← Chapters

ရှီမာလွီယွင်အား နှုတ်ဆက်ခြင်း

Vol. 86 Ch. 1191

ရှီမာလွီယွင်အား နှုတ်ဆက်ခြင်း

Vol. 86 Ch. 1191

ရှီမာလွီဖန်သည် အသံကျောက်တုံး၏ တစ်ဖက်တွင်ရှိနေရာ ထိုအကြောင်းအရာများကို ကြားသောအခါ သူ သဘောပေါက်ပြီးသားဆို သော်ငြား သည်းမခံနိုင်တော့ဘဲ နာကျင်မိလေသည်။ “အချိန်မရှိတော့ဘူး မြန်မြန်ရှေ့ဆက်မယ် တခြားသူတွေမတွေ့ရခင် အဲပစ္စည်းရှာရမယ်” အကြီးအကဲသည် ရှီမာလွီယွင်ကို လောလေသည်။

“အကြီးအကဲ ၁ လွီဖန်က မျိုးနွယ်ရဲ့ အရေးကြီးတဲ့တပည့်တစ်ယောက် ပဲ ကျွန်တော်တို့…”

“အရေးကြီးတယ်ဆိုတာ ဘာပြောတာလဲ” အကြီးအကဲသည် မြည်တွန် တောက်တီးလေသည် “ငါတို့ အဲပစ္စည်းကိုသာရှာတွေ့ရင် ရှီမာမျိုးနွယ်က ပြန်ပြီးထူထောင်နိုင်မှာ ရှီမာလွီဖန်ရဲ့ အသက်က အရေးကြီးတယ်ဆိုတာ မရှိဘူး သွားမယ်”

ရှီမာလွီဖန်အား ကယ်ချင်သည့် လူအနည်းငယ်ရှိသော်လည်း အကြီးအကဲ၏ စကားကိုမလွန်ဆန်ရဲကာ ဒုတိယတစ်ချက်အနေနှင့် ထိုပစ္စည်းသည် ရှီမာလွီဖန်ကို ကယ်ရမည်ထက်ပိုအရေးကြီးသည်ကိုလည်း သိထားကြသည်။

လူတော်တော်များများ သူတို့ထက်အရင်ဝင်လာကြတာ ထိုနေရာသို့ အရင်ရောက်သွားပြီး တခြားသူများထိုပစ္စည်းကိုယူသွားပါက သူတို့လာရ သည့် မစ်ရှင်မပြီးမြောက်သည့်အပြင် ရှီမာမျိုးနွယ် ပြန်လည် မြင့်တက်နိုင်မည့် အခွင့်အရေးဆုံးရှုံးလိုက်ရမည်ဖြစ်သည်။

ထုနေရာကို တခြားသူများ ရှာမတွေ့သေးပါက ရှီမာလွီဖန်ကို ကယ်ရန် သူတို့ လူလွှတ်မည်ဖြစ်သည်။ သို့သော အခုချိန်တွင် မဖြစ်နိုင်သေးပေ။

သူတို့အချိန်မရပေ။

တခြားသူများ ရှေ့ဆက်သွားကြသော်လည်း ရှီမာလွီယွင်သည် လိုက်သွားရန် ရည်ရွယ်ချက်မရှိသည့်ပုံဖြင့် မလှုပ်မယှက်ရှိနေသည်။

“ရှီမာလွီယွင်” အကြီးအကဲသည် ရှေ့ဆက်သွားရာ သူ နောက်တွင်ကျန်ခဲ့ပြီးလိုက်မလာသည်ကို သိလိုက်သည်။

ရှီမာလွီယွင်သည် အသံကျောက်တုံးကို သိမ်းကာ ပြောလိုက်သည် “ကျွန်တော် သွားပြီးကြည့်လိုက်ဦးမယ်”

သူပြောပြီးသည်နှင့် လှည့်ကာ လာရာလမ်းအတိုင်းပြန်လေသည်။ သူသည် အကြီးအကဲ၏ စကားများကို စိတ်တွင် ထည့်ထားရန် ရည်ရွယ်ချက် မရှိပေ။

“အကြီးအကဲ ဒါက…” ထိုလူများသည် အကြီးအကဲကို နေရခက်စွာ ကြည့်လေသည်။

ရှီမာလွီယွင်သည် အကြီးအကဲကိုဂရုမစိုက်သည်မှာ ပိုပြီး နေရခက်စေ သည်။

ထိုသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

“သူ သွားချင်ရင်သွားပါစေ ဂရုစိုက်မနေနဲ့ သွားမယ်” အကြီးအကဲသည် ပြောပြီးသည်နှင့် လှည့်ပြီးနောက် လျှောက်သွားလေသည်။

ရှီမာလွီယွင်၏ အားသည် သန်မာသည်ဟု တွေးမရပေ။ သူထွက်သွား လျှင်လည်း သူတို့အတွက် ကိစ္စမရှိပေ။ သို့သော် အပြင်တွင် အန္တရာယ်များ သည်။ သူ ထွက်သွားပြီးသည်နှင့် ပြန်မလာနိုင်လောက်ပေ။

အထူးသဖြင့် တစ္ဆေမျိုးနွယ်ကို ကိုင်တွယ်ရန်မဖြစ်နိုင်ပေ။ ရှေးဟောင်း စစ်မြေပြင်မှ တစ္ဆေမျိုးနွယ်ကိုရှင်းရသည်မှာ သေရန်တောင်းဆိုလိုက်ခြင်းဖြစ် သည်။

ထို့ကြောင့် ရှီမာလွီယွင် သူ့ကို မလေးအစားပြုသည်ကို သူ ဂရုမစိုက် ပေ။ အကြောင်းမှာ သူ့မျက်လုံးထဲတွင် ရှီမာလွီယွင်သည် သေခြင်းကို တောင်းဆိုနေသည့်လူဖြစ်နေသည်။

ရှီမာလွီယွင်၏ နှုတ်ခမ်းများသည် လှောင်ပြောင်သော အပြုံးသဲ့သဲ့ ဖြစ်သွားသည်။ သူ မြေနေရာသို့ရောက်သည်နှင့် အသံကျောက်တုံးထုတ်ကာ ပြောလိုက်သည် “ပြောဦး ဘာတွေဖြစ်နေတာလဲ”

“ဘာဖြစ်နေတာလဲဆိုတာ ဘာကိုပြောတာလဲ” ရှီမာလွီဖန် မေးခွန်း ထုတ်လေသည်။

“မင်း ဘယ်သူနဲ့ရှိနေတာလဲ” ရှီမာလွီယွင် မေးလိုက်သည်။

ရှီမာယူယူ၏ နှုတ်ခမ်းများကွေးတက်သွားသည်။ ဒီလူကြီးက အစကတည်းက ရှီမာလွီဖန် အဖမ်းခံရတာကို မယုံဘူးပဲ။

သို့သော် သူသည် ရှီမာမျိုးနွယ်အဖွဲ့မှ ခွဲထွက်လာသည်။ ထိုသည်မှာ သူသည် ရှီမာလွီဖန်ကို ယုံသည် ပြီးနောက် ရှီမာမျိုးနွယ်၏ အထင်သေးမှုကို ပြသနေသည်။

သူသည်လည်း သူတို့နှင့် ဆက်မသွားချင်ပေ။

ရှီမာလွီဖန်သည် သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းမပြောနိုင်သည်ကို သူ သိသည်။ နှစ်ယောက်လုံးသည် တစ်ယောက်နှင့် တစ်ယောက် နားလည်ကြကာ အသံ တွင် အနည်းငယ်ပြောင်းလဲမှုရှိသည်နှင့် ဖုံးကွယ်၍မရနိုင်ပေ။

“တစ္ဆေမျိုးနွယ်ဝင်တွေ” သူ ပြန်ဖြေလေသည်။

ရှီမာလွီယွင်သည် ပြန်မတုန့်ပြန်ပေ။ ဆိုလိုသည်မှာ သူ့စကားကို မယုံပေ။

“ငါတကယ်ပဲ တစ္ဆေမျိုးနွယ်ဝင်တွေနဲ့ ရှိနေတာ” ရှီမာလွီဖန် ပြောလိုက် သည် “ငါတို့အကုန်လုံးက ယူယူနဲ့ရှိနေကြတာ”

“သူမလည်းရှိနေတာလား” ရှီမာလွီယွင်၏ အသံသည် နောက်ဆုံးတွင် မြင့်လာသည် “အဲဒီမှာစောင့်နေ ငါလာပြီ”

“ဒီမှာ…”

ရှီမာလွီဖန် မပြောလိုက်ရခင်မှာပင် တစ်ဖက်မှ သူပြောသည့်စကားကို စိတ်မဝင်စားသည့်အလား အဆက်အသွယ်ဖြတ်သွားလေသည်။

ရှီမာယူယူသည် သူ့ကိုစာနာစိတ်ဖြင့်ကြည့်လိုက်သည်။ မျိုးနွယ်တွင်း သူ၏ ရာထူးမှာ နိမ့်ပြီး နောက်ဆုံးမှသာ ရှီမာလွီယွင်၏ စိတ်ပူခြင်းကိုရလေ သည်။ သို့သော် တခြားကိစ္စများနှင့် ယှဉ်လျှင် သူ့အနေအထားမှာ လုံးဝပင် ကျဆင်းသွားလေသည်။

ဒိကျဲ့၏ ရှီမာလွီဖန်နှင့် ပတ်သတ်သည့် သဘောထားမှာ ပြောင်းလဲသွား သည်။ ထိုလူသည် အတိတ်က သူနှင့်တူသည်။ သို့သော် ရှီမာလွီဖန်သည် သူ့ထက် ထက်ကံကောင်းသေးသည်။ အကြောင်းမှာ သူ့တွင် ရှီမာလွီယွင်ရှိပြီး သူကတော့ တစ်ယောက်တည်းပင်။

မဟုတ်ဘူး သူ့မှာ ဒေါ်လေရှိသေးတာပဲ။ သူ၏ အနိမ့်ဆုံး စိတ်ပျက် အားအငယ်ဆုံးနေ့ရက်များတွင် သူနှင့်အတူအဖော်ပြုပေးကာ ကူညီပေးပြီး ယနေ့သူဖြစ်သည်အထိ ပြောင်းပေးခဲ့သည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူသည် သူမကိုကယ်ရမည်။

လျင်မြန်စွာပင် ရှီမာလွီယွင်ရောက်လာသည်။ ရှီမာယူယူ မိန်းကလေး အဝတ်အစားဝတ်ထားသည်ကို မြင်ပြီး အေးစက်စွာပြောလေသည် “မင်းက ဘာလို့ဒီကိုရောက်နေတာလဲ ဒီနေရာကဘယ်လိုနေရာလဲဆိုတာ သိရဲ့လား ဒီလောက်အန္တရာယ်များတဲ့နေရာကို မင်း သေချင်လို့လား”

ရှီမာယူယူသည် သူမ နှုတ်ခေါင်းကို ထိပြီး ရှီမာလွီဖန်သည် သူမအား ကြင်နာသောအကျင့်ဖြင့်ကြည့်လေသည်။

ခုနတုန်းက မင်းကို ဘယ်သူကရယ်ခိုင်းလို့လဲ။ အခု မင်းလည်း အငေါက်ခံရပြီ။

ဘေးမှ ဒိကျဲ့သည် မပျော်မရွှင်ဖြစ်ကာ ရှီမာယူယူအား ဆွဲကာ သူမ အရှေ့တွင် ကာကွယ်ပေးပြီး ရှီမာလွီယွင်အား ကြည့်ပြီး ပြောလေသည် “မင်း မှာ ဘာအခွင့်အရေးရှိလို့ သူမကို ကြိမ်းမောင်းရတာလဲ”

ရှီမာလွီယွင်သည် ဒိကျဲ့အားကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံး သည် တူညီသော ရောင်ဝါရှိနေကာ ပတ်ပတ်လည်တွင် အေးခဲနေတော့ သည်။

“တစ္ဆေမျိုးနွယ်ဝင်တွေ” ရှီမာလွီယွင် ပြောလိုက်သည်။

“ဟုတ်တယ်” ဒိကျဲကသည် သူ့အားစိုက်ကြည့်ပြီး ပြောလေသည် “မင်းက သူမဦးလေးမို့လို့ ဒီအတိုင်းကြိမ်းမောင်းလို့ရမယ်မထင်နဲ့ သူမက တစ္ဆေမျိုးနွယ်ဝင်ပဲ မင်းတို့ရှီမာမျိုးနွယ်ဝင်မဟုတ်ဘူး”

ရှီမာလွီယွင်သည် ခေါင်းလှည့်ပြီးမေးလေသည် “ဘာအဖွဲ့ဝင်”

“ဝမ်းကွဲအစ်ကို” ရှီမာယူယူ ဆက်ပြောလေသည် “အမေ့ အစ်မရဲ့ သားပါ”

“ဖယ်” ရှီမာလွီယွင်သည် အေးစက်စွာပြောလေသည်။

ရှီမာယူယူသည် ရှီမာမျိုးနွယ်ဝင်ဖြစ်သည်။ တစ္ဆေမျိုးနွယ်ဝင်ဆိုတာ ဘာကိုဆိုလိုတာလဲ။

ကိုယ်လိုသလိုတွေးနေတာပဲ…

“မဖယ်ဘူး” ဒိကျဲ့သည် သွားချင်နေသော ရှီမာယူယူကို ပြန်ဆွဲကာ သူမကို မသွားခိုင်းပေ။

“ဖယ်” ရှီမာလွီယွင်သည် ထပ်ပြောလေသည်။

ဒိကျဲ့သည် ဘာမှမပြောသော်လည်း သူ့အကျင့်ကိုပြနေသည်။

မရဘူးဆို မရဘူးပဲ။

ရှီမာလွီဖန်သည် သူတို့ကိုကြည့်ကာ မျက်လုံးမှိတ်ပြီး ရှီမာယူယူကို တစ်ဖက်သို့ပြန်ဆွဲလိုက်သည်။

သူ ရှီမာယူယူကို ဆွဲလိုက်သည်နှင့် ရှီမာလွီယွင်သည် ချက်ချင်းပင် လှုပ်ရှားလေသည်။

ပြီးနောက်တွင် ဒိကျဲ့သည်လည်း ပြန်တိုက်ခိုက်ရာ နှစ်ယောက်လုံး သည် မိုးပေါ်ပို့ပျံတက်သွားလေသည်။

ရှီမာယူယူသည် ခေါင်းမော့ပြီး သူတို့နှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်ပြီး ပြောလိုက်သည် “သူ့ကိုသိလို့လား”

“သိခဲ့တာပေါ့” ရှီမာလွီယွင် ဆက်ပြောလေသည် “ဒီလူက စိတ်မရှည် ဆုံးပဲ သူဘယ်တော့မှ သုံးခါပြန်မပြောဘူး ပြိုင်ဘက်ရဲ့ စကားကို နောက် တစ်ခါ နားမထောင်ဘဲ ချက်ချင်းလှုပ်ရှားတာပဲ”

“….”

“….”

အခုလေးတင် ရှီမာလွီယွင်သည် ဒိကျဲ့ကို နှစ်ကြိမ်မျှ ဖယ်ခိုင်းခဲ့သည်။ သို့သော် ဒိကျဲ့သည် နားမထော်ငပေ။ သူတို့ သေချာပေါက် လှုပ်ရှားမည်ဟု သူ ချက်ချင်းသိလိုက်သည်။

ရှီမာလွီယွင်နှင့် ဒိကျဲ့တို့သည် တစ်ခါမှမဆက်သွယ်ဖူးကာ သူတို့ တိုက်ခိုက်ချိန်တွင် ရှီမာလွီဖန်ကဲ့သို့ အခွင့်အရေးမပေးပေ။ တစ္ဆေမျိုးနွယ်ကို ထားသော အမုန်းတရားကိုပါ ပေါင်းလိုက်လျှင် အညှာတာမရှိပေ။

သူ့အားသည် ရှီမာလွီဖန်နှင့် ဒိကျဲ့တို့ထက် ပိုသန်မာသည်ကိုပါ ထပ်ပေါင်းလိုက်လျှင် ဒိကျဲ့သည် ရှုံးပြီးရင်းရှုံးကာ ဒဏ်ရာများစွာရလေသည်။

“ဝမ်းကွဲအစ်ကို” ရှီမာယူယူသည် ဒိကျဲ့ဒဏ်ရာရသည်ကို မြင်ပြီး စိုးရိမ်တကြီးအော်လေသည် “တစ္ဆေသခင် သူတို့ိကို လူခွဲလိုက်”

ရှီမာယူယူ ထိုကိစ္စကို ဂရုမစိုက်ဟု တစ္ဆေသခင်ထင်နေသောကြောင့် သူမ မပြောမချင်း သူ လှုပ်ရှားရန်ရည်ရွယ်ချက်မရှိပေ။ ထိုတိုက်ပွဲသည် အရင်တစ်ခေါက်နှင့်မတူပေ။

တစ္ဆေသခင် ပျံသွားကာ ရှီမာလွီယွင်ဆီသို့တိုက်ရိုက်သွားပြီး နှစ်ယောက်လုံးကို ခွဲကာ မြေပေါ်မှ ဒိကျဲ့ကို ကူညီလိုက်သည်။

***

All Chapters