← Chapters

အရှက်မဲ့သော အကြံပြုချက်

Vol. 86 Ch. 1194

အရှက်မဲ့သော အကြံပြုချက်

Vol. 86 Ch. 1194

သူတို့သည် ရှီမာယူယူ၏ စကားများကို စဉ်းစားကြည့်သည်။ သို့သော် အခုအခြေအနေသည် သူတို့ စိုးရိမ်ရမည့်အရာမဟုတ်သေးေ။

ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့သည် မျိုးနွယ်နှင့်ပတ်သတ်ပြီး မကျေနပ် သော်လည်း သူတို့မျိုးနွယ်ဖြစ်နေသေးသဖြင့် ဘာကိုမှမခံစားရတော့ပေ။ သူတို့သည် မျိုးနွယ်၏ လုပ်ပုံကိုင်ပံကိုမကြိုက်ပေ။ သို့သော် တစ်ဖက်တွင် လည်း မျိုးနွယ်၏ လက်ရှိအခြေအနေကို စိုးရိမ်နေပြန်သည်။

ထို့ကြောင့်ပင် အကြီးအကဲနှင့် အံ့ဖွယ်လက်နက် ရှာလိုခြင်းဖြစ်သည်။

“တကယ်တော့ ကျွန်မမှာ အကြံကောင်းရှိတယ် အံ့ဖွယ်လက်နက်ကို တခြားသူတွေလက်ထဲ မရောက်မဲ့အပြင် ရှီမာမျိုးနွယ်ကိုလည်း ပြဿနာဖြစ် စေမှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာအကြံလဲ” ရှီမာလွီဖန်သည် ပြောလေသည်။

“ကျွန်မသာ အဲဒီအံ့ဖွယ်လက်နက်ရမယ်ဆိုရင် ကျွန်မလက်ထဲ ပစ္စည်း ရောက်လာရင် မျိုးနွယ်ကို ပြဿနာဖြစ်စေမှာမဟုတ်ဘူး”

“….”

“….”

သူမ ပြောမည့်အရာကို ရှီမာလွီယွင် ခန့်မှန်းမိသော်လည်း သူ့နားနှင့် ကြားလိုက်ရသောအခါ သူမ၏ အရှက်မဲ့မှုကို နက်နက်နဲနဲ တွေ့ကြုံရလေ သည်။

“ဟားဟား ဝမ်းကွဲညီမ မင်းက အရှက်မဲ့တဲ့အချိန်ဆိုရင် ချစ်စရာ ကောင်းတာပဲ မင်း တကယ်လိုချင်ရင် ငါ မင်းအတွက် အံ့ဖွယ်လက်နက်ကို လုပေးမယ်” ဒိကျဲ့သည် ပျော်မြူးစွာ ရယ်မောလေသည်။

သူမ အရှက်မဲ့သည့်အချိန်ကို သူ သဘောကျသည်။

“…”

သည်တစ်ကြိမ်မှာ ရှီမာယူယူ ဆွံ့ရမည့်အလှည့်ဖြစ်သည်။ အရှက်မဲ့ တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သူမက ဘယ်တုန်းက အရှက်မဲ့လို့လဲ။

“အံ့ဖွယ်လက်နက်ရှိလားဆိုတာတောင် မသိသေးဘူး ဝင်သွားပြီး ကြည့် ကြတာပေါ့” ရှီမာလွိယွင်သည် ချက်ချင်း သဘောမတူပေ။

ထိုနေရာရှိအခြေအနေကို မည်သူမှ မသိပေ။ အမှန်တကယ်ပင် အံ့ဖွယ် လက်နက်ရှိပြီး တစ်စုံတစ်ယောက်မှ အံ့ဖွယ်လက်နက်ရထားပြီးသားဖြစ်ပါက ဆန်းကြယ်မှုဖြစ်နေဦးမည်။

“ဒါဆိုရင် ဦးလေးတို့ သက်သာတာစောင့်ပြီးတာနဲ့ သွားကြမယ်” ရှီမာယူယူ ပြုံးပြီးပြောလိုက်သည်။

တစ်ရက်ကြာပြီးနောက် သူတို့ထွက်ခွာကြရာ ရှီမာလွီယွင်သည် ကုန်းမြင့်ဆီသို့ ခေါ်သွားလေသည်။ လမ်းတစ်လျှောက်တွင် အန္တရာယ် ကြီးကြီးမားမားမတွေ့ပေ။

သူမ တခြားသူ၏ ဖမ်းဆီးခြင်းကိုခံရပြီး လမ်းပြခွေးဖြစ်လုနီးပါးဖြစ်သွား သည်ကို တွေးမိပြီး မွန်းကြပ်မိသည်။

“ဒီလမ်းကို ဘိုးဘွားတွေပြောထားတာ အဲတော့ အန္တရာယ်များများ စားစားမရှိဘူး” ရှီမာလွီယွင် ရှင်းပြလေသည် “လူတွေမသိတော့ အလွယ်တကူ ရောက်မလာနိုင်ဘူး”

အဲတော့ ဘိုးဘွားတွေက အခုထိအသုံးဝင်သေးတယ်ပေါ့။

သူတို့ထိုနေရာသို့ ရောက်သောအခါ လူများနှင့်တွေ့လေသည်။ ဂူအဝ တွင် ခြေရာများပြည့်နေသည်။

“လူတွေအများကြီးရောက်နေကြပြီ အထဲကအခြေအနေကဘယ်လို ဖြစ်မလဲမသိဘူး” ရှီမာလွီဖန် ပြောလိုက်သည်။

“ဝင်ကြည့်ရင်သိလိမ့်မယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ဝင်သွား မည်အပြုတွင် ဒိကျဲ့မှ လှမ်းဆွဲလေသည်။

“ငါအရင်ဝင်မယ် မင်း ငါ့အနောက်မှာနေ” ဒိကျဲ့သည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။

ရှီမာယူယူသည် ပြုံးပြီး ဒိကျဲ့နောက်လိုက်သွားလေသည်။ ထို့နောက်တွင် တစ္ဆေသခင် ဒိလျူ ပြီးနောက်တွင် ရှီမာလွီဖန်နှင့် ရှီမာလွီယွင် တို့ လိုက်လာကြသည်။

“ဒီကောင်လေးက ငါတို့နေရာလုသွားပြီ” ရှီမာလွီဖန်သည် အရှေ့မှ လူများ၏ ကျောပြင်ကိုကြည့်ပြီး ပြောလေသည်။

“မဆိုးပါဘူး” ရှီမာလွီယွင်သည် တိုးညင်းစွာပြောကာ နောက်မှလိုက် လာသည်။

သူတို့သည် တစ္ဆေမျိုးနွယ်ဖြစ်သော်ငြား ရှီမာယူယူ့အပေါ်ထားသော သဘောထားမှာ ကောင်းသည်။

ရှီမာလွီဖန်သည် ပွစိပွစိလုပ်ရင်း လိုက်လာသည်။

ရှီမာယူယူနှင့် တခြားသူများဝင်ကြရာ ဂူအစပိုင်း သူတို့ဝင်လိုက်ချိန်တွင် ဝင်္ကဘာထဲသို့ ခြေချလိုက်သကဲ့သို့ဖြစ်လေသည်။ အထဲရှိ လေဟာပြင်သည် အပိုင်းအခြားမရှိပေ။ ရှေးဟောင်းစစ်မြေပြင်နှင့်ပင် မတူပေ။

“ဒီမှာ ဂိုဏ်းတစ်ခု အခြေချခဲ့ဖူးတဲ့ပုံပဲ” ရှီမာယူယူ ပြောလိုက်သည်။

“အမှန်ပဲ”

တခြားသူများလည်း ထိုသို့တွေးသည်။ ထိုသို့ကြီးမားသော နေရာတစ်ခု သည် မြေအောက်ခန်းသို့မဟုတ်ပေ။

“နံရံပေါ်မှာ တစ်ခုခုရှိနေတယ်” ဒိကျဲ့ ပြောလိုက်သည်။

ရှီမာယူယူသည် မီးတောက်ထွန်းလိုက်ရာ ချက်ချင်းပင် နံရံပေါ်မှ ပုံရိပ် များကို မြင်ရလေသည်။

ထိုနံရံပေါ်တွင် လူသားများ၊ ဝိညာဉ်သားရဲ၊ နတ်ဆိုးမဟုတ်လျှင် တစ္ဆေမျိုးနွယ်ဝင်ဖြစ်နိုင်သည့် ရုပ်ဆိုးသော သတ္တဝါများရှိလေသည်။

“ဒီပန်းချီကားတွေက ဇာတ်လမ်းတွေကို ပြောပြနေသလိုပဲ” ရှီမာယူယူ ပြောလိုက်သည်။

သူမ နောက်ပြန်ကြည့်လိုက်ရာ လာရာလမ်းတွင်လည်း ပန်းချီများရှိ သည်ကို တွေ့လိုက်ရသည်။ သူမ သွားပြီးတစ်ခေါက်ပြန်ကြည့်ရာ နောက်ဆုံး တွင် ထိုနေရာရှိ အရာအားလုံးကို နားလည်သွားလေသည်။

“ဒီနေရာက တကယ်ပဲ အင်အားစုတစ်ခုရဲ့ အခြေချခဲ့တဲ့နေရာဖြစ် မယ်လို့မထင်ထားဘူးပဲ” ရှီမာလွီဖန် ဆက်ပြောလေသည် “ဘာဖြစ်လို့လဲဆို သူတို့က အံ့ဖွယ်လက်နက်ရသွားလို့ အင်အားစုတွေရဲ့ တိုက်ခိုက်တာ နှိပ်စက် တာကိုခံရပြီး ချေမှုန်းခံလိုက်ရတာပဲ”

“အဲအံ့ဖွယ်လက်နက်က ဦးလေးတို့ ဘိုးဘွားတွေပြောတဲ့တစ်ခုလား” ရှီမာယူယူ ပြောလိုက်သည်။

“ဦးလေးတို့ ဘိုးဘွားတွေဆိုတာ ဘာကိုပြောတာလဲ မင်းရဲ့ ဘိုးဘွား တွေပဲလေ” ရှီမာလွီယွင်သည် သူမအား အမှန်ပြင်ပေးလေသည်။

“အခုက ကျွန်မက ရှီမာမျိုးနွယ်မှမဟုတ်တာ” ရှီမာယူယူ ပြောလိုက် သည်။

“ဘယ်လိုလုပ်မဟုတ်ရမှာလဲ မင်းမှာ ရှီမာမျိုးနွယ်ရဲ့ သွေးရှိနေတယ် အဲတော့ မင်းက ရှီမာမျိုးနွယ်ဝင်ပဲ” ရှီမာလွီယွင်သည် သူမအား ခက်ထန် သောအကြည့်ဖြင့် ကြည့်ပြန်သည်။

“ကျွန်မက မျိုးနွယ်မှတ်တမ်းထဲမှာမှ မရှိတာ” ရှီမာယူယူ ငြင်းဆန်လေ သည်။

“…” ရှီမာလွီယွင်သည် ဆွံ့အစွာကျန်ခဲ့လေသည်။ ခဏကြာအောင် နှုတ်ဆက်ပြီးနောက်တွင် ပြောလေသည် “မင်းနာမည် အဲမှာရှိမှာပါ မျိုးနွယ် မှတ်တမ်းထဲမှာ အတောက်ပအဆုံးဖြစ်လာမှာပါ”

ရှီမာယူယူသည် နှုတ်ခမ်းကွေးညွှတ်လိုက်သည်။ သူမသည် မျိုးနွယ် မှတ်တမ်းတွင် ရှိခြင်းကို ဂရုမစိုက်ပေ။

“မင်းအဖေနာမည်ကတော့ ရှိနေတုန်းပဲ” ရှီမာလွီယွင် ပြောလိုက်သည်။

ရှီမာယူယူ မှင်တက်သွားကာ ပြောလိုက်သည် “အဲဒါတွေဖြစ်ပြီးသွား တော့ မျိုးနွယ်က သူ့နာမည်ကို ဖယ်မပစ်ဘူးလား”

ထိုနှစ်တွင် ဖြစ်ခဲ့သည်များကိုတွေးပြီး ရှီမာမျိုးနွယ်သည် သူမ ဖခင်ကို ထုတ်လိုက်မည်ဟု ထင်ခဲ့သည်။

“ရှီမာမျိုးနွယ်မှာ သွေးအေးပြီး ညှာတာမဲ့တဲ့သူမရှိပါဘူး” ရှီမာလွီယွင် ပြောလိုက်သည်။

“ကောင်းပါပြီ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ ထိုသတင်းသည် သူမကို အံ့သြစေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ မျိုးနွယ် ငါတို့ရဲ့ အရင်းအမြစ်လည်းဖြစ်နေ တယ်လေ” ရှီမာလွီယွင် ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မကို သတ်ချင်တဲ့လူတွေကျ ဘယ်လိုလုပ်မလဲ” ရှီမာယူယူ ပြောလိုက်သည်။

“သူတို့က ရန်သူတွေပဲ မိသားစုမဟုတ်ဘူး ငါတို့ သူတို့ကိုရှင်းလိုက် မယ်” ရှီမာလွီယွင် ပြောလိုက်သည်။

“…”

“အေး တကယ်လို့ ကျွန်မကိုလာရှာရင် သေချာလေး ဖျော်ဖြေပေးလိုက် မယ်” ရှီမာယူယူ ပြောလိုက်သည်။

“သူတို့ကို သက်ညှာဖို့မလိုဘူး” ရှီမာလွီယွင် ထပ်ပေါင်းပြောလေသည်။

ဆိုလိုသည်မှာ သူတို့မျိုးရိုးနာမည်မှာ ရှီမာမျိုးရိုးဖြစ်စေ ရှီမာမျိုးနွယ်၏ သွေးသားဖြစ်စေ သတ်လိုက သတ်နိုင်သည်ဟူ၍…

“ကောင်းပြီ” ရှီမာယူယူသည် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမသည် နာခံတတ်သော ကလေးဖြစ်သည်။ ဦးလေးမှ သက်ညှာရန်မလိုဟု ပြောလိုက်သည်နှင့် သူမ သက်ညှာရန်မလိုပေ။ သူမကို သတ်ချင်သောလူများ ကို သတ်လိုက်လျှင်တောင် မျိုးနွယ်အတွင်း သူတို့ရာထူးမှာ အရေးကြီးသည် မကြီးသည်ကို ဂရုစိုက်စရာမလိုပေ။

“ပြောရင်းနဲ့ အံ့ဖွယ်လက်နက်က အင်အားစုတစ်ခုလုံးကို ချေမှုန်းတဲ့ အထိဖြစ်စေတာကို ဒီမှာရှိနေဦးမှာလား” ရှီမာလွီဖန် မေးခွန်းထုတ်လေသည်။

“ရှေ့မှာ ပန်းချီတွေရှိသေးတယ်” ဒိကျဲ့ ပြောလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများ လျှောက်သွားသည်။ ရုပ်ပုံများသည် ထိုနှစ်က အဖြစ်အပျက်များကို ရေးဆွဲထားခြင်းဖြစ်သည်။

ထိုပန်းချီပေါ်ရှိ အင်အားစုများသည် အံ့ဖွယ်လက်နက်ကို အသက်သွင်း ရန် သူတို့အသက်ကိုအသုံးပြုခဲ့ကြသည်။ အံ့ဖွယ်လက်နက်သည် အားပြင်း သောစွမ်းအားထုတ်လွှတ်ကာ ကျူးကျော်သူများကို သတ်ပစ်ခဲ့သည်။ ထိုအခါမှစပြီး အံ့ဖွယ်လက်နက်သည် ကြေးသတ္တုဖြစ်ကာ လုံးဝပျောက်ကွယ် သွားလေသည်။ မသန်မစွမ်းတပည့်တစ်ယောက်သာ ပန်းချီများဆွဲရင်း ကျန်ခဲ့ လေသည်။

ထိုပန်းချီများကို ကြည့်ပြီးသော အားလုံးသည် ငေးမှိုင်သွားလေသည်။

“အံ့ဖွယ်လက်နက်မရှိတော့ဘူးလား”

“ပန်းချီတွေအရဆိုရင် အဲလိုပဲ”

ပန်းချီများသာ အမှန်တကယ်ဖြစ်ပါက သူတို့ဘာအတွက်ရောက်လာကြ တာလဲ။

“မင်းတို့ ဘိုးဘေးတွေက လှည့်စားခဲ့တာပဲ” ဒိကျဲ့သည် ရှီမာလွီဖန်တို့၏ မျက်နှာအမူအရာများကို ကြည့်ကာ သူတို့၏ ကံဆိုးခြင်းကို ဝမ်းမြောက်နေ လေသည်။

***

All Chapters