ထပ်မံတွေ့ဆုံခြင်း
Vol. 33 Ch. 484
လင်းဖန်သည် ဉာဏ်ကောင်းသူဖြစ်သောကြောင့် စားပွဲထိုးက ဘာလို့ ဒီလို ပြောင်းလဲသွားရတာလဲ ဆိုတာကို နားလည်လေသည်။
ထို့ကြောင့် လင်းဖန်က သူ့လက်ကို ဝှေ့ယမ်းပြီး “မရှိတော့ဘူး၊ ငါတို့သွားလို့ရမလား”
စားပွဲထိုးက “ရပါတယ် ဧည့်သည်တွေ ဖြည်းဖြည်းသွားပါ”
ဟန်စီဒီ ဝန်ထမ်းများအားလုံး စားသောက်ဆိုင်မှ ထွက်လာပြီးနောက် ၎င်းတို့သည် အနည်းငယ် မှိန်းမောနေဆဲဖြစ်နေကြလေသည်။
“သူ...ကျွန်တော်တို့ကိုဒီအတိုင်းလွှတ်လိုက်တာလား၊အစားအသောက်ဖိုးတောင်မရှင်းပဲလေ”
လင်းဖန်က ပြုံးပြီး “ဟုတ်တယ်”
ထို့နောက် မျက်မှန်တပ်ထားသော အမျိုးသမီးသည် အနည်းငယ်စိုးရိမ်နေပုံပေါ်သည်ကို သူမြင်လိုက်ရသည်။
ထို့ကြောင့်လင်းဖန်က”ကျွန်တော်က ဒီဝိုက်ဟော့မိုနာရဲ့ အကြီးဆုံးရှယ်ယာရှင်ဖြစ်ကြောင်း ပြောဖို့ မေ့သွားခဲ့တယ်။ဒါက ခွက်တစ်ခုပါပဲ။ဒါကြောင့် အားလုံးစိတ်မပူပါနဲ့။”
ချမ်ရီရီ မှလွဲ၍ ကျန်ရှိနေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
မော်လ်ဒိုက်၏ပထမဆုံးကျွန်းဟုလူသိများသော ဝိုက်ဟော့မိုနာ ၏ရှယ်ယာအများဆုံးပိုင်ဆိုင်သူမှာလင်းဖန် ဖြစ်သည်လား။
ခေတ္တနားပြီးနောက် လင်းဖန် က “စကားမစပ် မနေ့က လေဆိပ်ကနေ ကျွန်တော်တို့ကို ခေါ်လာတဲ့ လူဖြူ ဂရင်းက ဝိုက်ဟော့မိုနာရဲ့ ဥက္ကဌပါ။ မင်းတို့ တစ်ခုခုရှိရင် သူ့ကို တိုက်ရိုက်ဖုန်းဆက်လို့ရပါတယ်။”
သူသည်ဝိုက်ဟော့မိုနာနှင့်သူ့အကြောင်းကိုအမှန်တိုင်းပြောလိုက်လေသည်။ဘာလို့ဆို
နောက်တစ်ခါ တစ်ခုခုဖြစ်ရင် အချိန်မီဖြေရှင်းနိုင်အောင်လို့ပင်ဖြစ်သည်။
ထိုစကားကိုကြားတော့ လူတိုင်း အံ့အားသင့်သွားပြန်သည်။
သိရန်…ဂရင်းကိုသူတို့စတွေ့တုန်းကဝိုက်ဟော့မိုနာရဲ့ဝန်ထမ်းလို့သူတို့ထင်ခဲ့သည်။
အခုအဲ့လိုလူကဝိုက်ဟော့မိုနာရဲ့ ဥက္ကဌ လား။
...
လင်းဖန်သည် အံ့အားသင့်နေသော လူအုပ်ကို လျစ်လျူရှုကာ ချမ်ရီရီ၏ သွယ်လျသောလက်ကို ကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
နောက်မှ လျှောက်လာနေသော လီယန်ကျင်းသည် မကူညီနိုင်ဘဲ “မစ္စတာလင်း၊ သူကဘယ်သူလဲ” ဟု တိုးတိုးလေးပြောလိုက်သည်။
ဒီလိုမေးခွန်းမျိုး သူမမေးတာလဲအံ့သြစရာမရှိပေ။
သူ့ဘေးက ဒါရိုက်တာယန်က “ငါတို့စီးခဲ့တဲ့ ရှဂိုလေကြောင်းလိုင်းကို မင်းမှတ်မိသေးလား”
လီယန်ကျင်း ခေါင်းညိတ်လိုက်သည်။
“မစ္စတာလင်းက ရှဂို လေကြောင်းလိုင်းရဲ့ အကြီးဆုံးရှယ်ယာရှင်လည်းဖြစ်သည်။” ဒါကရိုက်တာယန်က ပြောသည်။
လီယန်ကျင်း အံ့အားသင့်သွားပြန်သည်။
ရှဂို လေကြောင်းလိုင်း။
အဲဒါ အကြီးဆုံး လေကြောင်းလိုင်းတစ်ခုမဟုတ်ဘူးလား။
လီယန်ကျင်းသည် ထိုလေယာဉ်မယ်များသည် လင်းဖန်ကို အလွန်ရိုသေရသည့် အကြောင်းရင်းမှာ လေယာဉ်စင်းလုံးငှားခြင်းကြောင့်ဟု ယခင်က တွေးထင်ခဲ့သည်။
အခုတော့သူ့အတွေးမှားနေတယ်ဆိုတာကိုသိလိုက်သည်။
ဒါရိုက်တာယန်သည် လီယန်ကျငိး၏ ပခုံးကို ပေါ့ပေါ့တန်တန် ပုတ်လိုက်ပြီး “မစ္စတာလင်းရဲ့ မျက်နှာသာပေးခံရတာက အခွင့်ကောင်းပဲ။ နောင်မှာအလုပ်ကိုသာကြိုးစားရင်မင်းရဲ့အနာဂတ်ကတော့တောက်ပနေတော့မယ်ပဲ!”
ထိုမှသာလီယန်ကျင်း သည် သူမ၏သတိပြန်ရလာပြီး အားတက်သရော ခေါင်းညိတ်ကာ
...
လင်းဖန်သည် လူစုလူဝေးရှိသော သဲသောင်ပြင်သို့ဦးတည်လိုက်သည်။
အဝေးတစ်နေရာ၌ မီးပုံကြီးတစ်ခု ထွန်းညှိထားသည်။
မီးပုံရှေ့ မြေပြင်ပေါ်တွင် လူတစ်စု ထိုင်ပြီး အချင်းချင်း စကားစမြည်ပြောနေကြသည်။
ထို့အပြင်မီးပုံဝိုင်းတွင်သီချင်းဆို ကခုန်နေကြသူများလဲရှိသည်။
ဒါရိုက်တာယန်နှင့်လီယန်ကျင်းတို့သည်လဲလင်းဖန်တို့နားသို့အမီလိုက်လာလေသည်။
မီးပုံပွဲသို့ ရောက်ပြီး မကြာမီတွင် ကမ်းခြေပုံပါသောရှပ်အင်္ကျီနှင့် နေကာမျက်မှန် ၀တ်ထားသောအမျိုးသားတစ်ဦးလည်း ဖြတ်လျှောက်လာသည်။
ထိုသူကတော့လေဆိပ်မှာတွေ့ခဲ့တဲ့ ဟူချင်လောင်ပင်ဖြစ်သည်။
ဟူချင်လောင်သည် သားကောင်ရှာနေတဲ့ ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လိုလျှောက်ကြည့်နေလေသည်။
သားကောင်ကို ရှာနေတာလား။
မှန်တယ်!
သူသည် သားကောင်ကို ရှာနေတာပင်ဖြစ်သည်။
သို့သော်လည်း ဆာလောင်နေသော ဝံပုလွေအများစုသည် သိုးများကိုသာရှာဖွေကြသည်။
ဟူခိက်လောင်ရှာနေတာကတော့ချောမောလှပတဲ့ မိန်းမလှလေးတွေပင်ဖြစ်သည်။
နောက်အခိုက်အတန့်တွင် ဟူချင်လောငိသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူရုတ်တရက် ချမ်ရီရီကို တွေ့ရှိသွားသောကြောင့်ဖြစ်သည်။
ချမ်ရီရီကိုလေဆိပ်မှာတွေ့ပြီးကတည်းက
ဟူခိင်လောင်သူ၏ ဦးခေါင်းတစ်ခုလုံးသည် သူမပုံစံနှင့်သာပြည့်နှက်နေသည်။
အခုသူသည်ချမ်ရီရီကိုပြန်တွေ့သောကြောက့်အပျော်လွန်ပြီးမျက်မှောင်ကြုတ်လိုက်တာပင်ဖြစ်သည်။
သို့သော် မကြာမီတွင် သူသည် ချမ်ရီရီ အနားရှိ လင်းဖန်ကို စိုက်ကြည့်လိုက်သည်။
ဟူချင်လောင်သည်အကယ်၍သူသာတိုက်ရိုက်လမ်းလျှောက်ပြီးစကားသွားပြောရင်လေဆိပ်မှာတုန်းလိုဖြစ်မည်ဆိုတာကိုသူနားလည်လိုက်သည်။
တစ်ဖက်သား၏အာရုံကို ဆွဲဆောင်ရန် တစ်ခုခုလုပ်ရခြင်းသည်အကောင်းဆုံးဖြစ်သည်။
ဤနည်းဖြင့်သာ တစ်ဖက်သူ၏စိတ်ထဲတွင် အထင်ကြီးမှုကို ချန်ထားနိုင်မည်ဖြစ်သည်။
ဟူချင်းလောင်သည်တွေးရင်း ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။
ထိုအခါသူသည် ဝေးကွာသော မဝေးသော စန္ဒယားကို တွေ့လိုက်လိုက်သည်။
သိရန်ဟူချင်လောငိသည် ငယ်စဉ်ကတည်းက ပညာကောင်းကောင်းသင်ကြားခဲ့ပြီး စန္ဒယား၊ ဂစ်တာ၊ ပန်းချီ၊ စစ်တုရင်စသည်ဖြင့် အမျိုးမျိုးကိုလဲသင်ယူခဲ့သည်။
အဲဒီအထဲမှာမှသူသည် စန္ဒယားကိုအကျွမ်းကျင်ဆုံးဖြစ်သည်။
ဟူချင်လောင်ကအနည်းငယ် ပြုံးလိုက်ပြီး “ဒါပဲ”
စကားပြောနေစဉ်တွင် သူသည် စန္ဒယားဆီသို့ အမြန်လျှောက်လာပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
ထို့နောက်ဟူချင်လောင်သည်အသက်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် သူ့လက်များသည် အဖြူအမည်းအချောင်းများပေါ်တွင် လျင်မြန်စွာ ရွေ့လျားသွားသည်။
မကြာမီငြိမ့်ညောင်းသော စန္ဒယားတီးသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
မကြာခင်မှာပဲ မီးပုံပွဲကျင်းပနေတဲ့လူတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။
...
စန္ဒယားတီးအချိန်တွင် ဟန်စီဒီ ၏ဝန်ထမ်းတစ်ဦးသည် တီးသည့်လူကိုကြည့်ကာ “ဒါက အဲဒီလူပဲ!”
ချမ်ရီရီသည်လဲ စူးစမ်းလိုစိတ်ဖြင့် အသံလာရာကိုကြည့်လိုက်သည်။
မကြာမီမှာပဲစန္ဒယားတီးခြင်းလည်း ပြီးဆုံးသွားတော့သည်။
“ဖက့် ဖက့် ဖက့်!”
လက်ခုပ်သြဘာပေးသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။
လက်ခုပ်သံများကြောင့်ဟူချင်လောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
ချမ်ရီရီသည်လည်းသူ့ကိုကြည့်နေတာတွေ့တော့သူသည်အတိုင်းမသိဝမ်းသာသွားလေသည်။
သူ့ရဲ့ရွေးချယ်မှုက တကယ်မှန်တယ်လို့စိတ်ထဲမှာတွေးလိုက်သည်။
ဒါကိုတွေးရင်းဟူချင်းလောင် ဟာ လူတိုင်းရဲ့အာရုံစိုက်မှုအောက်မှာပဲချမ်ရီရီဆီကို ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ပြီးနောက်သူကလူကြီးလူကောင်းတစ်ယောက်လိုဟန်ပန်ဖြစ်ပြုံးပြီး “ဒီကအလှလေး တိုက်ဆိုင်မှုပဲ၊ ငါတို့ပြန်တွေ့ကြတယ်နော်” လို့ပြောလိုက်သည်။
သူဝတ်ထားသောအင်္ကျီပုံစံနှင့်လူကြီးလူကောင်းဟန်ပန်သည်သူနှင့်လုံးဝမလိုက်ဖက်ပေ။
သို့သော်လည်းဟူချင်လောင်သည် သူ့ကိုယ်သူ အလွန်ချောသည်ဟု ခံစားမိနေလေသည်။
ထိုအချိန်တွင် လင်းဖန်သည်လဲသူ့မအနားတွင် ရပ်နေသည်ကို သတိပြုမိသွားပုံဖြင့်”အို ဒီလူကြီးမင်းလည်း ဒီမှာပါ” ဟု ထပ်မံပြောသည်။
“ဒီအလှလေးက စန္ဒယားသံကိုနားထောင်ရတာအရမ်းကြိုက်ပုံရတယ်။ အချိန်ရရင် အလှလေးအတွက် စန္ဒယားကို ပိုတီးပေးဖို့ အကြံပေးတယ်’’
ဟူချင်လောင်သည်လင်းဖန်ကစန္ဒာယားမတီးတတ်ဘူးဟုသူထင်နေလေသည်။ထို့ကြောင့်သူသည်တစ်မင်သက်သက်ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။