အမှုန့်ဖြစ်ခြင်း…
Vol. 86 Ch. 1196
ရှီမာယူယူသည် ချက်ချင်းပင် နံရံဆေးရေးပန်းချီထဲမှ နောက်ဆုံးပုံကို စဉ်းစားမိလိုက်သည်။ အံ့ဖွယ်လက်နက်ကို ဆွဲထားရာ ဝိညာဉ်စွမ်းအင်များ များစွာစိမ့်ထွက်နေသည်ကို ပြနေသည်။ ဖြစ်နိုင်သည်မှာ လက်နက်ထဲမှ ဝိညာဉ်စွမ်းအင်သည် ထိုစဉ်က ကုန်သွားခြင်းဖြစ်မည်။ သံချေးမတက်ခြင်းမှာ ထိုအရာသည် ကမ္ဘာကြီးနှင့် ကင်းကွာနေခြင်းကြောင့်ဖြစ်မည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ဂူမျိုးနွယ်ဝင်များ အော်လိုက်ကြသည်။ ထိုပစ္စည်းသည် အမှန်တကယ်ပင် ပျက်စီးပြီး အသုံးမဝင်သော လက်နက်ဖြစ် ပါက သူတို့သည် ထိုအရာများကြောင့် ရှီမာမျိုးနွယ်နှင့် ဆက်ဆံရေးကို ဖြိုခွင်း လိုက်ပြီး ဘာအကျိုးမှမရှိဘဲ အရှုံးသာရင်ဆိုင်ရလေသည်။
မဟုတ်သေးဘူး ဒါက ဘေးဒုက္ခဆိုးကြီးပဲ။
“သေချာရဲ့လား တစ္ဆေသခင် လန့်အောင်မလုပ်နဲ့” ရှီမာယူယူ အော် လိုက်သည်။
ထိုပစ္စည်းများကြောင့် သူမသည် ထိုလူများ၏ ဓားစာခံအဖြစ် ပြန်ပေးဆွဲ ခံရလုနီးပါးဖြစ်ခဲ့ရသည်။ သူမသည် ထိုနေရာအထိ ခက်ခဲစွာခရီးနှင်လာရ သည်။ သို့သော် ထိုဝိညာဉ်လက်နက်များသည် အသုံးမဝင်ဟု ပြောနေသည်။ ထိုသည်မှာ ရင်ကို အားနှင့် လိမ်ချိုးလိုက်သလိုပင်။
နောက်တွင် သူမသည် တစ္ဆေသခင် အဖြေကိုစောင့်ရန်မလိုတော့ပေ။ ထိုဝိညာဉ်လက်နက်များသည် ကန့်သတ်ထားမှုတွင် ပျက်စီးသွားကာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။
အစပိုင်းတွင် ရှီမာမျိုးနွယ်သည် လမ်းတစ်လျှောက် အတားအဆီးများ ကို ဖျက်ဆီးခဲ့သည်။ ကျန်သည့်အတားအဆီးများကို အပြည့်အဝ မဖျက်ဆီးရ ခင်ပင် ဂူမျိုးနွယ် စတင်လှုပ်ရှားခဲ့သည်။ သို့သော် တိုက်ပွဲမပြီးခင်တွင် သူတို့ စွမ်းအင်သည် နောက်ဆုံးအတားအဆီးကို တဖြည်းဖြည်းစားသွားခဲ့သည်။ အခုချိန်တွင် အတားအဆီးပျောက်သွားသည်နှင့် ဝိညာဉ်လက်နက်များသည် အပြင်ဘက်လေဖြင့် ထိသွားရာ အလင်းဒဏ်ကိုခံရပြီး အမှုန့်ဖြစ်သွားလေ တော့သည်။
ရှီမာယူယူသည် ကျယ်လောင်စွာကျိန်ဆဲပစ်ချင်မိသည်။ သို့သော် သူမ သည် မိန်းကလေးပုံစံဝတ်စားထားသည်ကို သတိရသွားပြီး ပြောမည့် စကား များကို မျိုချရတော့သည်။
သို့သော် ထိုအချိန်တွင် အသံများကြားပြီး တခြားလူများ ရောက်လာ ကြသည်။ လူအများသည် ဝိညာဉ်လက်နက်များ အမှုန့်ဖြစ်သွားသည်ကို ကိုယ်တိုင် မျက်စိနှင့် မြင်တွေ့ရလေသည်။ သူတို့သည် တစ္ဆေသခင်ပြော၍ သာ ဝိညာဉ်လက်နက်များဟု သိရသည်။ ဝိညာဉ်လက်နက်၏ ပုံစံကိုလည်း မမြင်လိုကရပေ။
“ဒီမှာဘာဖြစ်သွားတာလဲ” သူတို့သည် ရင်နာစွာဖြင့် ကျယ်လောင်စွာ အော်ကြလေသည်။
မည်သူမှ ပြန်မဖြေကြပေ။ သူတို့အမေးကို ပြန်ဖြေရန်လည်း မမျှော်လင့် ထားပေ။ အကြောင်းမှာ ပြန်ဖြေရန်ပင်မလိုသောကြောင့်ဖြစ်သည်။ အကြောင်းအရင်းကို ခန့်မှန်းပြီးသားဖြစ်လေသည်။
တခြားသူများသည် အဆင်ပြေသေးသည်။ ဂူမျိုးနွယ်နှင့် ရှီမာမျိုးနွယ်တို့ သည် ရင်အနာဆုံးဖြစ်ကြလေသည်။
ရှီမာမျိုးနွယ်သည် ထိုအကြောင်းကို နှစ်ပေါင်းများစွာ များစွာ စဉ်းစားခဲ့ သည်။ အထူးသဖြင့် သူတို့သည် ထိုဝိညာဉ်လက်နက်များဖြင့် မျိုးနွယ်ဂုဏ်ကို မြှင့်တင်ရန် မျှော်လင့်ချက်ထားခဲ့ကြသည်။ သို့သော် အခုမရှိတော့သဖြင့် အားလုံး၏ ရင်များမှာ အေးခဲသွားခဲ့သည်။
ဂူမျိုးနွယ်ဝင်များသည် သိုးမွေးယူရန်သွားခဲ့သော်လည်း အစုတ်အပြဲများ ဖြင့်ပြန်လာခဲ့ရသည်။ သူတို့သည် အစပိုင်းတွင် အံ့ဖွယ်လက်နက်များကို ယူ မည်ဟု တွေးပြီးသွားခဲ့သော်လည်း ထိုပစ္စည်းများကို ပါးစပ်ပင်မ,ဟလိုက်ရ ပေ။ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သော ဆက်ဆံရေးကို ပျက်စီးအောင်လုပ် လိုက်သလို ရန်သူအဖြစ်ပါ ပြောင်းသွားခဲ့သည်။
“အခု ဘာလုပ်ကြမလဲ”
အခုလား… သူတို့ ဘာလုပ်ရဦးမှာလဲ။ အခု အဲပစ္စည်းတွေကမရှိတော့ ဘူး ဒီမှာနေပြီးတော့ တခြားသူတွေ တိုက်ခိုက်တာကို ကြည့်ရမှာလား။
ရှီမာမျိုးနွယ်နှင့် ဂူမျိုးနွယ်တို့သည် သည်တစ်ခေါက်တွင် သေချာပေါက် လဲကျသွားခဲ့သည်။ သူတို့ အနောက်မှာနေခဲ့လျှင် သေချာပေါက် ဆွဲထုတ်ကြ လိမ့်မည်။
သည်လိုနှင့် ရောက်လာကြသော အင်အားစုများသည် ပြန်ထွက်ခွာကြ လေသည်။ ဝိညာဉ်ရတနာမရှိမှတော့ နေစရာအကြောင်းမရှိတော့ပေ။
လျင်မြန်စွာပင် ဂူမျိုးနွယ်နှင့် ရှီမာမျိုးနွယ်သာ ကျန်ခဲ့လေသည်။ ရှီမာမျိုးနွယ်သည် လျင်မြန်စွာပင် ကမ္ဘာမြေကြီးနန်းတော် ထွက်ပေါက်ကို ပိတ်လိုက်ကာ ဂူမျိုးနွယ်ကို ချောင်ပိတ်လိုက်သည်။
ဘာမှမကျန်တော့သဖြင့် အမုန်းတရားများကို ယနေ့ပင် ရှင်းရမည်။
“မင်းတို့အရင်သွားနှင့်” ရှီမာလွီယွင် ပြောလိုက်သည် “ပြီးတာနဲ့ မင်းတို့ကို လာရှာမယ်”
ယနေ့တိုက်ပွဲသည် ပြင်းထန်မည်။ သူမသာ ထိုနေရာတွင် ကျန်ခဲ့ပါက ထိခိုက်နိုင်မည်။
“ဟုတ်ပါပြီ” ရှီမာယူယူသည် အလွန်လျင်မြန်စွာပင် ဖြေပြီးနောက် ဒိကျဲ့ နှင့် တခြားသူများနှင့်အတူ ထွက်သွားလေသည်။
သူမသည် ရတနာကို လုယူရန်အတွက် သည်နေရာသို့လာခြင်းဖြစ် သည်။ အခု ရတနာမရှိသဖြင့် နေထိုင်ရန် ဆန္ဒလည်းမရှိတော့ပေ။
ပြီးနောက်တွင် ထိုကိစ္စသည် ရှီမာမျိုးနွယ် ရှင်းရမည့် ကိစ္စဖြစ်သည်။ သူမ ဝင်ပါရန် အစီအစဉ်မရှိပေ။
သူ မထွက်သွားသောအခါ ဂူမျိုးနွယ်သည် နောင်တရသော စကားပြော သည်ကို ကြားလိုက်သည်။ အခုပြောလိုက်ခြင်းသည် နောက်ကျသွားသည်မှာ တော့ နှမြောဖို့ကောင်းသည်။
သို့သော် သူတို့အပြင်သွားချိန်တွင် ပြဿနာနှင့်တွေ့တော့သည်။
သူတို့ ထွက်သွားချိန်တွင် အင်အားစုများစွာသည် စုဝေးနေကြသည်။ ထိုလူများသည် ရှီမာယူယူနှင့် ဒိကျဲ့ထွက်လာသည်ကိုမြင်သောအခါ ဝိုင်း လိုက်ကြသည်။
“တစ္ဆေမျိုးနွယ်ဝင် မင်း ဒီနေ့ ငါတို့နဲ့တွေ့တာ ကံဆိုးတာပဲ မင်းတို့ အသက်ကို လိမ်လိမ်မာမာပေးလိုက်တော့” လူတစ်ယောက်က အော်လေ သည်။
လာပြန်ပြီ။
ရှီမာယူယူသည်မတတ်သာဘဲ မျက်လုံးလှန်လိုက်သည်။ ဒီအတွင်း ဒေသက ကြက်ဖအိုကြီးတွေက ဘာလို့ဒီလောက် မောက်မာနေတာလဲ။ သူမ အပြင်ရောက်သည်ပင် မသေချာသေးပေ ပထမဆုံးကြားလိုက်ရသောစကား သည် သူတို့အသက်ကို ကျိုးနွံစွာပေးရန်ဖြစ်သည်။ သူတို့က ရူးတာလား တုံးတာလား။
“မိန်းကလေး မင်းက ငယ်သေးတယ် မင်းကို အခုအခွင့်အရေးပေးမယ် မင်း ထွက်သွားပြီး ဒီလူတွေနဲ့ တွဲသွားတွဲလာ ထပ်ပြီးမလုပ်တော့ရင် မင်း အသက်ကို ဒီတစ်ခါ သက်ညှာပေးမယ်”
“အဲဒါကတော့ ခက်တယ်” ရှီမာယူယူ ပြောလိုက်သည်။
သူတို့က သွေးစပ်တဲ့ ဆွေးမျိုးသားချင်းဆိုမှတော့ ဘယ်လိုလုပ် တစ်သက်လုံး ရှောင်လို့ရမှာလဲ။
“မိန်းကလေး အမှားတွေကို ခေါင်းမာမနေနဲ့” တစ်ယောက်သည် သူမကို ခြိမ်းခြောက်လေသည်။ “မင်းက ငယ်သေးတယ်ဆိုတဲ့အချက်ကို ထောက်ပြီး အခွင့်အရေးပေးနေတာ ငယ်ငယ်လေးနဲ့ သေဖို့ကျနှမြောဖို့ ကောင်းတယ်လေ”
“ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူ ပြောလိုက် သည် “ရှင်တို့ရဲ့ တောင်းဆိုချက်ကို ကျွန်မ မလိုက်နာနိုင်တာတော့ နှမြောဖို့ ကောင်းတယ်”
“အဲတော့ မင်းက သေရင်တောင်မှ သူတို့နဲ့နေမယ်လို့ ပြောလိုက်တာ ပေါ့ ဒါဆိုရင် မင်းကိုလွှတ်မပေးတဲ့အတွက် ငါတို့ကို အပြစ်မတင်နဲ့”
ရှီမာယူယူသည် သူတို့မျက်လုံးထဲမှ လူသတ်နိုင်သည့်အကြည့်ကို မြင်ရာ အေးစက်စွာပြောလိုက်သည် “အစကတည်းက ရှင်တို့က ကျွန်မကို လွှတ်ပေးဖို့ အစီအစဉ်မှမရှိတာ ကျွန်မ မှန်းကြည့်ရသလောက်တော့ ရှင်တို့ မျက်လုံးထဲမှာ အစကတည်းက လူသတ်မဲ့အကြည့်တွေရှိနေတယ်”
“ဟင်း မင်းကို အခွင့်အရေးပေးတာကို ငြင်းဆန်တယ် အဲတော့ မင်း အသက်ကိုလည်း ထားခဲ့လိုက်တော့”
သူတို့ပြောပြီးချိန်တွင် ထိုလူသည် အရင်ဦးတောင် တိုက်ခိုက်လေ သည်။
ရှီမာယူယူ၏ မျက်ခုံးများ ပင့်တက်သွားသည်။ သူမကို အဲလောက် လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမလား။
သူမသည် တုန့်ပြန်ရန်တွေးနေတုန်းမှာပင် ဒိကျဲ့သည် တိုက်ခိုက်ကာ ထိုလူကို လျင်မြန်စွာရှင်းလိုက်လေသည်။
ထိုလူများသည် သူမကို မတူညီစွာကြည့်သည်ဟု ရှီမာယူယူ ခံစားရ သည်။ ထို့ကြောင့် ဒိကျဲ့သူတို့ကို ရှင်းပြီးချိန်တွင် သူတို့၏ မှတ်ဉာဏ်ကို စစ်ဆေးကြည့်လိုက်သည်။
“သူတို့က တကယ်ပင် ရင်ဇင်းရဲ့ အပေါင်းအဖော်တွေပဲ” ရှီမာယူယူ သည် ရင်ဇင်း၏ ကိစ္စများကို ထိုလူများ၏ မှတ်ဉာဏ်ထဲမှတွေ့လိုက်ရာ အံ့သြ သွားလေသည်။ ထိုလူသည် သေပြီးနောက်တွင်လည်း သူမကို ဒုက္ခပေးနေ တုန်းပင်။
ကျန်ခဲ့သော အင်အားစုများသည် တစ္ဆေသခင် သူတို့ကို တစ်ချက်တည်း နှင့် ရှင်းလိုက်လေသည်။ တခြားသူများ မြင်သောအခါ ချက်ချင်းပင် အေးခဲ သွားလေသည်။
“အခုသွားတော့” တစ္ဆေသခင်သည် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက် သည်။
“ပညာရှိတဲ့သူက တိုက်ခိုက်တာထက် ဉာဏ်သုံးတယ်တဲ့ တစ္ဆေမျိုးနွယ် ဝင်တွေက အရမ်းအားကောင်းတယ် အခု နောက်ဆုတ်သင့်တယ်”
သည်လိုနှင့် ထိုလူများသည် အမြီးသိမ်းကာ ပြေးသွားကြလေသည်။ သို့သော် သူတို့ ဝေးဝေးမပြေးနိုင်ခင်တွင် မိုးကောင်းကင်ကြီးသည် အနက် ရောင်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။
“ဒါက…”
“အမလေး”
အရှေ့တွင် ပြေးနေသောလူများသည် မိုးကြိုးပစ်သံကြားလိုက်ရာ ချွေးများပျံလာကြသည်။ နောက်တစ်ချိန် မိုးကြိုးကျလာချိန်တွင် သူတို့သည် အဖြူရောင်အရိုးများဖြစ်သွားလေသည်။
“အာ..”
ထိုလူများသည် ကြောက်ရွံ့သဖြင့် ရှိနေရာမှ လှည့်ပြေးပြီး နီးလာသော မြူခိုးအမည်းတွေဆီမှ ထွက်ပြေးရန်ပြောလေသည်။ သို့သော် သူတို့ မမြန် လိုက်ပေ။ အမြန်မပြေးနိုင်သောလူများသည် အလွန်ပင် ဝမ်းနည်းနေမိသည်။
“အာ..”
“ကူညီပါဦး အာ…”
အနက်ရောင်မြူခိုးများသည် လူအများအပြားကို အဆက်မပြတ် စားသောက်ပြီး အရိုးများတစ်ခုပြီးတစ်ခုထွေးထုတ်လေသည်။ ထိုမြင်ကွင်း သည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။
ရှီမာယူယူသည် အလွန် လန့်နေမိသည်။ သူမသည် ထိုကြောက်မက် ဖွယ်မြင်ကွင်းကိုကြည့်ပြီး မေးလိုက်သည် “ဝမ်းကွဲအစ်ကိုက တစ္ဆေလောက ကဟာလား”
***