အထဲကစွမ်းအင်ကို မထိန်းနိုင်တော့
Vol. 86 Ch. 1199
ရှီမာယူယူသည် ခေါင်းလှည့်ပြီး မိုးပေါ်ကိုကြည့်လိုက်သည်။ ဒီတစ်ခေါက်ကို ဘေးသင့်မှုတိမ်တိုက်က ကြာနေတယ်လို့ ဘာလို့ခံစားမိနေ တာလဲ။ မိနစ်အနည်းငယ်ကုန်ဆုံးသွားသော်လည်း ဘေးသင့်မှုတိမ်တိုက် သည် ရောက်မလာသေးပေ။ ခရမ်းရောင်လျှပ်စီးရဲ့ တိုက်တွန်းမှုက အသုံး မဝင်ဘူးလား။
ဒါဆိုရင် သူတို့အသက်ကို ကျိုးကျိုးနွံနွံနဲ့ ပေးလိုက်ရတော့မှာလား။
သူမ ကျောထဲမှ အေးစိမ့်မှုများ တိုးလာသည်။ ထိုသည်မှာ မိုးကြိုး အပစ် ခံရသည်ထက်ပင် ပိုကြောက်ဖို့ကောင်းသည်။
မိနစ်၂၀ ကုန်ဆုံးသွားသည်။ သို့သော် ဘေးသင့်မှုတိမ်တိုက် မလာသေး ပေ။ ပြီးနောက်တွင် ကြက်သွေးရောင်မီးတောက်လည်း တောင့်မခံနိုင်တော့ ပေ။
သူအရင်က အားအင်များ အနည်းငယ်ပြန်ပြည့်လာသော်လည်း ဒဏ်ရာ ကျန်နေဆဲပင်ဖြစ်သည်။ ပြီးနောက်တွင် တစ်ဖက်မှာ အလွန်သန်မာသော ပြိုင်ဘက်ဖြစ်သည်။ သူ သည်အချိန်ထိ တောင့်ခံနိုင်သည်ကိုက အလွန် ကောင်းနေပြီဖြစ်သည်။
တကယ်ပဲ အလုပ်မဖြစ်ဘူးလား။
“ယူယူ ချင်ယိကိုခေါ်ထုတ်လိုက်” ရှောင်ချီသည် ဝိညာဉ်စေတီအတွင်းမှ ပြောနေလေသည်။
“ချင်ယိဟုတ်လား သူ ဝင်ပါလို့မဖြစ်ဘူးမလား”
“သာမန်ကိစ္စဆိုရင် ငါဘာမှလုပ်လို့မရဘူး ဒါပေမဲ့ ဒါက သာမန် မဟုတ် ဘူးလေ” ချင်ယိ ပြောလိုက်သည်။
သူ ဝင်မပါနိုင်သည့်အခြေအနေကို ရှီမာယူယူ အရင်ဆုံးစဉ်းစားပေးခဲ့ သည်။ ပြီးနောက်တွင် အသက်ရှင်နိုင်မည့်အခွင့်အရေးရရန် သူ့ကို ဖိအားပေး ပြီး အကူအညီမတောင်းခဲ့ပေ။ ထိုသည်မှာ သူ့ကို ခံစားသွားစေသည်။
ပြဿနာမရှိဟု ရှီမာယူယူ ကြားသည်နှင့် ချင်ယိကို အလျင်အမြန်ခေါ် ထုတ်လိုက်သည်။
ချင်ယိပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်သည် ရွှေအလင်းတန်းများဖြင့် တောက်ပနေပြီး ရွှေရောင်ခြည်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက်တွင် သူသည် ချိပ်ပိတ်ရန် လက်နှစ်ဖက်ကိုသုံးရာ အသက် သစ်ပင်သည် သူ့ရင်ဘတ်မှ ပျံထွက်သွားလေသည်။ သစ်ပင်ကြီးလာသည်နှင့် အမည်းရောင်မြူခိုးများ အနောက်သို့ တဖြည်းဖြည်း ဆုတ်သွားလေသည်။
“ထူလိုက်တဲ့ အသက်ရောင်ဝါပဲ အဲဒါဘာလဲ” ဂူမျိုးနွယ်ဝင်များသည် အော်ကြလေသည်။
တစ္ဆေသခင်နှင့် တခြားသူများသည် ချင်ယိ၏ သရုပ်မှန်ကို ခန့်မှန်းပြီး သားဖြစ်လေသည်။ အသက်သစ်ပင်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်ကို ရှီမာယူယူ သူတို့ကို တစ်ခါပြောဖူးသည်။ သို့သော် သူမသည် အသက်သစ်ပင် ကို သူမနှင့် အမှန်တကယ်ခေါ်လာလိမ့်မည်ဟု ထင်မထားကြပေ။
ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည်လည်း ခန့်မှန်းမိကြသည်။ သို့သော် သူတို့သည် ဘာမှမပြောကြပေ။
သို့သော် သူတို့သည် မှတ်မိသေးသည်။ ရှီမာမျိုးနွယ်၏ အကြီးဆုံး အကြီးအကဲဖြစ်သော စီနီယာအကြီးအကဲသည် သာမန်တော့မဟုတ်ပေ။
“အသက်သစ်ပင်ပဲ ဒဏ္ဍာရီထဲက အသက်သစ်ပင်ပဲ” သူရေရွတ်လိုက် သည်။ သူ၏ လက်ရှိအခြေအနေသည် အံ့သြမှုကို ထုတ်ဖော်မပြနိုင်တော့ သည်အထိပင်။
“အသက်သစ်ပင် ဟုတ်လား ဒွန့်ကို နားလည်သွားစေတဲ့ သစ်ပင်လို့ ပြောကြတဲ့ဟာလား အသက်သစ်ပင်က ပိုပြီးသန်မာလာအောင် ကူညီပေးနိုင် တယ်မလား” စီနီယာအကြီးအကဲဘေးတွင် ရပ်နေသောလူသည် ထိုစကားကို ကြားသည်နှင့် တအံ့တသြ အော်လေသည်။
“ဟုတ်တယ် အဲဒါပဲ သတင်းတွေနဲ့ ကွက်တိပဲ” စီနီယာအကြီးအကဲ သည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။
အသက်သစ်ပင်… ရှေးခေတ်က အသက်သစ်ပင်ဖြစ်ပြီး အပြင်မှ ညောင်ပင်များနှင့် မတူပေ။
သူမတွင် ပဒါးရောင်ဟင်္သာငှက်ကို ပိုင်ဆိုင်ထားရုံသာမက အသက် သစ်ပင်လည်းရှိနေသည်။ သူမ တစ်ယောက်တည်းကို လျှို့ဝှက်ချက် ဘယ်လောက်ရှိနေတာလဲ။
“ဒီလိုမျိုးဟာ ပေါ်လာမယ်လို့ဘယ်သူထင်မှာလဲ ပြီးတော့ ဘေးသင့် တိမ်တိုက်က ဘာလုပ်နေတာလဲဆို ဘယ်သူသိမှာလဲ အထက်ကသာသိရင် ဒီလိုပဲ အိပ်နေနိုင်ဦးမှာလား” ချင်ယိသည် သူ့ကိုယ်သူ ပြောသလိုနှင့် ပြော လေသည်။ သို့သော် တကယ်တော့ ထိုနေရာကို အလောတကြီးလာနေသည့် ဘေးသင့်မှုတိမ်တိုက်ကို ပိုတုန်ယင်စွာဖြင့် အလျင်မြန်စွာရောက်လာစေ သည်။
ဘေးသင့်မှုတိမ်တိုက်လာနေသည်ကို ရှီမာယူယူမြင်သောအခါ စိတ် မအေးမှုများ လျော့ကျသွားခဲ့သည်။ ဘေးသင့်မှုတိမ်တိုက် ပြိုကျတော့မည့် အချိန်တွင် သူမသည် ချင်ယိနှင့် ကြက်သွေးရောင်မီးတောက်ကို သိမ်းပြီး ဘေးသင့်မှုတိမ်တိုက်ကို သူ့ဘာသာ ရင်ဆိုင်ခိုင်းလေသည်။
နတ်ဆိုးသွေးသည် ဘေးသင့်မှုတိမ်တိုက်ကိုမြင်လိုက်ချိန်တွင် ထွက်ပြေးမည်ပြုသည်။ သို့သော် သူသည် ပိတ်မိနေပြီးဖြစ်ကာ ထိုနေရာမှ ထွက်မသွားနိုင်တော့ပေ။ အနည်းငယ်လှုပ်သွားသာ်လည်း ဒိကျဲ့နှင့် တခြား သူများသည် ဘေးသင့်တိမ်တိုက်၏ အပြင်ဘက်တွင်သာရှိနေသည်။
ထိုသည်မှာ ရှီမာယူယူ မထင်မှတ်ထားသော အရာဖြစ်သည်။ သူမသည် အစပိုင်းတွင် သူတို့ကိုပါ ဆွဲချသွားမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် အခု အဆင်ပြေသွားသဖြင့် သူမ ကံကောင်းသွားသည်။
ချင်ယိ ယခုကဲ့သို့ ပြောလိုက်ခြင်းကြောင့်ဖြစ်သည်။ သူ့အောက်တွင် ထိုသို့ဖြစ်ပျက်နေသည်ကို အထက်မှသိပါက အပြစ်ပေးခံရမည်မှာ သေချာနေ သည်။
အဲတော့ ဒီနေရာမှာတင်သတ်ရမယ်။
မိုးကြိုးဘေးသင့်မှုသည် နှစ်ချက် သုံးချက် စတင်ပစ်ချလေသည်။ ကောင်းကင်ဘုံ၏ ခမ်းနားမှုသည် ကြည့်နေသေူများကို အံ့သြမှုထက်ပင် ကျော်လွန်စေသည်။
“လူတစ်ယောက်ယောက်ကိုသာ ပစ်လိုက်ရင် ခံနိုင်ပါ့မလား”
အားလုံးသည် စဉ်းစားရင်းနှင့် ကြောက်နေမိသည်။ သူတို့သည် လက်ရှိ တွင် သန်မာသော်လည်း မိုးကြိုးဘေးသင့်မှုကိုတော့ ကြောက်နေသေးသည်။
“တကယ်လို့ ဒီမိုးကြိုးဘေးသင့်မှုက ယူယူ့ကိုပစ်မယ်ဆိုရင် သူခံနိုင်ပါ့ မလား” ရှီမာလွီဖန်သည် စိုးရိမ်တကြီး ပြောလေသည်။
သူတို့သည် ရှီမာယူူယူ ဘေးသင့်မှုခံစားရသည်ကို တစ်ခါမှမမြင်ဖူးပေ။ သို့သော် ဘေးသင့်မှုတိမ်တိုက်၏ ထူထဲပုံကိုမြင်လိုက်ရာ ကြောက်ရွံ့သဖြင့် မျက်နှာများပင် ဖြူဖျော့လာသည်။
သူမတွင်သာ တစ်စုံတစ်ခုဖြစ်သွားပါက သူတို့ အပြစ်မကင်းဖြစ်ရာ သေသွားနိုင်သည်။
စီနီယာအကြီးအကဲနှင့် တခြားသူများသည် ရင်အနာဆုံးဖြစ်သည်။ ဒီ ပါရမီရှင်သာ သေသွားရင် သူတို့မျိုးနွယ်ရဲ့ မျှော်လင့်ချက်ကတော့…
မိုးကြိုးဘေးသင့်မှုသည် တစ်နာရီ နှစ်နာရီကြာအောင် ဆက်ပစ်လေ သည်။ တခြားသူများသည် အစပိုင်းတွင် တုန်လှုပ်နေကြသော်လည်း နောက် တွင် ထုံလာကြသည်။
အပြင်ရှိတခြားသူများသည် စိုးရိမ်နေကြသည်။ သို့သော် အထဲတွင်ရှိ နေသော ရှီမာယူယူသည် ရှုပ်ထွေးနေသည်သာရှိသည်။
မိုးကြိုးဘေးသင့်မှုက ရူးသွားတာမဟုတ်ဘူးလား။
ဒီကောင်က သူမကို တစ်ချိန်လုံးပစ်နေတာလေ။ ဒီတစ်ခါတော့ သူမက ပဲ ခေါ်လိုက်တာပဲလေ… သူမလည်း ဒီနေရာမှာရပ်နေတာပဲ ဒါပေမဲ့ သူမကို မရှိသလိုလုပ်နေတယ်။ ဒါကတော့ ပထမဆုံးဖြစ်ဖူးတာပဲ။
သူမသည် မိုးကြိုးဘေးသင့်မှု ပျော်ရွှင်စွာ ပစ်ခတ်နေသည်ကို ကြည့်ပြီး ဘာမှလုပ်စရာမရှိသဖြင့် ခုံထုတ်ပြီး ထိုင်နေကာ မိုးကြိုးပစ်နေသည်ကို စောင့်ကြည့်လိုက်သည်။
ထိပ်တန်းအဆင့် ခရမ်းရောင်လျှပ်စီးသည် သူမခန္ဓာကိုယ်မှထွက်ကာ စားရန် တစ်စုံတစ်ခုကို ဖမ်းချင်နေသည်။ သို့သော် ရှီမာယူယူ တားလိုက် သည်။
“အချိန်မကျသေးဘူး” သူမသည် ဝိညာဉ်စွမ်းအင်သုံးက ပိတ်ပြီး ပြောလိုက်သည် “ဒီနေ့ မိုကြိုးပစ်တဲ့အကောင်က အရမ်းအားကောင်းတယ် မင်း မဖမ်းနိုင်ဘူး အင်အားမလုံလောက်ရင် ငါတို့ ပြဿနာတက်လိမ့်မယ်”
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ဝိညာဉ်စွမ်းအင်နေရာအထဲတွင် ခေါင်းလှည့်သွားလေသည်။ လောက်တာ မလောက်တာ ဂရုမစိုက်ဘူး စားချင်တာပဲရှိတယ်။
ထိုကောင်လေးသည် သူမ၏ ဝိညာဉ်နေရာကို ချိုးဖျက်တော့မည်ကို မြင်သည်နှင့် အတွေးတစ်ချက်ဖြင့် သူ့ကို ဝိညာဉ်စေတီထဲထည့်လိုက်သည်။
ထိုကောင်လေးသည် အထဲမှ ထွက်မလာနိုင်တော့ပေ။
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ဒေါသထွက်လေသည်။ ဒီကောင်မ လေးက သူ့ကိုအထဲမှာပိတ်ထားရတယ်။ စိတ်ဆိုးတယ် အရမ်းစိတ်ဆိုးတယ်။ သူ ဒေါသထွက်သည်နှင့် အထဲမှ စွမ်းအင်ကို မထိန်းနိုင်တော့ဘဲ မိုးကြိုးများ သည် မိုးပေါ်တွင်ပြည့်သွားကာ ပစ်ချတော့သည်။
ဝိညာဉ်လေး မြန်၍သာတော်သေးသည်။ သူသည် ချက်ချင်းပင် ထိပ်တန်း ခရမ်းရောင်လျှပ်စီးကို မည်သူမှမရှိသည့်နေရာသို့ ပြောင်းလိုက် သည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီကောင်လေးက စိတ်တို တတ်တာပဲ။
တိမ်တိုက်ဝိညာဉ်လောက်တော့ ချစ်စရာမကောင်းဘူး။
သူမ တိမ်တိုက်ဝိညာဉ်ကို စဉ်းစားမိလိုက်သည်နှင့် လွမ်းလာသည်။
ဝိညာဉ်စေတီထဲတွင်ရှိနေသော ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် သူမ အတွေးကို အာရုံခံမိသည်။ သူသည် အစပိုင်းတွင် ငြိမ်ကျသွားသော်လည်း ပြန်ပြီး ဒေါသထွက်ကာ မိုးကြိုးများပစ်ချစေပြန်သည်။
အဲဒါ သာမန်ဘေးသင့်မှုတိမ်တိုက်ပဲမလား။ ဘာတွေချစ်ဖို့ကောင်းနေ လို့လဲ။ သူက သာမန်ဘေးသင့်မှုတိမ်တိုကထက် အဆရာချီ ပိုအားကောင်း သေးတယ်။ ဒီကောင်မလေးက အမြင်မရှိဘူး။
ရှီမာယူယူသည် ဂရုမစိုက်တော့ဘဲ အထဲတွင် ဆက်ပြီး မိုးကြိုးပစ်စေ လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုနေရာသည်ကြီးမားသော တောင်တန်းနေရာဖြစ်သည်။ သူ ပစ်ချင်ရင် ပစ်ပါစေလေ။
ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ကြာရှည်စွာပစ်လေသည်။ သို့သော် ရှီမာယူယူသည် သူ့ကို ဂရုမစိုက်ပေ။ သို့သော် ရုတ်တရက် ငြိမ်ကျသွားလေ သည်။
“ဟင်”
ဒီကောင် ဆက်ပစ်နေရင်ဟုတ်သေးတယ်။ အခုရပ်သွားပြီး ငြိမ်ကျသွား တာ ဘာတွေများဖြစ်လို့လဲ။
“ရွှတ် ရွှတ်”
ရှီမာယူယူ၏ အမူအရာ စတင်ပျက်လာသည်။ ဒီကောင်က နေ့ရော ညရော မိုးကြိုးပစ်တာ သူမ ပစ္စည်းတွေအများကြီးတောင် ပျက်ဆီးသွားလေ သည်။ ငိုရမဲ့သူက သူမလေ ဒီကောင်လေးက ဘာလုပ်တာလဲ။
“ဝါး ဝါး”
မည်သူမှ ဂရုမစိုက်သဖြင့် သူသည် ပိုပြီးပြင်းထန်စွာငိုလေသည်။ သူ၏ ဝမ်းနည်းမှုသည် သူ့ကိုယ်ထဲမှ စွမ်းအင်ထိန်းချုပ်မှုကို ပိုဆုံးရှုံးလေသည်…
***