← Chapters

အတိတ်ကိုပြန်သွားခြင်း

Vol. 86 Ch. 1203

အတိတ်ကိုပြန်သွားခြင်း

Vol. 86 Ch. 1203

သူမသည် ခွေးနှင့်တူသော ထိုင်းမှိုင်းသောအကောင်ကိုကြည့်ပြီး အကူအညီမဲ့စွာ ခံစား၇လေသည်။

သူသည် အဘက်ဘက်ကို ဝန်းရံနိုင်သော နတ်ဆိုးသွေးဖြစ်ပါလျက်နှင့် ယခုပုံစံဖြစ်သွားရသည်။ သူမ ချိပ်ကိုပြန်ဖွင့်ရ မဖွင့်ရကို မသိသဖြင့် မျှော်လင့် ချက်မထားထားပေ။

သူမသည် ခွေးတစ်ကောင်ကို မွေးမြူသကဲ့သို့သာ ဆက်ဆံမည်။

ထိုအကောင်သည် ခွေးဖြစ်သော်ငြား သွားဖြဲပြီးပြုံးလိုက်သဖြင့် စူးထက်သောသွားများသည် ခွေးမဟုတ်သည်ကို ရှင်းလင်းစွာပြသနေသည်။

သူမသည် နတ်ဆိုးသွေးညွှန်ပြသည့် ဦးတည်ဘက်သို့ ပျံသန်းသွားရာ လေဟာပြင် အလွဲများနှင့် ကွဲအက်မှုများနှင့်တွေ့လေသည်။ ရှီမာယူယူနှင့် ဟာစွန်တို့ ဦးဆောင်ခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည် ဘေးဒုက္ခတွေ့ နေမည်ဖြစ်သည်။

သူတို့ အလယ်ပိုင်းနှင့် နီးလာလေလေ အန္တရာယ်ပိုများလေလေဖြစ် သဖြင့် ပို၍နှေးနှေးသွားရသည်။ လနည်းငယ်လျှောက်ပြီးနောက်တွင် ရှေးဟောင်းစစ်မြေပြင် ဗဟိုချက်သို့ရောက်လေသည်။

“နောက်ဆုံးတော့ ရောက်ပြီ” ရှီမာလွီဖန် သက်ပြင်းချလိုက်သည်။ ရုတ်တရက် စွမ်းအားတစ်ခုသည် သူ့ကိုဆွဲလိုက်သလိုခံစားရလေသည်။

“သတိထား” ဒိကျဲ့သည် သူ့ဘေးတွင်ရပ်နေကာ သူဘေးသို့ ယိုင်သွား သည်ကိုမြင်သောအခါ တန်ပြန်ရိုက်ခတ်မှုမှ ပြန်ဆွဲထားလိုက်သည်။

ရှီမာလွီဖန် အဆွဲခံလိုက်ရကာ လေဟာပြင်ကွာခြားမှုနှင့် အနည်းငယ် သာလိုတော့သည်။ ထိုအခါမှပင် စုပ်ယူသော စွမ်းအားသည် ပျောက်ကွယ် သွားလေသည်။

“ဦးလေးလွီဖန် အဆင်ပြေရဲ့လား” ရှီမာယူယူသည် ရှီမာလွီဖန်ကို စိုးရိမ်တကြီး ကြည့်လေသည်။

သူ့လက်မှာ သွေးထွက်နေပြီး အင်္ကျီလက်သည် ဆုတ်ပြဲသွားသည်။ အသားမှာလည်း ကွဲသွားပြီး အရိုးကိုပင်မြင်ရလေသည်။

“ကိစ္စမရှိဘူး” ရှီမာလွီဖန်သည် ဆေးတစ်လုံးထုတ်ကာ စားပြီးနောက် အပေါ်ဝတ်လဲလိုက်သည် “ခုနက ကျေးဇူးပဲ”

“တန်ပြန်ရိုက်မှုလေးပဲလေ မင်းကိုကယ်တာလည်းမဟုတ်ဘူး” ဒိကျဲ့ သည် အေးစက်စွာပြောလေသည်။

“ရလဒ်ကတော့အတူတူပဲ ကျေးဇူးတင်တုန်းပါပဲ” ရှီမာလွီဖန် ပြောလိုက် သည်။

“ခုနက လေဟာပြင်မှာ သေချာပေါက် ကွာခြားမှုမရှိပါဘူး ဒါပေမဲ့ ရုတ်တရက်ကြီး တစ်ခုပေါ်လာတယ် ဒါက ဒီကလေဟာပြင်မှာ လှုပ်ရှားမှု အများကြီးရှိတယ်ဆိုတာ ပြနေတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းဘာသာမင်း ဖြေရှင်းနိုင်လား” ဒိကျဲ့သည် မသေချပေ။ သို့သော် ဤနေရာသည် ပိုရှုပ်ထွေးလာသည်ကို သူ သိသည်။ သူတို့သာ အထဲသို့ ရောက်သွားပါက သူမကို ဆွဲချရုံသာဖြစ်မည်။

သူတို့သည် အားကောင်းသော်လည်း ဤနေရာမျိုးတွင် အသုံးမဝင်ပေ။

သည်နေရာတွင် သူတို့သည် လေဟာပြင်ပြဿနာများကို မည်သို့ ရှောင်ရှားရမည်ကို သိရမည်။ စွမ်းအားသည် အသုံးမဝင်ပေ။

ထို့အပြင် သူတို့သည် လေဟာပြင်ကို မခံစားနိုင်ပေ။ သူတို့အတူသွား မည်ဟု ပြောရန်အကြောင်းအရင်းရှာမတွေ့ပေ။

“ငါတို့ကို မင်းရဲ့လောကအသေးထဲထည့်ထားလို့ရတယ်” ရှီမာလွီဖန် ပြောလိုက်သည် “တစ်ခုခုဖြစ်ရင် ငါတို့လာပြီးကူမယ်လေ”

သူတို့သည် သူမဘာသာသွားရမည်ကိုလည်း စိုးရိမ်သေးသည်။

ထိုသည်မှာ အကောင်းဆုံး စေ့စပ်မှုဖြစ်ကြောင်းကို ရှီမာယူယူသိသဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည် “ကောင်းပါပြီ ဒါပေမဲ့ အချိန်ဘယ်လောက် ကြာမယ်ဆိုတာ မသေချာဘူး နည်းနည်းကြာသွားမယ်ဆိုရင် မတော်တဆ တွေ့မဲ့ အခွင့်အလမ်းရှာဖို့ နှောင့်နှေးသွားလိမ့်မယ်…”

“ငါတို့က တစ္ဆေစုဖို့ဒီကိုလာတာလေ” ဒိကျဲ့ ပြောလိုက်သည် “ဘယ်လောက်ကြာကြာ ငါတို့ကို မထိခိုက်စေဘူး”

“ငါတို့လည်း အတူတူပဲ” ရှီမာလွီဖန် ပြောလိုက်သည် “အဲဒီ အခွင့်အလမ်းတွေက မင်းရဲ့ လုံခြုံရေးလောက် အရေးမကြီးဘူး”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်ပြီး ပြောလိုက်သည် “ကောင်းပြီလေ ကျွန်မပြီးအောင် အကောင်းဆုံးကြိုးစားလုပ်မယ်”

“ဂရုစိုက်ပါ”

“အင်း”

သူမသည် တံခါးလေးကိုထုတ်ပြီး ဖွင့်ကာ လောကအသေးကိုဖွင့်လိုက် သည်။ သူမသည် သူတို့ကိုအထဲထည့်ပြီး ဟာစွန်ကို ခေါ်ထုတ်လိုက်သည်။ သူတို့နှစ်ယောက်သည် အလယ်အထိ အတူလျှောက်သွားကြလေသည်။

တခြားသူများ မပါသဖြင့် နှစ်ယောက်သား ပိုမြန်လာကာ အလယ်ပိုင်း သို့ရောက်လေသည်။

အတိတ်က ဧရိယာ၏နှလုံးသားသည် မည်သို့ဖြစ်ခဲ့သည်ကို မပြောနိုင် ပေ။ သို့သော် အခုတော့ မြေပြန့်ဖြစ်၍နေလေပြီ။ မျက်စိနှင့် မမြင်နိုင်လောက် သည်အထိ ကျယ်ဝန်းလေသည်။ အနက်ပြာမြေပေါ်တွင် မြင်ပင်တစ်ပင်မှ ပေါက်ရောက်ခြင်းမရှိဘဲ တိုက်ပွဲဟောင်းမှ အကြွင်းအကျန်များသာ ရှိနေလေ သည်။

“ဒီနေရာက လေဟာပြင်က ပိုပြီးတည်ငြိမ်တယ်” ဟာစွန်သည် ပတ်ဝန်းကျင်အား အာရုံခံပြီးပြောလေသည်။

“အလယ်နဲ့နီးလေလေ ပိုပြီးငြိမ်လေလေဖြစ်မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။ ထိုသည်မှာ အရင်ဘဝက ငလျင်များနှင့်တူလေသည်။ ငလျင်ဗဟိုချက်များသည် အစွန်အဖျားများထက် ပို၍တည်ငြိမ်သည်။ “ဒါပေမဲ့ ဒါကနည်းနည်းဆိုးတယ်လို့ ခံစားရတယ် အပူချိန်က တော်တော်လေး ကျသွားသလိုပဲ”

“သေဆုံးခြင်းရောင်ဝါ လေးလာလို့ဖြစ်မယ်” ဟာစွန်ပြောလိုက်သည် “ဒီမှာ ဘာတစ္ဆေမှမရှိဘူး”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ထူးဆန်းမှု တစ်စုံတရာကို သူမ ရှာမတွေ့ပေ။

“နတ်ဆိုးသွေးကို မြင်တော့ မှန်းမိပါတယ်” သူမသည် ရင်ခွင်ထဲမှ နတ်ဆိုးသွေးကို ပွတ်သပ်လိုက်သည်။ “အဲဒါကိုပျိုးထောင်ချင်ရင် အမှောင် ရောင်ဝါအများကြီးလိုလိမ့်မယ် တစ္ဆေတွေ အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး”

“တကယ်ပဲ မျှော်လင့်ထားလို့မရဘူး” ဟာစွန်ပြောလိုက်သည် “ဘယ်သူ သိမလဲ ဒီလောက်အများကြီးကျော်ဖြတ်လာပြီးမှ ဘာမှမရှိနေဘူးလားလို့”

အမှန်တကယ်တော့ ရှီမာယူယူသည် ထိုသို့ မှန်းမိထားသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် သူမသည် ရလဒ်ကို အနည်းငယ်စိတ်ပျက်နေမိတုန်းပင်။

“ငါတို့ ဆယ်လို့ရမဲ့ဟာရှိမလားလို့ ကြည့်ကြတာပေါ့”

သူမသာ လက်ဗလာဖြင့်ပြန်သွားပါက အလဟသဖြစ်သွားလိမ့်မည်။

သည်တစ်ခေါက် ရလဒ်မှာ မကျေနပ်လောက်စရာပင်။ သူမ တစ်ပတ် ပတ်ကြည့်ရာ အမှန်တကယ်ပင် ရတနာအနည်းငယ်ရှိသည်ကို တွေ့လိုက်ရ သည်။ သို့သော် အားလုံးသည် အသုံးမဝင်လှပေ။ ထိုဝိညာဉ်လက်နက်များ သည် သက်တမ်းကြာပြီဖြစ်ကာ ယခုအချိန်အတောအတွင်းတွင် ဝိညာဉ် စွမ်းအင်များ ဆုံးရှုံးခဲ့သည်။

ဟာစွန်သည် စွမ်းအင်များစွာ ကုန်သွားသဖြင့် သူမသည် နားခိုင်းလိုက် တော့သည်။ ယခုအချိန်တွင် သူမသည် ခွေးမည်းလေးဖြင့် အပျက်အစီးများ ကြားကိုရှာဖွေနေသည်။

“ဝူး ဝူး” ခွေးမည်းလေးသည် သူ့ဘာသာပြေးသွားကာ အော်လေသည်။ သူသည် ရှီမာယူယူကို ပြေးလာရန်ခေါ်နေသည့်သယောင်…

ရှီမာယူယူ လျှောက်သွားရာ ခွေးမည်းလေးသည် မြေကြီးကို လက်နှစ် ဖက်ဖြင့် ယက်တူးနေသည်ကို တွေ့လိုက်ရသည်။ ထိုပုံစံကိုကြည့်ရသည်မှာ သာမန်ခွေးနှင့် မကွာခြားလှပေ။

ရှီမာယူယူသည် သူ့ပုံစံကိုမြင်သောအခါ နဖူးတွင် အနက်ရောင် မျဉ်းများ ပေါ်လာတော့သည်။ ဒီကောင်တော့… သူက ခွေးဟောင်နေတာနဲ့တောင် တူနေသေးတယ်။

“ကောင်းတာ တစ်ခုခုများတွေ့လို့လား” သူမ ဆောင့်ကြောင့်ထိုင်ပြီး သူပြေးသောနေရာသို့ကြည့်လိုက်သည်။

“ဝူး ဝူး”

ခွေးမည်းလေးသည် အကြိမ်ရေအနည်းငယ်တူးရာ အောက်မှ ဝိညာဉ် ကျောက်အနည်းငယ်ထွက်လာသည်။

“ဒါတွေက ဘာတွေလဲ” ရှီမာယူယူသည် ထိုဝိညာဉ်ကျောက်တုံးများကို ကောက်ယူလိုက်သည်။ သူမသည် အပေါ်မြှောက်ကာ နေရောင်နှင့်ထိုးကြည့် ရာ တစ်တုံးချင်းစီသည် တောက်ပပြီးကြည်လင်လေသည်။ အထဲတွင် ဖန်ကျောက်များရှိသည့်ပုံပင်။

“ဝူး ဝူး”

အမည်းလေးသည် ရှီမာယူယူအပေါ်သို့ လက်နှစ်ဖက်တင်ကာ သူ၏ သွေးစွန်းပါးစပ်ကိုဟကာ ကိုက်လိုက်လေသည်။

“ကျွတ်..”

ရှီမာယူယူသည် လက်မောင်းမှ နာကျင်မှုကို ခံစားမိလိုက်သည်။ အကြောင်းအရင်းကို မေးမည်အပြုတွင် ပတ်ဝန်းကျင်သည် ရုတ်တရက် ပြောင်းသွားရာ သူမကို အလန့်တကြားဖြစ်သွားစေသည်။

အစပိုင်းက အမည်းရောင်မြေပြင်တွင် အစိမ်းရောင်ကွက်ကွက်များမြင် ရသော်လည်း နောက်တွင် မီးတောက်များဖြင့် ဝန်းရံသွားလေသည်။ အလောင်းပုံများသည် သူမ ပတ်ပတ်လည်တွင်ရှိနေသည်။ တချို့မှာ လောင်ကျွမ်းနေဆဲဖြစ်ကာ တိုက်ခိုက်နေသံများကို ဘေးမှကြားနေရသည်။

“အား သတ်..”

နားစူးစေသော အော်သံများသည် သူမကိုကြောက်လန့်စေကာ ခေါင်း မော့ကြည့်လိုက်သည်။ သူမသည် လူအများတိုက်ခိုက်သည့် အလယ်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။

လူသားများ၊ တစ္ဆေများနှင့် နတ်ဆိုးများ မျိုးနွယ်စုတစ်ခုစီရှိနေကြသည်။ ဝိညာဉ်သားရဲ မျိုးစုံ၊ အမှောင်သားရဲများနှင့် နတ်ဆိုးသားရဲများလည်းရှိနေကြ သည်။ တစ္ဆေမျိုးနွယ်ဝင်များသည် နတ်ဆိုးမျိုးနွယ်များကိုသတ်ကာ နတ်ဆိုး များသည် လူသားများနှင့် တိုက်ခိုက်နေကြသည်။ သူူက ငါ့ကိုသတ် ငါက သူမကိုသတ်မယ် ထိုသို့အခြေအနေဖြစ်ပြီး တိုက်ပွဲတစ်ခုလုံးသည် ရှုပ်ယှက် ခတ်နေသည်။

ရှီမာယူယူသည် သူမရပ်နေရာတွင်ပင် ရှိနေသည်။ တခြားသူများသည် သူမဆီသို့ အပြေးဝင်လာကြာရာ သူမသည် မသိစိတ်မှ ရှောင်ရှားမိသည်။ သို့သော် တခြားတစ်ဖက်မှာ လျင်မြန်လွန်းသည်။ သူမသည် ဝိညာဉ်စွမ်းအင် ထုတ်ရုံရှိသေးသည် ထိုလူသည် သူမဆီသို့လာကာ သူမ၏ခန္ဓာကိုယ်ကို ဖြတ်ဝင်သွားလေသည်။

မနာဘူး…

သူမသည် နေရာတွင်ပင် မှင်တက်စွာရပ်နေသည်။ တခြားသူများလည်း သူမဆီပြေးလာသော်လည်း သူမ ဘာမှမခံစားရပေ။

သူမသည် ဝိညာဉ်စွမ်းအင်ထုတ်ပြီး မနီးမဝေးတွင်ရှိနေသော နတ်ဆိုး သားရဲကို တိုက်ခိုက်ရန် ကြိုးစားလေသည်။ ထိုဝိညာဉ်စွမ်းအင်သည်လည်း ဖြတ်ကျော်ပြီး ပျောက်ကွယ်သွားလေသည်။ သို့သော် နတ်ဆိုးသားရဲသည် နဂိုအတိုင်းရှိနေကာ အမှောင်သားရဲတစ်ကောင်နှင့် တိုက်ခိုကနေသည်။

***

All Chapters