← Chapters

ရှေးဟောင်းစစ်မြေပြင်၏ နှလုံးသားကိုရှာဖွေခြင်း

Vol. 86 Ch. 1202

ရှေးဟောင်းစစ်မြေပြင်၏ နှလုံးသားကိုရှာဖွေခြင်း

Vol. 86 Ch. 1202

“စိုးရိမ်ဖို့မလိုပါဘူး ဒီအတိုင်းကန့်သက်ချက်တစ်ခုထားလိုက်တာပါ” ချင်ယိ ပြောလိုက်သည် “ဒီကန့်သက်ချက်က ပုံမှန်ဆို မင်းတို့ဘာမှမဖြစ်ဘူး ဒါပေမဲ့ ငါတို့အကြောင်းပြောမယ်လို့လုပ်တာနဲ့ မင်းတို့ လှုပ်ရှားမှုကို ကန့်သက် သွားလိမ့်မယ် ပထမဆုံးအနေနဲ့ စကားပြောတာကို တားဖြစ်လိမ့်မယ် ဒါပေမဲ့ နောက်တစ်ခါ လုပ်မယ်ဆိုရင်တော့ မင်းတို့အသက်ကိုယူလိမ့်မယ်” စီနီယာ အကြီးအကဲနှင့်တခြားသူများ၏ မျက်နှာထားသည် ပြောင်းလဲသွားလေသည်။ ဒါ သူတို့ကို မယုံတာရှင်းနေတာပဲ။

“တစ်ယောက်မှကို မပြောရဘူးလား” တစ်ယောက်က မေးလိုက်သည်။

“တစ်ယောက်မှကို ပြောလို့မရဘူး တစ်ယောက်မှကို” ချင်ယိသည် ရှီမာယူယူကို ကြည့်လိုက်ရာ သူမသည် သူ့ကို ဝိညာဉ်စေတီထဲပြန်ထည့် ထားလိုက်ပြီး ရှီမာလွီဖန်ဘက်လှည့်လိုက်သည် “ဦးလေးလွီယွင် ဦးလေး လွီဖန် တခြားမရှိတော့ရင် ကျွန်မတို့မောင်နှမသွားတော့မယ်”

“ကျုပ်တို့နဲ့ ခရီးမဆက်ဘူးလား” စီနီယာအကြီးအကဲ မေးလိုက်သည်။

“မဆက်တော့ပါဘူး လုပ်စရာလေးတွေရှိလို့ပါ” ရှီမာယူယူသည် တိုက်ရိုက်ပင် ငြင်းဆန်လေသည်။

“ဘာလုပ်စရာလဲ ကျုပ်တို့ကူညီနိုင်မလား” စီနီယာအကြီးအကဲ ပြုံးပြီး မေးလိုက်သည် “ဒီနေရာက မင်းတို့လူနည်းနည်းနဲ့ဆို အန္တရာယ်များတယ် အရမ်းအန္တရာယ်များတယ်”

“ဘယ်လိုလုပ်လုပ်ခိုင်းရမှာလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါက ကျွန်မတို့ ကိုယ်ရေးကိုယ်တာကိစ္စပါ အကြီးအကဲတို့ကို ဆွဲမချချင်ပါဘူး”

“ဆွဲချတာ မချတာမပြောနဲ့လေ မင်းက ငါတို့ရှီမာမျိုးနွယ် တစ်စိတ် တစ်ပိုင်းပဲလေ မင်းရဲ့ဝန်ထုတ်ဝန်ပိုးကိုသေချာပေါက် ကူညီရမှာပေါ့” စီနီယာ အကြီးအကဲပြောလေသည်။

ရှီမာယူယူသည် စိတ်ထဲမှရယ်မိလိုက်သည်။ သူမက ရှီမာမျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဟုတ်လား သူမက ဘာလို့ မသိရတာလဲ။

“စီနီယာအကြီးအကဲ နောက်နေပြန်ပါပြီ ကျွန်မက ဘယ်လိုလုပ် ရှီမာ မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရမှာလဲ ကျွန်မက အနိမ့်ပိုင်းတိုင်းပြည်က လာတာပါ ရှီမာမျိုးနွယ်လိုအဆင့်ကို ဘယ်လိုလုပ်တက်ရဲမှာလဲ ကျွန်မကို နောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

“မင်းသွေးကြောထဲမှာ ရှီမာမျိုးနွယ်သွေးတွေ စီးမြောနေတယ်လေ အဲတော့ မင်းက ရှီမာမျိုးနွယ်ကပဲလေ” စီနီယာအကြီးအကဲသည် ယုံကြည် ချက်ဖြင့် ပြောလေသည်။ “အရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းကိုယ်ထဲက သွေးကမပြောင်းလဲဘူးလေ”

“အဲလိုလား ဒါဆိုရင် တချို့လူတွေက ကျွန်မကိုသတ်ချင်နေတယ်လို့ ဘာလို့ကြားမိတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မက ဒီမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်ဆိုရင် သင့်မြတ်ရမှာမဟုတ်ဘူးလား”

“ဘယ်သူကမင်းကိုသတ်ရဲတာလဲ ငါပြန်သွားရင် ဒီကိစ္စကို မျိုးနွယ် ခေါင်းဆောင်ကို သတင်းပို့ပြီး သူတို့ကိုနှင်ထုတ်လိုက်မယ်” စီနီယာ အကြီးအကဲ ပြောလေသည်။

“အခုတော့ မဟုတ်ပါဘူး ကျွန်မကလေးတုန်းက ဖြစ်တာကို ကြားတာပါ ကျွန်မမျိုးနွယ်ကိုပြန်တော့ သေတော့မလိုခဏခဏဖြစ်တယ်တဲ့ စီနီယာ အကြီးအကဲ အဲအကြောင်းကိုသိထားလား” ရှီမာယူယူ ပြောလိုက်သည်။

စီနီယာအကြီးအကဲ၏ မျက်နှာမှ အပြုံးသည် အနည်းငယ် ယိမ်းယိုင် သွားကာ ပြောလိုက်သည် “အဲတုန်းက မျိုးနွယ်မှာက ရှုပ်ယှက်ခတ်နေလို့ တချို့လူတွေက အခွင့်အရေးယူကြတယ် ကျုပ်လည်း သိပ်တော့မသေချာ ဘူး ဒါပေမဲ့ အဲလိုကိစ္စထပ်မဖြစ်စေရဖို့ ကျုပ်အာမခံတယ်”

“နောက်ဖြစ်လာမဲ့ဟာကို အနောက်မှပြောကြတာပေါ့” ရှီမာယူယူ ပြော လိုက်သည် “ကျွန်မလုပ်စရာရှိလို့ ခွင့်ပြုပါဦး”

“ဟူး…” စီနီယာအကြီးအကဲသည် တခြားအကြောင်းအရာပြောမည် အပြုတွင် ရှီမာယူယူသည် လှည့်ထွက်သွားလေသည်။

“စီနီယာအကြီးအကဲ ယူယူ့ရဲ့အကျင့်ကဒီလိုပါပဲ အရင်တုန်းက ဖြစ်ခဲ့ တာတွေက သူမအတွက် ရင်ထိတ်စေလို့ အခုလိုဖြစ်နေတာပါ သူမ မျိုးနွယ် ကိုဝင်လာရင်အဆင်ပြေသွားမှာပါ” ရှီမာလွီဖန် ပြောလိုက်သည်။

“အဲတုန်းက ဖြစ်ခဲ့တာက… ဟူး” စီနီယာအကြီးအကဲ သက်ပြင်းချလိုက် သည် “အခုပြောလည်း မလွယ်ဘူး အဲဘက်က မျိုးနွယ်စုက ထင်မြင်ချက် အများကြီးမရှိဘူး”

ရှီမာလွီယွင်နှင့် ရှီမာလွီဖန်တို့သည် ထိုစကားကြားလိုက်ရသောအခါ အထင်သေးမှုကိုခံစားလိုက်ရသည်။

အဲဘက်ကလူတွေက ဝမ်းသာအားရဖြစ်ကြလိမ့်မယ်။ ဘယ်လိုလုပ် တခြားထင်မြင်ချက်ရှိမလဲ။

“ဒါပေမဲ့ ဒီနှစ်တွေမှာ သူမက တကယ်ခံစားခဲ့ရတာ သူမအတွက်လည်း မျိုးနွယ်ကိုလက်ခံဖို့ကမလွယ်ဘူး” ရှီမာလွီဖန် ပြောလိုက်သည် “သူမ အကြောင်း သတင်းစစသိတုန်းက စိတ်ထိခိုက်မိသေးတယ် သူမက တကယ် ပဲ အများကြီးဖြတ်ကျော်ခဲ့ရတယ်”

“သူမ အကြောင်းကို သိပြီးပြီလား”

“ဟုတ် သူမသတင်းရတာနဲ့ ထပ်စုံစမ်းဖို့ လူလွှတ်ခဲ့ပါတယ်” ရှီမာလွီဖန် ပြောလိုက်သည်။

“အိုး… ဒါဆို သူမအကြောင်းပြောပြပါဦး ပိုပြီးအသေးစိတ်ကျလေ ပို ကောင်းလေပဲ ဒီလိုမှ ငါတို့မျိုးနွယ်ပြန်ရင်ပိုပြီး လွယ်လွယ်ကူကူ ဖျောင်းဖျနိုင်မှာ” စီနီယာအကြီးအကဲ ပြောလိုက်သည်။

“အချက်အလက်တွေကို သေချာစီစဉ်ထားပြီးသားပါ” ရှီမာလွီယွင်သည် ထူထဲသော စာရွက်တစ်ထုပ်ကို ထုတ်လိုက်သည် “ဒါက သူမကြုံခဲ့ရတဲ့ အတွေ့အကြုံတွေပဲ ဖတ်လိုက်ရင် နားလည်သွားမှာပါ မျိုးနွယ်ရဲ့ ထူးချွန်တဲ့ သူတွေကို သူမနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရေးမပါတာပြောသလိုပဲ”

စီနီယာအကြီးအကဲသည် စာရွက်များကိုယူပြီးကြည့်လိုက်သည်။ သူသည် စာရွက်အနည်းငယ်လှန်လှောကြည့်ရသေးသော်လည်း မြင်နေရ သည်များကို အံ့သြနေသည်။

“သူမ ဒါတွေအကုန်လုံးကိုလုပ်ခဲ့တာလား ဒါက ရိုးရိုးတွေးလို့တောင် မရ ဘူး ဒါက သူမလို သေးငယ်တဲ့ကောင်မလေးက ဒါမျိုးတကယ်လုပ်နိုင်တာ လား”

“မယုံဘူးဆိုရင် လူလွှတ်ပြီးစုံစမ်းခိုင်းလိုက်ပါ ပြီးတော့ သူမလုပ်ခဲ့တာ တွေက ဖုံးကွယ်လို့ရတာတွေမဟုတ်ဘူး” ရှီမာလွီယွင် ပြောလိုက်သည်။

စီနီယာအကြီးအကဲသည် စကားမပြောသော်လည်း ထိုကဲ့သို့ပင် စဉ်းစားသည်။ သူပြန်ရောက်လျှင် ထိုအရာများအားလုံး၏ နောက်ကွယ်တွင် သူမ အမှန်တကယ်ရှိမရှိကို သေချာအောင် စစ်ဆေးရမည်။

တကယ်သာဆိုရင် သူက အရည်အချင်းက…

“စီနီယာအကြီးအကဲ ဒီနေရာက အရမ်းအန္တရာယ်များတယ် ဒါပေမဲ့ သူမက သူမနဲ့ ဘယ်သူ့ကိုမှမလိုက်စေချင်ဘူး ကျွန်တော်နဲ့လွီယွင်နဲ့ကို သူမကို ကူညီခိုင်းလိုက်ရင်ရော” ရှီမာလွီဖန် ပြောလေသည် “တကယ်လို့ တစ်ခုခုဆိုရင် သူမကို ကာကွယ်လို့ရတာပေါ့”

စီနီယာအကြီးအကဲသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “သွားလိုက် မင်းတို့ သေချာပေါက် သူမကို ကာကွယ်ပြီး ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ရမယ်”

“အဲလိုလုပ်ပါမယ်”

ပြောပြီးသည်နှင့် သူတို့နှစ်ယောက်သည် ရှီမာယူယူတို့သွားသည့် ဘက်သို့ပျံသွားလိုက်သည်။

ရှီမာယူယူသည် ဒိကျဲ့နှင့် တခြားသူများသည် ထွက်ခဲ့သော်လည်း သူတို့သွားသည့် ဦးတည်ဘက်သည် ပန်းတိုင်နေရာဟုတ်ရဲ့လားဆိုသည်ကို မသေချာပေ။ သူတို့သည် ရှီမာမျိုးနွယ်တို့သွားမည့် နေရာကိုရှောင်ချင်ရုံသာ ဖြစ်သည်။

ရှီမာလွီဖန်နှင့် ရှီမာလွီယွင်တို့မှီလာသည်မှာ ရှီမာယူယူအတွက် အံ့သြ စရာမဟုတ်တော့ပေ။ သူတို့သည် သူမကိုဂရုစိုက်ရမည်၊ လမ်းတစ်ဝက်တွင် ထွက်သွားမှာမဟုတ်ဘူးဟု ပြောခဲ့ခြင်းဖြစ်နိုင်သည်။

“ကျန်တဲ့လူတွေရော လုပ်ချင်တာ ဒါမှမဟုတ်ရင် သွားချင်တဲ့နေရာ ရှိလား” သူမသည် တခြားသူများကိုမေးလိုက်သည်။

“မရှိဘူး” ရှီမာလွီဖန် ပြောလိုက်သည် “ဟူး ဒိကျဲ့ မင်းကလည်း တစ္ဆေ မျိုးနွယ်ကမလား ဘယ်နေရာမှာ တစ္ဆေတွေပိုရှိလဲဆိုတာ သိမှာပဲ”

“ဒါကတစ္ဆေလောကမဟုတ်ဘူးလေ ငါက ဘယ်လိုလုပ်သိမှာလဲ” ဒိကျဲ့ ပြောလိုက်သည် “ငါတို့ဝင်လာတုန်းက အရင်သတင်းတွေနောက်ပဲလိုက်ခဲ့ တာ အဲဒါတွေကအမှန်ဟုတ်ရဲ့လားဆိုတာတောင် မသိဘူး”

“ဘယ်မှာ တစ္ဆေတွေပိုစုနိုင်မလဲ ဘယ်နေရာမှာ လုပ်ဖို့လိုလဲဆိုတာကို သိချင်တာ ဒီမှာ ငါတို့မေးလို့ရမဲ့ဟာ တစ်ခုခုမရှိဘူးလား” ဒိကျဲ့သည် ရှီမာယူူယူ၏ ရင်ခွင်ထဲတွင်လှဲလျောင်းနေသော နတ်ဆိုးသွေးကို ညွှန်ပြလိုက် သည်။

အားလုံး၏ အကြည့်သည် ထိုအရာပေါ်ကျရောက်သွားကာ ပြောလိုက် သည် “သူက ရှေးဟောင်းစစ်မြေပြင်နေရာကို ငါတို့ကိုခေါ်သွားနိုင်မလား”

“ဘယ်သူသိမှာလဲ ဒီကောင်က သိချင်သိမှာ” ရှီမာလွီယွင် ပြောလိုက် သည် “ယူယူ သိလား မသိဘူးလား မေးလိုက်ပါလား”

“ကောင်းပြီ” ရှီမာယူယူသည် နတ်ဆိုးသွေးကို ချီပြီး ပြောလိုက်သည် “ဘယ်နေရာမှာ တစ္ဆေတွေအများဆုံးလဲဆိုတာ သိလား”

နတ်ဆိုးသွေးသည် သူမ ဆိုလိုသည်ကို နားမလည်သည့်နှယ် မျက်တောင်ခတ်လိုက်သည်။ ထို့ကြောင့် သူမ နောက်တစ်ခါက် ထပ်မေးလိုက် သည်။

“ဝူး ဝူး”

နတ်ဆိုးသွေးသည် ရှီမာယူယူ၏ လက်ကိုပွတ်သပ်ပြီးနောက် သူ၏ ခေါင်းကိုတိကျသော ဦးတည်ချက်သို့ညွှန်ပြကာ ထိုနေရာတွင် တစ္ဆေများစွာ ရှိနေကြောင်း နှစ်ကြိမ်အော်ကာ ပြောလေသည်။

“အဲလိုကျလည်းချစ်ဖို့ကောင်းတာပဲ ဒီလိုပုံစံနဲ့သာပေါ်လာရင် သူ့ သရုပ်မှန်ကို ဘယ်သူမှသိမှာမဟုတ်ဘူး” ရှီမာလွီဖန် ပြောလိုက်သည်။

“အထဲမှာ တစ်ခုခုကပိတ်ထားတယ်ဆိုတာကို ကျွန်မခံစားမိတယ်” ရှီမာယူယူ ပြောလိုက်သည် “တကယ်ပဲ ကောင်းကင်ဥပဒေရဲ့ ချိပ်ပိတ်တာကို ခံထားရတဲ့ပုံပဲ”

***

All Chapters