အကုန်သတ်ဖြတ်ခံလိုက်ရသည်၊ လုမျိုးနွယ်စုအခြေတည်ဝိညာဉ်၏ အမျက်ထွက်မှု၊ ဓားဖုံးနန်းတော်၏ အခြေတည်ဝိညာဉ်ရောက်ရှိလာခြင်း(၂)
Vol. 22 Ch. 438
လေထဲတွင် မီတာရာချီရှည်လျားသည့် သတ်လတ်ပိုင်းအမျိုးသားတစ်ဦး၏ အရိပ်သည် ယုနိုင်ငံ၏အရပ်ဆီသို့ ကြည့်နေခဲ့သည်။
သူသည် စကားလုံးအချို့ကို အေးစက်စွာ ပြောဆိုလိုက်သည်။
“မင်းကငါတို့လုမျိုးနွယ်စုက ကျင့်ကြံသူတွေကို သတ်ရဲတာလား? မင်းကသေမင်းကို စိန်ခေါ်နေတာပဲ”
သူစကားပြော၍ ပြီးသွားသည်နှင့် မီတာရာချီရှည်လျားသည့် သတ်လတ်ပိုင်းလူသည် ချက်ချင်း အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲလိုက်ကာ ယန်နိုင်ငံဆီသို့ ပျံသန်းသွားသည်။
သူ၏အမည်မှာ လုယွမ်ရှန်းဖြစ်ကာ လုမျိုးနွယ်စု၏ တတိယအဆင့် အခြေတည်ဝိညာဉ်ဘိုးဘေးဟောင်းတစ်ယောက် ဖြစ်သည်။
သူ၏ အခြေတည်ဝိညာဉ်သည် အဝါရောင် ဖြစ်နေသည့်တိုင် သူ့ကို လျော့တွက်လို့မရသေးပေ။
ယခုလေးတင် သူသည် လက်အောက်ငယ်သားတစ်ယောက်ထံမှ လုရှင်းယွင်၏ ဝိညာဉ်ကျောက်စာတိုင်နှင့် လေးခုမှငါးခုရှိ ရွှေအမြုတေများ တစ်ချိန်တည်း၌ ကွယ်ပျောက်သွားသည့် သတင်းတစ်ခုကို လက်ခံရရှိခဲ့သည်။
၎င်းသည် သူအပါအဝင် လုမျိုးနွယ်စု၏ အခြေတည်ဝိညာဉ်ဘိုးဘေးအချို့ကို ဒေါသထွက်စေခဲ့သည်။
လုယွမ်ရှန်းသည် သူကိုယ်တိုင်ပင် ခရီးတိုတစ်ခုသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။
သူသည် လုမျိုးနွယ်စု၏ ရွှေအမြုတေအဆင့်များကို မည်သူက သတ်ပစ်ရဲသည့် သတ္ထိရှိသည်ကို သိချင်နေသည်။
မျက်စိတစ်မှိတ်အတွင်းပင် လဝက် ကုန်ဆုံးသွားသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ ယုနိုင်ငံထဲသို့ ဝင်မည်အပြုတွင် အလွန်အမင်း ကြောက်မက်ဖွယ် အော်ရာတစ်ခု သူတို့၏နတ်အာရုံအတွင်း ရောက်ရှိလာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် ထိုပုဂ္ဂိုလ်၏ အထောက်အထားနှင့် ကျင့်စဉ်ကို သိရှိသွားသောအခါ သူတို့၏မျက်လုံးများ ကျဉ်းသွားကြသည်။
သူတို့မမှားဘူးဆိုပါက လာရောက်နေသည့်ပုဂ္ဂိုလ်မှာ လုမျိုးနွယ်စု၏ အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
မမျှော်လင့်စွာပင် သူတို့သည် နောက်ဆုံးတွင် အခြားဂိုဏ်းများ၏ ဖမ်းဆီးမှုကို ခံနေရဆဲဖြစ်သည်။
သူတို့လုပ်နိုင်သည့်အရာဘာမှမရှိပေ။
ပထမဆုံးအနေဖြင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူများနှင့် အစပြုရန်မှာ အလွန်လျင်မြန်နေသေးသည်။
ဒုတိယအနေဖြင့် လူသတ်သမားကို လိုက်လံဖမ်းဆီးရန် ရည်ရွယ်ချက်ဖြင့် လုယွမ်ရှန်းသည် လုမျိုးနွယ်စု၏ ရတနာတိုက်မှ ပဉ္စမအဆင့် ပျံသန်းခြင်းရတနာတစ်ခုကို ထုတ်ယူလာသည်။
ပဉ္စမအဆင့်ပျံသန်းခြင်းရတနာ၏ အကူအညီဖြင့် သူ၏အမြန်နှုန်းမှာ အခြားအဆင့်တစ်ခုသို့ပင် ရောက်ရှိနေပေသည်။
ထိုအချိန်တွင် သူ၏ကိုယ်ပေါ်မှ ကျောက်စိမ်းဆွဲသီးသည် အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
၎င်းသည် သူ၏မျိုးနွယ်ဝင်များကို သတ်သွားသည့် လူသတ်သမားကို ခြေရာခံနိုင်ရန် အသုံးပြုနိုင်သည့် ရတနာတစ်ခုဖြစ်သည်။
၎င်းကို သွေးကျိန်စာဖမ်းဆီးခြင်းကျောက်စိမ်းဟု ခေါ်သည်။
အေးစက်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တစ်ခု သူ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွားကာ သူကအော်လိုက်သည်။
“မင်းတို့မကောင်းဆိုးဝါးတွေ ငါ့လူတွေကို ဘယ်လိုတောင်သတ်ရဲတာလဲ? သေစမ်း!”
သူ၏အသံသည် ကျယ်လောင်စွာ ခပ်အုပ်အုပ် မြည်ဟည်းနေသည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်အသံလှိုင်းတစ်ခုသည် သူ၏ရှေ့ရှိ သေးငယ်သောတောင်တစ်လုံးကို ဖုန်မှုန့်တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
တစ်ချိန်တည်း၌ပင် သူ၏ခေါင်းပေါ်တွင် အဝါရောင်အလင်းတစ်ခု ရတ်တရက် ပေါ်ထွက်လာသည်။
အနီးကပ်ကြည့်လိုက်ပါက ၎င်းသည် အမှန်တကယ်ပင်ကြီးမားသည့် အိတ်တစ်လုံးဖြစ်သည်။
ဝှီ! ဝှီ! ဝှီ!
အကျဉ်းချခြင်းအားတစ်ခု အိတ်ဆီမှ ရုတ်တရက် ပေါက်ကွဲသွားသည်။
လေထဲတွင်ရှိနေသည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် အိတ်၏လွှမ်းမိုးမှုအောက်တွင် သူတို့၏ ပျံသန်းခြင်းအမြန်နှုန်းများ သိသိသာသာ စတင်ကျဆင်းလာသည်ကို ခံစားလိုက်ရသည်။
တစ်ချိန်တည်း၌ပင် တိုင် တောင်တစ်လုံးက သူတို့၏ ကိုယ်ပေါ်တွင်ရှိနေကာ မြေကြီးဆီသို့ ဖိချနေသည့် ဖိအားတစ်ခု ရှိနေပေသည်။
“ဖျက်စီး!”
ဘွန်း--
တစ်ချိန်တည်း၌ပင် ကျန်းချန်ရွှမ်၏ ခန္ဓာကိုယ်မှ လိမ့်တက်နေသောအပှုလှိုင်းတစ်ခု မြင့်တက်နေပေသည်။
သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ပေ၃၀၀ ရှည်လျားသွားသည်။
ခွက်--
တစ်ချိန်တည်းပင် သူနှင့် ရှန်းရူရန်တို့၏ အနားပတ်လည်တွင် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင်၏ အသံကဲ့သို့ ကြားယောင်နေရသည့် ကြက်ဥအခွံများ ကွဲကြေသံများသည် သူ၏နောက်တွင် ပေါ်ပေါက်လာသည်။
ကျယ်လောင်သော မြည်သံတစ်ခု ဖြစ်ပေါ်ခဲ့သည်။
သူတို့၏ခေါင်းပေါ်သို့ ကျဆင်းနေသည့် အဝါရောင်အိတ်သည် ကျန်းချန်ရွှမ်၏ ပေါက်ကွဲစေသည့်စွမ်းအားဖြင့် ပြန်လည်ပို့လွှတ်ခံလိုက်ရသည်။
ဤမြင်ကွင်းကို၊ အထူးသဖြင့် ရွှေအမြုတေကျင့်ကြံသူတစ်ယောက်နှင့် လုံးဝကွဲပြားသည့် သန်မာမှုကို ကျန်းချန်ရွှမ်ဆီတွင် မြင်လိုက်ကာ လုယွမ်ရှန်း၏မျက်လုံးများ ကျဉ်းသွားခဲ့သည်။
“ရှင်းယွင်နဲ့ တခြားသူတွေ မင်းလက်ထဲမှာ သေသွားတာတော့ အံ့ဩစရာမရှိတော့ပါဘူး။ မမျှော်လင့်ထားကတော့ မင်းရဲ့ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်က ဒီလိုအမြင့်မျိုးကိုတောင်ရောက်ပြီးနေပြီလို့ပဲ”
လုယွမ်ရှန်းက အေးစက်စွာ ပြောလိုက်သည်။
“ငါသာမမှားဘူးဆိုရင် မင်းရဲ့သန်မာမှုက အချို့ကျွမ်းကျင်အခြေတည်ဝိညာဉ်ကျင့်ကြံသူအသစ်တွေထက် သိပ်မနိမ့်ကျလှဘူး”
သူစကားပြောနေစဉ်တွင် သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်မှာ ပို၍ ပြင်းပြလာသည်။
“ဒါပေမယ့် မင်းငါ့ရဲ့ လုမျိုးနွယ်စုက ကျင့်ကြံသူတွေကိုတော့ မသတ်လိုက်သင့်ဘူး။ ငါမင်းကို သူတို့နောက်ကို လိုက်ပါစေဖို့ ပို့ဆောင်ပေးတာကလွဲရင် အခြားရွေးချယ်စရာမရှိဘူး”
သူစကားပြော၍ပြီးသွားသည်နှင့် သူ၏လက်ပေါ်တွင် ပေတစ်ထောင်ရှည်လျားသည့် တောင်တစ်လုံး ပေါ်ပေါက်လာသည်။
၎င်းသည် သူ၏မူလဓမ္မရတနာဖြစ်သည့် ထောင်ချီသည့်တောင်များ ဖြစ်သည်။
၎င်းသည် တစ်ထောင်ထက်ပိုသော တောင်များကို သန့်စင်ကာ တစ်ခုတည်းပေါင်းစည်းနိုင်သည်ဟု ပြောကြသည်။
ထို့ပြင် ၎င်းတို့သည် သာမန်တောင်များမဟုတ်ပေ။
ထိုအစား ၎င်းတို့မှာ ပေါများသောဝိညာဉ်ချီများဖြင့် ဝိညာဉ်တောင်များ ဖြစ်ကြသည်။
သူသည် ဤဓမ္မရတနာကို ပထမအဆင့် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခုတ်ပိုင်းရန် အသုံးပြုခဲ့ပြီး ဖြစ်သည်။
၎င်းမှာ သူသည် ဤဓမ္မရတနာ၊ ထောင်ချီသောတောင်များကို အသုံးပြုပြီး ဖြည်းဖြည်းချင်း စတင်ကျော်ကြားလာအပြီးတွင် ဖြစ်သည်။
သူသည် ဤရတနာကို ထုတ်ယူလိုက်သည့်အကြောင်းမှာ ကျန်းချန်ရွှမ်နှင့် သူ၏မိန်းမကို အမှန်တကယ်ပင် သတ်ဖြတ်ချင်နေကြောင်း သက်သေပြနေသည်။
ဘွန်း!
လုယွမ်ရှန်းသည် ထောင်ချီသော တောင်များကို ပစ်လွှတ်လိုက်သညနှင့် မိုင်တစ်ရာအတွင်းရှိကောင်းကင်သည် အရိပ်တစ်ခုဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
ထိုအချိန်တွင် သာမန်ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်သာဆိုပါက ဤအားဖြင့် အသားပိုင်းများသို့ ချက်ချင်း ကြေမွသွားမည် ဖြစ်သည်။
ကျန်းချန်ရွှမ်တောင်ပင် သူ၏ကိုယ်ပေါ်တွင် ဖိအားအချို့ ခံစားလိုက်ရသည်။
၎င်းသည် သူ ကိုယ်ခန္ဓာမွမ်းမံခြင်းနည်းစနစ်ကို စတင်ကျင့်ကြံသည့်ကတည်းက တစ်ခါမှမခံစားခဲ့ဖူးသည့် တစ်စုံတစ်ခု ဖြစ်သည်။
ကြည့်ရသည်မှာ ဤတစ်ကြိမ်တွင်တော့ သူ....
ကျန်းချန်ရွှမ်သည် ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။
သူအကုန်လုံး လွှတ်ထုတ်တော့မည် အပြုတွင် ဝေးကွာလှသော ကောင်းကင်မှ ဓားအလင်းတစ်ခုရုတ်တရက် တစ်ချက်တစ်ချက် လင်းလက်လာသည်။
ဓားအလင်းသည် ပထမက အလွန်မသိသာပေ။
မည်သို့ပင်ဖြစ်စေ မျက်စိတစ်မှိတ်အတွင်းတွင် ဓားအလင်းသည် ပေတစ်ထောင် အရှည်သို့ ကျယ်ပြန့်လာသည်။
ကျယ်လောင်သောမြည်သံတစ်ခု ထွက်ပေါ်ခဲ့သည်။
လုယွမ်ရှန်း၏ ထောင်ချီသော တောင်များသည် ဓားအလင်းဖြင့် မိုင်တစ်ရာအကွာအဝေးသို့ ပျံသန်းပို့လွှတ်ခံလိုက်ရသည်။
ဤရုတ်တရက် ပြောင်းလဲမှုသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ကိုပါ အံ့အားသင့်သွားစေသည်။
လုယွမ်ရှန်း၏ တပည့်များ မွန်းကျပ်သွားကြသည်။
သူသည် ဓားအလင်း၏ ဦးတည်ရာကို ကြည့်လိုက်ကာ စကားလုံးအချို့ ပြောလိုက်သည်။
“မြေပြင်လမ်းလျှောက်သူဓားချုပ်”
မြေပြင်လမ်းလျှောက်သူဓားချုပ်လား?
ဓားဖုံးနန်းတော်ရဲ့ မြေပြင်လမ်းလျှောက်သူဓားချုပ်လား?
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် နှလုံးခုန်ရပ်လုမတတ် ဖြစ်သွားခဲ့သည်။
သူတို့သည် ချက်ချင်း လှည့်ကြည့်လိုက်သည်။
သူတို့နှင့် မနီးမဝေးတွင် ပုံရိပ်တစ်ခု ဝင်းလက်နေသည်။
ဤပုဂ္ဂိုလ်သည် လေးဆယ်ဝန်းကျင် ရှိဟန်တူသည်။
သူသည် အဝါရောင်ကို ဝတ်ဆင်ထားကာ သာမန်မြင်ရသကဲ့သို့ပင် ဖြစ်သည်။
သူ၏ နောက်ကျောတွင်လည်း သာမန်ဟုထင်ရသော ဓားတစ်လက်ရှိသည်။
ကြည့်ရသည်မှာ ဤပုဂ္ဂိုလ်သည် ဓားဖုံးနန်းတော်၏ အလွန်မကျော်ကြားလှသော နောက်လိုက်တစ်ယောက်ပင် ဖြစ်လိမ့်မည်။
သူကျင့်ကြံနေသည်မှာလည်း မြေပြင်လမ်းလျှောက်သူဓားနည်းစနစ်ဟုခေါ်သည့် အခြေခံအကျဆုံး ဓားနည်းစနစ် တစ်ခုသာ ဖြစ်သည်။
နှစ်ရာချီတိုင်အောင် သူသည် ဤဓားစနစ်တွင် သူ့ကိုယ်သူ မြှုပ်နှံထားသည်။
မည်သို့ပင်ဖြစ်စေ အဆုံးတွင် သူသည် ဂိုဏ်းထဲရှိ မားလှစွာသော ထူးချွန်သူများကို အနိုင်ယူရန်ဤမြေပြင်လမ်းလျှောက်သဓားနည်းစနစ် အပေါ်တွင် မှီခိုခဲ့သည်။
ကျီဖုအဆင့်တွင် နှစ်၄၀၀နေပြီးနောက် သူသည် အောင်မြင်စွာ ရွှေအမြုတေတစ်ခု သိပ်သည်းနိုင်ခဲ့သည်။
နှစ်၃၀၀အတွင်းတွင် သူသည် သူ၏ရွှေအမြုတေကို အခြေတည်ဝိညာဉ်တစ်ခုသို့ ပြောင်းလဲလိုက်သည်။
ထို့ပြင် သူသိပ်သည်းစေခဲ့သည့် အခြေတည်ဝိညာဉ်မှာ အဝါရောင် မဟုတ်ပေ။
လောလောဆယ်တွင် သူ၏ကျင့်စဉ်သည် အခြေတည်ဝိညာဉ်စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအချိန်တွင် သူသည် အမူအယာ အလွန်ပုံပျက်ပန်းပျက်ဖြစ်နေသည့် လုယွမ်ရှန်းကို ကြည့်လိုက်သည်။
သူ၏သာမန်မျက်နှာပေါ်တွင် သဘောရိုးဖြင့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“တာအိုရောင်းရင်းလု ငါတကယ်တောင်းပန်ပါတယ်။ ငယ်ရွယ်သေးတဲ့အဖွဲ့ဝင်ကျန်းနဲ့ သူ့ရဲ့အမျိုးသမီးက ဓားဖုံးနန်းတော်နဲ့ နက်နဲတဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ ငါ တာအိုရောင်းရင်းလုက သူတို့ကို ဓားဖုံးနန်းတော်ကလိုမျိုး သဘောထားပြီး လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ မင်းဘယ်လိုစဉ်းစားလဲ?”
သူ၎င်းကိုပြောလိုက်သည်နှင့် လုယွမ်ရှန်း၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
သူ၏ နဖူးဆီမှ သွေးကြောများ ဖောင်းကားလာသည်။
သူအလွန်အမင်း ဒေါသထွက်နေကြောင်း သိသာသည်။
မည်သို့ပင်ဖြစ်စေ ၎င်းကို ပြောလိုက်သည့်ပုဂ္ဂိုလ်မှာ မြေပြင်လမ်းလျှောက်သူဓားချုပ် ဖြစ်သည်။
သူမည်မျှပင် ဒေါသထွက်နေပါစေ သူ၏ဒေါသများကို စိတ်ထဲတွင် မျိုသိပ်ထားလိုက်ရမည် ဖြစ်ကာ အသံနိမ့်တစ်ခုဖြင့် မြေပြင်လမ်းလျှောက်သူဓားချုပ်သို့ ပြောလိုက်သည်။
“တာအိုရောင်းရင်းမြေပြင်လမ်းလျှောက်သူ။ ခင်ဗျားမသိလောက်သေးပေမယ့် ဒီလူနှစ်ယောက်က အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်အပါအဝင် ငါ့လုမျိုးနွယ်စုရဲ့ များစွာသော ရွှေအမြုတေကျင့်ကြံသူတွေကို သတ်ပစ်ခဲ့တယ်။ ခင်ဗျားက ငါ့ကို သူတို့ကို လွှတ်ပေးစေချင်တာလား?
ဒါပေမယ့် ငါ့ရဲ့မျိုးနွယ်စုကို ဘယ်လိုရှင်းပြချက်မျိုး ပေးရပါ့မလဲ?”
***
စာစဉ် ၂၂ ပြီးပါပြီ။