← Chapters

မျိုးနွယ်စုပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်

Vol. 86 Ch. 1193

မျိုးနွယ်စုပြန်လည်ရှင်သန်ရန် မျှော်လင့်ချက်

Vol. 86 Ch. 1193

သူမ၏ ရန်လိုတတ်မှုကိုမြင်သောအခါ ရှီမာလွီဖန်နှင့် တခြားသူများ သည် ဝမ်းသာသွားလေသည်။

သူမသည် မျိုးနွယ်၏ ပျိုးထောင်မှုမပါဘဲ ယနေ့အထိရောက်လာနိုင်ခဲ့ သည်။ ထိုသည်မှာ ဆန်းကြယ်သောအရာပင်ဖြစ်သည်။

“ငှက်မျိုးနွယ်က မင်းစကားနားမထောင်မှာ မကြောက်ဘူးလား” ဒိကျဲ့ သည် ဆက်ပြောလေသည် “အဆင့် နည်းနည်းပဲရှိတဲ့ ဂဠုန်ဘုရင်ပဲကို တကယ့် ငှက်မျိုးနွယ်အကုန်လုံးကို ဖြောင်းဖြဖို့မလွယ်ဘူး”

“နောက်တစ်နည်းရှိသေးတယ် ဘယ်လောက်အားကောင်းလဲဆိုရင် ခံနိုင်မှာကိုမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မက ငှက်မျိုးနွယ်ကို ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စတွေကို ဝင်မပါစေချင်ဘူး ဒါပေမဲ့ အဲဒါကမှ အပြင်လူတွေကို ခြိမ်းခြောက်နိုင်တာလေ”

တကယ် အဆင်မပြေမှပင် သူတို့ကို အကူအညီတောင်းရမည်။

ငှက်လေးနှင့် ခြိမ်းခြောက်ရန်မလုံလောက်ပါက ကြက်သွေးရောင် မီးတောက်ကို ထွက်လာခိုင်းရမည်။

အရင်ကဆိုလျှင် ကြက်သွေးရောင်မီးတောက်သည် ထိခိုက်ထားသည့် အခြေအနေဖြစ်သည်။ ပြီးလျှင် ပြင်းထန်သောအခြေအနေဖြစ်ခဲ့သည်။ ချင်ယိ ဝင်လာပြီးနောက်တွင် သူ့ဒဏ်ရာသည် လျင်မြန်စွာပင် ကုသနိုင်ခဲ့သည်။ သူ့အား များစွာပြန်ပြည့်လာပြီဟု လွန်ခဲ့သည့်ရက်ကပင် ပြောခဲ့သည်။ သူမ သည် စံတင်အဆင့်များနှင့် တွေ့လျှင်တောင်မှ စိုးရိမ်ရန်မလိုတော့ပေ။

အဲတော့ သူက ဧကရာဇ်အဆင့်နဲ့ အောက်အဆင့်တွေက မညီမျှဘူးလို့ ပြောဖို့ကြိုးစားနေတာလား။

အရင်က သူ့အား မလုံလောက်သေးသဖြင့် သူ့အကြောင်းကို မည်သူမှ အသိမခံခဲ့ပေ။ ထို့အပြင် သူ့ခန္ဓာကိုယ်သည် ပြဿနာများစွာရှိခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့အားသည် ပြန်ကောင်းလာပြီး ငှက်ပေါင်းရာချီကို အမိန့်ပေးရတော့မည့်အချိန်ဖြစ်သည်။

ရှီမာလွီယွင်နှင့်တခြားသူများသည် သူမ၏ ဝှက်ဖွဲကို သေချာမသိ သော်လည်း သူမ ယုံကြည်ချက်ရှိနေပုံကိုကြည့်ပြီး ယုံလိုက်ကြသည်။

“သြော် ဟုတ်သားပဲ ဦးလေးလွီယွင် ဒီမှာ အသန့်ရှင်းဆုံးရေက ဘယ် ဟာလဲ”

“အသန့်ရှင်းဆုံးရေ ဟုတ်လား ဘာလို့မေးတာလဲ မင်းရှာနေတာလား” ရှီမာလွီဖန် မေးလိုက်သည်။

“ဒီကိုမလာခင်ကို ဒီကအသန့်ရှင်းဆုံးရေကို ရှာလာရမယ်လို့ ရင်လင်း ပြောလိုက်တယ် အဲလိုဆိုရင် အဖေနဲ့ပတ်သတ်တဲ့ သတင်းပေးမယ်လို့ပြော တယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် မှင်တက်သွားကြကာ သူတို့ မျက်နှာ သည် ပျော်ရွှင်ကာ မေးလိုက်သည် “တကယ်လား”

သူသာ သူတို့ကိုသတင်းပေးပါက ရှီမာလွီရွှမ်ကို ရှာရန်ဖြစ်နိုင်သည်။

“သူအဲလိုပြောတာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အသန့်ရှင်းဆုံးရေက ဘယ်မှာလဲဆိုတာ မပြောဘူး စံနှုန်းမရှိ အရိပ်အမြွက်မရှိ ဘူး”

“အသန့်ရှင်းဆုံးရေ…” ရှီမာလွီဖန်သည် ရှီမာယွီလွင်အား ကြည့်လိုက် သည် “စံနှုန်းမရှိတော့ ခက်တယ် ငါတို့က အသန့်ရှင်းဆုံးဆိုပြီး ရှာတွေ့ပေမဲ့ သူက အဲလိုမတွေးရင်ဘယ်လိုလုပ်မလဲ”

ထိုသည်မှာဖြစ်နိုင်သည်။ ရင်လင်းသည် တမင်ခက်အောင်လုပ်သည်ဟု ပြောမရသော်လည်း စံနှုန်းမရှိခြင်းသည် ဖြစ်နိုင်ချေ ထောင်ချီရှိသည်။

“သူက စံနှုန်းတွေကို မပြောလို့ ရှာရခက်ပေမဲ့ တခြားရှုထောင့်ကကြည့် ရင် ကောင်းတဲ့ကိစ္စပဲ” ရှီမာလွီယွင် ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမာလွီဖန် သဘောတူလိုက်သည် “သူ မင်းကို အဲသတင်း ပေးချင်ရင် အသန့်ရှင်းဆုံးရေယူမလာလည်း သဘောတူပြီး ပေးမှာပဲ”

“အခုတော့ ဒီနည်းလမ်းကိုပဲစဉ်းစားလို့ရဦးမယ်” ရှီမာယူယူ ဆက်ပြော လုကိသည် “သူ ပြောကတည်းက စဉ်းစားပြီးသားပါ ဒီမှာ ကျွန်မဖြစ်မဲ့ အဖြစ်အပျက်တွေကို သူက သိပြီးသားပဲ ဒါပေမဲ့ ကျွန်မရှာနိုင်မလားဆိုတာ အပေါ်မူတည်သွားပြီ”

“အခုစောသေးတယ် ဖြည်းဖြည်းချင်းရှာလို့ရတယ်” ဒိကျဲ့ ပြောလိုက် သည်။

“အင်း အခုတော့ ကုန်းမြင့်စစ်မြေပြင်မှာ တစ်ခုခုတွေ့မလားလို့ သွား ကြည့်ကြတာပေါ့”

“တကယ်တော့ အဲမှာဘာမှမရှိဘူး အရင်တုန်းက ငါတို့ဘိုးဘွားတွေက ဒီကိုလာခဲ့တာပဲရှိတာ အဲဒီမှာ အမွေအနှစ်ရခဲ့တယ် အဲဒါက ငါတို့ ပေါင်းစပ် ဝိညာဉ်စာအုပ်ပဲ” ရှီမာလွီယွင် ပြောလိုက်သည်။

“အမွေအနှစ်ကို ယူသွားပြီးပြီဆိုမှတော့ တခြားဘာရှိသေးလို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“အဘိုးတွေဆီကရတဲ့သတင်းတွေအရတော့ ဘိုးဘွားတွေ အဲဒီကို ရောက်တော့ အမွေအနှစ်ရခဲ့ပေမဲ့ ဝိညာဉ်လက်နက်မယူခဲ့ရဘူးတဲ့” ရှီမာလွီယွင် ပြောလိုက်သည်။

“ဘာလို့လဲ”

“အဲဒီမှာ ဝိညာဉ်တွေ စောင့်ကြည့်နေတယ်လို့ပြောတယ် ဘိုးဘွားတွေ လည်း ဝိညာဉ်စာအုပ်ကိုရပြီးတာနဲ့ အချိန်မလောက်တော့ဘဲ ချက်ချင်းပဲ ဖြတ်လမ်းတည်ဆောက်မှုနဲ့ ပြန်လာခဲ့ကြတယ်” ရှီမာလွီယွင် ဆက်ပြောလေ သည်။ “ဒါပေမဲ့ အဲဒီမှာ ဝိညာဉ်လက်နက်တွေ အများကြီးသေချာပေါက်ရှိ တယ်”

“ကျွန်မတို့ ရှေးဟောင်းအံ့ဖွယ်လက်နက်တွေ့ရင်တောင် သုံးလို့မရဘူး လေ” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်သူသိမလဲ” ရှီမာလွီဖန် ဆက်ပြောလေသည်။ “အရင်တုန်းက တော့ မသိတဲ့သတင်းတချို့ကိုလက်လွှတ်လိုက်ရပေမဲ့ မျိုးနွယ်ခေါင်းဆောင် က ထာဝရရှင်သန်သူနယ်မြေ နောက်တစ်ခေါက်ပွင့်လာမယ်ဆိုတာ့ မျိုးနွယ် ပြန်ပြီး ရှင်သန်နိုင်မဲ့အခွင့်အရေးရှိပြီလို့ ပြောပြီး စိတ်လှုပ်ရှားနေခဲ့တယ် ပြီးတော့ အဲပစ္စည်းကိုသေချာပေါက် ရရမယ်လို့ပြောခဲ့တယ် အဲလိုနဲ့ ငါတို့က မျိုးနွယ်ကနေ ဆက်ခံလာတဲ့ မြေပုံကိုကြည့်ပြီး ဒီအထိလာခဲ့တာပဲ”

“ဒါက မျိုးနွယ်ဝင်တွေနှုတ်က ဆင်းသက်လာတဲ့ လျှို့ဝှက်ချက်ဆိုတော့ သူတို့ဘယ်လိုလုပ်သိမှာလဲ ဒီကိုလူတွေအများကြီးရောက်လာကြတာကို” ရှီမာယူယူ မေးလိုက်သည်။

“အရင်တစ်ခေါက်က ဖြစ်ခဲ့တဲ့ ကိစ္စကြောင့်လေ” ရှီမာလွီယွင် ပြော လိုက်သည်။

“အဖေနဲ့ တခြားသူတွေကြောင့်လား” ရှီမာယူယူသည် သံသယဖြင့် ဆက်စပ်ကြည့်မိသည်။

ထိုအဖြစ်များကို ရှီမာလွီဖန်မှ သူမကို ပြောပြခဲ့သည်ကို ရှီမာလွီယွင် သိသွားပြီး ပြောလေသည် “အဲတုန်းက အဲအင်အားစုတွေက အတူ လက်တွဲ ခဲ့ကြတယ် သူတို့က မင်းအဖေနဲ့ မင်းအသက်ကို ငဲ့ညှာခဲ့ပေမဲ့ အတူပူးပေါင်း ပြီး မျိုးနွယ်က တစ်စ္ဆေမျိုးနွယ်နဲ့ တစ်ဖွဲ့တည်းနေတယ် လူတွေကို ထိခိုက် အောင်လုပ်လို့ ပြန်ပြီးလျော်ကြေးပေးရမယ်လို့ ပြောပြီး ခက်ခဲအောင်လုပ်ခဲ့ တယ် ”

“လျော်ကြေးဟုတ်လား အဲသတင်းလောက်နဲ့လေ” ရှီမာယူယူ မေးခွန်း ထုတ်လေသည်။

“အဲတုန်းက ဆယ်နှစ်အတွင်းကို ထာဝရရှင်သန်သူနယ်မြေ ပွင့်မယ် ဆိုတာ အင်အားစုတချို့က သိထားပြီးပြီ အဲဒါတွေဖြစ်ပြီးတော့ အုပ်စုဖွဲ့ပြီး မျိုးနွယ်ကို ဖိအားပေးခဲ့တာပဲ မျိုးနွယ်က အဲသတင်းကို ထုတ်ပြီး ကိစ္စတွေကို ငြိမ်အောင်လုပ်ခဲ့တယ်” ရှီမာလွီယွင် ပြောလိုက်သည်။

“ရှေးဟောင်းစစ်မြေပြင်ရဲ့ သတင်းက အကုန်ပြန့်နေပြီလား” ရှီမာယူယူ မေးလိုက်သည်။

“အစတုန်းကတော့ ငါတို့လည်းမသိသေးဘူး ငါတို့သိတဲ့ သတင်းတိုင်း က အဲတုန်းကပြန့်သွားခဲ့တယ် ငါတို့မလိမ်ဘူးဆိုတာကို မိုးနတ်မင်းကို တိုင်တည်မှပဲ အဲလူတွေယုံသွားကြတယ်” ရှီမာလွီယွင် ဆက်ပြောလေသည်  “ဘယ်သူတွေ သတင်းဖြန့်လဲဆိုတာတော့ မသိဘူး ဒီတစ်ခေါက်ကို ရှေးဟောင်း စစ်မြေပြင်ကို လူတွေအများကြီးရောက်လာကြတယ်”

“အဲဒါကြောင့် လူတွေအများကြီးရောက်လာတာကိုး” ရှီမာယူယူ ဆက် ပြောလေသည် “လူတွေက ဒီကိုရတနာအတွက်လာကြတာ ဆိုလိုတာက ကျွန်မတို့ အခွင့်အရေးနည်းနေပြီ”

“ဟုတ်တယ် အဲဒါကြောင့်ပဲ မျိုးနွယ်က မင်းအဖေကို ကန့်ကွက်ခဲ့ကြ တာ မင်းအကြောင်းသိရင် မင်းကိုပါသတ်လိမ့်မယ်”

“ပြီးခဲ့တဲ့နှစ်တွေမှာ အတွင်းဒေသမှာ ရှီမာမျိုးနွယ်ရဲ့ နေရာက နိမ့်ပြီးရင်း နိမ့်လာခဲ့တယ် အစတုန်းက မင်းအဖေတစ်ယောက်ပဲ အရည်အချင်းရှိဖို့ မျှော်လင့်ထားကြတာ ဒါပေမဲ့ ဒီလိုတွေဖြစ်လာမယ်လို့ ဘယ်သူမှမထင်ထား ကြဘူး” ရှီမာလွီဖန် သက်ပြင်းချလေသည် “အဲပစ္စည်းကိုမှ ငါတို့မရဘူးဆိုရင် မျိုးနွယ်တွင်းက ကန့်ကွက်မှုက ပိုပိုပြီးကြီးလာမှာကိုကြောက်ရတယ်”

“အံ့ဖွယ်လက်နက်တစ်ခုလောက်က မျိုးနွယ်တစ်ခုလုံးကို ပြန်ပြီး တိုးတက်စေမှာလား မယုံနိုင်စရာကောင်းလိုက်တာ” ရှီမာယူယူ ဆက်ပြော လေသည် “ဘယ်လို အံ့ဖွယ်လက်နက်က အဲလောက်စွမ်းအားပေးမှာလဲ အဲဒါကို လူတွေရှေ့မှာ ကိုင်ထားရင် မျိုးနွယ်ကို တိုးတက်စေမဲ့ ရတနာမဟုတ် ဘဲ ဘေးဒုက္ခဖြစ်မဲ့ အရင်းအမြစ်ဖြစ်မှာမဟုတ်ဘူးလား”

ရှီမာမျိုးနွယ်သာ ထိုနေရာမှ ရတနာရသွားသည်ကို လူများသိသွားသည့် သတင်းပြန့်သွားပါက ထိုလူများ စုဝေးပြီးမျိုးနွယ်ကို ဆန့်ကျင်ကာ လက်လျော့ရန် ဖိအားပေးလိမ့်မည်။

ထိုအင်အားစုများသည် အတူပူးပေါင်းပြီး ထိုကဲ့သို့အရှက်မရှိသော လုပ်ရပ်များလုပ်ရသည်ကိုနှစ်သက်ကြသည်။

***

All Chapters