← Chapters

အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ပေါ်လာခြင်း

Vol. 86 Ch. 1198

အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ပေါ်လာခြင်း

Vol. 86 Ch. 1198

တစ္ဆေသခင်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူ့မျက်လုံးများ သည် ရုတ်တ်ရက် တောက်ပလာကာ ပြောလိုက်သည် “မီးနဲ့ လျှပ်စီးက ဒီ ကောင်ကြီးရဲ့ ရန်သူတွေပဲ ဒါပေမဲ့ ဒီကောင်ကြီးရဲ့တည်ရှိမှုက ကောင်းကင် ဘုံကို အံတုနေတယ် သာမာန်မီးနဲ့ လျှပ်စီးက အသုံးမဝင်ဘူး ဒါပေမဲ့ မင်းရဲ့ မီးတောက်နဲ့ဆိုရင် မပစ်နိုင်တာတော့မဟုတ်ဘူး”

သူမ မီးတောက်ရှိနေတာကို ဘယ်လိုလုပ်မေ့နိုင်မှာလဲ။

သို့သော် ရှီမာယူယူသည် မသေချာမရေရာမှုကို မလိုချင်ပေ။

“တစ္ဆေသခင် ကျွန်မမီးတောက်မှာ ဘေးသင့်လျှပ်စီးထပ် ထည့်လိုက်ရင် ဖြစ်နိုင်ချေပိုများလာမလား”

“ဘေးသင့်လျှပ်စီးဟုတ်လား” တစ္ဆေသခင်သည် မှင်တက်သွားလေ သည် “မင်းရဲ့ မီးတောက်အပေါ်မှာ တကယ်ပဲ ဘေးသင့်လျှပ်စီးထည့်လိုက် ရင် သေချာပေါက်အလုပ်ဖြစ်မှာပဲ ဒါပေမဲ့ ဒီမှာဘေးသင့် လျှပ်စီးမှမရှိတာ”

ဒီအချိန်ကြီးကို ဘေးသင့်လျှပ်စီးက ဘယ်ကပေါ်လာမှာလဲ။

သို့သော် ရှီမာယူယူသည် လုံးဝစိုးရိမ်ခြင်းမရှိပေ။ သူမသည် အကြီးအကဲနှင့် တခြားသူများကို လှည့်ပတ်ကြည့်ပြီးနောက် ပြောလိုက်သည် “ကျွန်မ ရှင်တို့အသက်ကိုကယ်လိုက်ရင် ရှင်တို့က အခြေအနေကို အခွင့် ကောင်းယူပြီး ကျွန်မပဲဖြစ်ဖြစ် တစ္ဆေမျိုးနွယ်ဝင်တွေကို ထိခိုက်အောင်မလုပ် ပါဘူးလို့ ကျိန်နိုင်မလား”

စီနီယာအကြီးအကဲသည် သူမ ထိုကဲ့သို့ တောင်းဆိုမှုလုပ်မည်ဟု မထင်ထားကာ ပြန်ဖြေလိုက်သည် “ကောင်းပြီ မင်းကို ကတိပေးတယ်”

“ဒီကလူတစ်ယောက်ချင်းစီက ကတိပေးဖို့လိုတယ်” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ ကျွန်မဆိုလိုတာက နောက်ကို ဘယ်တော့မှ ထိခိုက် အောင်မလုပ်ပါဘူးဆိုတာလည်း ပါတယ်”

“မင်းသာ ဒီပြဿနာကိုရှင်းနိုင်မယ်ဆိုရင် သေချာတာတော့ ဒီကတိပေး ရတာက ပြဿနာမဟုတ်ပါဘူး” စီနီယာအကြီးအကဲ ပြောလိုက်သည်။

သူသည် ရှီမာလွီရွှမ်ကို သတ်ရန် တစ်ခါမှမစဉ်းစားဖူးပေ။ သူမသာ သူတို့ကို ကယ်နိုင်ပါက သူ့အတွက် အရှုံးမရှိပေ။

ရှီမာယူယူသည် တခြားသူများကို စိုက်ကြည့်ပြီး မေးလိုက်သည် “ရှင်တို့ ရော”

သူမသာ သူတို့အသက်ကိုကယ်နိုင်ပါက သူမကို တောင်းဆိုရန်ပင် မလုံလောက်ပေ။ တခြားအတွေး ဘယ်သူတွေးရဲမှာလဲ။ လူတိုင်းသည် အလျင်စလိုပင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“ကိုယ့်စကားကို မှတ်ထားကြပါ” ရှီမာယူယူသည် ပြောပြီးသည်နှင့် အပြင်ဘက်သို့လျှောက်သွားကာ ပြောလိုက်သည် “တစ္ဆေသခင် ကျွန်မ အပြင်ကိုသွားမယ် ကောင်းကင်ဘုံရဲ့ မိုးကြိုးကျလာတာနဲ့ ရှင့် အတားအဆီး က…”

ဒိကျဲကသည် သူမအား ချက်ချင်းပင် ဆုပ်ကိုင်ပြီး ပြောလိုက်သည် “ဘာလုပ်မလို့လဲ အပြင်မှာ ဘယ်လောက်အန္တရာယ်များလဲသိလား”

“ဝမ်းကွဲအစ်ကို တစ္ဆေသခင်ရဲ့ အတားအဆီးကိုကြည့်ပေးဦး ဘယ်လောက် ခံနိုင်မလဲ” ရှီမာယူယူ မေးလိုက်သည်။

သူသည် သူမကို စိုးရိမ်နေကာ လက်များသည် တုန်ယင်နေသည်မှာ သူ မည်သို့ခံစားနေရကြောင်းကို ပြသနေသည်။

အမှန်အတိုင်းပြောရလျှင် အပြင်ထွက်ရသည်မှာ ရာနှုန်းပြည့် အာမခံ ချက်မရှိပေ။ သို့သော် သူမသည် သေဆုံးခြင်းကို ထိုင်စောင့်နေရမည့်အရာကို မကြိုက်ပေ။

သို့သော် မျှော်လင့်ချက်ရှိသေးသည်ဟု သူမ ခံစားရသည်။ မည်သူမှ မလုပ်နိုင်မှတော့ ကောင်းကင်ဥပဒေကို ကယ်ခိုင်းရတော့မှာပဲ။

ဒိကျဲ့သည် သူမအား ဆုပ်ကိုင်ပြီး လွှတ်မပေးချင်ပေ။ သူမကို အန္တရာယ်နှင့် ရင်မဆိုင်ခိုင်းလိုပေ။

“ဝမ်းကွဲအစ်ကို” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည် “စိတ်ချပါ ကျွန်မပြန်လာမှာပါ ခဏလောက်ပဲ အထဲမှာနေလိုက် အပြင်က ကိစ္စကိုရှင်းပြီးတာနဲ့ ထွက်လာခဲ့လိုက်တော့”

“ငါ…”

“ဝမ်းကွဲအစ်ကို အချိန်မရှိတော့ဘူး” ရှီမာယူယူသည် သူ့ကို ခိုင်မြဲစွာ ကြည့်လေသည်။

“ဆရာ စိတ်ချပါ သူမ မီးတောက်နဲ့ဆိုရင် အဲကောင်ကို မသတ်နိုင်ရင် တောင် ပြန်လာနိုင်မှာပါ” တစ္ဆေသခင် ပြောလိုက်သည်။

သို့သော် အမှန်တကယ် ထိုသို့ဖြစ်ပါက သူမ ပြန်လာရန်မလိုအပ်တော့ ပေ။ အကြောင်းမှာ အတားအဆီးသည် ထိုအချိန်ထိ မခံနိုင်ပေ။ ပြန်လာခြင်း သည် မလုံခြုံနိုင်တော့ပေ။

ရှီမာယူယူ၏ မီးတောက်အကြောင်းကို ဒိကျဲ့သိသည်။ သူသည် သူမ အားလွှတ်ပြီး ပြောလိုက်သည် “ဂရုစိုက်နော်”

“အင်း”

ရှီမာယူယူသည် အတားအဆီးအစွန်သို့သွားလိုက်ပြီး တစ္ဆေသခင်သည် အတားအဆီးဖွင့်ပေးမည်အပြုတွင် သူမသည် ဟိန်းသံလေးနှင့် ပေါင်းစပ်ပြီး ထွက်သွားသည်ကို မြင်လိုက်ရသည်။

ရှီမာမျိုးနွယ်သည် ထိုဝိညာဉ်အရည်အချင်းကို မှတ်မိပြီး တအံ့တသြ အော်ကြလေသည် “သူမက ပေါင်းစပ်မှုကို သုံးဖို့သိတာပဲ ရှီမာလွီဖန် မင်းတို့ ထဲက တစ်ယောက်က သူမကို သင်ပေးထားတာလား”

ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့သည် ထိုအရည်အချင်းကို သူမကို မသင် ပေးဖူးသဖြင့် အလွန်အံ့သြနေကြလေသည်။

“သူမကို တွေ့တာက တိမ်ပင်လယ်မြိုု့ ဆေးပြိုင်ပွဲတုန်းကတွေ့တာ သူမ ပေါင်းစပ်မှု ကျွမ်းကျင်ပုံကိုကြည့်ရတာ အဲတုန်းက စသင်တာလို့ထင်ရ လား”

ရှီမာမျိုးနွယ်ဝင်များသည် သေချာပေါက် မဖြစ်နိုင်သည်ကို သိသဖြင့် နှုတ်ဆိတ်သွားလေသည်။

“သူမက လွီရွှမ်ရဲ့ ကလေးပဲ သူမက မျိုးနွယ်အတွင်းမှာ မကြီးခဲ့ရပေမဲ့ အဲလိုအရာတွေ သိတာမထူးဆန်းပါဘူး” ရှီမာလွီဖန် ပြောလိုက်သည် “ဒါပေမဲ့ သူမက အခုမှအသက် ၃၀လောက်ပဲရှိသေးတာ ငါတို့မျိုးနွယ်ထဲက မျိုးဆက် ငယ်တွေထဲက အသက် ၃၀တွေက သူမလောက် ပြည့်စုံပြီလား”

စီနီယာအကြီးအကဲနှင့် တခြားသူများသည် နှုတ်ဆိတ်သွားကြသည်။ မျိုးငယ်ငယ်များမပြောနှင့် အရင်ကဆိုလျှင် ကောင်းကင်ဘုံကို ဆန့်ကျင် သည့်သူ မရှိခဲ့ပေ။

အခု အံ့ဖွယ်လက်နက်များ မရှိတော့ပေ။ သူမသာ မျိုးနွယ်ကို ပြန်လာခဲ့ ပါက မျိုးနွယ်ကို တုန်လှုပ်စေသည်မှာ မဖြစ်နိုင်စရာမရှိပေ။

သူတို့ ထိုအကြောင်းကိုတွေးလိုက်သောအခါ ရှီမာယူယူကို ကြည့်သော အကြည့်ပြောင်းလဲသွားခဲ့သည်။ တခြားသူများလည်း ထိုအတိုင်း တွေးကြ သည်။ ပြီးနောက်တွင် အားလုံး၏ အကြည့်များ ပြောင်းလဲသွားကြသည်။

ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့သည် ပြောင်းလဲမှုကို မြင်သော်လည်း ဘာမှထပ်မပြောတော့ပေ။

သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်ရန်လိုအပ်သည်။

သူတို့သာ သူမကို လက်ခံနိုင်လျှင် သူမ မျိုးနွယ်ကို ပြန်လာရန် မျှော် လင့်ထားကြမည်။

သို့သော် ယခုလိုနေသည်မှာ ဤဘေးဆိုးကြီးအား ဘေးကင်းစွာ ဖြတ်ကျော်နိုင်ရန်ဖြစ်သည်။

ကမ္ဘာမြေကြီးနန်းတော်အပြင်ဘက်တွင် လုံးဝအဝိုင်းခံလိုက်ရပြီဖြစ် သည်။ ကောင်းကင်တစ်ခုလုံးသည် အနက်ရောင်ပြောင်းသည်မှာ အနက် ရောင်အဝတ်ဖြင့် ဖုံးအုပ်ထားသလိုပင်။

အားလုံးသည် သူမ အတားအဆီးမှထွက်သွားသည်ကိုကြည့်ပြီး သူမကို နတ်ဆိုးသွေး ဝါးမျိုသွားမည်ကို စိုးရိမ်နေကြသည်။ လူတိုင်းသည် ရင်ထဲတွင် မွန်းကြပ်နေခဲ့ကြသည်။

ဒိကျဲ့နှင့် ရှီမာလွီဖန်တို့သည် သူမအတွက် အစိုးရိမ်ဆုံးများဖြစ်ကြ သည်။ အကြီးအကဲများသည် ရှားပါးသောပါရမီရှင်ကို လက်လွှတ်လိုက်ရပြီး ဆက်ခံမည့် အခွင့်အရေးဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်နေကြသည်။ တခြားသူ များသည် သူမသေသွားကာ သူတို့ အသက်ရှင်နိုင်မည့် မျှော်လင့်ချက်မရှိ တော့မည်ကို ကြောက်နေကြသည်။

သူမ အတားအဆီးသို့ထွက်သွားသည်နှင့် သူမခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်မီးတောက်ဖြင့် ဝန်းပတ်ထားသည်ကို သူတို့မြင်လိုက်ရသည်။ သူမ ပတ်ပတ်လည်မှ မြူခိုးများသည် ရှင်းလင်းစွာလောင်ကျွမ်းသွားကာ မြူခိုးများ အကြားတွင် ပုံရိပ်တစ်ခုပေါ်လာသည်။

“အားကောင်းလိုက်တဲ့ မီးတောက်ပဲ” ကမ္ဘာမြေကြီး နန်းတော်ထဲမှ လူတစ်ယောက် အော်လိုက်လေသည်။

သူတို့သည် သူမအဝေးတွင်ရှိနေသော်လည်း မီးအပူငွေ့ကို ခံစားမိကြ သည်။ ထိုသည်မှာ မည်မျှပူကြောင်းကို သက်သေပြနေသည်။

ဒီလောက် အားကောင်းတဲ့မီးပဲ… နတ်ဆိုးသွေးကို တကယ်ပဲ နိုင်မလား ဆိုတာ ဘယ်သူသိမလဲ။

“ဝီး ဝီး”

မီးတောက်သည် ဆက်လက်လောင်ကျွမ်းရာ အသံသည် အရင်ကထက် ပိုစိပ်လာသည်။

နတ်ဆိုးသွေးသည် ပိုပြီး အကြမ်းဖက်လာသည်။

ရှီမာယူယူသည် ကြက်သွေးရောင်မီးတော်၏ စွမ်းအင်ကို စုပ်ယူပြီး လေဟာပြင်သို့ ပြောလိုက်သည် “ကြက်သွေးရောင်မီးတောက် ဒီတစ်ခေါက် တော့ မင်းကို ဒုက္ခပေးရတော့မယ် အချိန်နည်းနည်းဆွဲထားပေး”

အထဲမှ ပုံရိမ်တစ်ခုသည် ရှီမာယူယူဆီသို့ ရောက်လာသည်။ သူပေါ် လာချိန်တွင် သူ့ခန္ဓာကိုယ်တွင်လည်း မီးတောက်ဖြင့် ဝန်းရံထားသည်။

သူ့ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားကာ လေပေါ်သို့ပျံတက်သွားပြီး သူ၏ မူလပုံစံသို့ပြောင်းသွားလေသည်။ သူသည် ထူထဲသော မြူခိုးအမည်း များဆီသို့ တိုက်ရိုက်ပျံသွားလေသည်။

ပြိုင်ဘက်မှာ အလွန်သန်မာသည်။ ထို့ကြောင့် သူ့အားတိုးလာရန် မူလ အသွင်ပြောင်းရမည်ဖြစ်သည်။ သူ့အတွက် အချိန်ပိုရနိုင်သည်။

“ဝူး.....”

သူသည် ရှည်လျားသော အော်သံပြုရာ ကမ္ဘာမြေကြီးနန်းတော်မှ လူ တိုင်းသည် ကြီးမားသော ဖိအားကို ခံစားမိလေသည်။

“ဒါ.. ဒါက ဇာမဏီငှက်လား”

“မဟုတ်ဘူး ဒါ ဇာမဏီငှက်မဟုတ်ဘူး” တစ္ဆေသခင်သည် ကြက်သွေး ရောင်မီးတောက်အား အလန့်တကြားကြည့်ပြီး “ဒါက အံ့ဖွယ်… ပဒါးရောင် ဟင်္သာငှက်ပဲ”

ကမ္ဘာမြေကြီးနန်းတော်မှလူများသည် မှင်တက်သွားကြသည်။ သူတို့ တကယ်ပဲ အံ့ဖွယ်ပဒါးရောင်ဟင်္သာငှက်ကို မြင်လိုက်ရတာပဲ။ ဒဏ္ဍာရီထဲက အံ့ဖွယ်ငှက်လေ…

အဲဒါကြောင့် သူမ မီးတောက်က အဲလောက်သန်မာနေတာကိုး။ အဲဒါကြောင့်ပဲ။

ကြက်သွေးရောင်မီးတောက် အားဖြင့်ဖိနှိပ်လိုက်ရာ အနက်ရောင်မြူခိုး များပျောက်ကွယ်သွားလေသည်။ ရှီမာယူယူသည် သူမ ရှိနေရာတွင် ကျန်နေ ကာ ခန္ဓာကိုယ်တွင်းမှ ခရမ်းရောင်လျှပ်စီးကို စတင်အသက်သွင်းပြီး ဘေးသင့် တိမ်တိုက်ကို ဆွဲခေါ်လိုက်သည်။

ဘေးသင့်မှုတိမ်တိုက်သည် မိုးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ သည်။ ရုတ်တရက်ပင် လူတစ်ယောက်မှ ခေါ်သည်ကို ခံစားမိသည်နှင့် ချက်ချင်းပင် နိုးလာလေသည်။

ဒီလူပဲ လာပြန်ပြီ။

အစပိုင်းတွင် မသွားရန်စဉ်းစားလိုက်သော်လည်း ထိုနေရာတွင် ကောင်းကင်ဘုံအား ဆန့်ကျင်နေသည့် ဘေးကပ်တစ်ခုခုရှိသည်ကို ခံစားမိပြီး ဘေးသင့်မှုတိမ်တိုက်ပေါ်တွင် ထိုင်ကာ ထိုနေရာသို့ဦးတည်သွားလေသည်။

***

All Chapters