← Chapters

စွမ်းအင်သုံးစွဲခြင်း

Vol. 86 Ch. 1200

စွမ်းအင်သုံးစွဲခြင်း

Vol. 86 Ch. 1200

ရှီမာယူယူသည် ထိုကောင်လေးကို နားမလည်နိုင်တော့ပေ။ စွန့်ပစ်ထား သောနေရာတစ်ခုတွင် သူတစ်ယောက်တည်းအော်နေသည်ကိုကြည့်ရသည် က သူမကို စိတ်ပျော့သွားစေသည်။ သူမသည် သူမ၏အသိစိတ်ထဲဝင်ပြီး သူ့ ဘေးသို့လာကာ စိုက်ကြည့်လိုက်သော်လည်း ဘာစကားမှမပြောလိုက်ပေ။

“ရွှတ် ရွှတ်…”

ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ရှီမာယူယူအား နစ်နာသည့်အကြည့် ဖြင့်ကြည့်လေသည်။ ဒီလောက်ကြာမှ ဘာလို့ပေါ်လာတာလဲ။

ထိုကောင်လေးသည် အပြည့်အဝအသွင်မပြောင်းသေးပေ။ သူ့တွင် မှုန်ဝါးသောသဏ္ဍာန်ရှိသော မျက်လုံးတစ်စုံသာရှိပြီး ထိုမျက်လုံးတို့သည် ထူးထူးခြားခြား ကြီးမားပြီး  လုံးဝိုင်းနေသည်။ သူ အသနားခံနေသည့် အကြည့်တို့သည် ချစ်စရာကောင်းနေတော့၏ ။

ရှီမာယူယူသည် သူ၏ချစ်စရာကောင်းမှုကို စိတ်ပျော့သွားသော်လည်း အပြင်တွင်တော့ အေးစက်စက်ပင်။

ဒီကောင်လေးက အရမ်းကို မောက်မာလွန်းတယ်။ သူမသာ သူ့ကို အခုချိန်အလိုလိုက်ထားမိရင် နောက်ကို ထိန်းရတော့မှာမဟုတ်ဘူး။

“မင်းအမှား မင်းသိလား”

“ရွှတ် ရွှတ်”

ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် စကားမပြောပေ။ ဆက်သာငိုနေ လေသည်။

ဒီကောင်မလေးက သူငိုနေတာကို ဝမ်းနည်းသလိုလိုနဲ့ကြည့်ပြီး နှစ်သိမ့် တာလည်းလုပ်မပေးဘူး။ သူမ အေးစက်စက်အမူအရာနဲ့ကြည့်နေတာက ပိုပို ပြီးဝမ်းနည်းအောင်လုပ်နေတယ်။ ပိုဝမ်းနည်းတယ်။ သူသည် ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှု လျော့နည်းသွားကာ ပို၍ပစ်ခတ်လေသည်။

“ရွှီး”

မိုးကြိုး တစ်စင်းသည် ရှီမာယူယူအားပစ်ရာ သူမ သတိမေ့သွားမတတ် ပင်ဖြစ်လေသည်။

ရှီမာယူယူ၏ အမူအရာမှာ ပိုပိုပြီး မည်းနက်လာသည်။ သူမ အပြင် ဘက်မှာအပစ်မခံရတာကို သူမ ကိုယ်ပိုင်နယ်မြေမှာမှ အပစ်ခံတယ်လို့။

ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် မှင်တက်သွားပြီး ငိုရန်ပင်မေ့နေလေ သည်။

“မင်း မိုးကြိုးပစ်လိုက်တော့ ပျော်သွားပြီလား ပြီးရင်လည်း မင်းရဲ့ စွမ်းအင်ကို သိမ်းထားလိုက်တော့ ဒီလိုပုံနဲ့ဆိုရင် ငါ့ဝိညာဉ်စေတီကို ဖျက်ဆီး ပစ်မိတော့မယ်”

“ဒါဆိုရင် ငါ့ကိုဒီအထဲမှာ ပိတ်မထားနဲ့လေ” ထိပ်တန်းခရမ်းရောင် လျှပ်စီးသည် ပြန်ချေပလေသည်။

“ငါ့စကားနားထောင်ရင် မင်းကို ဒီမှာပိတ်ထားပါ့မလား”

“…”

“မင်းကိုယ်မင်း ထိပ်တန်းခရမ်းရောင်လျှပ်စီးအနေနဲ့ စဉ်းစားတာငါသိ တယ် မင်းကအရမ်းလည်းအားကောင်းတယ်လေ အဲဒါကြောင့်ပဲ မင်းက ငါ့ကို ဘယ်တော့မှ ဂရုမစိုက်ခဲ့ဘူး အဲဒါကြောင့် မင်း အသွင်ပုံပေါ်လာလို့ ထွက်သွားချင်တယ်ဆိုလည်း ငါမတားဘူး ငါက လမ်းတစ်လျှောက် ငါ့ကို အဖော်ပြုပေးမဲ့သူကိုပဲလိုချင်တာ ငါကစောင့်ဖို့လိုတဲ့ သခင်ကြီးကိုလိုချင်တာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်း ဒီနေရာကို မိုးကြိုးပစ်ရတာ အားမရသေးဘူးဆိုရင် ဆက်ပစ်လိုက် ပြီးတော့ ဒါက မင်းဒီကိုလာတာ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်”

ပြောပြီးနောက်တွင် သူမ သွားရန်ပြင်ဆင်လေသည်။ ထိပ်တန်းခရမ်း ရောင် လျှပ်စီးသည် ကမ္ဘာကြီးပျက်စီးတော့မည့်အတိုင်းပင် ငိုကြွေးလေသည်။ သူသည် ကြီးစွာသော နာကျည်းမှုကို ခံစားရသလိုပင်။

“မင်းကပဲ ငါ့ကိုခေါ်လာတာလေ အခုတော့ ငါ့ကိုမလိုချင်တော့ဘူးလို့ ပြောနေတယ် ရွှတ်ရွှတ်”

ရှီမာယူယူသည် သူ၏ ချေပချက်ကိုကြားသောအခါ နှုတ်ခမ်းတွန့်လိုက် သည်။ သူမသည် မိုးကြိုးအပစ်ခံရ၍ အနက်ရောင် ပြာဖြစ်နေသော ပတ်ပတ်လည်မှတောင်များကိုကြည့်လိုက်သည်။ သူ၏ မျက်ရည်များသည် မိုးရွာသလိုပင်ကျနေသည်။ သူတကယ်ပဲ စွပ်စွဲခံရတဲ့ပုံနဲ့။

သူမ သက်ပြင်းချကကာ ဖက်လိုက်ပြီး ပြောလေသည် “မိုးကြိုးမပစ်နဲ့ တော့ ပြီးတော့ မငိုနဲပတော့”

ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် အသက်ပြင်းပြင်းရှုကာ အမှန် တကယ်ပင် အငိုရပ်သွားလေသည်။ နောက်ဆုံးတွင် အသက်ပြင်းပြင်းရှုပြီး ကြို့ထိုးခြင်းနှင့် အဆုံးသတ်သွားလေသည်။

“ငါက တိမ်တိုက်ဝိညာဉ်ထက်ပိုချစ်စရာကောင်းတယ် ပြီးတော့ ငါလည်း သန်မာတယ်” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် အသက်ရှုရင်းနှင့် ပြောလေ သည်။

“အဲဒါကိုမကြိုက်တာက မင်းလေ ပြီးရင် ကြီးလာရင် ထွက်သွားဖို့ အမြဲစဉ်းစားနေတာလဲ မင်းပဲလေ” ရှီမာယူယူ ပြောလိုက်သည်။

“ငါက စဉ်းစားရုံပဲစဉ်းစားတာပါ တကယ်မသွားဘူး” ထိုကောင်လေး သည် သူမရင်ခွင်ထဲသို့ပိုတိုးဝင်ရင်း ဒေါသများ လျော့သွားလေသည်။

“ဒါပေမဲ့ မင်းက ငါ့ကိုရဲဘော်ရဲဘက်လိုသဘောမထားဘူး အဲဒါကြောင့် မင်းကို လွှတ်ပေးမယ်လို့ ငါပြောတာ”

“ဒါဆိုရင် ငါမစဉ်းစားတော့ဘူး” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် မှားသည်ဟု ခံစားမိပြီး ပြောလေသည်။

“ဒါဆိုရင် အခုကစပြီး ငါ့စကားနားထောင်တော့မှာလား”

“အင်း”

“မိုးကြိုးဆက်ပစ်ဦးမှာလား”

“မပစ်တော့ဘူး”

“ဒါဆိုရင် ငါတို့ထွက်တာနဲ့ ငါ့စကားနားထောင်မှာလား”

“ဒါဆိုလည်းကောင်းပြီလေ ဘာမှမလုတော့ဘူး” ထိပ်တန်းခရမ်းရောင် လျှပ်စီးသည် နှာရှုတ်ကာ “ငါမဖမ်းရင်တောင် အဲကောင်ကို သေအောင်မပစ် နိုင်ပါဘူး အဲကောင်က ပိုပြီးကြီးပွားပြီး ကောင်းကင်ဘုံအသိအမှတ်ပြုတာကို ခံရလိမ့်မယ်”

“မင်း အဲဒါကိုသိတာလး”

“ကြည့်လိုက်တာနဲ့ သိတာပေါ့”

“မိုးကြိုးပစ်တာနဲ့ မရဘူးဆိုရင် ဘာလုပ်ကြမလဲ” ရှီမာယူယူ မေးလိုက် သည်။

“တစ်ခုတည်းသော နည်းလမ်းက အဝေးမှာထားဖို့ပဲ” ထိပ်တန်းခရမ်း ရောင်လျှပ်စီး ပြောလေသည်။

“ဒါဆိုရင် ဘေးသင့်မှုတိမ်တိုက်က မိုးကြိုးပစ်လို့ သူအားနည်းနေတုန်း ကို ငါတို့အခွင့်အရေးယူပြီး သတ်ပစ်လိုက်ကြမလား”

“လုပ်ချင်ရင် မဖြစ်နိုင်တာတော့မဟုတ်ဘူး” ထိပ်တန်းခရမ်းရောင်လျှပ် စီး ပြန်ဖြေလေသည် “ဒါပေမဲ့ သတ်ဖို့ကတော့ မလွယ်ဘူး ဒါနဲ့ မင်းက ငတုံး လား ကောင်းတာဆိုရင် သိမ်းထားမဲ့အစားသတ်ချင်နေတယ်”

“ဒါ အန္တရာယ်များလွန်းတယ် ငါ မထိန်းနိုင်လို့ သူက ပြန်တိုက်ခိုက်မယ် ဆိုရင် ငါက လူသားမျိုးနွယ်ရဲ့ ရန်သူဖြစ်သွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက် သည် “အဲလူတွေနဲ့ ငါနဲ့ဘာမှမဆိုင်ဘူးလို့တွေးပေမဲ့ သာမန်လူကိုဆွဲချတာက အပြစ်တစ်ခုပဲ”

ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ခေတ္တမျှစဉ်းစားလိုက်သည် “ဟုတ်တယ် ဒါပေမဲ့ ငါရှိနေရင်တော့ အဲကောင်ပြန်ပြီး မတိုက်နိုင်ပါဘူး”

“ဟီးဟီး….” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက်သည်။ ဒီကောင်လေးက သွေးနားထင်ရောက်သော်လည်း တကယ်တော့ မဆိုးလှ ပေ။

“အပြင်မှာပြီးတော့မယ်” ဝိညာဉ်လေး၏ အသံထွက်လာသည်။

“ဒါဆိုရင် အပြင်သွားပြီးကြည့်ကြတာပေါ့”

ရှီမာယူယူသည် ထိပ်တန်းခရမ်းရောင်လျှပ်စီးကို ခေါ်ထုတ်သွားလိုက် သည်။ အပြင်ဘက်မှ မိုးကြိုးဘေးသင့်မှုသည် ပြီးလုနီးပါးဖြစ်နေပြီ။

မြူခိုးအမည်းများ ပျောက်ကွယ်လုနီးပါးဖြစ်နေသော်လည်း လေထဲမှ ရောင်ဝါသည် အပြည့်အဝပျောက်ကွယ်မသွားသေးပေ။

ရှီမာယူယူသည် မိုးကြိုးပစ်ချက်ကြောင့် အပေါက်ဖြစ်သွားသော မြေထဲ တွင် အမည်းရောင်ခွေးတစ်ကောင်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုခွေး လေးသည် ဒဏ်ရာပြည့်နေသည်။ သို့သော် နောက်ဆုံးထွက်သက်ကျန်နေ သေးသည်။

သူမ သတိထားပြီး ကပ်သွားလိုက်သည်။ သို့သော် ထိုနတ်ဆိုးသွေး သည် မည်သည့်တုန့်ပြန်မှုမှ မပြပေ။

“ဒီကောင် တကယ်ပဲ မသေဘူးပဲ” သူမ ဒူးထောက်လိုက်ပြီး ကြက်သွေးရောင်မီးတောက်ကို ကိုယ်တွင်ပတ်လိုက်ကာ အခြေအနေအား ဂရုတစိုက် စစ်ဆေးလေသည်။

“အသုံးမကျဘူး” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ဘေးမှနေ၍ လေထဲမှ မိုးကြိုးဘေးသင့်မှုကို ကြည့်နေသည်။

သူ့ပေါ့ဆမှုကြောင့် ဒီလိုအရာဖြစ်လာတာလေ။ အခု အဲကောင်က အပြည့်အဝတောင်ပုံမပေါ်သေးတာကို သေအောင်ထိ မိုးကြိုးမပစ်နိုင်ဘူး။ အသုံးမကျလိုက်တာ။

“ဒါကို အပြစ်ပေးမှာလား” ရှီမာယူယူ မေးလိုက်သည် “ဒီလိုမျိုး သတ်ပစ်ဖို့က သနားစရာပဲ”

“သူနဲ့ စာချုပ်တည်ထောင်လိုက်ပါလား” ထိပ်တန်းခရမ်းရောင်လျှပ်စီး ပြောလိုက်သည် “မင်းမှာ အမှောင်အရည်အချင်းရှိတယ်မဟုတ်ဘူးလား အိမ်မက်လေးတို့နဲ့တောင် စာချုပ်တည်ထောင်နိုင်သေးတာပဲ အဲဒါနဲ့လည်း စာချုပ်ချုပ်ဖို့ဖြစ်နိုင်လောက်တယ်”

“ဒါပေမဲ့ သူက အားကောင်းတဲ့ပုံပဲ ငါ စာချုပ်ချုပ်လိုက်ရင် ထိန်းချုပ်နိုင် ပါ့မလား” ရှီမာယူယူသည် အနည်းငယ်တွေဝေစွာ ပြောလိုက်သည် “ဒီကောင် စားတာခံရပြီး သူ့အစေခံမဖြစ်ချင်ဘူး”

“ငါရှိရင် အဲလိုမဖြစ်စေရဘူး” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည် “အဲလိုဆိုရင် ကြက်သွေးရောင် မီးတောက်လည်း ဖိနှိပ်နိုင်တာပဲ”

ရှီမာယူယူသည် အနည်းငယ် စိုးရိမ်နေသေးသည်။ ထို့ကြောင့် ကြက်သွေးရောင်မီးတောက်ဆီသွားမေးလေသည်။

“မင်း သိမ်းထားချင်လို့လား” ကြက်သွေးရောင်မီးတောက်သည် ထို အကြံကို မအံ့သြတော့ပေ။ သူမ အကျင့်နှင့်ဆိုလျှင် အခွင့်အရေးကို လက်လွှတ်လိုက်မည်မဟုတ်ပေ။

“အဲလိုတော့လုပ်ချင်တယ် ဒါပေမဲ့တွေဝေနေလို့” ရှီမာယူယူ ပြောလိုက် သည် “ငါတို့ တစ္ဆေလောကကိုသွားရင် အဲဒါကိုလိုလိမ့်မယ်”

ကြက်သွေးရောင်မီးတောက်သည် အပြင်သို့လိုက်ပြီး နောက်ဆုံး ထွက်သက်ရှိနေသော နတ်ဆိုးသွေးကိုကြည့်လိုက်သည်။ သူ မျက်ခုံးများ တွန့်ချိုးသွားပြီး မေးလိုက်သည် “သူ့ရဲ့ အတွင်းစွမ်းအင်တွေ မခံစားမိတော့ ဘူး”

“အဲလိုပုံပဲ” ထိပ်တန်းခရမ်းရောင်လျှပ်စီးသည် အပြေးလာပြီး နတ်ဆိုးသွေးအား အနည်းငယ်စမ်းသပ်လေသည်။ သို့သော် သူ၏ စွမ်းအင်ကို တစ်ခုမှ မခံစားမိတော့ပေ။

“ဘယ်လိုဖြစ်တာလဲ” ရှီမာယူယူသည် နတ်ဆိုးသွေး၏ ခန္ဓာကိုယ်ပေါ် သို့လက်တင်လိုက်သည်။ သို့သော် အမှန်တကယပင် ဝိညာဉ်စွမ်းအင်ကို မခံစားမိတော့ပေ။

“ကောင်းကင်ဘုံမိုးကြိုးက သေအောင်ထိတော့မပစ်ဘူး ဒါပေမဲ့ အသုံးမဝင်လောင်အောင်ထိ လုပ်လိုက်တာပဲ” ရှီမာယူယူ ခန့်မှန်းလေသည်။

“မဖြစ်နိုင်ဘူး” ကြက်သွေးရောင်မီးတောက် ငြင်းလေသည် “ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတာ ရှင်းပြချက်နှစ်ခုရှိတယ်”

“ဘာအကြောင်းပြချက်လဲ”

“မိုးကြိုးသွားတွေက သူ့ဝိညာဉ်စွမ်းအင်ကိုဖြိုဖျက်ပြီး အသုံးမဝင်တော့ အောင်လုပ်ပစ်တယ် ဒါပေမဲ့ အဲလိုခံစားရတဲ့သူတွေက အဆုံးထိတော့ မကြာဘူး”

“ပြီးတော့ နောက်တစ်ခုကရော”

“နောက်တစ်ခုက မိုးကြိုးဘေးသင့်မှုက သူ့ကိုသေတဲ့အထိတော့ မလုပ်ဘူး ဒါပေမဲ့လူသားတွေကို ထပ်ပြီးဒုက္ခမပေးနိုင်တော့အောင် ကောင်းကင်ဘုံဥပဒေအရ သူ့စွမ်းအားကို ချိပ်ပိတ်လိုက်တာပဲ”

***

All Chapters