ခေါင်းစဉ်မဲ့
Vol. 86 Ch. 1201
ချိပ်ပိတ်လိုက်တယ် ဟုတ်လား။ ရှီမာယူယူသည် ကြီးမားသော အမည်း ရောင်ခွေးကို ကြည့်ပြီး ဆွံ့အသွားသည်။
သူမ လိုချင်ခဲ့သည်။ သို့သော် အခုချိန်တွင် သူ့အားသည် မရှိတော့သည် ကိုတွေ့လိုက်သည်။ သူမ သတ်ရတော့မှာလား။
ကြက်သွေးရောင်မီးတောက်သည် သူမ အတွေးကို သိသဖြင့် ပြော လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုသတ်လို့မရဘူး”
“ဘာလို့လဲ”
“ဒါက တကယ်သာ ကောင်းကင်ဘုံရဲ့ဥပဒေအရ ချိပ်ပိတ်လိုက်တယ် ဆိုရင် သူ့ခန္ဓာကိုယ်က မသေမျိုးဖြစ်သွားပြီ” ကြက်သွေးရောင်မီးတောက် ရှင်းပြလေသည် “သူ့ကိုယ်သူ မသတ်သေသေးရွေ့ ငါတို့ သတ်လို့မရဘူး ချိပ်ပွင့်သွားမှပဲ အပြင်လူက သတ်လို့ရမှာ”
ရှီမာယူယူသည် နားလည်သဖြင့် ပြောလိုက်သည် “ဒါကလည်း အကန့်အသက်တစ်ခုတော့ ကာကွယ်ပေးနိုင်မယ်မလား”
“အဲလိုပုံပဲ” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည် “အဲတော့ ဘာလုပ်ဖို့စီစဉ်ထားလဲ”
“နည်းနည်းတော့ ကြမ်းတယ်” ရှီမာယူယူ ပြောလိုက်သည် “အနာဂတ် မှာ သူ့ချိပ်ကို ချိုးဖျက်နိုင်မဲ့ ဖြစ်နိုင်ချေမရှိဘူးလား”
“ရှိလည်းရှိနိုင်တယ် မရှိလည်း မရှိနိုင်ဘူး ဘာကိုမှ အာမမခံနိုင်ဘူး” ကြက်သွေးရောင်မီးတောက် ပြောလိုက်သည်။ “အဲလူတွေလာနေပြီ မြန်မြန် ဆုံးဖြတ်ချက်ချတော့”
ရှီမာယူယူ အာရုံစိုက်လိုက်ရာ အမှန်တကယ်ပင် လူလာနေသည့် အသံ များနီးကပ်လာသည်ကို ကြားလိုက်ရသည်။ အခုမှပင် ဘေးသင့်မှုတိမ်တိုက် ထွက်သွားသည်ကို သူမ သတိထားမိတော့သည်။
“ယူယူ အဆင်ပြေရဲ့လား” ရှီမာလွီဖန်နှင့် တခြားသူများ ပျံလာကြ သည်။ ရှီမာယူယူ ချိုင့်ထဲတွင်ရပ်နေသည်ကို မြင်သောအခါ သူမ၏ လက်ရှိ အခြေအနေကို အနည်းငယ်အံ့သြသွားလေသည်။
“မင်း မိုးကြိုးအပစ်မခံရဘူးလား” ရှီမာလွီဖန်သည် သူမ အထိအခိုက် တစ်စုံတစ်ရာမရှိသည်ကို မြင်သောအခါ တအံ့တသြမေးလေသည်။
“အဆင်ပြေပါတယ်” ရှီမာယူယူ မတ်တတ်ရပ်ပြီး ပြောလိုက်သည် “ဘေးသင့်မှုတိမ်တိုက်က ဒီနေ့အလုပ်များနေတော့ ကျွန်မကို ပစ်ဖို့အချိန်မရှိ လိုက်ဘူး”
“မင်းအဆင်ပြေရင် ကောင်းတယ်” ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူတို့သည် စိုးရိမ်လွန်းသဖြင့် သေတော့မလိုပင်။
ဒိကျဲ့နှင့် တစ္ဆေသခင်သည် မိုးကြိုးဘေးသင့်မှု၏ စွမ်းအားကို ကြောက် သဖြင့် နောက်မှလာကြသည်။ ရှီမာယူယူ အဆင်ပြေသည်ကိုမြင်မှပင် သူတို့ စိတ်ချသွားတော့သည်။
“ဝမ်းကွဲညီမ မိုးကြိုးဘေးသင့်မှုက တကယ်ပဲ မင်းကို မပစ်ဘူးလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် သူတို့ငါးယောက်လာ သည်ကိုသာ မြင်မိပြီး တခြားသူများကို မမြင်သဖြင့် မေးလိုက်သည် “ဟိုလူ တွေရော”
“စီနီယာအကြီးအကဲနဲ့ တခြားသူတွေက ဂူမျိုးနွယ်နဲ့ရှင်းနေတယ် ဂူမျိုးနွယ်က အခြေအနေတွေ ရှုပ်နေတာကို အခွင့်ကောင်းယူပြီးထွက်ပြေးချင် တာလေ” ရှီမာလွီဖန် ပြောလိုက်သည် “ကြည့်ရတာတော့ ခဏနေလောက် ဒီကိုလာမှာပါ”
“ကောင်းတယ် ကျွန်မလည်း ဆွေးနွေးစရာရှိတယ်” ရှီမာယူယူ ပြော လိုက်သည်။
“ဘာလဲ နတ်ဆိုးသွေးက မိုးကြိုးပစ်တာ သေမသွားဘူးလား” ဒိလျူ မေးလိုက်သည်။
ရှီမာယူယူ ပခုံးတွန့်လိုက်သည်။ သူမသည် မြေပေါ်မှ ထိုအကောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည် “သူ သေမသွားဘူး ဒါပေမဲ့ ချိပ်ပိတ်ခံလိုက်ရပြီ”
ထိုနေရာမှလူများသည် အသိပြည့်ဝကြသဖြင့် သူမ ဆိုလိုသည်ကို နားလည်ကြသည်။
“အဲတော့ သတ်လို့မရဘူးမလား ဒါဆိုရင် ဒီလိုပဲထွက်သွားရမှာလား”
“ဒီအတိုင်းထွက်သွားလို့မရဘူးလေ” ရှီမာလွီယွင် ပြောလိုက်သည် “ချိပ်ပြန်ဖျက်နိုင်တဲ့နေ့ရောက်လာရင် တစ်ကမ္ဘာလုံး အန္တရာယ်ရှိလာနိုင်တယ်”
“ဒါဆို ဘာလုပ်ကြမှာလဲ ဘေးမှာထားထားမှာလား အဲဒါတော့ လက်တွေ့မကျဘူး”
ဒီကောင်ကို မျက်စိဒေါက်ထောင့်ကြည့်ရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူးပဲ။
ရှီမာလွီဖန်သည် ဒိကျဲ့အားကြည့်ပြီး ပြောလိုက်သည် “မင်းက စာချုပ် တည်ထောင်လိုက်ရင်ရော”
“မဖြစ်နိုင်တာ” ဒိကျဲ့ စကားမပြောခင်ပင် တစ္ဆေသခင် ငြင်းဆန်လေ သည်။
“အဲဒါက အမှောင်ဝိညာဉ်သားရဲမလား ဘာလို့စာချုပ်တည်ထောင်လို့ မရတာလဲ” ရှီမာလွီဖန် နားမလည်ပေ။
“နတ်ဆိုးသွေးက ချိပ်ပိတ်ထားပေမဲ့ ချိပ်ပွင့်မဲ့နေ့ရောက်လာမှာပဲ သခင် တစ်ယောက်အဖြစ်လက်ခံနိုင်အောင် ဖိနှိပ်ဖို့ခက်တယ် အဲအချိန်ကျ လက်မခံ နိုင်ဘဲ ချိပ်ကိုအတင်းဖျက်မယ်ဆိုရင် သူ့သခင်က ဘယ်လောက်အန္တရာယ် များလဲဆိုတာ ငါပြောဖို့တောင်မလိုတော့ဘူးထင်တယ်” တစ္ဆေသခင် ပြော လုကိသည်။
သူတို့မည်မျှပြောပါစေ သူသည် ထိုအကြံပေးချက်ကို သဘောမတူပေ။
“ဒီလိုလည်း မဖြစ်ဘူး ဟိုလိုလည်းမဖြစ်ဘူး အဲတော့ ဒီခွေးနက်ကြီးကို ဘာလုပ်ရမှာလဲ”
“ဒီလိုလုပ်ရင်ရော ကျွန်မ သူနဲ့စာချုပ်တည်ထောင်နိုင်မယ်ထင်တယ် အဲတော့ ကျွန်မကဘာလို့မလုပ်ရမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “သူ့ အားပြန်ရတဲ့နေ့ရောက်လာရင်တောင် ကျွန်မကို အဲလိုမဆက်ဆံလောက်ပါ ဘူး”
အားလုံးတိတ်သွားကြသည်။ သူမတွင် မိုးကြိုးဘေးသင့်မှုကို ခေါ်နိုင်စွမ်းနှင့် ပဒါးရောင်ဟင်္သာရှိသည်ကို သူတို့သိထားသည်။ သူမကို စာချုပ်တည်ထောင်ခိုင်းလိုက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းဖြစ်မည်။
“အန္တရာယ်မများနိုင်ဘူးလား” ဒိကျဲ့သည် စိုးရိမ်နေတုန်းပင်။
“ခရမ်းရောင်လေးပြောတာတော့ သူက နတ်ဆိုးသွေးကိုထိန်းချုပ်နိုင်လို့ အဆင်ပြေမှာပါတဲ့” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါကြောင့် မင်းက တစ်ကမ္ဘာလုံးကို ကယ်မှာလို့ ရင်လင်းက ဟောတာကိုး” ရှီမာလွီဖန် သက်ပြင်းချလေသည်။
ရှီမာယူူယူသည် တခြားသူများမလာခင်ကို စာချုပ်တည်ထောင်ရန် သွားလေသည်။
“ဒီအကြောင်းကို မပြန့်ဖို့ မျှော်လင့်ပါတယ်” ကြက်သွေးရောင် မီးတောက်သည် သူတို့ကိုစောင့်ကြည့်နေလေသည် “မင်းတို့လူသားတွေက ရှုပ်တယ် ဒီအကြောင်းကို သူတို့သိသွားရင် ပိုပြီးပြဿနာဖြစ်နိုင်တယ် ပြီးတော့ ဒီလိုကိစ္စတွေကိုရှင်းဖို့ သူမမှာ အချိန်ရော အားရောမရှိဘူး”
“ငါသိပါတယ်” ရှီမာလွီယွင် ပြောလိုက်သည် “မိုးကြိုးဘေးသင့်မှုကြောင့် နတ်ဆိုးသွေး သေသွားပြီလို့ တခြားသူတွေကိုပြောလိုက်မယ်”
“အဲဒါအကောင်းဆုံးဖြစ်လိမ့်မယ်”
ရှီမာယူယူသည် နတ်ဆိုးသွေးဘေးသို့သွားကာ သူ့ခန္ဓာကိုယ်ပေါ် လက် တင်ပြီး သူမ၏ အမှောင်ဝိညာဉ်စွမ်းအင်ကိုထည့်လိုက်သည်။
“ဝူး…”
နတ်ဆိုးသွေးသည် မျက်လုံးဖွင့်ပြီး သူမကိုကြည့်လေသည်။ သူ၏ ကြီးမားသော မျက်လုံးများသည် တောက်ပပြီးကြည်လင်ကာ ဖြူစင်ပြီး ကြင်နာတတ်သော ဝိညာဉ်သားရဲနှင့် တူလေသည်။ အရင်က ကမ္ဘာမြေကြီး ကို ဖျက်ဆီးခဲ့သည့်အရာနှင့် မတူပေ။
ရှီမာယူယူသည် သူ၏ အမွေးကိုပွတ်ပြီး ပြောလိုက်သည် “လိမ္မာတယ် ငါနဲ့လိုက်ခဲ့ ကောင်းတာတွေ အတူတူစားကြမယ်”
“ဝူး…”
နတ်ဆိုးသွေးသည် အသံပြုလေသည်။ ထိုသည်မှာ အဖြေဟုတ်မဟုတ် ကိုတော့ သူမ မပြောတတ်တော့ပေ။
သူမသည် အိမ်မက်လေးနှင့် စာချုပ်ချုပ်စဉ်က နည်းလမ်းအတိုင်း ပြုလုပ်လိုက်သည်။ ချိပ်ကြောင့်ဖြစ်၍လားတော့မသိ စာချုပ်အောင်မြင်သွား သည့်အခါ သူမ အင်အားတိုးတက်လာခြင်းမရှိပေ။
“ဝူး ဝူး”
စာချုပ်စွမ်းအားသည် နတ်ဆိုးသွေး၏ ခန္ဓာကိုယ်မှ ဒဏ်ရာများကို ကုသ ပေးရာ အမွေးများသည် တောက်ပလာကာ စွမ်းအားတိုးလာသည်။
“ဝူး ဝူး…”
နတ်ဆိုးသွေးသည် သူမ ဘေးသို့လာပြီး ခေါင်းဖြင့်ပွတ်သတ်ကာ ချွဲလေ သည်။
သူမ သေချာမမြင်ဖူးသော်လည်း သူ အရင်က ကြောက်မက်ဖွယ် ကောင်းသည်ကို ပြန်တွေးလိုက်ရာ ကြောက်လန့်မှုကိုခံစားရလေသည်။ သို့သော် အခုကြည့်လိုက်သောအခါ ထိုအရာများနှင့် မဆက်စပ်မိတော့ပေ။
ထိုအခိုက်တွင် ရှီမာမျိုးနွယ်များ ရောက်လာကြသည်။ ရှီမာယူယူသည် စာချုပ်တည်ထောင်ပြီးဖြစ်ကာ နတ်ဆိုးသွေးနှင့် ဆော့ကစားနေသည်။
“နတ်ဆိုးသွေး သေသွားပြီလား” စီနီယာအကြီးအကဲ မေးလိုက်သည်။
“ဟုတ်တယ် ဘေးသင့်မှုတိမ်တိုက်က အလောင်းကို ပြန်ယူသွားတယ်” ရှီမာလွီဖန် ပြောလိုက်သည်။
“တကယ်လား” စီနီယာအကြီးအကဲသည် နတ်ဆိုးသွေးနှင့် ဆော့ကစား နေသော ရှီမာယူယူကို သံသယဝင်ရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားလေ သည်။
ဒီလောက်ချစ်စရာကောင်းတဲ့ ဝိညာဉ်သားရဲက နတ်ဆိုးသွေးမဖြစ်နိုင် ဘူးလေ။ ပြီးတော့ ဝိညာဉ်စွမ်းအင် စီးဆင်းနေတာလည်းမရှိဘူး။ အဲလောက် ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါလည်းမရှိဘူး။
“ယူယူ အဆင်ပြေရဲ့လား” သူသည် ရှီမာယူယူအား စိုးရိမ်တကြီး မေးလေသည်။
ရှီမာယူယူသည် သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်မှုမရှိ နွေးထွေးမှုမရှိ ပြန်ဖြေလေသည် “အဆင်ပြေပါတယ် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်”
စီနီယာအကြီးအကဲသည် အနည်းငယ် ရှက်သွားသည်။ သူမသည် ရှီမာလွီဖန်နှင့် တခြားသူများကို နွေးထွေးစွာပြောသော်လည်း သူ့ကို ပြော သောအခါ အေးစက်စက်နိုင်သည်။ သူသည် ထိုမျိုးနွယ်၏ စီနီယာ အကြီးအကဲ ဖြစ်သည်လေ။
ရှီမာယူယူသည် မလှုပ်မယှက်ရပ်ကာကြည့်ပြီး ပြောလိုက်သည် “စီနီယာအကြီးအကဲ တစ်ခုခုလိုတာရှိလို့လား”
“အာ မရှိပါဘူး” စီနီယာအကြီးအကဲသည် ပြုံးလိုက်သည် “မင်းရဲ့ စာချုပ်သားရဲကိုဘာလို့မတွေ့ရတာလဲ”
“ကြက်သွေးရောင်မီးတောက်ကို ပြောနေတာလား သူက ပင်ပန်းလို့ သွားနားလိုက်ပြီ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမဲ့ ချင်ယိက ရှင်တို့ကို တွေ့ချင်နေတာ”
ချင်ယိဟုတ်လား အသက်သစ်ပင်လား… ရှီမာမျိုးနွယ်သည် ဝမ်းသာ သွားကြသည်။ သူတို့ကလေ…
တစ်ချက်တွေးလိုက်သည်နှင့် ချင်ယိသည် သူတို့ရှေ့တွင်ပေါ်လာ သည်။ သူသည် ဘာမှမပြောဘဲနှင့် လက်တစ်ချက်ဝှေ့ုလိက်သည်နှင့် အလင်းတန်းတစ်ခုသည် လူတိုင်း၏ ခန္ဓာကိုယ်ထဲသို့ဝင်သွားလေသည်။
“သူဘာလုပ်တာလဲ” စီနီယာအကြီးအကဲ အော်လေသည်။ သူ့ခန္ဓာကိုယ်ထဲသို့ မည်သည့်အရာဝင်သွားသည်ကို သူ မသိတော့ပေ။
***