← Chapters

တောင်းပန်ခြင်း

Vol. 33 Ch. 482

တောင်းပန်ခြင်း

Vol. 33 Ch. 482

ကျီချန် သည် ထိုစကားကိုကြားသောအခါတွင်သူချက်ချင်းပြုံးလိုက်လေသည်။

ထို့နောက်သူသည်လင်းဖန်အားလှောင်ပြောင်သောပုံစံဖြင့်ကြည့်လိုက်လေသည်။

ကျီချန်က သူ့လည်ချောင်းကို ရှင်းထုတ်ကာ “မစ္စတာ ဂရင်း၊ကျနော်ကဒီဇိမ်ခံကျွန်းမှာနေဖို့ယွမ်၁သန်းကမ်းလှမ်းခဲ့တယ်’’

“ဒါပေမဲ့ဒီလူငယ်က ငါ့ကို ဆဲလိုက်သေးတယ်။”

“ဒီလိုလူငယ်မျိုးကို ဝိုက်ဟော့မိုနာမှာနေခိုင်းဖို့မသင့်တော်ဘူးလို့ ထင်ပါတယ်။ သူကြောင့်ဝိုက်ဟော့မိုနာရဲ့ဂုဏ်သတင်းတောင်ကျဆင်းနိုင်တယ်လို့ကျနော်ထင်တယ်”

ထို့နောက်သူကမကြာမီတွင်လင်းဖန်ကိုဝိုက်ဟော့မိုနာမှ နှင်ထုတ်ခံမည်ဟု ယုံကြည်နေလေသည်။

ဂရင်းသည် အနည်းငယ် မျက်မှောင်ကြုတ်ရင်းကျီချန် ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။

နောက်အခိုက်အတန့်တွင်ဂရင်း၏ မျက်နှာ သည်သိသိသာသာ ပြောင်းလဲသွားသည်။

ဘာလို့ဆိုကျီချန်ရည်ညွှန်းသောလူသည် အမှန်တကယ်ပင် လင်းဖန် ဖြစ်သည်ကို သူတွေ့ရှိသောကြောင့်ဖြစ်သည်။

ဒါသူ့သူဌေးမဟုတ်ဘူးလား။

သူ့သူဌေးကိုတောင် မောင်းထုတ်ခိုင်းချင်သေးတယ်! ?

ကျီချန်သည် ဂရင်း၏အမူအရာပြောင်းလဲမှုကို လုံးဝသတိမထားမိပေ။

ထို့နောက်သူက “မစ္စတာ ဂရင်း၊စိတ်မပူပါနဲ့၊ သူထွက်သွားပြီးရင် ဇိမ်ခံကျွန်းကို ငှားဖို့ ယွမ် ၁ သန်းလောက် သုံးမှာ.....”

သို့သော် သူစကားမဆုံးမီတွင်ဂရင်းက ဒေါသတကြီးဖြင့်”ပါးစပ်ပိတ်ထားစမ်း!”ဟုအော်ပြောလိုက်လေသည်။

“မင်း အခုချက်ချင်း တောင်းပန်လိုက်ပါ၊ မစ္စတာလင်းကို တောင်းပန်ပါ၊ မဟုတ်ရင်၊ ငါတို့ ဝိုက်ဟော့မိုနာက မင်းကို ဝန်ဆောင်မှုပေးမှာ မဟုတ်ဘူး။ပြီးတော့မင်းကို အခုချက်ချင်းပင်လယ်ကမ်းစပ်ကို ပြန်ပို့ပေးရလိမ့်မယ်”

ကျီချန်သည် ဂရင်း၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် အနည်းငယ် မှင်တက်သွားသည်။

ခဏအကြာတွင်၊ သူက “ဒါ... မစ္စတာ ဂရင်း၊ ဒါ... ငါနဲ့ ယွင်ပိုင်က သူငယ်ချင်းတွေပါပဲ... ဒါ့အပြင် ဝိုက်ဟော့မိုနာက ကြယ်ခုနစ်ပွင့် ဟိုတယ်တစ်ခုဖြစ်ပြီး ဧည့်သည်တွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်တယ်။ ...”

ဒီအချိန်မှာ တစ်ခုခုမှားနေပြီဆိုတာ သူသဘောပေါက်လိုက်လေသည်။

ထို့ကြောင့်၊ ပေါင်းသင်းဆက်ဆံရေး ဟူသော ဝေါဟာရကို ပြောရုံမျှသာ မဟုတ်ပဲဟိုတယ်၏ ဝန်ဆောင်မှုကိုလည်း ထောက်ပြလိုက်သည်။

ဂရင်း က ဒေါသတကြီးအော်ပြောလိုက်သည်။ “မင်းအခုချက်ချင်းတောင်းပန်ပါ။ မဟုတ်ရင် မင်းပင်လယ်ထဲမှာ ရေကူးပြီးအိမ်ပြန်ရနိုင်တယ်’’

ကျီချန်သည် ယွမ်ပိုင်၏ သူငယ်ချင်းဖြစ်သည်ကိုသူဂရုမစိုက်ပေ။အကယ်၍ယွမ်ပိုင်ကိုယ်တိုင်လာပြောလဲဒီအတိုင်းပင်ပြောမည်ဖြစ်သည်။

သိရန်ယွမ်ပိုင် သည် ဝိုက်ဟော့မိုနာကိုအစားအသောက် ပံ့ပိုးပေးရုံမျှသာဖြစ်သည်။

ဝိုက်ဟော့မိုနာသည် ဧည့်သည်များအတွက်ကောင်းမွန်သော ဝန်ဆောင်မှုများပေးသင့်သည်ဟု ကျီချန်၏ ပြောကြားချက်သည်မှန်ကန်လေသည်။

ဒါက ပုံမှန်ပင်ဖြစ်သည်။

အခုဖြစ်သောကိစ္စသည်ပုံမှန်မဟုတ်မှန်း သိသာသည်။

အဘယ်ကြောင့်ဆိုသော် သူသည် လင်းဖန်ကိုစော်ကားလိုက်သောကြောင့်ဖြစ်သည်။

ထို့အပြင်သူသည် လင်းဖန်းကို ဝိုက်ဟော့မိုနာမှ နှင်ထုတ်ချင်သေးသည်။

ဒါက လုံးဝ ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။

ဒီကိစ္စကို သူကောင်းကောင်းမကိုင်တွယ်ရင်သူ့ရဲ့ပုံရိမ်ကချက်ချင်းအောက်ရောက်သွားမည်ဆိုတာကိုဂရင်းနားလည်လေသည်။

...

ဂရင်း၏စကားကိုကြားပြီးနောက် ကားသေးသေးလေးမောင်းယာဉ်မောင်းသည် ဖြည်းညှင်းစွာထရပ်ပြီးကြည့်နေလိုက်သည်။

အဲဒီအကြည့်တွင်ဂရင်းကသာစကားတစ်ခွန်းပြောသရွေ့သူက ကျီချန်နဲ့ သူ့ဘေးက မိန်းမကို ပင်လယ်ထဲ ပစ်ချသွားမဲ့အနေအထားရှိနေလေသည်။

ထိုလူ၏အမူအရာကိုမြင်သောအခါကျီချန် နှင့်ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးတို့၏နှလုံးများသည် တုန်လှုပ်သွားလေသည်။

Griens ထိုအခါမှကျီချန်သည် ဂရင်းကနောက်ပြောင်နေခြင်းမဟုတ်ကြောင်း နားလည်လိုက်သည်။ထို့အအပြင်ထိုငယ်ရွယ်သော လူငယ်တွင်အလွန်ကြောက်စရာကောင်းသော လက္ခဏာတစ်ခု ရှိတယ်ဆိုတာကိုလည်းနားလည်လိုက်သည်။

“လင်း...မစ္စတာလင်း၊ ငါတောင်းပန်ပါတယ် ငါမှားသွားပါတယ်...”

လင်းဖန် က “နောက်တစ်ခါ တခြားသူတွေကို နှိမ့်ချပြမဆက်ဆံပါနဲ့၊ မဟုတ်ရင် တောင်းပန်ရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး”

ပြောပြီးသည်နှင့်သူသည်ဇိမ်ခံကျွန်းထဲသို့ဝင်သွားလေသည်။

ကျီချန်က ကမန်းကတန်းပြောလိုက်သည်။ “ဟုတ်ကဲ့”

ဂရင်းက ကားသေးသေးမောင်းယဉ်မောင်းအား “သူတို့ကို ပြန်ပို့လိုက်ပါ” လို့ ပြောလိုက်သည်။

“ဟုတ်ကဲ့။” ယာဉ်မောင်းက ပြန်ဖြေသည်။

မိနစ် 40 လောက်အကြာတွင်ကျီချန်နဲ့ ဘဲဥပုံမျက်နှာရှိမိန်းကလေးတို့သည့ပင်လယ်ဆိပ်ခံကိုရောက်လာကြလေသည်။

ဘဲဥပုံမျက်နှာနဲ့ အမျိုးသမီးက “ခင်ပွန်း၊ မစ္စတာလင်းက ဘယ်သူလဲ၊သူကတော်တော် ရွံရှာစရာကောင်းတာပဲ’’

ကျီချန် က “ဟုတ်တယ်၊ အဲဒါကဝိုက်ဟော့မိုနာမီာဖြစ်နေလို့ပါ။ တခြားနေရာတွေမှာဆိုရင် သူ့ကို ပညာကောင်းကောင်းပေးလို့ရတယ်”

ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးက “ဝိုး! ခင်ပွန်းက မိုက်လိုက်တာ”

ကျီချန်က ဂုဏ်ယူစွာဖြင့် “ဟုတ်တာပေါ့”

ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးက “ငါတို့ ဗာရီကျွန်းကို သွားကြရအောင်၊ အဲဒီမှာ အရမ်းပျော်စရာကောင်းတယ်။”

ကျီချန် က ခေါင်းညိတ်ပြီး “ကောင်းပြီလေ’’ဟုဆိုသည်။

ထို့နောက်ဘဲဥပုံမျက်နှာရှိသော အမျိုးသမီးသည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ကာ ဗာရီကျွန်း ၏ အချက်အလက်များကို အမြန်ရှာဖွေလိုက်သည်။

“ကလင် ကလင် ကလင်”

ထိုအချိန်တွင် ကျီချန်၏ လက်ကိုင်ဖုန်းသည် အသံမြည်လာခဲ့သည်။

ဖုန်းခေါ်တဲ့သူကယွမ်ပိုင်ဖြစ်လေသည်။ထို့ကြောင့်ကျီချန်သည်အဖြေခလုတ်ကိုနှိပ့်လိုက်လေသည်။

“မစ္စတာယွမ်၊ မင်း...”

သို့သော် ကျီချန်စကားမဆုံးပြီးယွမ်ပိုင်ရဲ့ဒေါသအသံကထွက်လာလေသည်။

“မင်း... အရမ်းကောင်းတယ်!”

“ငါ့ရဲ့ကြင်နာမှုကိုဒီလိုပြန်ပေးဆပ်တယ်ပေါ့ဟုတ်လားကျီချန်”

“ယခု ဝိုက်ဟော့မိုနာကငါနဲ့ပူးပေါင်းထားနာတွေအကုမ်လုံးကိုဖက်သိမ်းလိုက်ပြီ။အဲ့တာဘာကြောင့်လဲသိလား။အဲ့ဒါမင်းကြောင့်ပဲကွနားလည်လား’’

“ဒါကြောင့်မင်းရဲ့လုပ်ငန်းနဲ့ငါဆက်ပြီးပူးပေါင်းပြီးလုပ်မှာမဟုတ်ဘူး။မင်းဟာမင်းဘာပဲဖြစ်ဖြစ်မင်းသမိုင်း “

“ဒါ့အပြင်၊ မင်းရဲ့နိုင်ငံအတွင်း တရားမဝင် ကျောက်မီးသွေး တူးဖော်မှုတွေ၊ အခွန်ရှောင်မှုတွေအကြောင်းကိုလဲအကုန်လုံးသိကုန်ကြပြီ... ဒါကြောင့်မကြာခင်မင်းဟာမင်းပြင်ဆင်ထားသင့်တယ်”

ဒါကိုပြောပြီးနောက် ယွမ်ပိုင်က ဖုန်းကို ချလိုက်သည်။

“တီတီ!”

ကျီချန်သည် ဖုန်းကို ကိုင်ထားရင်းသူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည် ။

ပြီးသွားပြီ!

ငါလုံးဝပြီးသွားပြီ။

သူ့ဘေးက ဘဲဥပုံမျက်နှာရှိတဲ့ အမျိုးသမီးကဘာမှမသိဘဲ သူမမျက်နှာပေါ်က အပြုံးနဲ့ “ခင်ပွန်း၊ နောက်မှဗာရီကျွန်းမှာ ဈေးအကြီးဆုံး ဗီလာကို ဝယ်လိုက်မယ်လေနော် ...”

ဤအသံကို ကျီချန် ကြားပြီးနောက် သူချက်ချင်းဒေါသထွက်သွားလေသည်။

သူမ!

သူမ!

အဲဒါ သူမကြောင့်ပဲ။

မော်လ်ဒိုက်ကိုလာပြီး ဇိမ်ခံကျွန်းမှာ နေထိုင်ဖို့ တောင်းဆိုခဲ့တဲ့ ဒီအမျိုးသမီးကြောင့်သာမဟုတ်ရင် သူကမစ္စတာလင်းကို ဘယ်လိုလုပ် စော်ကားမိမှာလဲ။

ကျီချန်ကဒါကိုပိုတွေးလေ၊ သူ ဒေါသထွက်လေလေဖြစ်လေသည်။

ထို့ကြောင့်သူ့လက်ကို မြှောက်ပြီး ဘဲဥပုံမျက်နှာရှိအမျိုးသမီးကို ရိုက်လိုက်လေသည်။

“ဖက့်!”

“ခွေးမ!”

All Chapters