အဝေးမှ လာသော ဧည့်သည်များ
Vol. 112 Ch. 1471
ဝေစွေ့ဖုန်းနှင့် ရှုကျွင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။
ယန်အာက စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် လှမ်းကြည့်နေလေရာ ချင်မူလည်း တခဏ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။ “ကျွန်တော်တို့ ချိပ်တံဆိပ်အလွှာာတွေကို သတိမထားမိအောင် ဖြတ်သွားပြီး မြန်နိုင်သမျှ မြန်မြန် ကျောက်ယန်ခန်းမထဲ ၀င်ရမှာ… မမကြီးကိုပါ ခေါ်သွားရင်….”
ထော့ကျိုးက ခေါင်းခါရမ်းသည်။ “ဖက်တီးနဲ့ငါ မူအာကို ခေါ်ရတာတောင် တော်တော် ခက်ခဲနေပြီ… သူ့ပါ ခေါ်လိုက်ရင် ခံနိုင်မှာ မဟုတ်တော့ဘူး”
ချင်မူ့မျက်နှာက နီရဲသွားပြီး ရေရွတ်လိုက်၏။ “ကျွန်တော့်အမြန်နှုန်းကလည်း အရမ်းမြန်ပါတယ်နော်.. ဒ့ါအပြင် ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ အန္တိမဟင်းလင်းပြင်ကျမ်းစာကို ကျင့်ကြံပြီးတဲ့အတွက် နေရာဟင်းလင်းပြင်ကို ဖြတ်သွားဖို့ လွယ်တယ်…”
လန်ယွီတျန်းသည် စေတနာဖြင့် သူ့ကို သတိပေးလေသည်။ “အစ်ကိုကြီး၊ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းက ချိပ်တံဆိပ်တွေကို သတိမထားမိစေဘဲ ဖြတ်သွားလို့မရဘူး… ချိပ်တံဆိပ်ကို မထိဘဲ ဖြတ်သွားနိုင်တဲ့အထိ မြန်နေမှရမယ်”
“ငါ သိပါတယ်ကွ”
ချင်မူက ခါးသီးစွာ ပြောသည်။ “ငါလည်း တစ်လောကလုံးမှာ နံပါတ်တစ် သူခိုးနတ်ဘုရားပါ”
“နံပါတ်သုံး … နံပါတ်နှစ် မဟုတ်ဘူး”
ထော့ကျိုးက နောက်ဆုတ်သွားပြီး သူ့ကို သတိပေးကာ လှမ်းအော်သည်။ “အဆင်သင့်ဖြစ်ပြီလား… ဖြစ်ပြီဆိုရင်…”
“သွားတော့…”
အော်ဟစ်သံနှင့်အတူ လူရိပ်သုံးခုမှာ ချက်ချင်း ပြေးထွက်သွားသည်။ သူတို့၏အမြန်နှုန်များက ကြောက်မက်ဖွယ်ကောင်းစွာ ထိုးတက်သွားကြ၏။ သို့သော် ကျောက်ယန်ခန်းမဆီသို့ တိုက်ရိုက်ဦးတည်မသွားပေ။ အထွတ်အမြတ်တောင်တန်းတစ်သိန်း၏ အလယ်ဗဟိုဆီသို့ ဦးတည်သွားနေကြသည်။
တခဏအတွင်း ပေါက်ကွဲသံများ ဆူညံသွားကြသည်။ သူတို့သုံးယောက်က အမြန်နှုန်းကို ရုပ်ခန္ဓာတို့ ခံနိုင်ရည်ရှိသည့် အကန့်အသတ်အထိ တိုးမြှင့်လိုက်ကြ၏။ ထို့နောက် ရှေ့သို့ တက်လိုက်သည့်အခါ အလင်းအရိပ်သုံးခုအဖြစ် ပြောင်းလဲသွားကြသည်။ အလင်းအရိပ်သုံးခုထဲရှိ လူသုံးယောက်မှာ နေရာဟင်းလင်းပြင်ကို လျစ်လျူရှုထားကြပုံရပြီး သူတို့၏ပုံရိပ်များက စီးဆင်းနေသော အလင်းတန်းများအလားပင် ထင်ရတော့သည်။
သို့ထိတိုင် သူတို့၏အမြန်နှုန်းမှာ ဆက်လက်တိုးလာနေသေးသည်။ ချင်မူ့မှော်စွမ်းအင်က သိပ်သည်းပြီး သူ၏စွမ်းဆောင်ရည်တို့က အမြင့်မားဆုံးဖြစ်သော်လည်း အမြန်နှုန်းတွင်တော့ ထော့ကျိူးနှင့် လန်ယွီတျန်းထက် အနည်းငယ် နှေးကွေး၏။ သူတို့သုံးယောက် အထွတ်အမြတ်တောင်တန်းတစ်သိန်းဆီသို့ ရောက်သည့်အချိန်တွင် သူတို့၏အမြန်နှုန်းမှာ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။
အလင်းအရိပ်သုံးခုက အနက်ရောင်တောင်တန်းများနှင့် နီးကပ်သထက် နီးကပ်သွားချေပြီ။
သူတို့၏အမြန်နှုန်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါတွင် ထူးဆန်းသော မြင်ကွင်းတစ်ခုက အားလုံး၏ မျက်လုံးရှေ့တွင် ပေါ်လာကြသည်။
သူတို့၏ခန္ဓာကိုယ်များသည် မည်သည့်အရာတို့ဖြင့်မှ ဖွဲ့တည်ထားပုံမပေါ်ပေ။ တောင်တန်းများကို ထိလိုက်သည့်အခါတွင်တောင်မှ မည်သည်ကိုမှ မထိမိဘဲ ၎င်းတောင်တန်းများကို ဖြတ်သန်းထွက်သွားကြသည်။
ရွှီး… ရွှီး… ရွှီး.
အလင်းအရိပ်သုံးခုက ကျောက်ယန်ခန်းမထဲသို့ ဝင်ရောက်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်ကာ ချိပ်တံဆိပ်များကို ဖြတ်သန်းသွားကြသည်။ သို့သော် ထိုချိပ်တံဆိပ်များမှာ ရွေ့လျားမသွားဘဲ သူတို့ကို ဖြတ်သန်းခွင့်ပေးလိုက်သဖြင့် အပြင်ရှိ သူများမှာ ကြောင်အနေကြ၏။
လူတိုင်း မြင်နေရသည့်အရာက ချင်မူတို့ မြင်နေရသည်နှင့် မတူညီပေ။ ထိုသူတို့သည် သူတို့ဖြတ်သန်းသွားသည်ကိုသာ မြင်ရသော်လည်း ချင်မူတို့၏ အမြင်တွင်တော့ မရေမတွက်နိုင်အောင် ကြီးမားသော ချိပ်တံဆိပ်များကို ဖြတ်သန်းသွားလာနေကြရသည်။
ထိုချိပ်တံဆိပ်များသည် နှိုင်းယှဉ်မရနိုင်အောင် လှပပြီး မတူညီသော ဖွဲ့စည်းတည်ဆောက်ပုံများ ရှိကြ၏။ ကောင်းကင်နှင့် မြေကြီးကို ထောက်ပံ့ပေးနိုင်သည်အထိ ကြီးမားသော ဘီလူးကြီးများ၊ အရောင်အသွေးစုံလင်သည့် ဆန်းကြယ်သားရဲများ၊ ရှေးဟောင်းနတ်ဘုရားများ အရွယ်အစားမျိုးစုံနှင့် ထူးကဲသော သင်္ချာသင်္ကေတ ဖွဲ့စည်းပုံများပင်ရှိကြသည်။ ၎င်းတို့အားလုံးက နှိုင်းယှဉ်မရနိုင်အောင် တိကျသော စက်ယန္တရားကြီးများအလားပင်။
၎င်းတို့အပြင် အသိစိတ်အလျဉ်ဖြင့် ဖွဲ့တည်ထားသည့် ကြီးမားကျယ်ပြန့်သော ကြယ်တာရာကောင်းကင်လည်း ရှိသည်။ တာအိုလမ်းစဉ်တစ်သောင်းက မွေးရာပါချီဖြင့် ဖွဲ့တည်ထား၏။ လဲကျနေသော ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းကင်တာအိုလက်တစ်ဖက်လည်း ရှိပြီး မြေအောက်ဘုံအရှင်သခင်သည် သူ၏ပြိုင်ဖက်ကင်းစွမ်းအားကို သုံး၍ ယိုတုမြစ်အား လှုပ်ခါကာ ခန်းမကို ချိပ်ပိတ်ထားသည့် ကြာပွတ်ရှည်ကြီးတစ်လက်အဖြစ် ပြောင်းလဲထားလေသည်။
အဆက်မပြတ် လှည့်ပတ်င်း အရောင်အားလုံးကို ဝါးမြိုနေသော အဆုံးသတ်မြို့ပျက် အမှောင်ထုလည်း ရှိသည်။။
ကောင်းကင်နတ်အရှင်ဆယ်ပါးဖြစ်သည့် ဟောင်၊ ဟွေ့၊ ကုန်း၊ လန်၊ ဟုန်၊ ချန်း၊ ယန်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့၏ ချိပ်တံဆိပ်များအပြင် တခြားကောင်းကင်နတ်အရှင်များ၏ မဟာစွမ်းဆောင်ရည်တို့မှာလည်း အတူတကွ စုဝေးနေလေရာ အလွန်တရာအန္တရာယ်များပေသည်။
ခန်းမအပြင်ရှိ လူများအတွက် သူတို့သုံးယောက်သည် ချိပ်တံဆိပ်များကို တခဏအတွင်း ဖြတ်သန်းသွားကြသော်လည်း သူတို့အတွက်တော့ အချိန်အတော်ကြာ၏။ သူတို့သုံးယောက်သည် အားကုန်ထုတ်၍ ပြေးလွှားနေကြပြီး မသိနိုင်သော အကွာအဝေးတစ်ခုဆီသို့ လျှပ်တပြက် ရောက်ရှိသွားကြသည်။ သို့သော် ဆယ်ရက်ကြာပြီးသည့်တိုင် ကျောက်ယန်ခန်းမ၏ ချိပ်တံဆိပ်များက အဆုံးမရှိကြသေးပေ။
ချင်မူ့အမြန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာပြီး သူ့မှာ နောက်ကျကျန်ခဲ့သည်။ ဆယ်ရက်အတွင်း ထော့ကျိုးနှင့် လန်ယွီတျန်းနောက်သို့ တဖြည်းဖြည်း အမှီလိုက်လာနိုင်၏။
ထော့ကျိုးနှင့် လန်ယွီတျန်း၏ အမြန်နှုန်းမှာ အမှန်တကယ် သူ့ထက် သာလွန်သော်လည်း သိုင်းအဆင့်နိမ့်ကြသည်။ အချိန်အတော်ကြာ ပြေးခဲ့ပြီးနောက် သူတို့၏ မှော်စွမ်းအင်တို့မှာ တောင့်မခံနိုင်ကြတော့ပေ။
ချင်မူက သူ၏ကောင်းကင်ရတနာနယ်ပယ်ကို အသက်သွင်းလျက် သူတို့နှစ်ဦးအား ဖုံးအုပ်လိုက်ပြီးနောက် ကိုယ်ပိုင်မှော်စွမ်းအင်ထုတ်ကာ အဆုံးမရှိသော မှော်စွမ်းအင်များ ဖြည့်ပေးလိုက်၏။
ထော့ကျိုးနှင့် လန်ယွီတျန်းတို့မှာ စိတ်ဓာတ်တက်ကြွလာကြသည်။ သူတို့က ချင်မူ့ကို တစ်ယောက် တစ်ဖက်သယ်ကာ အစွမ်းကုန် ပြေးတော့သည်။
နောက်ထပ် ရက်တစ်ဒါဇင်ခန့် အားကုန်ပြေးခဲ့ပြီးနောက် ချိပ်တံဆိပ်မျိုးစုံသည် သူတို့မြင်ကွင်းများမှ ပန်းပွင့်များအလား ဖြတ်သန်းသွားကြကြောင်း တွေ့လိုက်ရသည်။ ထော့ကျိုးနှင့် လန်ယွီတျန်း နှစ်ယောက်လုံးမှာ အံ့ဩမှင်သက်နေကြ၏။ ချင်မူ့ထံမှ ရရှိနေသည့် မှော်စွမ်းအင်မှာ ကြီးမားသော သမုဒ္ဒရာတစ်စင်းပမာ အဆုံးမရှိသည့်အပြင် တစ်သက်လုံး အားဖြည့်ပေးနေမည့်အလား ခံစားနေရ၏။
“မူအာက နှေးပေးမယ့် ဒီမှော်စွမ်းအင်က တော်တော်များတာပဲ” ထော့ကျိုးက စိတ်ထဲမှ ချီးကျူးလိုက်သည်။
ရုတ်တရက် သူတို့အရှေ့တွင် တံခါးတစ်ချပ် ပေါ်လာသည်။ ရှေးဟောင်းကြေးတံခါးတစ်ချပ်က သူတို့အရှေ့တွင် တည်ရှိနေ၏။ သူတို့သုံးယောက်က တက်ကြွလာကြပြီး ဝုန်းခနဲ အသံနှင့်အတူ နောက်ဆုံးချိပ်တံဆိပ်အား ဖောက်ထွက်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များက အရှိန်မထိန်းနိုင်ဘဲ တံခါးအတွင်းသို့ မှောက်လျက်ကျသွားကြတော့သည်။
တစ်ဖက်တစ်ချက်စီတွင် ကြေးတိုင်လုံးကြီးများက သူတို့မြင်ကွင်းမှ ဖြတ်သွားကြပြီး အစိမ်းရောင်မီးအိမ်များကိုပင် လျှပ်တပြက် မြင်လိုက်ကြရသည်။
သူတို့ လိမ့်နေစဉ်တွင် ချင်မူက ရုတ်တရက် လေထဲ ပျံတက်လိုက်သည်။ လေထဲတွင် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည့်အခါ ကြီးမားကျယ်ပြန့်သော မှော်စွမ်းအင်တို့က ထွက်ပေါ်လာ၍ သူတို့သုံးယောက်ကို ရပ်တန့်သွားစေသည်။ နောက်ဆုံးတွင် လိမ့်နေခြင်း ရပ်သွားကြလေသည်။
လန်ယွီတျန်းက အလျင်အမြန် ထရပ်၍ ထော့ကျိုးကို ဆွဲထူလိုက်သည်။ ချင်မူက ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူတို့ကို ကာကွယ်ပေးထား၏။ သူက ယခင်စကြ၀ဠာသိုင်းပညာရှင်ထံမှ ရရှိထားသော နတ်လေးကို လက်ထဲတွင် ကိုင်ထားသည်။
ထော့ကျိုးကလည်း ဖန်သားကောင်းကင်စေတီကို ထုတ်၍ ချက်ချင်း လှုပ်ခါလိုက်သည်။ ကောင်းကင်ဘုံ၂၈ ခုက လှည့်ပတ်ပေါ်ထွက်လာပြီး သူတို့ကို ကာကွယ်ပေးထား၏။
ထိုအခိုက်အတန့်တွင် ခန်းမဆီမှ ရွတ်ဖတ်သံတစ်သံ ကြားလိုက်ကြရသည်။ အသံက ကြည်လင်ပြတ်သား၍ သာယာနာပျော်ဖွယ်ကောင်း၏။ “.... ကောင်းကင်ရဲ့ ကံကြမ္မာက သဘာဝပဲ… ဂရုမစိုက်တတ်တဲ့ သဘာဝက တာအို…. တာအိုကျင့်ကြံခြင်းက ဘာသာတရားပဲ… လမ်းစဉ်လျှောက်လှမ်းတဲ့သူတွေဟာ တခဏလေးတောင် ထွက်ခွာသွားလို့မရဘူး… လမ်းစဉ် မလျှောက်တဲ့သူတွေ ထွက်ခွာသွားလို့ရပေမယ့် လျှောက်လှမ်းနေတဲ့သူတွေကတော့ မရဘူး….”
ချင်မူမှာ အံ့အားသင့်သွားပြီး အသံလာရာသို့ ဖြည်းဖြည်းချင်း လိုက်ပါသွားသည်။ သူတို့သုံးယောက်သား ခန်းမရှည်ကြီးတစ်ခုကို ဖြတ်သန်းလာကြ၏။ ကျောက်ယန်ခန်းမထဲရှိ ဤလမ်းမှာ ထောင်ချီသော အကွေ့အကောက်များဖြင့် ပြည့်နှက်နေကာ အလွန်တရာ ရှုပ်ထွေးလေသည်။
အချိန်တစ်ခုကြာအောင် လျှောက်လာခဲ့ကြပြီးနောက် ရွတ်ဖတ်သံ ပျံ့လွင့်လာသော နေရာဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ၎င်းသည် ကိုယ်ပိုင်စာသင်ခန်းတစ်ခန်းနှင့် တူပြီး ကျောင်းသားများစွာ ထိုင်နေကြ၏။
လန်ယွီတျန်းက ပြတင်းပေါက်မှတဆင့် အတွင်းသို့ ကြည့်လိုက်ရာ အံ့ဩမှင်သက်မိသွားသည်။ လန်ယွီတျန်းနောက်တစ်ယောက်သည် မြေပြင်ပေါ်တွင် ထိုင်၍ ခေါင်းတစ်ရမ်းရမ်းဖြင့် ကျမ်းစာများ ရွတ်ဆိုနေကြောင်း မြင်လိုက်ရလေသည်။
ချင်မူအကြည့်က ရဲရဲတောက်နေသည့် အနီရောင်အဝတ်များကို ဝတ်ထားပြီး ကျမ်းစာများ ရွတ်ဆိုနေသော အမျိုးသမီးအပေါ် ကျရောက်သွားသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူမကား တောင်နတ်မင်းကျုချွဲပင်။
တောင်နတ်မင်းကျုချွဲနှင့် ကောင်းကင်နတ်အရှင်ယွီတို့အပြင် စာသင်ခန်းထဲ၌ ထူးဆန်းသောပုဂ္ဂိုလ်များ ရှိကြသည်။ ဧရာမဖန်ဆင်းရှင်တစ်ဦး၊ ထူးဆန်းသော ပုံပန်းသွင်ပြင်နှင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအပြင် ထော့ကျိုးခန္ဓာကိုယ်တစ်ခုလုံးကို တဆတ်ဆတ် တုန်ရီသွားစေသော ပုဂ္ဂိုလ်တစ်ယောက်လည်း ရှိနေသည်။ ထော့ကျိုးက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မင်ဧကရာဇ်ရဲ့ ဝိညာဉ်…”
ချင်မူ့နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားသည်။ သူက အလျင်အမြန် မေးလိုက်၏။ “ဘယ်တစ်ခုက မင်ဧကရာဇ်ရဲ့ ဝိညာဉ်လဲ…”
ထော့ကျိုးက လက်ညှိုးထိုးကာ တိုးတိုးပြန်ဖြေသည်။ “အဲဒီတစ်ယောက်… သူ့ပုံစံက တည်ကြည်ခံ့ညားတယ်… မင်ဧကရာဇ် တိုက်ပွဲမှာ သေဆုံးသွားခဲ့တဲ့နေရာမှာ သူ့ခေါင်းကို တွေ့ခဲ့ဖူးတယ်… သူ့ခန္ဓာကိုယ်က မရေမတွက်နိုင်အောင် အပိုင်းပိုင်းဖြတ်ခံထားရတာ… စစ်မြေပြင်မှာ သူ့ရဲ့ခြေလက်အပိုင်းအစနဲ့ ဦးခေါင်းက ပြန့်ကျဲနေခဲ့တာပဲ…”
ချင်မူလည်း အလျင်အမြန် ကြည့်လိုက်ရာ စာပေသမားတစ်ယောက်နှင့် တူသည့် ဝိညာဉ်တစ်ခုအား တွေ့လိုက်ရသည်။ ၎င်းသည် ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပိုင်ဆိုင်ထား၍ ရက်စက်ကြမ်းကြုတ်သည်ဟု ကောလဟာလများရှိသည့် မင်ဧကရာဇ်၏ အသွင်သဏ္ဍာန်နှင့် လုံးဝကွဲပြား၏။
ဤစာသင်ခန်းထဲတွင် ဧကရာဇ်ဖြစ်စေ၊ ရှေးဟောင်းနတ်ဘုရားဖြစ်စေ၊ လူသားမျိုးနွယ်၏ အထူးချွန်ဆုံးကောင်းကင်နတ်အရှင်ဖြစ်စေ သူတို့အားလုံးသည် ခေါင်းတရမ်းရမ်းဖြင့် ရွတ်ဖတ်နေကြလေသည်။ နှိုင်းယှဉ်မရနိုင်အောင် တည်ကြည်နေကြပြီး တစ်ခုခုက ဖော်ပြမရနိုင်အောင် ထူးဆန်းနေ၏။
ချင်မူက သင်ကြားနေသည့်သူဆီ လှမ်းကြည့်လိုက်သည်။ ဆရာတစ်ဦးက စာသင်ခုံပေါ်တွင် ထိုင်၍ ခေါင်းရမ်းလျက် မျက်လုံးများ မှိတ်ရင်း အားလုံးရွတ်ဖတ်နေသည်ကို နားထောင်နေ၏။ လက်တစ်ဖက်က မုတ်ဆိတ်မွှေးကို ပွတ်နေပြီး ကျန်လက်တစ်ဖက်က ကြာပွတ်တစ်လက်ကို ကိုင်ထားသည်။ သူက စာသင်ခုံက ညင်သာစွာ တတောက်တောက် ခေါက်နေသည်။
“ဒါက အရင်စကြဝဠာရဲ့ သိုင်းပညာရှင်များလား” ချင်မူ့မျက်နှာအမူအရာ ထူးဆန်းနေသည်။
ထိုဆရာက ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်သည်။ သူက ကြာပွတ်ကို ထိလိုက်ပြီး တဟားဟား ရယ်၏။ “ဧည့်သည်တွေ အဝေးကြီးကနေ ဒီအထိ လာခဲ့တာ သိပ်ကောင်းတာပဲ… ပြတင်းပေါက်အပြင်က တာအိုမိတ်ဆွေတွေ အထဲဝင်ခဲ့ကြလေ”