← Chapters

နောက်တစ်ယောက်

Vol. 86 Ch. 1192

နောက်တစ်ယောက်

Vol. 86 Ch. 1192

တစ္ဆေသခင်၏ နည်းလမ်းသည်လည်း ပေါ့ပါးလှသည်မဟုတ်ပေ။ ရှီမာလွီယွင်သည် ထိမှန်ပြီး ပြုတ်ကျလေသည်။ ရှီမာလွီဖန် ပျံသွားပြီး သူ့ကို ဖမ်းလိုက်သည်။

“ဝမ်းကွဲအစ်ကို ဦးလေးလွီယွင်” ရှီမာယူယူ ပြေးလာပြီး သူတို့နှစ် ယောက်လုံး ထိခိုက်သွားသည်ကိုမြင်ရာ စိုးရိမ်တကြီးမေးလေသည် “အဆင် ပြေကြရဲ့လား”

တစ္ဆေသခင်နှင့် ရှီမာလွီဖန်တို့သည် သူတို့နှစ်ယောက်လုံးစားရန် ဆေး ထုတ်ကျွေးလိုက်သည်။ အနေအထားမှာ အနည်းငယ်နေရခက်စေသည်။

ရှီမာယူယူသည် အလယ်တွင်ရပ်ကာ မည်သူ့ကိုအရင်ကြည့်ရမည်ကို မသိတော့ပေ။ နှစ်ယောက်လုံးသည် သူမအပေါ်တွင်ကောင်းသည်။ တခြား တစ်ယောက်ကိုအရင်စိတ်ပူပေးသည့် ပုံစံပြလိုက်ခြင်းက မကောင်းပေ။

“ကောင်းပြီ ဒိကျဲ့က ယူယူ့အပေါ်ကောင်ားတယ် မင်းအခုလိုလုပ်လိုက် တော့ ယူယူ့ကိုလန့်အောင်လုပ်လိုက်ပြီ မင်း သူ့ကိုထိခိုက်အောင်လုပ်တယ်လို့ တွေးတော့မယ်” တင်းမာနေသော အနေအထားကို ဖြိုခွဲပြီး ပထမဆုံး စကားပြောသူမှာ ရှီမာလွီဖန် ဖြစ်သည်။

“ဟုတ်တယ် ဦးလေးလွီယွင် ကျွန်မဝမ်းကွဲအစ်ကိုက တစ္ဆေမျိုးနွယ်က ဆိုပေမဲ့ သူက ကျွန်မကို ကောင်းပေးပါတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ဦးလေး တစ္ဆေမျိုးနွယ်ကို သဘောမကျဘူးဆိုရင် ကျွန်မခန္ဓာကိုယ်က သွေးနဲ့ရောင်ဝါကလည်း တစ္ဆေမျိုးနွယ်ကပဲ ဆိုလိုတာက ကျွန်မကိုလည်း သဘောမကျဘူးပေါ့”

သူမသည် အမျိုးသမီးအဝတ်အစားကို ဆုပ်ကိုင်ကာ ဝုန်းဒိုင်းကြဲလေ သည်။

ရှီမာလွီယွင်သည် အကြပ်ရိုက်နေသော ရှီမာယူယူကို ကြည့်ပြီး နှုတ်ဆိတ်သွားကာ ပြောလိုက်သည် “မင်းက ဘာလို့တစ္ဆေမျိုးနွယ်ဝင်တွေနဲ့ ရှိနေတာလဲ”

“ထာဝရရှင်သန်သူနယ်မြေမှာတွေ့ပြီး အဲမှာ သူတို့နဲ့သိခဲ့တာ” ရှီမာယူယူ ဆက်ပြောလေသည် “ပြီးတော့ ဒီအထိ ရောက်လာခဲ့ကြတယ်”

“မင်းက သူမကို ဒီကိုခေါ်လာတယ်ဟုတ်လား” ရှီမာလွီယွင်သည် ဒိကျဲ့ အားကြည့်ရင်းပြောလေသည်။

“ဟင်း” ဒိကျဲ့သည် လက်ပိုက်ထားရင်း သူ့ကို ပြန်မဖြေပေ။

သူသည် ရှီမာယူယူကြောင့်ပင် ဒိကျဲ့ကိုမသတ်လိုက်ခြင်းဖြစ်သည်။

“မဟုတ်ဘူး ကျွန်မဒီကိုလာလို့ ဝမ်းကွဲအစ်ကိုနဲ့တွေ့တာ” ရှီမာယူယူ ပြောလိုက်သည်။

ဦးလေးလွီယွင်၏ ရောင်ဝါသည် သူမ မခံနိုင်တော့သည်အထိ တောက်ပသွားလေသည်။ သူမသည် ထိုမျှလောက် ရက်စက်သည့် လူကြီးနှင့် မတွေ့ဖူးေးပ။

“ဒီမှာ တစ်ယောက်တည်း ဘာလာလုပ်တာလဲ” ရှီမာယွီလွင်သည် သူမအားစိုက်ကြည့်ရာ သူမ ကြောက်သွားလေသည်။

“ပစ္စည်းတစ်ခုအတွက်လာတာ” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ရှီမာလွီဖန်အား မျက်စိမှိတ်ပြကာ စကားကူပြောပေးရန် အကူအညီတောင်းခံ လိုက်သည်။

“ဟုတ်သားပဲ မင်းကလည်း စိတ်ဆိုးနေတာလဲ ကြည့်ဦး ယူယူက မင်းကို စကားတောင်မပြောရဲတော့ဘူး” ရှီမာလွီဖန် ဆက်ပြောလေသည် “နောက်တစ်ခါ ယူယူက မင်းကိုလျစ်လျူရှုရင် ငါ့ဆီငိုပြီးမလာနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ယူယူက ငါ့ကိုဂရုစိုက်တယ် ဟုတ်တယ်မလား ယူယူ”

“အင်း အင်း” ရှီမာယူယူသည် အသည်းအသန်ခေါင်းညိတ်လိုက်သည်။ သူမသည် ရက်စက်လွန်းသည့် လူကြီးများကို မနှစ်သက်ပေ။

ရှီမာလွီဖန်သည် အမှန်တကယ်ပင် ရှီမာလွီယွင်နှင့်အတူ ကြီးပြင်းခဲ့ သည်။ သူသည် ရှီမာလွီယွင်၏ အားနည်းချက်ကိုသိကာ ထိုသို့ပြောလိုက် သည်နှင့် ရှီမာလွီယွင်သည် မျက်နှာပျက်သွားလေသည်။

သူသည် သူမ၏ လုံခြုံမှုအတွက် စိုးရိမ်ခြင်းဖြစ်ကာ သည်လောက် အန္တရာယ်များသည့် နေရာသို့ရောက်လာသည့်အတွက် စိုးရိမ်စိတ်ဖြစ်သွားပြီး မသိလိုက်ဘဲနှင့် မျက်နှာတင်းသွားခဲ့သည်။ သူသည် သူမကို တစ္ဆေ မျိုးနွယ်ဝင်များနှင့် မဆက်သွယ်စေချင်ပေ။

သူသည် ယွိခဲ့လော့ကို အရင်ကမြင်ဖူးခဲ့ပြီး သူမကို မမုန်းခဲ့ပေ။

“ဒီကိုလာရလောက်အောင် ဘာပစ္စည်းရှိလို့လဲ အန္တရာယ်ဒီလောက်များ တာကို ဘာလို့အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေနဲ့ မလာတာလဲ”

“အဲဒါက နည်းနည်းတော့ ရှုပ်တယ် ဦးလေးတို့နှစ်ယောက်လုံး ဆေးကု ဖို့အတွက် နေရာတစ်ခုရှာရအောင် ပြီးမှ အဲအကြောင်းပြောပြမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ ရင်လင်းအကြောင်းပြောပြလျှင် သူ စိတ်မဆိုးလောက်ဟု သူမ ယုံကြည်ထားသည်။ သူမသည် ထိုနေရာသို့ရောက်ပြီးဖြစ်ကာ သူ ဘာမှလုပ် နိုင်တော့မည်မဟုတ်ပေ။

ဦးလေးထဲမှ တစ်ယောက်သည် တင်းကြပ်ပြီး အေးစက်သည်။ နောက် ဦးလေးတစ်ယောက်မှာ ရမ်းကားတတ်သည်။ သူတို့နှင့်အတူ ကြီးပြင်းလာ သော သူမ ဖခင်သည် မည်သို့ဖြစ်နေမည်ကို မသိတော့ပေ။

သူမသည် အကြောင်းစုံအားလုံးကို ပြန်ပြောပြရာ ရှီမာလွီယွင်၏ မျက်နှာသည် မည်းမှောင်သွားသော်လည်း ဘာမှ အထွေအထူးမပြောပေ။

“အဲတော့ မင်းက ရှေးဟောင်းဝိညာဉ်တွေစုဖို့အတွက် ရှေးဟောင်း စစ်မြေပြင်အလယ်ကို သွားချင်တယ်ပေါ့”

“ဟုတ်တယ် ရင်လင်းက ဘာလို့အဲလိုပြောမှန်းတော့မသိပေမဲ့ သူ ပြောမှတော့ အကြောင်းအရင်းတစ်ခုရှိလို့နေမှာပါ အမေ့ကို ကယ်ဖို့ နည်းလမ်းတစ်ခုရှိတယ်ဆိုရင် ဘယ်လောက်အန္တရာယ်များများသွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ရှေးဟောင်း စစ်မြေပြင်တွေဆိုတာ ဘယ်လောက်အန္တရာယ်များလဲ သိလား” ရှီမာလွီယွင် မေးလိုက်သည်။

“သိပါတယ်” ရှီမာယူယူ ဆက်ပြောလေသည်။ “ဒါပေမဲ့ ကျွန်မမှာ နည်းလမ်းတွေ အများကြီးရှိပါတယ် အဲဒါတွေနဲ့ အလုပ်မဖြစ်ရင်တောင် နောက်ပြန်ဆုတ်မှာပါ”

“ဘာနည်းလမ်းတွေလဲ” ရှီမာလွီယွင်သည် ချက်ချင်းပင် မေးခွန်းထုတ် လေသည်။

“ကျွန်မမှာ တစ္ဆေမျိုးနွယ် ဂြိုလ်ဆိုးရှိတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “ပြီးတော့ နောက်ခံတွေလည်းများတယ်”

“အားကောင်းလား”

“ကျွန်မဝင်လာခင်ကို ကျွန်မရဲ့ ဦးလေးတစ်ယော်ကိုသတ်ခဲ့တယ်” ရှီမာယူယူ ပြောလိုက်သည်။

“တစ္ဆေမျိုးနွယ်က မင်းသားလား”

“ဟုတ်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “သူ့ကိုယ်ရံတော်က အဲလောက်မတော်ပေမဲ့ သူက တော်ဝင်မိသားစုရဲ့ ကိုယ်ရံတော်ဖြစ်တုန်းပဲ လေ အဲတော့ ကျွန်မတိုက်ပွဲစွမ်းရည်က အားမနည်းဘူး ပြီးတော့ ကျွန်မ အစ်ကိုဝမ်းကွဲလည်းရှိနေတာပဲလေ”

ရှီမာလွီယွင်သည် ခေတ္တမျှ တိတ်သွားပြီး ပြောလိုက်သည် “လွီဖန်နဲ့ ငါက မင်းနဲ့အတူရှိပေးပါမယ်”

“ဟင်”

ရှီမာလွီယွင်သည် ရှီမာယူယူ၏ မျက်မှောင်ကြုတ်ပြီး အံ့သြသွားသော မျက်နှာကိုမြင်သောအခါ ပြောလိုက်သည် “သူက ရပြီး ငါတို့ကျဘာလို့မရတာ လဲ”

“ဟုတ်သားပဲ ယူယူ ငါတို့က မင်းရဲ့ အကြီးတွေပါ မင်းကိုကာကွယ်ရ မှာပေါ့” ရှီမာလွီဖန် ပြောလိုက်သည်။

“….” ရှီမာယူယူသည် ယဉ်ကျေးစွာငြင်းဆန်ချင်မိသည်။ သို့သော် ရှီမာလွီယွင်ကို ထိုပုံစံအတိုင်းမြင်သောအခါ သဘောတူရုံအပြင်မရှိတော့ပေ။

ထို့ကြောင့် သွားမည့်ခရီးသည် ရှီမာလွီဖန်ကို ခါမချနိုင်ရုံသာမကဘဲ ရှီမာလွီယွင်ပါ ပါလာလေသည်။ ထိုသည်မှာ သူမကို အကူအညီမဲ့စေသည်။

“ဒါပေမဲ့ ရှီမာလွီဖန်ပြောသလိုပဲ မင်းအမေရဲ့ မျိုးနွယ်ဝင်တွေက မင်းနဲ့ ရှိနေတယ် အဖေ့ဘက်ကလူတွေကျ ဘာလို့ငြင်းတာလဲ”

မျှတမှုအတွက် သူမတွင် နည်းလမ်းမရှိတော့ပေ။

“သြော် ဟုတ်သားပဲ မင်းတို့က ကုန်းမြင့်မှာရှိနေကြတာလား” ရှီမာလွီဖန် မေးလိုက်သည်။

“အင်း” ရှီမာလွီယွင် ပြန်ဖြေလေသည်။

“အဲဒီမှာ ဘာရတနာရှိလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“အထဲမှာ ရတနာတွေအများကြီးရှိတယ်လို့ ကြားခဲ့တယ် ဒါပေမဲ့ ဘာမှမတွေ့ပါဘူး” ရှီမာလွီယွင် ဆက်ပြောလေသည် “ငါတို့သွားတဲ့နေရာက မတူလို့နေမှာပါ”

“ကုန်းမြင့်တွေမှာ ရတနာများတယ်လို့ ကြားတယ် ကျွန်မတို့သွားပြီး ဝင်ပါရင် ပျော်စရာကောင်းမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မတို့ ဒီရောက်မှတော့ မသွားရင်နှမြောစရာကြီး”

“မင်းသွားချင်လို့လား” ရှီမာလွီယွင်သည် သူမကိုကြည့်ပြီးမေးလေ သည်။

“ဟီးဟီး” ရှီမာယူယူသည် သိသာစွာရယ်မောလေသည်။

“ဒါဆို သွားကြတာပေါ့” ရှီမာလွီယွင် ဆက်ပြောလေသည် “ဒါပေမဲ့ ရှီမာမျိုးနွယ်နဲ့ တွေ့နိုင်တယ်”

“အဲဒီလူအိုကြီးတွေက စိတ်တိုစရာပဲ” ရှီမာလွီဖန် ဆက်ပြောလေသည် “ဒါပေမဲ့ လူမများတော့ သူတို့မင်းကိုထိခိုက်အောင်လုပ်မှာတော့ စိတ်မပူနဲ့”

“အဲလူနည်းနည်းက မလုပ်ဘူးလား” ဒိကျဲ့ မေးလိုက်သည်။

“သူတို့လူနည်းနည်းက သွေးအေးပြီး အညှာတာမဲ့တယ် ဒါပေမဲ့ မျိုးနွယ် အတွက်စဉ်းစားလိုက်ရင် သူတို့ ယူယူ့ကို ထိခိုက်အောင်မလုပ်ပါဘူး” ရှီမာလွီဖန် ဆက်ပြောလေသည် “ရင်လင်းရဲ့ အရင်က ပြောခဲ့တဲ့ စကားတွေက အခုထိ အသုံးဝင်နေတုန်းပဲ”

“သူမကိုသတ်ချင်နေတဲ့လူတွေကျရော”

“သူတို့က တခြားနေရာကိုသွားကြတယ်” ရှီမာလွီယွင် ဆက်ပြောလေ သည်။ “အဲတော့ ငါတို့အတူတူမလာကြဘူး”

သူတို့နှစ်ယောက်လုံးသည် မျိုးနွယ်ထဲတွင် ကြားနေဖြစ်သောကြောင့် သည်းခံနိုင်သော်လည်း တခြားလူသာဆိုပါက မည်သို့လုပ်ကြမည်နည်း။

“ဒါပေမဲ့ အဲလိုဆိုရင် ယူယူသတင်းက မျိုးနွယ်ကိုရောက်သွားမှာပဲ” ရှီမာလွီဖန် ဆက်ပြောလေသည် “အန္တရာယ်ကိုဆွဲခေါ်သလို ဖြစ်မသွားဘူး လား”

“သူမ လက်ရှိအားက ငါတို့မှန်းထားတာထက် ကျော်လွန်နေပြီ ဒီအတော်အတွင်းကို အဲလူတွေက မျိုးနွယ်ရဲ့အရေးကို အခွင့်အရေးပေးလာ ပြီ သူတို့ဒီအတွက် အားမထုတ်ပါဘူး” ရှီမာလွီယွင် ပြောလိုက်သည်။

“ဒါဆိုရင် တခြားအင်အားစုတွေကရော သူတို့သိရင်….”

“ဘာတွေကြောက်နေတာလဲ အဲအင်းအားစုတွေ အတူမပေါင်းရင် ကျွန်ကို ထိဖို့ဆိုတာ မဖြစ်နိုင်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ အတူလက်တွဲလိုက်ရင်လည်း ကျွန်မတို့ ငှက်မျိုးနွယ်နဲ့ ဘယ်သူက လူများ လည်းယှဉ်ကြည့်တာပေါ့”

***

All Chapters