ဒီမှာနေမယ်
Vol. 33 Ch. 481
မကြာမီနေဝင်သည်နှင့်အမျှ ကောင်းကင်နှင့်ပင်လယ်တို့သည်အလွန်လှပနေကြလေသည်။
လင်းဖန်နှင့်ချမ်ရီရီတို့သည်အစားအသောက်များကိုစားပြီးနောက်သူတို့သည်ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ရင်းကြယ်များကိုကြည့်ရှုနေလိုက်ကြတော့သည်။
....
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့မနက်ကိုရောက်သွားလေသည်။
လိုက်ကာကိုဖောက်ပြီးနေရောင်ခြည်ကျရောက်ခြင်းကြောင့်လင်းဖန်သည် သူ့မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေုည်။
သူသည် သူ့ဘေးနားရှိ ကြောင်လေးတစ်ကောင်လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချမ်ရီရီကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာလေသည်။
ကျန်ပေ့တွင်ရှိစဉ်ကချမ်ရီရီသည် ဟန်စီဒီကုမ္ပဏီရှိအလုပ်များကိုနေ့တိုင်းလုပ်နေရလေသည်။
အခုတော့ သူမဟာ ရှားရှားပါးပါး အနားယူနေလေသည်။
ထိုအချိန်တွင် ချမ်ရီရီ၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် လီုပ်ခတိသွားသည်။
ထို့နောက်သူမသည်သူမရဲ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။သူမသည်လင်းဖန်ကိုမြင်တော့ သူမရဲ့လှပတဲ့မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အပြုံးတစ်ခု ပေါ်လာပြီး “လင်းဖန်၊ မင်း ဘယ်တုန်းက နိုးနေတာလဲ” လို့ မေးလိုက်သည်။
“ခုမှနိုးတာ။” လင်းဖန်က ပြောသည်။
ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်းစကားပြောနေကြလေသည်။
ချမ်ရီရီ၏ဗိုက်မှအသံမြည်လာသောအခါ နှစ်ယောက်သား ကုတင်ပေါ်မှထလိုက်သည်။
ရေချိုးပြီးနောက် လင်းဖန်သည် ကမ်းခြေသို့ ဦးစွာရောက်ရှိလို့လာလေသည်။
ထိုအချိန်တွင် ကားအသေးလေးတစ်စီးသည် အဝေးမှ လာခဲ့သည်။
အထဲတွင် ဘီယာဗိုက်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနဲ့ ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးတစ်ဦးတို့ထိုင်နေကြလေသည်။
ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးက “ခင်ပွန်း၊ ငါတို့က ဒီဇိမ်ခံကျွန်းမှာ နေရအောင်” လို့ ပြောလိုက်လေသည်။
ခင်ပွန်း?
ဒီလူနှစ်ယောက်ရဲ့အသက်ကို ကြည့်မည်ဆိုရင်အဖေနဲ့ သမီးအရွယ်ရှိနေလေသည်။
ဒါဟာ မောလ်ဒိုက်ရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုလို့လည်း ဆိုရမည်ဖြစ်သည်။
ဘီယာဗိုက်လူက ခဏလောက်စဉ်းစားပြီး “ကြည့်ပါအုံး... ဟိုမှာနေတဲ့လူတွေရှိနေတယ်လေ၊ဒါကြောင့် ဟိုတယ်ကျွန်းမှာပဲနေရအောင်” လို့ပြောလိုက်သည်။
သို့သော် ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးသည် ချက်ချင်းပင်”ဂရုမစိုက်ပါဘူး၊ ဇိမ်ခံကျွန်းမှာပဲနေချင်တယ်’’
ခေတ္တနားပြီးနောက်၊ ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးက “ငါတို့ ဇိမ်ခံကျွန်းမှာနေမယ်ဆိုရင်ဟိုတစ်နေ့ညကမင်းပြောတဲ့အတိုင်းလုပ်ပေးမယ်…”
ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးကြီးရဲ့ စကားကိုကြားပြီးနောက်ဘီယာဗိုက်ထဲ အမျိုးသား၏အကြည့်များသည်ရမက်မီးများချက်ချင်းတောက်ပသွားလေသည်။
ထို့နောက်ထိုအမျိုးသားသည်အံကြိတ်ပြီး နောက်”ကောင်းပြီ၊ ဇိမ်ခံကျွန်းမှာနေရအောင်” လို့ ပြောလိုက်သည်။
ထို့နောက် ဘီယာဗိုက်အမျိုးသားသည် ကမ်းခြေတွင်ရပ်နေသော လင်းဖန်အား “ဟေ့ သူငယ်ချင်း!”
လင်းဖန် က “ဘာကိစ္စရှိလို့လဲ”
လင်းဖန်၏အဖြေကိုကြားပြီးနောက် ဘီယာဗိုက်အမျိုးသားသည် အနည်းငယ်ပျော်သွားသည်။
တရုတ်လူမျိုး!
ဒါဆိုရင်ကိုင်တွယ်ရလွယ်ကူသည်ဟုတွေးလိုက်လေသည်။
ဘီယာဗိုက်ရှိတဲ့အမျိုးသားက “သူငယ်ချင်းလေး မင်းသူငယ်ချင်းတွေနဲ့အတူဒီဇိမ်ခံကျွန်းမှာနေတာမလား။ငါတို့နှစ်ယောက်ကဒီဇိမ်ခံကျွန်းမှာနေချင်တယ်ကွာ၊အဲ့ကြောင့်မင်းတို့သူငယ်ချင်းတွေနဲ့အတူထွက်သွားပေးပါ။ဒီအတွက်မင်းတို့မနစ်နာစေရဘူး။ဒါကြောင့်ငါမင်းတို့ကိုယွမ် ၅၀၀,၀၀၀ပေးမယ်။ဘယ်လိုလဲ”
စကားပြောနေစဉ်တွင် ဗိုက်ယာဗိုက်အမျိုးသားသည်လင်းဖန်ကသူပြောတာကိုလက်ခံမည်ဆိုတာကိုကြိုသိနေတယ်ဆိုတဲ့အပြုံးနဲ့မတ်တပ်ရပ်နေလေသည်။
ဘီယာဗိုက်အမျိုးသားကဇိမ်ခံကျွန်းသည်တစ်ညလျှင် ယွမ် ၃၀၀,၀၀၀သာကုန်ကျမည်ဆိုတာကိုသိနေလေသည်။
သို့သော် သူက ယွမ် 500,000 ပေးလိုက်သောကြောင့် မူလကုန်ကျမည့်စျေးထက် ယွမ် ၂၀၀,၀၀၀ ပိုများသွားသည် ။
တစ်နည်းဆိုရသော် လင်းဖန်နှင့် သူ့သူငယ်ချင်းများက ဤငွေကို ဟိုတယ်ကျွန်းပေါ်ရှိ ဗီလာတစ်ခုနှင့် လဲလှယ်ပြီးနေလို့ရလေသည်။ဒါတောင်ပိုက်ဆံကပိုအုံးမည်ဖြစ်သည်။
ဘီယာဗိုက်အမျိုးသားကလင်းဖန်သည် ပညာရှိသောရွေးချယ်မှုကိုပြုလုပ်မည်ဟု ယုံကြည်လေသည်။
“500,000 ယွမ်!” သူ့ဘေးက ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးက စိတ်လှုပ်ရှားစွာနဲ့ “ဟန်နီ(ခင်ပွန်း)၊ မင်းက ငါ့ကို တကယ်ချစ်တယ် မွ!”
ပြောပြီးသည်နှင့် သူမ သည်ချက်ချင်းနမ်းလိုက်လေသည်။
ဘီယာဗိုက်သားသည် သူ့မျက်နှာပေါ်ရှိ နူးညံ့မှုကို ခံစားရပြီးနောက်ပြုံးလိုက်လေသည်။
ထို့နောက်သူက “ဘယ်လိုလဲ” ဟု ထပ်မံမေးလိုက်သည်။
လင်းဖန်သည် အရူးတစ်ယောက်ကိုကြည့်နေသလိုမျိုး ဘီယာဗိုက်သားကို ငုံ့ကြည့်ကာရှေ့သို့လျှောက်သွားလေသည်။
ဒါကိုတွေ့တော့ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးသည် မကူညီနိုင်ဘဲ “ဟန်နီ...”
ဘီယာဗိုက်အမျိုးသားက “ယွမ်600,000 ၊ဘယ်လိုလဲ”
မူလစျေးနှုန်းမှာ ယွမ် ၃၀၀,၀၀၀ ဖြစ်သော်လည်းအခုဗိုက်ပူအမျိုးသားသည်ယွမ် ၆၀၀,၀၀၀ ပေးနေလေသည်။
သို့သော် လင်းဖန်သည် ထိုပမာဏအနည်းငယ်ကို ဂရုစိုက်မည်လား။
သူသည်လုံးဝမရပ်ဘဲ ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။
ဘီယာဗိုက်သားက “800,000 ယွမ်!”
“ယွမ်တစ်သန်း!”
ကံမကောင်းစွာပဲလင်းဖန်ကဘာမှမတုံ့ပြန်သေးပေ။
ဘဲဥပုံရှိအမျိုးသမီးက နှုတ်ခမ်းစူပြီး “ခင်ပွန်း၊ ငါ ဇိမ်ခံကျွန်းပေါ်မှာ နေချင်တယ်၊ ဇိမ်ခံကျွန်းပေါ်မှာ နေချင်တယ်”
ဘီယာဗိုက်အမျိုးသားသည် ဘဲဥပုံမျက်နှာ ရှိအမျိုးသမီး၏ စကားကို ကြားပြီးနောက်တစ်ချိန်တည်းမှာပဲ လင်းဖန်က သူ့ကို လျစ်လျူရှုထားသောကြောင့် ဒေါသဖြစ်ကာ “ဟော့ကောင်၊ငါပြောနေတာမက်းမကြားဘူးလား၊နားကန်းနေတာလား”
“အမ်?”
ထိုအခိုက်တွင် လင်းဖန်သည် ရုတ်တရက် အေးစက်စက်လှည့်ကြည့်ကာ“မင်းဘာပြောတာလဲ ခွေးကောင်”
လင်းဖန် သိလိုက်သည်...
တစ်ခါတရံမှာ ဖော်ရွေလွန်းတာကလဲမကောင်းဘူးဆိုတာပင်ဖြစ်သည်။
ဘီယာဗိုက်အမျိုးသားက ဒေါသတကြီးအော်ပြောလိုက်သည်။’’မင်းငါ့ကိုဘာလို့ ဆဲရတာလဲ’’
ထို့နောက် ကားသေးသေးမောင်းသူအား’’ငါကိုယ်တိုင်ကားမောင်းမယ်’’လို့ပြောလိုက်လေသည်။
ကားသမားက ခဏတာ တုံ့ဆိုင်းသွားလေသည်။
သူသည်ဝိုက်ဟော့မိုနာ၏ ဝန်ထမ်းဖြစ်သည်။
ကျွန်းပေါ်မှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံလာရင်သူတို့မှာ တာဝန်ရှိလေသည်။
ဘီယာဗိုက်အမျိုးသားကထိုလူဘာတွေတွေးနေလဲဆိုတာကိုနားလည်လိုက်သည်။
ဒါနဲ့ သူက “မင်းတို့ရဲ့ဥက္ကဌကို ငါသိတယ်၊ အရာအားလုံးအတွက် ငါတာဝန်ယူမယ်” လို့ ထပ်ပြောလိုက်သည်။
ထိုအချိန်တွင် အခြားသော ကားအသေးလေးတစ်စီးသည်အဝေးမှ လာခဲ့သည်။
အနောက်တိုင်း၀တ်စုံဝတ်ထားသောအမျိုးသားတစ်ဦးသာ ထိုင်နေလေသည့။
သူသည် ဝိုက်ဟော့မ်ုနာ၏ဥက္ကဌဂရင်းပင်ဖြစ်သည်။
ဘီယာဗိုက်လူက “မစ္စတာ ဂရင်း”
ဂရင်းသည်သူ့ကိုနှုတ်ဆက်သောဘီယာဗိုက်အမျိုးသားကိုကြည့်လိုက်လေသည်။
ထို့နောက် သူက ဝန်ဆောင်မှုလုပ်ငန်းရဲ့အလုပ်သမားများ၏ ကျင့်ဝတ်အတိုငိး”မင်္ဂလာပါ မင်းက ဘယ်သူလဲလို့ မေးလို့ရမလား”
ဘီယာဗိုက်အမျိုးသားကမလိမ်ခဲ့ပေ။ဝိုက်ဟော့မိုနာရဲ့ဥက္ကဌကို သူသိလေသည်။
သို့သော်လည်း သူသည် တစ်ကြိမ်သာ သိခဲ့ပြီး ၎င်းနှင့် လုံးဝ မရင်းနှီးပေ။
ထိုနေ့တွင်၊ ဘီယာဗိုက်အမျိုးသားသည် ယွမ်ပိုင် အမည်ရှိ အမျိုးသားတစ်ဦးနှင့် ပွဲသို့တက်ရောက်ခဲ့သည်။
ယွမ်ပိုင်သည် ဂရင်းကို ဘီယာဗိုက်အမျိုးသား မိတ်ဆက်ပေးခဲ့သည်။
ထိုအချိန်တွင် နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး ဝိုင်တစ်ခွက်တောင်သောက်လိုက်ကြသေးသည်။
ထို့နောက် စီးပွားရေးကတ်များ လဲလှယ်လိုက်သည်။
ယခု၊ ဂရင်း၏လေသံကနေသူသည် ဘီယာဗိုက်အမျိုးသားကို လုံးဝမမှတ်မိကြောင်း ထင်ရှုးနေလေသည်။
ဘီယာဗိုက်အမျိုးသားက အနည်းငယ် ရှက်ရွံ့ကာ”ဟယ်လို မစ္စတာ ဂရင်း။ ငါ့နာမည်က ကျီချန်ပါ။ မစ္စတာယွမ်ပိုင်ကကျနော့်ကိုမိတ်ဆက် ပေးထားတယ်လေ”
ဂရင်းသည် ခဏလောက်တွေးသော်လည်း ကျီချန်သည် မည်သူဖြစ်သည်ကို မမှတ်မိနိုင်သေးပေ။
သို့သော်လည်း သူက ပြုံးပြီး “ဒါဆို ဒါကမစ္စတာကျီပေါ့” လို့ ပြောလိုက်သေးသည်။