← Chapters

မတော်တဆမှုဖြစ်ပွားခြင်း

Vol. 87 Ch. 1205

မတော်တဆမှုဖြစ်ပွားခြင်း

Vol. 87 Ch. 1205

ရှီမာယူယူသည် ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်သည်။ ထွက်သည့်အချိန်ထိ ပိုကောင်းသည့်ရေရှာမတွေ့လျှင် ယခုရထားတာကို ရင်လင်းကိုပေးရမည်။ သူ သဘောတူမည် မတူမည်ကိုတော့ သူမ မသိပေ။

သူမသည် အမည်းလေးအား ဖက်ပြီးကောက်ချီကာ ပြောလိုက်သည် “ကောင်းပြီ အခုတော့ပြန်မြကယ်”

အမည်းလေးသည် သူပြောချင်သည့်အရာကို ထိုမိန်းကလေး နားမလည်သည့်အချက်ကိုဝမ်းနည်းနေတုန်းပင်။ သို့သော် သူမ နွေးထွေးစွာ ဖက်လိုက်ချိန်တွင် စိတ်ထဲမှ ဒေါသများသည် ပျောက်ကွယ်သွားလေသည်။

ဟင်း.. ဒီငတုံးကောင်မလေးတော့..

ရှီမာယူယူသည် အမည်းလေးကိုချီပြီး လျှောက်ထွက်လာလိုက်သည်။ သို့သော် ထိုနေရာမှထွက်သည်နှင့် မည်သည့်တန်ဖိုးကြီးပစ္စည်းကိုမှ မတွေ့ ပေ။

“မင်းကိုကြည့်ဦး မင်းဒီကတစ္ဆေတွေအကုန်လုံးကိုစားလိုက်တော့ ငါ ဘာမှရှာမတွေ့တော့ဘူး” ရှီမာယူယူသည် လက်ထဲမှ အမည်းလေးကို ကြည့်လိုက်သည်။ ထိုအကောင်လေးသည် ခေါင်းငုံ့ကာ ပြန်ဖြေစရာမရှိပေ။

ဒါက သူရွေးချယ်တာမှမဟုတ်တာ။ အဲတုန်းက သူက သတိရှိတာ မဟုတ်ဘူးလေ။

ရှီမာယူယူသည် ထွက်မသွားခင်တွင် ဒိကျဲ့ကို သတိရသွားသည်။ သူမသည် လောကအသေးဖွင့်ပြီး သူ့ကိုခေါ်ထုတ်ကာ လက်ရှိအခြေအနေကို ရှင်းပြလိုက်သည်။

“အဲတော့ ဒီမှာ ဘယ်တစ္ဆေမှ မရှိဘူးပေါ့” ဒိကျဲကသည် ထိုသို့ဖြစ်မည် ကို အရင်ကတွေးဖူးသည်။ သူသည် မျှော်လင့်ချက်ရေးရေးရှိရုံသာဖြစ်သည်။ သူကများ တစ္ဆေတချို့ကိုထိမိလောက်အောင် ကံကောင်းနေတာလား။

သို့သော် အဆုံးသတ်လက်တွေ့မှာ ယခုကဲ့သို့ဖြစ်နေသည်။ ပြောင်းလဲ ရန် နည်းလမ်းမရှိပေ။

ထိုအခိုက်တွင် လူတိုင်းသည် မကျေမနပ်ဖြင့် အမည်းလေးအား ကြည့် ကြလေသည်။ သူသာမဟုတ်ရင် ဒီလိုကိစ္စဖြစ်မှာမဟုတ်ဘူး။

“ဝူး ဝူး”

အမည်းလေးသည် အလွန်ရိုးသားသည့်အနေနှင့် ကြီးမားပြီးလုံးဝန်း သော မျက်လုံးများဖြင့် ပေကလပ် ပေကလပ်လုပ်လေသည်။

“ဒီမှာ ဘာမှမရှိမှတော့ ပြန်သွားကြတာပေါ့” ရှီမာလွီဖန် ပြောလိုက် သည်။

ထိုနေရာရှိလေဟာပြင်သည် ပိုတည်ငြိမ်ပုံပေါ်သော်လည်း ကျိုးပဲ့နေ သည့် လေဟာပြင်ရှိနေသေးသဖြင့် အချိန်မရွေး ကွဲသွားနိုင်သည်။ ဒီနေရာမှာ တစ္ဆေမရှိမှတော့ စောစောထွက်သွားတာကောင်းမယ်။

ထိုနေရာမှထွက်သွားမည့်အကြောင်းကို မည်သူမှ စောဒကမတက် သဖြင့် ရှီမာယူယူသည် သူတို့ကိုလောကအသေးထဲသို့ပြန်ထည့်ပြီး ဟာစွန် နှင့်အတူ အပြင်ထွက်ခဲ့လိုက်သည်။

သို့သော် သူတို့ ကြောက်လန့်စရာများတွေ့ခဲ့သည်။ အကြောင်းမှာ မိုးကြိုးဘေးသင့်မှုသည် အမည်းလေးကို ပြင်းထန်စွာမိုးကြိုးပစ်ခဲ့သဖြင့် ထိုနေရာရှိ လေဟာပြင်သည် အငွေ့ပျံနေခဲ့ကြသည်။

“ဒီမှာ အရင်ကထက် လွဲနေတာတွေ ကွာဟနေတာတွေ ပိုများလာ တယ် ပြောရမယ်ဆိုရင် ဒီနေရာကလေဟာပြင်က ပိုပြီးလှုပ်ခတ်နေတယ်” ဟာစွန် ပြောလိုက်သည်။

“အမှန်ပဲ” ရှီမာယူယူသည်လည်း သတိထားမိသည် “အပြင်ဘက်ကဖြစ် နေတဲ့တိုက်ပွဲကြာင့် ဒီနေရာကပိုလှုပ်ခတ်သွားတာကို ခံစားမိတယ်”

“တိုက်ပွဲတစ်ခုက ဒီနေရာကလေဟာပြင်ကို သက်ရောက်နိုင်မယ်ဆိုရင် တိုက်ပွဲတိုက်တဲ့သူတွေက သန်မာလို့ပဲဖြစ်ရမယ်”

သူမသည် ဘာကြောင့်မှန်းမသိ ရုတ်တရက် ဖန်ရူယန်ကိုသတိရမိ သည်။ သူမသာ ပါဝင်လာပါက ဤနေရာရှိ လေဟာပြင်သည် သေချာပေါက် တည်ငြိမ်နိုင်မည်မဟုတ်ပေ။

သူမ တိုင်းပြည်သို့လာစဉ်ကအချိန်ကို ပြန်တွေးမိသည်။ သူမ လေဟာပြင်ဝင်ပေါက်သည် တခြားတစ်ယောက်၏ တိုက်ပွဲကြောင့်ကျိုးပျက်ခဲ့ သည်။ ထို့ကြောင့်ပင် သူမသည် လေဟာပြင်ပေါက်ပြဲပြီး ဒဏ်ရာရခဲ့သည်။

သူမ တစ်ချက်တည်းနဲ့ လေဟာပြင်ကို တုန်လှုပ်သွားစေမဲ့ အဆင့်ကို ဘယ်အချိန်မှာ ရောက်မှာလဲ။

နေရာတစ်ခုလုံးသည် တစ်ဒင်္ဂလှုပ်ခတ်ပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားလေသည်။

“တိုက်ပွဲပြီးသွားတာလား”

“မသိဘူး ဒီပြိုပျက်သွားတဲ့အခွင့်အရေးကို ဒီနေရာကနေထွက်သွားဖို့ပဲ သိတယ် ဒီနေရာကအချိန်မရွေးပြိုကျသွားနိုင်တယ် အဲအချိန်ကျရင် ငါတို့ လေဟာပြင်ထဲကျပြီး အသက်ရှင်လျက်ထွက်လာနိုင်တဲ့အထိ ကံကောင်း မလားဆိုတာတောင် မသေချာတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။

“အင်း”

သူမသည် ဟာစွန်နှင့်အတူ ရှေ့ဆက်လျှောက်ရာ လမ်းတွင် သွားနေသူ တချို့နှင့် တွေ့ဆုံလေသည်။ အားလုံးသည် ဤနေရာ၏ အပြောင်းအလဲကို ခံစားမိသည်နှင့်တူသည်။

သူတို့ပြန်သွားချိန်တင် သူမနှင့် ဟာစွန်သာရှိနေခဲ့သည်။ ထို့ကြောင့် လာလမ်းထက်ပင် များစွာမြန်ဆန်လေသည်။ သူတို့သည် လအနည်းငယ်နှင့် တင် ဝင်ပေါက်နှင့်နီးလာသည်။

ထိုလများအတွင်းတွင် လေဟာပြင်လှုပ်ခတ်သည်ကို ခံစားရသည့် အချိန်များရှိခဲ့သည်။ သို့သော် နောက်ဆုံးတွင် ပြန်တည်ငြိမ်သွားသဖြင့် တော် သေးသည်။

“အပြင်က တိုက်နေကြတဲ့သူတွေက ဘယ်သူတွေလည်း တကယ်မသိ တော့ဘူး” လေဟာပြင် ဆိုးရွားစွာလှုပ်ခတ်ပြီးနောက်တွင် ထွက်လာသော နဖူးမှချွေးများကို သူမ သုတ်လိုက်သည်။ ထိုသည်မှာ အကြီးအကျယ်လန့် လောက်စရာပင်။

“ဒီနေရာမှာ အင်အားကြီးတဲ့လူအများကြီးမရှိဘူးလို့ ယုတ္တိဗေဒအရ ပြောနေတယ်” ဟာစွန် ပြောလိုက်သည် “ဒါပေမဲ့ အခုလေးတင်ဖြစ်နေတဲ့ တိုက်ပွဲက ဒီနေရာကလေဟာပြင်အထိတောင် သက်ရောက်နိုင်အောင် အားကောင်းနေတယ် ဆိုလိုတာက အပြင်ကတိုက်နေကြတဲ့သူတွေက ဘယ်လိုမှကိုအားမနည်းနိုင်ဘူး အနည်းဆုံးတော့ စံတင်အဆင့်ရှိမယ် ဒါပေမဲ့ ဒီမှာ စံတင်အဆင့်များတာလား”

“မများဘူး” ရှီမာယူယူ ပြောလိုက်သည် “လျော့တွက်ကြည့်ရင်တောင် တိုက်ပွဲက ဆယ်ခုလောက်ရှိပြီ တိုက်ပွဲတစ်ခုကို အဖွဲ့နှစ်ဖွဲ့တိုက်မယ်ဆိုရင် လူ သုံးဆယ်ကနေ လေးဆယ်အထိရှိမှာပဲ ဒါပေမဲ့ ဒီတစ်ခေါက်ကို စံတင် အဆင့်တွေအများကြီးမလာကြဘူး”

“ဒါဆိုရင် ဒါကထူးဆန်းနေပြီ” ဟာစွန် ပြောလိုက်သည်။

“အပြင်မှာ တစ်ခုခုဖြစ်နေတာ ဖြစ်မယ်” ရှီမာယူယူသည် ရှီမန်ဖန်နှင့် တခြားသူများကို စိုးရိမ်သဖြင့် နှုတ်ခမ်းကွေးညွှတ်လိုက်သည်။

“ဘာမှမဖြစ်လောက်ပါဘူး” ဟာစွန် ပြောလိုက်သည် “သူတို့ အန္တရာယ် ကြီးကြီးမားမားမဖြစ်ဘူးလို့ ရင်လင်းပြောလိုက်တယ်မလား”

“ဒါပေမဲ့ ငါစိုးရိမ်တုန်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ရင်လင်းပြောခဲ့ တာကို အခြေခံကြည့်ရင် ဒီနေရာက ဘာမှကြီးကြီးမားမားမဖြစ်သင့်ဘူး ဒါပေမဲ့ တစ်ခုခုတော့လွဲနေသလိုခံစားရတယ်”

“မင်းစိုးရီမ်တယ်ဆိုရင် ဒီကထွက်တာနဲ့ သူတို့ကိုသွားရှာကြမယ်လေ” ဟာစွန် ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းလုပ်ချင်တာလည်း လုပ်ပြီးပြီ တစ္ဆေတစ်ရာအလံတော်လည်း မင်းလက်ထဲရောကနေပြီ ဒီနေရာက မထွက် မချင်း သူတို့နဲ့နေလို့ရသွားပြီ”

“အင်း ဒီနေရာကထွက်တာနဲ့ သူတို့ဘယ်မှာလဲဆိုတာ ကြည့်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှေးဟောင်းကမ္ဘာဦးနယ်မြေတွင် ကျင့်ကြံသူများသည် တစ်နေလုံး အလုပ်များနေခဲ့ကြသည်။ ရင်လင်းကိုလာရှာသူများပြီး ထာဝရရှင်သန်သူ နယ်မြေမှ အဖြစ်အပျက်များကိုသိချင်နေကြသည်။ သူတို့ဂိုဏ်းအဖွဲ့ဝင်တွေ ကဘာလို့သေကုန်ကြတာလဲ။

ဂမ္ဘီရပညာရှင်များ၏ တံခါးမှူးများသည် ထွက်လာပြီး ကြိုဆိုကာ ဂမ္ဘီရ ပညာရှင်များ၏ အတွင်းခန်းသို့ခေါ်သွားလေသည်။

ထိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲအရာပင်။

“အားလုံးပဲ ဒီမှာစောင့်ပေးကြပါ ကျွန်တော်တို့ သခင်ကြီး မကြာခင် ရောက်ပါလိမ့်မယ်” တံခါးမှူးသည် သူတို့ကို အထဲသို့လမ်းပြပြီးသည်နှင့် အောက်ထပ်သို့ဆင်းသွားလေသည်။

ရိုးရှင်းသော အခန်းတွင် ရိုးရှင်းစွာ တန်ဆာဆင်ထားသည်။ ဤနေရာ သည် ဂမ္ဘီရပညာရှင်ဂိုဏ်းမဟုတ်လျှင် သာမန်အိမ်ဟူ၍ပင်တွေးထင်လောက် စေသည်။

အားလုံးသည် စိုးရိမ်မှုများနှင့် တောက်လောင်နေကာ ကြာရှည်စွာ စောင့်ပြီးနောက်တွင် ရင်လင်းကို ကလေးတစ်ယောက်တွဲကာ လျှောက်လာ သည်ကို မြင်လိုက်ရသည်။

ရင်လင်းသည် ပုံမှန်ထက်ဖြူဖျော့နေသည်။ မျက်လုံးများသည် ထိခိုက် ထားသည့်အလား နီရဲနေသည်။

“သခင်ကြီးရင်လင်း” အားလုံးမတ်တတ်ရပ်လိုက်ကြသည်။

ရင်လင်းသည် သူတို့ကို လက်ဝေ့ပြပြီး ပြောလိုက်သည် “အားလုံးပဲ ထိုင်ပါ”

ကလေးသည် သူ့ကိုထိုင်ခုံတွင် နေရာချပေးရင်း ပြောလိုက်သည် “ဆရာ သတိထားပါ”

ရင်လင်းသည် ခုံနောက်မှီသို့ မှီပြီးထိုင်ချလိုက်သည်။ ထိုအခါမှပင် အားလုံးသည် ကိုယ့်နေရာတွင် ကိုယ်ထိုင်ကြလေသည်။

“သခင်ကြီးရင်လင်း နေမကောင်းတဲ့ပုံပဲ”

“အဆင်ပြေပါတယ် စောနက ကျင့်ကြံနေတုန်းမှာ နည်းနည်းထိသွား တာပါ” ရင်လင်းသည် ညင်သာစွာပြောလေသည် “အကုန်လုံး ဒီကိုဘာလို့ ရောက်လာလဲဆိုတာ သိပါတယ် ထာဝရရှင်သန်သူနယ်မြေမှာဖြစ်နေတဲ့ ကိစ္စ တွေက တကယ်ကို မထင်မှတ်ထားလောက်စရာပဲ အရင်နှစ်တွေတုန်းက အဆင်ပြေနေခဲ့တဲ့ ကိစ္စတွေက် ဒီတစ်ခေါက်ကို ဒီလိုဖြစ်လာမယ်လို့ ဘယ်သူ ထင်မိမှာလဲ”

“ထာဝရရှင်သန်သူနယ်မြေမှာ ဘာတွေဖြစ်နေတာလဲ ဘာလို့ ကျွန်တော်တို့လူတွေ ဒီလောက်မြန်မြန်သေနေရတာလဲ” လူတစ်ယောက်က မေးလေသည်။

“ငါ ဒီအကြောင်းကို ဟောချက်ထုတ်ဖို့လုပ်နေခဲ့တာ” ရင်လင်း ပြော လိုက်သည် “ငါ သတင်းတွေရတော့ အံ့သြသွားတယ် ကိုယ့်စိတ်ကိုတော့ ပြင်ဆင်ထားကြပေါ့”

သူထိုသို့ပြောလိုက်သည်နှင့် အားလုံးသည် အာရုံပိုစိုက်ထားကြသည်။

ထာဝရရှင်သန်သူနယ်မြေသို့သွားသောသူများသည် သူတို့၏ မျိုးဆက် သစ်များဖြစ်ကြသည်။ အထဲတွင် တစ်စုံတစ်ရာဖြစ်ပါက သူတို့အတွက် အဆုံးအရှုံးကြီးမားသည်။

“သခင်ကြီး ရင်လင်း ဘာတွေဖြစ်နေတလဲဆိုတာ တိုက်ရိုက်ပဲပြောပြပါ” လူတစ်ယောက်သည် မစောင့်နိုင်တော့ဘဲ ပြောလိုက်သည်။

အချိန်ဆွဲနေသည်ထက် တိုက်ရိုက်ပြောလိုက်သည်က ပိုကောင်းမည်။

***

All Chapters