြာမှ ထုတ်လွှတ်လိုက်သည့် ငှက်မွှေးအကုန်လုံးသည် ဖျက်စီးခံလိုက်ရသည်။
တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်၏ ပုံရိပ်သည် မိစ္ဆာမီးခိုးကြိုးကြား၏အောက်ဘက်တွင် ထွက်ပေါ်လာသည်။
သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်လျက်ရှိသည်။
ကျန်းချန်ရွှမ်သည် မည်သည့် သနားညှာတာမှုမှ မပြသခဲ့ပေ။
သူ၏လက်မောင်းရှိ ကြွက်သားများသည် နက်ရှိုင်းမြေဓာတ်ပုဆိန်လှံကို မြှောက်လျက် လေထဲတွင် စက်ဝိုင်းခြမ်းတစ်ခုဆွဲကာ ရုတ်တရက်ဖောင်းအစ်လာသည်။
ဒုန်းခနဲ မြည်သံတစ်ခု ထွက်လာခဲ့သည်။
မီတောရာချီရှည်လျားသည့် နက်ရှိုင်းမြေဓာတ်ပုဆိန်လှံသည် မိစ္ဆာမီးခိုးကြိုးကြာ၏ ခန္ဓာကိုယ်ကို တည့်မတ်စွာ ခုတ်ပိုင်းလိုက်သည်။
***