ရှီမာမျိုးနွယ်နှင့် ရင်ဆိုင်ရခြင်း
Vol. 86 Ch. 1195
ရှီမာယူယူတင် မဟုတ်ပေ။ ရှီမာလွီဖန်နှင့် တခြားသူများလည်း ထို့အတူ ပင် ခံစားရသည်။ ကျောက်နံရံပေါ်တွင်ရေးထားသော ဇာတ်လမ်းများသည် ပိုစိတ်ချရသော်လည်း သူတို့ဘိုးဘေးများ ကျန်ထားခဲ့သည်ဟူသော သတင်း မှာတော့ ဝိုးတိုးဝါးတားပင်။
“တကယ်ပဲ အံ့ဖွယ်လက်နက်မဟုတ်တာများလား” ရှီမာလွီဖန် ပြော လိုက်သည်။
ထိုအတိုင်းသာဆိုလျှင် သူတို့ကြိုးစားမှုက အလဟသဖြစ်သွားမှာ မလား။
“မဖြစ်နိုင်တာတော့ မဟုတ်ဘူး” ရှီမာလွီဖန် ပြောမည်အပြုတွင် တိုက်ပွဲအသံကိုကြားလိုက်ရလေသည်။ တိုက်ပွဲအသံသည် ပြင်းထန်လွန်း သဖြင့် မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။
“ဒါ အကြီးအကဲရဲ့ ဝိညာဉ်အရည်အချင်းပဲ” ရှီမာလွီဖန် ပြောလိုက် သည်။
“တစ်ခုခုတော့ဖြစ်နေပြီ သွားကြည့်ရအောင်” ရှီမလွီဖန်သည် ပြောပြီး နောက် အသံကြားရာဘက်သို့သွားလေသည်။
“မင်းတို့ ဒီမှာစောင့်နေကြ” ရှီမာလွီဖန်သည် ရှီမာယူယူကို ညွှန်ကြားပြီး နောက် ရှီမာလွီယွင်နှင့်အတူထွက်သွားခဲ့သည်။
သူတို့ စိုးရိမ်နေပုံကို ရှီမာယူယူမြင်သောအခါ နှာခေါင်းကိုပွတ်ပြီး ပြောလိုက်သည် “သူက မျိုးနွယ်ခေါင်းဆောင်ကို အမြဲမကျေမနပ်ဖြစ်နေခဲ့တာ ဒါပေမဲ့ တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ မြန်မြန်ပြေးသွားတုန်းပဲ”
ထိုနေရာတွင် ရှီမာမျိုးနွယ်ဝင်များရှိနေကြသည်။
“မင်းကို ဒီမှာပဲစောင့်ခိုင်းထားတယ် သွားမလို့လား” ဒိကျဲ့ မေးလိုက် သည်။
သူသည် ရှီမာယူယူ၏ ခိုးကြောင်ခိုးဝှက်အကြည့်ကို မြင်သောအခါ မေးခွန်းမှားမေးမိပြီကို သိလိုက်သည်။ ဒီကောင်မလေးက ဒီမှာ ဘယ်လိုလုပ် ငြိမ်ငြိမ်ကလေး စောင့်နေမှာလဲ။
“သွားကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည် “ဦးလေးလွီဖန်နဲ့ တခြားသူတွေ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ”
အံ့ဖွယ်လက်နက်ကို တခြားသူလုသွားရင် ဘယ်လိုလုပ်မှာလဲ။
ကောင်းပြီ တကယ်တော့ သူမ ဘာမှမပြောခဲ့သလို ထားလိုက်တော့။ ရှီမာလွီယွင်နှင့် တခြားသူများသည် အလွယ်တကူဒဏ်ရာမရနိုင်ပေ။
သူမသည် ဒိကျဲ့တိုသည် တိုက်ပွဲဖြစ်ရာ ဦးတည်ဘက်သို့ သွားလိုက်ကြ သည်။ ကြီးမားသော ချိုင့်ကိုပတ်ပြီး တစ်ဖက်နှင့် တစ်ဖက်မျက်နှာချင်းဆိုင်ပြီး လူများစုဝေးနေသည်ကို အလျင်အမြန်ပင် တွေ့လိုက်ရသည်။
ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် ရှီမာယူယူ လာသည်ကိုမြင် သောအခါ တုန်လှုပ်သွားကြသည်။ သူတို့ တစ်စုံတစ်ရာပြောမည်အပြုတွင် တစ်စုံတစ်ယောက်သည် သူတို့ဆီသို့ပျံသွားသဖြင့် ပြောချိန်မရလိုက်ပေ။
“ဖယ်”
ရှီမာယူယူ မတုန့်ပြန်ခင်မှာပင် တစ္ဆေသခင်သည် လက်ဝှေ့ယမ်းလိုက် ရာ ထိုလူသည် လွင့်ပြီး နံရံအားရိုက်ကာ အသက်ဆုံးသွားလေသည်။
“….”
တစ္ဆေသခင်သည် ဧကရာဇ်အဆင့် ကျွမ်းကျင်သူကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို ရှီမာလွီယွင်မြင်လိုက်သောအခါ သူနှင့်တိုက်ခိုက်စဉ်က ညှာတာခဲ့သည်ကို သိလိုက်ရသည်။
ရှီမာယူယူသည် မျက်တောင်ခတ်ပြီး မေးလိုက်သည် “ဘာတွေဖြစ်နေ တာလဲ”
သူမ ရောက်လာသည်နှင့် ဘယ်လိုလုပ် ပြန်ပေးဆွဲခံရမလိုဖြစ်တာလဲ။
ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့ ပျံလာကာ သူမအနားတွင် ဝိုင်းကာ ကာကွယ်ပေးလိုက်ကြသည်။ သူတို့ မေးလိုက်သည် “မင်းကို မလာဖို့ ပြော တယ်မလား”
“ကူညီချင်လို့လာတာပါ သူတို့ကိုမနိုင်ရင် ဘယ်လိုလုပ်မလဲ” ရှီမာယူယူ သည် အလေးအနက်ထားကာ ပြောလေသည်။
“…”
ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် သူမကို ကြည့်လိုက်ကြသည်။ သူမ ပြောသည်ကို မည်သူမှမယုံပေ။
သူမ၏ ရည်ရွယ်ချက်အမှန်ကို သူတို့ မသိလျှင် နှစ်ပေါင်းများစွာ နေထိုင် လာမှုသည် အချည်းနှီးပင်ဖြစ်လိမ့်မည်။
ရှီမာယူယူသည် သူတို့ သူမကိုယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဂရု မစိုက်ပေ။ သို့သော် ထိုသည်မှာ အရေးမကြီးပေ။ သူမ ဂရုစိုက်စရာမလိုပေ။
“အဲလူတွေက ဘယ်သူတွေလဲ ဘာလို့ ကျွန်မတို့ကို ပြန်ပေးဆွဲချင်နေ တာလဲ” သူမသည် လက်ရှိအခြေအနေကို ရှင်းချင်နေတုန်းပင်။
သူမ စောစောကပင် မြင်ခဲ့ရသည်။ ထိုလူသည် သူမကို တိုက်ခိုက်ရန် လာခြင်းမဟုတ်ပေ။ သူတို့ရှိရာနေရာသို့ ပျံလာခြင်းဖြစ်သည်။ တစ္ဆေသခင် သူ့ကိုသတ်လိုက်ခြင်းကြောင့်သာ မဟုတ်လျှင် ပြန်ပေးဆွဲရလောက်ပြီဖြစ် သည်။
“အဲလူတွေက ငါတို့ကို မနိုင်သလို ထွက်လည်းမပြေးနိုင်ဘူး အဲဒါကြောင့် ဓားစာခံဖမ်းပြီး ငါတို့ကို ဆွဲချချင်နေတာ” ရှီမာလွီယွင် ပြောလိုက် သည်။
“အဲလူတွေက ဘယ်သူတွေလဲ” ရှီမာယူယူသည် ထိုလူများ၏ အမူအရာ မှာ ကြည့်ရဆိုးသည်ကို မြင်လိုက်ရသည်။ သူတို့တစ်ယောက်ချင်းစီသည် လူကိုစားမည့် ငှက်တစ်ကောင်အသွင်ဖြစ်နေသည်။
“ဂူမျိုးနွယ်ကပဲ” ရှီမာလွီယွင် ပြောလိုက်သည် “အံ့ဖွယ်လက်နက် ကြောင့် သူတို့က ငါတို့မျိုးနွယ်ကို နောက်ကျောဓားနဲ့ထိုးခဲ့တာ”
“ဂူမျိုးနွယ် ဟုတ်လား” ရှီမာယူယူ တုန်လှုပ်သွားခဲ့သည်။ သူမသည် တိမ်ပင်လယ်မြို့က အဖြစ်အပျက်ကို ပြန်တွေးမိသည်။ ဂူမျိုးနွယ်ကို ရှီမာမျိုးနွယ်နှင့် တွဲပြီးမြင်ခဲ့သည်။ ထိုစဉ်က တပူးပူးတတွဲတွဲရှိခဲ့သေးသည်။
သို့သော် မျိုးနွယ်နှစ်ခုသည် ဒေါသတကြီး ရင်ဆိုင်နေကြလေပြီ။ အထူး သဖြင့် ရှီမာမျိုးနွယ်ဖြစ်သည်။ သူတို့သည် နာကျင်နေသည့်ပုံပင်။ မျိုးနွယ်နှစ်ခု ကြားမှ ဆက်ဆံရေးသည် ပြိုကွဲသွားသည့်ပုံပင်။
“အံ့ဖွယ်လက်နက်မရှိဘူးလို့ သူတို့ကို မပြောလိုက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့မြင်ခဲ့တဲ့ တစ်ခုမဟုတ်ဘူး နောက်အံ့ဖွယ်လက်နက်ပဲ” ရှီမာလွီယွင် ပြောလိုက်သည်။
သူတို့ ထိုအံ့ဖွယ်လက်နက်ကို မရသော်လည်း ထိုပစ္စည်းများရသည်မှာ လည်း မဆိုးလှပေ။ ထိုအရာသည် ရှီမာမျိုးနွယ်ထက် အားပိုကောင်းလာနိုင် သည်။
ရှီမာမျိုးနွယ်ဝင်များ ဝင်လာစဉ်က ဂူမျိုးနွယ်များရှိမနေပေ။ သို့သော် မြေအောက်နေရာရောက်သောအခါ တွေ့လေသည်။ သူတို့သည် ဂူမျိုးနွယ်ကို နှင်မထုတ်ခဲ့ပေ။ သို့သော် သူတို့ထိုနေရာရှိ အတားအဆီးကို ဖျက်ပြီးသည်နှင့် ဂူမျိုးနွယ်သည် သူတို့၏ အရောင်အစစ်အမှန်ပေါ်လာပြီး သူတို့ကို တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။
ရှီမာမျိုးနွယ်သည် ချောင်းတိုက်ခိုက်ခံရသဖြင့် ချက်ချင်းပင် လူများစွာ ထိခိုက်လေသည်။ ထိုစဉ်က ကိစ္စများသည် အားသာနေသည်။ သို့သော် ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့ အပြေးရောက်လာပြီး သူတို့ ကျွမ်းကျင်သူ နှစ်ယောက်ကို သတ်ပစ်မည်ဟု ထင်မထားကြပေ။ ရှီမာမျိုးနွယ် အားတဖန် ပြန်သာသွားသည်။
နောက်တွင် ရှီမာယူယူ ရောက်လာကာ တစ္ဆေသခင်သည် နေရာတစ်ခု လုံးကို တိုက်ကွက်တစ်ချက်တည်းနှင့် ငြိမ်သွားစေကာ နှစ်ဖက်လုံးသည် မလှုပ်မယှက်ရှိနေကြတော့သည်။
“မင်းတို့နှစ်ယောက်က ဘာလုပ်ကြတာလဲ” ရှီမာလွီယွင်အပါအဝင် သူတို့နှစ်ယောက်ကသည် ဂူမျိုးနွယ်ကို တိုက်ခိုက်ရာတွင် မကူညီဘဲ မသိသော လူများနှင့် အတူရှိနေသည်ကိုမြင်သောအခါ ရှီမာမျိုးနွယ်များသည် မကျေနပ်ကြပေ။
ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် အကြည့်ချင်းဖလှယ်ကာ တစ်ချိန်တည်းမှာပင် ရှီမာယူယူကို ထားခဲ့ပြီး ဘေးသို့ထွက်သွားလေသည်။
အစောပိုင်းက ရှီမာမျိုးနွယ်ဝင်များသည် ရှီမာယူယူကို သတိမထားမိခဲ့ ကြပေ။ သူတို့တုန့်ပြန်လိုက်သည်နှင့် ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် သူမကို အနောက်တွင်ဝှက်ထားချိန်တွင် တစ္ဆေသခင်သည် သူတို့ကို လွင့် အောင်လုပ်လိုက်ခြင်းဖြစ်သည်။
အခုချိန်မှပင် သူတို့သည် ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေသည်။ သူမ မျက်နှာသည် ယွိခဲ့လော့နှင့် ရုပ်ဆင်သည်ကို သတိထားမိချိန်တွင် အသက်ရှု အောင့်မိလေသည်။
“ဒါ ဒါက…”
ဂူမျိုးနွယ်သည်လည်း ရှီမာယူယူကို သတိထားမိပြီး အော်လေသည် “ယွိခဲ့လော့”
“အဲဒါယွိခဲ့လော့မဟုတ်ဘူး အဲနှစ်က ကလေးပဲဖြစ်ရမယ်”
“မိုးနတ်မင်းရေ”
“အဲဒါက… ရှီမာလွီရွှမ်ရဲ့ ကလေးမဟုတ်ဘူးလား”
ဂူမျိုးနွယ်နှင့် ရှီမာမျိုးနွယ်များသည် အံ့သြတုန်လှုပ်ကြလေသည်။ ရှီမာယူယူ၏ ရုတ်တရက် ပေါ်လာမှုသည် သူတို့အပေါ်လွှမ်းမိုးမှုရှိလေသည်။
“သူမက ဒီမှာဘာလုပ်နေတာလဲ”
အမှန်ပဲ။ သူမ ပျောက်သွားတာမဟုတ်ဘူးလား။ ရှီမာလွီရွှမ်က သူမကို ခေါ်သွားတာမဟုတ်ဘူးလား။ သူမက ဒီမှာဘာလုပ်နေတာလဲ…
“မင်းက အဲဒီအင်အားစုအသစ်ရဲ့ တောင်ကြားဒုခေါင်းဆောင်…” စီနီယာအကျဆုံး အကြီးအကဲက ပြောလေသည်။
အစပိုင်းတွင် သူတို့သည် ရှီမာယူယူကို အဝေးမှကြည့်ပြီး ရင်းနှီးနေ သည်ဟု ခံစားခဲ့ကြသည်။ ထိုစဉ်က ယွိခဲ့လော့နှင့် မဆက်စပ်မိကြပေ။
တကယ်ပဲ သူမဖြစ်နေခဲ့တာပဲ…
သူတို့သည် ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့ သူမကို ကာကွယ်သည်ကို မြင်သောအခါ သူမကို ခြေရာခံမိသည်မှာ ကြာသည်ကို သိလိုက်ရသည်။
“အခုက ကျွန်မသရုပ်မှန်ကို သိချင်ရမဲ့အချိန်မဟုတ်ဘူး အံ့ဖွယ်လက်နက်ကို သူများလက်ထဲအပါမခံနိုင်ဘူးဆိုရင် ကျွန်မကို ဘာလို့ မပေးရမှာလဲ အဲလိုဆိုရင် နှစ်ပေါင်းများစွာရှိခဲ့တဲ့ ရင်းနှီးမှုလည်း မပျက်စေဘဲ အေးအေးချမ်းချမ်း ဆက်နေနိုင်သွားလိမ့်မယ်”
“….”
“….”
“….”
သုံးဖွဲ့လုံးသည် ဆွံ့အသွားတော့သည်။ သူမသည် အမှန်တကယ်ပင် ထိုစကားများကို ပြောထွက်လာသည်။
ဒိကျဲ့ ပြုံးပြီး ပြောလိုက်သည်။ “တစ္ဆေသခင် ဝမ်းကွဲညီမက လိုချင်မှ တော့ သူမကို လုဖို့ကူညီပေးလိုက်ဦး”
သူတို့သည် တစ္ဆေသခင်သည် ထိုနေရာတွင် မလှုပ်မယှက်ရှိနေသည်။
“အဲဒီအံ့ဖွယ်လက်နက်မှာ ဝိညာဉ်စွမ်းအင် အတက်အကျနည်းနည်းပဲ ရှိတယ် အမှိုက်စပဲ တန်ဖိုးမရှိဘူး”
“ဝိညာဉ်စွမ်းအင်မရှိဘူး ဟုတ်လား” ရှီမာယူယူသည် ရှီမာမျိုးနွယ် နောက် နံရံပေါ်မှ ဝိညာဉ်လက်နက်ကို မြင်လိုက်ရသည်။ ပုံစံမှာ အဆင်ပြေ ပြီး ဝိညာဉ်စွမ်းအင်မရှိဟု မထင်မိပေ။
“ဒီဝိညာဉ်လက်နက်က တိုက်ပွဲကြီးတုန်းက ဝိညာဉ်စွမ်းအင် ပျောက် သွားတာပဲ” တစ္ဆေသခင်ပြောလိုက်သည် “မဟုတ်ရင် ခုနက မြင်ခဲ့တဲ့ ပန်းချီ တွေနဲ့ တစ်ခုခုပတ်သတ်ရမယ်”