← Chapters

စားသောက်ခြင်း

Vol. 33 Ch. 483

စားသောက်ခြင်း

Vol. 33 Ch. 483

လင်းဖန်သည် ထိုအရာများကို လုံးဝမသိပေ။

ထိုအချိန်တွင်လင်းဖန်သည်ချမ်ရီရီ၊ လီယန်ကျင်း နှင့် ဟန်စီဒီရှိတခြားဝန်ထမ်းများနှင့် နံနက်စာစားပြီးနောက် အားကစားကျွန်းသို့ရောက်လာခဲ့သည်။

ကျယ်ဝန်းသော ဘော်လီဘောကွင်းများ၊ ဘေ့စ်ဘောကွင်းများ၊ ကျယ်ဝန်းသော ရေကူးကန်များ၊ ဘတ်စကက်ဘောခန်းမများ၊ ကြက်တောင်ခန်းမများနှင့် အလေးတုံးများ....စသောပစ္စည်းများ အစုံပါရှိလေသည်။

ပင်လယ်နားတွင်ဘစ်ကနီဝတ်ထားသောအလှမယ်တွေလည်း အများကြီးရှိလေသည်။(ဒီကကျွန်းတွေဆိုတာကတစ်ကယ့်ကျွန်းတွေပါ။အခုအားကစားကျွန်းကလဲကျွန်းပေါ်မှာပဲအပေါ်ကရေးထားတဲ့ဟာတွေအကုန်ရှိတာပါ)

ထို့နောက်ပင်လယ်ထဲ အပြေးအလွှား ဆော့ကစားနေတဲ့သူတွေလဲရှိသေးသည်။

လင်းဖန်၊ ချမ်ရီရီ၊လီယန်ကျင်း နှင့်တစ်ခြားဟန်စီဒီဝန်ထမ်းများစွာသည် အားကစားကျွန်းပေါ်တွင် ချွေးထွက်အောင်ဆော့ပြီးနောက် SPA ကျွန်းသို့ ရောက်လာကြသည်။

ဤနေရာတွင် ထိပ်တန်း အနှိပ်သမားများရှိသောကြောင့်ခွန်အားထိန်းချုပ်မှု၊ နှိပ်နယ်မှုနည်းပညာ စတာတွေ အားလုံးပြီးပြည့်စုံလေသည်။

...

မသိလိုက်ဘဲမကြာမီကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာလေသည်။

ထိုအခါဝန်ထမ်းတစ်ဦးက “မီးပုံပွဲက အစားအသောက်ကျွန်းပေါ်မှာ ကျင်းပမှာတဲ့၊သွားကြည့်ရအောင်’’ဟုဆိုသည်။

ဝန်ထမ်းအမျိုးသမီးကလည်း”အိုး! မီးပုံပွဲလားဒါ ငါအကြိုက်ဆုံးပဲ”

ထို့ကြောင့် နှစ်ယောက်သား သည်သင်္ဘောအသေးစားတစ်စင်းနှင့် မဝေးသော အစားအသောက်ကျွန်းဆီသို့ ဦးတည်သွားကြသည်။

သူတို့ရဲ့ စကားဝိုင်းကို လူတော်တော်များများ ကြားလိုက်ရသည်။

လင်းဖန်သည် ချမ်ရီရီအနည်းငယ် စိတ်လှုပ်ရှားသွားပုံပေါက်သည်ကို မြင်လိုက်ရသဖြင့် “ငါဗိုက်ဆာနေပြီ၊ အစားအသောက်ကျွန်းကို သွားရအောင်” လို့ပြောလိုက်သည်။

လင်းဖန်သည် သူမ၏ကိုယ်ပိုင်အတွေးများကို ဂရုစိုက်နေကြောင်း ချမ်ရီရီနားလည်သောကြောင့် သူမ၏လှပသောမျက်နှာပေါ်တွင် အပြုံးချိုချိုတစ်ခုပေါ်လာသည်။

သူမက လင်းဖန်၏လက်ကိုဆွဲကာ “ကောင်းပြီ” ဟုပြောလိုက်သည်။

ထို့နောက်အားလုံးက ဇိမ်ခံသင်္ဘောသေသေးလေးကိုစီးပြီး အစားအသောက်ကျွန်းကို ရောက်လာကြလေသည်။

လင်းဖန်သည် အဝေးကို လှမ်းကြည့်လိုက်တာနဲ့နည်းနည်းစောနေသေးသောကြောင့် မီးပုံပွဲမစသေးပုံသည်ကိုတွေ့လိုက်သည်။

ထျု့ကြောင့်သူသည် အားလုံးကို ရှေ့က LE1947 စားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့သည်။

ဤနေရာတွင် အလှဆင်ခြင်းသည် အလွန်ခေတ်ဆန်ပြီး လူများကို မြင့်မြတ်သောအငွေ့အသက်ကိုပေးစွမ်းနေလေသည်။

လင်းဖန်နှင့် အခြားသူများ ထိုင်ပြီးနောက်အရပ်ရှည်ရှည် စားပွဲထိုးတစ်ဦးသည် ဖြည်းညှင်းစွာ ရောက်ရှိလာပြီး အင်္ဂလိပ်လိုဖြင့် “မစ္စာဘာမှာ မလဲ?”လို့ပြောလိုက်သည်။

လင်းဖန်က “ငါတို့အရေအတွက်အတိုင်းအရသာရှိပြီး ထူးခြားတဲ့ ဟင်းတွေကို လာချပေးပါ” လို့ တရုတ်လိုပြောလိုက်သည်။

ထိုအခါအရပ်ရှည်ရှည် စားပွဲထိုးကလည်းတရုတ်လိုဖြင့် “ကောင်းပါပြီ ဧည့်သည်တော်များ ခဏစောင့်ပါ”

ဝိုက်ဟော့မိုနာတွင်စားပွဲထိုးဖြစ်တောင်မှာ ဘာသာစကားမျိုးစုံကို ကျွမ်းကျင်ဖို့ လိုသေးသည်။

သိပ်မကြာခင်မှာဘဲ ငန်းအသည်း၊ ပင်လယ်ခရု၊ M9 အမဲသား၊ ပင်လယ်ရေနက်ဥ၊ဂဏန်းပုဇွန်..ပြီးနောာက်လှပစွာပြင်ဆင်ထားသောအချိုပွဲနှင့်မုန့်များတစ်ခုပြီးတစ်ခု လာချပေးလေသည်။

လူတိုင်းသည်SPAလုပ်ထားသောကြောင့်ဗိုက်ဆာနေပြီဖြစ်လေသည်။အခုအခါသူတို့ရှေ့တွင်စားချင်စားပွဲအပြင်အဆင်များကြောင့်သူတို့သည်လုံးဝမယဉ်ကျေးတော့ဘဲလာချပေးသောအစားအစာများကိုစားလိုက်ကြလေသည်။

“အရသာရှိလွန်းတယ်!”

“ခွမ်း’’

ထိုအချိန်တွင် မျက်မှန်တပ်ထားသော ဝန်ထမ်းတစ်ဦးသည် ရေခွက်ကို မြေပြင်ပေါ်သို့ မတော်တဆပြုတ်ကျစေခဲ့သည်။

ထို့ကြောင့်သူမသည် မြေပြင်ပေါ်ရှိ ဖန်ခွက်အကွဲများကို ကောက်ဖို့လုပ်လိုက်သည်။

ချမ်ရီရီက “မင်းလက်နဲ့မကိုင်နဲ့ မင်းထိခိုက်မိလိမ့်မယ်”

စကားပြောနေစဉ်တွင် သူမသည် အဝေးရှိစားပွဲထိုးအား”ကျေးဇူးပြု၍ ဒါကိုဖြေရှင်းပေးပါ” ဟုဆိုလိုက်သည်။

စားပွဲထိုးသည် အမြန် ကြမ်းပြင်ပေါ်ရှိ ရေဖန်ခွက်ကိုကြည့်ကာ “ကောင်းပြီ” ဟု ပြောသည်။

သူ့လှုပ်ရှားမှုများသည် အရမ်းမြန်လေသည်။ သူ့သည်လက်အိတ်ကို ၀တ်ထားရင်း ဖန်ခွက်အမှုန်အမွှားတွေအားလုံးကို အမြန်ရှင်းပေးလိုက်လေသည်။

ထို့နောက်သူတို့အစားအသောက်များကိုဆက်လက်စားလိုက်ကြတော့သည်။

အားလုံးပြီးသွားတဲ့အခါမှာတော့ စားပွဲထိုးက နောက်တစ်ကြိမ်ထပ်လာပြီး “မစ္စတာလိုအပ်တာရှိသေးလား”

လင်းဖန် က “မရှိတော့ပါဘူး။”

“ကောင်းပြီ၊ စုစုပေါင်း US$ 142,000 ကိပါတယ်။ ကတ်နဲ့ဖြစ်ဖြစ်ငွေသားနဲ့ဖြစ်ဖြစ်ပေးချေလိုရပါတယ်။ဘယ်ဟာနဲ့ပေးချေမလဲ” စားပွဲထိုးက ပြောလိုက်သည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါ ဘာမှတုံ့ပြန်ခြင်းမရှိပေ။

သို့သော်လည်း ဟန်စီဒီဝန်ထမ်းအများအပြားမှာ အားလုံး မျက်လုံးပြူးသွားကြသည်။

$142,000!

ဟွာရှ(တရုတ်) ငွေကြေးအဖြစ်သို့ ပြောင်းလဲပါက ဒါကယွမ် ၁ သန်းနီးပါး ရှိလေသည်။

ထမင်းတစ်နပ်ကိုယွမ်၁ သန်းလား။

စားပွဲထိုးက သူတို့၏ မယုံနိုင်သောအမူအရာကို မြင်ကာ“မင်း မှာထားတဲ့ အစားအသောက်နဲ့ ဝိုင်အားလုံးပေါင်းက အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျပါတယ်တယ်” လို့ ရှင်းပြသည်။

“ဒါပေမယ့် ကွဲသွားတဲ့ခွက်က ဩစတြီးယားရဲ့ 1990 ခုနှစ်ထုတ် ရေခွက်ပင်ဖြစ်သည်။ဒါကတစ်လုံးကွဲရင်နောက်တစ်လုံးပါလွှင့်ပစ်ရတာပါ”

“သြစတျေးလျရဲ့ 1990 ခုနှစ်ထုတ်ရေခွက်အစုံ၏စျေးနှုန်းသည် US$ 120,000ဖြစ်သည်”

သူပြောတာကို လူတိုင်းကြားတဲ့အခါ အားလုံးက စိတ်ပျက်လက်ပျက်နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေလိုက်ကြလေသည်။

ရဖန်ခွက်ကို ကွဲအောင်လုပ်မိသော မျက်မှန်နှင့် အမျိုးသမီး၏ မျက်လုံးများသည်အနည်းငယ်နီနေလေသည်။

လင်းဖန်က “မက်းတို့အဲ့လိုပုံစံလုပ်စရာမလိုပါဘူး...ဒါက အသေးအမွှားကိစ္စပဲလေ’’

လူများစွာအတွက် ၁ သန်းသည် အလွန်ကြီးမားသော အရေအတွက်ဖြစ်သည်။

သို့သော် လင်းဖန်အတွက်မူမပြောပလောက်သောအရေအတွက်မျှသာ ဖြစ်လေသည်။

ထို့အပြင်၊ သူသည် ဝိုက်ဟော့မိုနာ၏အကြီးဆုံးရှယ်ယာရှင်ဖြစ်သည်။

တစ်ခုခု ကွဲသွားတာလား။

ဒါကိုမပေးနိုင်တောင် ပြဿနာမရှိပေ။

စားပွဲထိုးက သူတို့ကို ငွေမပေးချေမည်ကိုစိတ်ပူကာ“ဒီမှာ ဒီရေခွက်မှန်ကန်ကြောင်း လက်မှတ်ပါ…” ဟု ထပ်ပြောသည်။

စကားပြောနေစဉ်တွင် သူက လက်မှတ်ပြဖို့လုပ်လိုက်သည်။

“ကလင် ကလင် ကလင်”

ဒီအချိန်မှာ သူ့အိတ်ကပ်ထဲက လက်ကိုင်ဖုန်းက တဟုန်ထိုးအသံမြည်လာလေသည်။

မူလက စားပွဲထိုးသည် ကိုင်ဖို့စိတ်ကူးမရှိပေ။

သို့သော်လည်း စားပွဲထိုးသည်ခေါ်ဆိုတဲ့လူကို မြင်သောအခါတွင် သူ့နှလုံးခုန်သံ မြန်သွားလေသည်။

ဘာလို့ဆိုခေါ်ဆိုသူသည် ဥက္ကဌ ဂရင်း ဖြစ်နေသောကြောင့်ဖြစ်သည်။

စားပွဲထိုးသည် ဝိုက်ဟော့မိုနာ၏ အနိမ့်ဆုံးဝန်ထမ်းဖြစ်သည်။(သူကဒီစားသောက်ဆိုင်ရဲ့မန်နေဂျာလည်းဖြစ်ပြီး၊စားပွဲထိုးအဖြစ်အလုပ်လုပ်နေတဲ့လူတစ်ယောက်ပါ)

သို့သော်လည်းသူသည် အဆင့်မြင့်တဲ့လူတွေရဲ့ဖုန်းခေါ်နံပါတ်အားလုံးကို သိမ်းဆည်းထားဆဲဖြစ်သည်။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အသုံးချနိုင်မည်ဆိုတဲ့မျှောင့်ချက်နဲ့ပင်ဖြစ်သည်။

သို့သော်လည်း ဥက္ကဌဂရင်း သည် တစ်နေ့တွင် သူ့ကိုဖုန်းဆက်ရန် အစပြုမည်ဟု စားပွဲထိုးက မထင်ခဲ့ပေ။

အဲဒါ...

ဒါက....မယုံနိုင်လောက်အောင်ပါပင်ဖြစ်သည်။

သူက စိတ်လှုပ်ရှားစွာ အဖြေခလုတ်ကို နှိပ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသော လေသံဖြင့် “မစ္စတာဥက္ကဌဂရင်းမင်္ဂလာပါ’’ဟုပြောလိုက်သည်။”

ထို့နောက်တွင်ဂရင်း၏ ကျယ်လောင်သောအသံသည် ဖုန်းမှ တိုက်ရိုက်ထွက်ပေါ်လာသည်။

“နားထောင်ပါ၊ မင်းရှေ့မှာထိုင်နေတဲ့ လူငယ်က ငါတို့ဝိုက်ဟော့မိုနာရဲ့ သူဌေးအသစ်ပဲ...”

ဖုန်းချသွားပြီးနောက် စားပွဲထိုးက ခေါင်းငုံ့ကာ ရိုသေသောလေသံဖြင့် “မစ္စတာလင်းနဲ့တစ်ခြားဧည့်သည်တွေကိုစိတ်အနှောင့်အယှက်ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်... မစ္စတာလင်းမှာ တခြားလိုအပ်တာတွေ ရှိသေးလား”

All Chapters