← Chapters

အသန့်ရှင်းဆုံးရေ

Vol. 86 Ch. 1204

အသန့်ရှင်းဆုံးရေ

Vol. 86 Ch. 1204

ရှီမာယူယူသည် သူမကိုဖြတ်ကျော်သွားသောလူများနှင့် သူမ တိုက်ခိုက် မှုကြောင့် မထိခိုက်နိုင်သည့် နတ်ဆိုးသားရဲများကို ကြည့်နေမိသည်။ သူမ နားလည်နိုင်သည်နှင့်တူသည်။

“ငါက တိုက်ပွဲကြီးကိုပြန်မြင်နေရတာလား”

သူမသည် ဘေးမှ မြင်ကွင်းကိုကြည့်နေလိုက်သည်။ ပြင်းထန်သော တိုက်ပွဲဖြစ်သော်လည်း ဝိညာဉ်စွမ်းအင်အတက်အကျ တစ်ခုမှမခံစားရပေ။

“ဝိညာဉ်စွမ်းအင်အတက်အကျမရှိရင် အဲဒါက အတုပဲ အဲဒါကို အခုမှပဲ သိတာမယုံနိုင်ဘူးပဲ” သူမသည် ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး ရယ်မောလိုက်သည်။

နောက်ဆုံးတွင် သူမသည် ရှင်းလင်းစွာနားလည်သွားသည်။ အစောပိုင်း ကမြင်ကွင်းသည် အပြောင်းအလဲမြန်လွန်းသဖြင့် သူမ တုန့်ပြန်ရန် အခွင့်အရေးမရလိုက်ပေ။ သူမသည် မသိစိတ်မှ ဝိညာဉ်စွမ်းအင်သုံးပြီး တားလိုက်မိသည်။

“ငါ ဘာလို့ဒီလိုမြင်နေရတာလဲ” သူမသည် အတော်အံ့သြသွားသည်။

“ဝူး ဝူး..”

အမည်းလေးသည် သူ၏တည်ရှိမှုကို သတိပေးရန် သူမစကတ်အစွန်း ကိုဆွဲလေသည်။

ရှီမာယူယူသည် ဆောင့်ကြောင့်ထိုင်ပြီး သူ့ခေါင်းကိုပုတ်ပေးပြီး ပြော လိုက်သည် “ဒါကိုပြတာမင်းလား”

“ဝူး ဝူး”

အမည်းလေးသည် နှစ်ကြိမ် အော်ကာ ခေါင်းညိတ်လေသည်။

သူ့တွင် ဝိညာဉ်စွမ်းအင်မရှိသော်လည်း ထိုသို့အရာမျိုးကိုလုပ်နိုင်ဆဲပင်။

“ဒါဆိုရင် ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလဲ”

“ဝူူး ဝူး”

အမည်းလေးသည် နှစ်ကြိမ်မျှအော်လိုက်သည်။ ရှီမာယူယူ နားမလည် သည်မှာတော့ နှမြောဖို့ကောင်းသည်။

“မင်းက ချိပ်ပိတ်ခံထားရတာ မင်းရည်ရွယ်ချက်က မကောင်းတာတော့ မဟုတ်လောက်ပါဘူး” ရှီမာယူယူသည် သူ့ကိုချီကာ စိတ်မကောင်းဖြစ်မိလေ သည်။

“ငါ့ကိုဘာမြင်စေချင်တာလဲ” သူမ မေးလိုက်သည်။

“ဝူး ဝူး”

အမည်းလေး ခေါင်းညိတ်လိုက်သည်။

ဒါပေမဲ့ သူက သူမကိုဘာမြင်စေချင်တာလဲ။

သူမ လှည့်ပတ်ကြည့်လိုက်သည်။ နေရာတိုင်းတွင် လူသတ်မှုများဖြစ် နေကြသည်။ အမည်းလေးသူမကို မည်သည်ကိုမြင်စေချင်သည်ကို မသိ တော့ပေ။

“ဝူး ဝူး”

အမည်းလေးသည် သူမ ရင်ခွင်မှ ခုန်ထွက်ကာ အရှေ့မှပြေးသွားပြီး တောင်တစ်လုံးအရှေ့တွင်ရပ်လိုက်သည်။

သူသည် ရှီမာယူယူကို လှည့်ကြည့်ကာ လာရန်အရိပ်အမြွက်ပေးလေ သည်။

ရှီမာယူယူလျှောက်သွားရာ လူတစ်စုသည် နတ်ဆိုးမျိုးနွယ်တစ်စုနှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။

လူတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ဘေးလာကာ တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန်ကူညီလေသည်။

“ရှင့်ဒဏ်ရာတွေ မပျောက်သေးဘူးလေ ဘာလို့ဒီကိုလာတာလဲ” အမျိုးသမီးသည် ထိုအမျိုးသားအားအော်လေသည်။

“ဒဏ်ရာမပျောက်သေးပေမဲ့ မင်းကိုဂရုမစိုက်ဘဲ ပစ်မထားနိုင်ဘူး” ထိုလူ ပြောလေသည် “စိတ်ချပါ ငါမသေဘူး”

“ရှင်က ခါတိုင်း ကျွန်မကို ဂရုမစိုက်ဘဲ အခုမှဘာလို့ကောင်းပေးနေတာ လဲ” သူမသည် သူ့ကိုအော်လိုက်သည်။

ထိုလူသည် သူမကိုလျစ်လျူရှုပြီး နောက်မှဆက်ပြီးကာကွယ်ကာ ရန်သူ များကို တိုက်ခိုက်လေသည်။

“သွားတော့ ရှင်ကျွန်မနောက်ကို လိုက်မလာနဲ့” ထိုအမျိုးသမီးသည် အော်လိုက်သည်။

“စကားပြောဖို့ အားရှိသေးရင် ဘေးကလူတွေကို သေချာရှင်းတာ ကောင်းလိမ့်မယ်” ထိုလူသည် အေးစက်စွာပြောလေသည်။

အမျိုးသမီးသည် ထိုလူ၏ နောက်ကျောပြင်ကိုကြည့်ပြီး မျက်ရည်များ မနားတမ်းကျလာလေသည်။

“ဘာလို့…” အမျိုးသမီးသည် ခေါင်းရမ်းပြီး မျက်ရည်များကို ပြန်တိုက်ခိုက်ရင်းပြောလေသည် “ဘာလို့ဒီလိုလုပ်ရတာလဲ…”

လူတချိုု့သည် သူမအနား ကပ်လာသည်။ ထို့နောက်တွင် သူမ သတိ မထားမိလိုက်ခင်မှာပင် ထိုလူလှည့်လာပြီး အန္တရာယ်ရှိသော မြင်ကွင်းကို မြင် လိုက်ရသည်။ သူသည် အလျင်အမြန်ပြန်လာပြီး သူမကို ဘေးသို့ဆွဲလိုက် သည်။

“ငေးမနေနဲ့” ထိုလူသည် အမျိုးသမီးအားအော်လိုက်သည်။

“ဒါဆို ပြောဦး ဘာလို့ဒီကိုလာတာလဲ ကျွန်မက တစ်ယောက်တည်းရှိ ရတာ ကျင့်သားရနေပြီ ရှင် ကျွန်မကိုအဖော်ပြုပေးဖို့ မလိုတော့ဘူး”

ထိုလူသည် သူမကို ကြာရှည်စွာ တိတ်တဆိတ်ကြည့်ပြီး ပြောလိုက် သည် “တကယ်လို့ မင်းအဖြေလိုချင်တယ်ဆို ကောင်းပြီ မင်းကို ပြောပြမယ် ကိုယ် မင်းကိုသဘောကတယ် ငါတို့ သေသေရှင်ရှင် မင်းနဲ့အတူရှိမယ်”

“ဒါဆိုရင် အရင်က ဘာလို့ကျွန်မကို အေးစက်ခဲ့တာလဲ”

“အေးစက်တာမဟုတ်ဘူး ကိုယ်က မင်းဘေးမှာ ရှိဖို့မထိုက်တန်ဖူးလို့ အမြဲတွေးခဲ့တယ် မင်းက ပိုကောင်းတဲ့လူနဲ့ ပိုထိုက်တန်တာပါ”

ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူက သူ့ကိုယ်သူ အပြစ်တင်ဝေဖန်နေတာမလား။ ဘာလို့အမြင်လှအောင်လုပ်နေသေးလဲ။

သို့သော် ထိုအမျိုးသမီးသည် စိတ်ထဲခံစားသွားရကာ မျက်ရည်များ ကျ လာသည်။ သူမ ပါးစပ်တောင့်မှာ တက်သွားပြီး အပြုံးဖြစ်သွားလေသည်။ ထိုဆွဲဆောင်မှုရှိသော အသွင်အပြင်သည် အလင်းတန်းနှင့်ပင် တူလေသည်။

“လာခဲ့ ကိုယ်တို့ ရန်သူကိုအတူသတ်မယ် ဒီနေ့ မလွတ်နိုင်ဘူး တစ်ယောက်သတ်ရင် တစ်ခုရလာမှာတော့ရှိမှာပဲ”

“ကောင်းပြီ သေသေရှင်ရှင် ကျွန်မတို့်အတူနေကြမယ်”

သူတို့လက်များသည် တင်းကြပ်စွာဆုပ်ကိုင်ထားသည်မှာ မည်သည့် ကိစ္စဖြစ်စေကာမူ ခွဲမရသည့်ပုံပင်။

သူတို့ ရန်သူများကိုအတူတကွသတ်သည်ကို ရှီမာယူယူ ကြည့်နေခဲ့ သည်။ သူတို့တစ်ယောက်နှင့် တစ်ယောက်ကာကွယ်ပေးပြီး ဝိညာဉ်စွမ်းအင် များ တဖြည်းဖြည်းကုန်ခမ်းလာပြီး ရန်သူ၏ သတ်ခြင်းခံရသည့်မြင်ကွင်းကို ရှီမာယူယူ ကြည့်နေခဲ့သည်။

သူတို့နှစ်ယောက် အရင်ကဘာဖြစ်ခဲ့သည်ကို မသိသဖြင့် အဆုံးတွင် အတူရှိနေခဲ့သည့်အကြောင်းကို အထူးတလည်မပြောရဲပေ။ ထို့ကြောင့် သူတို့ ၏နောက်ဆုံးရွေးချယ်မှုကို မှတ်ချက်မပေးလိုပေ။

တိုက်ပွဲအကြားတွင် ထိုသို့အဖြစ်မျိုး များစွာရှိခဲ့သည်။ သို့သော် ထိုအချက်ကို သိသူမှာ နည်းပါးလွန်းသည်။

သူတို့ အတူတိုက်ခိုက်နေသည်များကို သူမ ကြည့်ခဲ့သည်။ ထိုပြတ်သား သောအကြည့်များနှင့် မျက်လုံးများမျှ မေတ္တာတရားများသည် သူမကို စိတ်လှုပ်ရှားသွားစေသည်။

ထိုစစ်ပွဲအတွက် နှမြောစရာကောင်းသည်မှာ အဆုံးတွင် အောင်နိုင်သူ မရှိလိုက်ပေ။

“အား”

မည်သူမည်ဝါပစ်လိုက်မှန်းမသိသည့် စွမ်းအင်တစ်ခုသည် နှစ်ယောက် ဆီရောက်လာသဖြင့် အချင်းချင်းကာကွယ်ပေးခဲ့ကြသည်။

အမျိုးသမီးသည် သူမလက်ကို သူ၏ပါးပြင်တွင် ကပ်ပြီး ဖျော့တော့စွာ ပြုံးကာ တစ်စုံတစ်ခုကိုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် နောက်ဆုံး တွင် သူမ လက်သည်ကျသွားလေသည်။

သူမ မျက်လုံးထောင့်မှ မျက်ရည်တစ်စက်သည် ဖြည်းညင်းစွာကျသွား လေသည်။

ထိုလူသည် နောက်ဆုံးထွက်သက်ပင်မရှိတော့သည့်ပုံပင်။ သို့သော် သူမ၏ ထိုပုံစံကို မြင်လိုက်ရသောအခါ သူ့မျက်ရည်များသည် အဆက်မပြတ် ကျလာလေသည်။

တိုက်ချက်တစ်ခု… အလောင်းနှစ်လောင်း… ထိုစစ်မြေပြင်တွင် ထာဝရ အေးခဲသွားခဲ့သည်။

ထိုမျက်ရည်စက်သည် မိုးပေါ်သို့ပျံတက်သွားသည်ကိုမြင်လိုက်ရပြီး နောက်တွင် သူမလက်ပေါ်ကျလာလေသည်။

“ဘုန်း”

ဝိညာဉ်စွမ်းအင်သည် နေရာတစ်ခုလုံးကို ပေါက်ကွဲသွားလေသည်။ မြင်ကွင်းများသည် ပေါက်ကွဲမှုနှင့်အတူ ပျောက်ကွယ်သွားလေသည်။

မျက်ရည်စက်သည် သူမ ပါးပြင်မှကျလာပြီး လက်ထဲမှ ဝိညာဉ်ကျောက် ပေါ်ကျသွားလေသည်။

သူမ အနည်းငယ်အံ့သြသွားလေသည်။ သူမ ဘာလို့ငိုနေတာလဲ။

သူတို့၏ အတူတကွ သေခြင်း ရှင်ခြင်းအတွက် သူမ ခံစားသွာရတာ လား။

ဖြစ်လည်းဖြစ်နိုင်သလို မဖြစ်လည်း မဖြစ်နိုင်ပေ။ သူမ မရှင်းလင်းပေ။

“ဒါက အဲတုန်းက မျက်ရည်လား”

သူမသည် ထိုဝိညာဉ်ကျောက်တုံးကို ကြည့်လိုက်သည်။ အထဲမှ အရည်သည် သူတို့နှစ်ယောက် မသေခင် နောက်ဆုံးကျသွားသော မျက်ရည် ကိုသွားအမှတ်ရစေသည်။

“ဝူး ဝူး”

အမည်းလေးသည် သူမစကတ်ကို ထပ်မံကိုက်ပြန်သည်။ ဒီကောင်မလေးက သူရှိနေတာကို မေ့နေပြန်ပြီ။

ရှီမာယူယူသည် ခေါင်းငုံ့ပြီးကြည့်ကာ ပြောလိုက်သည် “ဒါက မင်း ငါ့ကို မြင်စေချင်တဲ့ဟာလား”

အမည်းလေး ခေါင်းညိတ်လေသည်။

“ဘာလို့ငါ့ကိုမြင်စေချင်တာလဲ” ရှီမာယူယူသည် နားမလည်သေးပေ။ ထို့အပြင် သူမ မြင်လိုက်လျှင်လည်း အသုံးမဝင်ပေ။

“ဝူး ဝူး”

အမည်းလေးသည် နှစ်ကြိမ်အော်ပြန်သည်။ သူပြောချင်သည့်အရာကို ရှီမာယူယူ နားမလည်နိုင်သေးသည်မှာ နှမြောဖို့ကောင်းသည်။

သူတို့ကြားမှ ဆက်ဆံရေးကို သူမ စာချုပ်မှတစ်ဆင့်မခံစားမိပေ။ စာချုပ်က တကယ်အောင်မြင်ရဲ့လားဆိုသည်ကို သူမ သိချင်မိသည်။

“ဝူး ဝူး”

အမည်းလေးသည် ပို၍စိုးရိမ်စွာအော်လေသည်။ ဒီကောင်မလေးက ဘာလို့ သူပြောချင်တာကို မသိရတာလဲ။

သူသည် ရှီမာယူယူကြည့်ရန် မြေကိုရေးခြစ်လိုက်သည်။

“ရေလား” ရှီမာယူယူသည် ရေးထားသော စာလုံးကို မှတ်မိပြီး မှင်တက် သွားပြီးမှ နောက်ဆုံးတွင် တုန့်ပြန်ကာ ပြောလေသည် “ရေ ဒါက အသန့်ရှင်း ဆုံးရေလား”

“ဝူး ဝူး”

အမည်းလေး ခေါင်းညိတ်လေသည်။

“မင်း ငါ့ကို အသန့်ရှင်းဆုံးရေကူရှာပေးချင်တယ်လို့ ပြောချင်တာလား” ရှီမာယူယူသည် နောက်ဆုံးတွင် သူပြောချင်သည့်အရာကို သိသွားလေသည်။

“ဝူး ဝူး”

အမည်းလေး ခေါင်းညိတ်ပြန်သည်။

ရှီမာယူယူသည် စိတ်လှုပ်ရှားသွားသည်။ အမည်းလေးသည် ထိုအရာ ရှာဖွေရာတွင် ကူညီပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုသည်မှာ ရင်လင်း ပြောသည့် အသန့်ရှင်းဆုံးရေဟုတ်သည် မဟုတ်သည်ကို သူမ မသိ သော်လည်း သူ သူမကိုကူညီချင်သည်ဟု သိသည်ကို ပျော်မိသည်။

“လိမ္မာတယ်” သူမသည် လက်ဆန့်ထုတ်ကာ ခေါင်းကိုပွတ်သပ်ပေး လိုက်သည်။ သူသည် ထိုကောင်လေးကို စိတ်ထဲမှ စတင်လက်ခံလာသည်။

နောက်ကို မည်သို့ပင်ဖြစ်လာစေကာမူ အခုချိန်တွင် သူသည် သူမ၏ အပေါင်းအဖော်ဖြစ်သည်။ မဟုတ်ဘူးလား။

***

All Chapters