အနမ်းခံရခြင်း
Vol. 33 Ch. 485
အခန်း 485- အနမ်းခံရခြင်း
လင်းဖန်က “ရီရီ၊ မင်းက စန္ဒယားတီးတာကိုနားထောက်ရတာကို ကြိုက်လား”
ချမ်ရီရီ တစ်ခုခုကို တွေးနေပုံရပြီး ပြုံးကာ ခေါင်းညိတ်သည်။
လင်းဖန်က “ကောင်းပြီ ဒါဆို ငါ မင်းအတွက် တီးပေးမယ်”
စကားပြောပြီးသည်နှင့် မဝေးလှသော စန္ဒယားဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ဒါကိုမြင်တော့ ဟူချင်လောင်သည် အနည်းငယ် အံ့အားသင့်သွားသည်။
ထို့နောက် သူ့မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာလေသည်။
မူလက သူ့ရည်ရွယ်ချက်သည် ချမ်ရီရီကသူ့ကို အထင်ကြီးစေရန်သာဖြစ်သည်။
လင်းဖန်က စန္ဒယားတီးချင်တယ်လို့ဘယ်သူကထင်မှာလဲ။
လင်းဖန်စန္ဒယားတီးချိန်တွင်ဖြစ်ပေါ်မည့်ရယ်ရွှင်ဖွယ်အမူအရာများကိုဟူချင်လောင်ကတွေးမိလိုက်သည်။ထိုအခါချမ်ရီရီ၏ရင်ထဲတွင်လင်းဖန်၏ပုံရိပ်သည်နိမ့်ကျသွားမည်ဖြစ်သည်။ဟူချင်လောင်သည်တွေးရင်းတွေးရင်းပြုံးနေလိုက်သည်။
သို့သော်လင်းဖန်သည် သူ့ထက်ပိုကောင်းအောင်တီးနိုင်မည်လို့တော့ဟူချင်လောင်မတွေးထားပေ။
အဘယ်ကြောင့်ဆိုသော် သူသည် နိုင်ငံအတွင်းစန္ဒယားတီးပြိုင်ပွဲတွင်ဆုရခဲ့သောကြောင့်ဖြစ်သည်။
ဟူချင်လောင် က ပြုံးပြီး ချမ်ရီရီ ကို “ဒါဆို မင်းနာမည်က ရီရီပေါ့၊ နာမည်ကလှလိုက်တာ။”
“ငါ့ကိုယ်ငါမိတ်ဆက်ဖို့မေ့နေတာ၊ငါ့နာမည်က ဟူချင်လောင် ပါ။ တွေ့ရတာဝမ်းသာပါတယ်။”
စကားပြောပြီးနောက် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။
သို့သော် ချမ်ရီရီသည်ဟူချင်လောင်ပြောတာကိုမကြားသလိုမမြင်သလိုလုပ်ကာသူမ၏မျက်လုံးများသည်လင်းဖန်ကိုသာစိုက်ကြည့်နေလေသည်။
လင်းဖန်သီချင်းဆိုသည်ကို သူမကြားဖူးပြီး သူ၏အဆိုစွမ်းရည်သည် အလွန်မြင့်မားကြောင်းသိလေသည်။
ထို့ကြောင့်သူမသည်လင်းဖန်ကအလွန်လှပသော စန္ဒယားကို တီးခတ်နိုင်လိမ့်မည်ဟု သူမယုံကြည်နေလေသည်။
...
နောက်ဆုံးတွင် လင်းဖန်သည် စန္ဒယားရှေ့တွင် ထိုင်လိုက်သည်။
ထိုအခါလူတိုင်းသည်တစ်ယောက်တစ်ပေါက်ပြောနေတော့သည်။
“ဟေး။ တစ်ယောက်ယောက်က စန္ဒယားတီးတော့မဲ့ပုံပဲ”
“ဘာသံစဉ်တီးမလဲမသိဘူး”
“နားထောင်ကြည့်ရအောင်”
...
လင်းဖန်သည် ဟူချင်လောငိ၏ အတွေးများကို လုံးဝ ဂရုမစိုက်သလို လူတိုင်း၏ ဆွေးနွေးမှမြျားကိုလည်းဂရုမစိုက်ပေ။
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး အဖြူအမည်းအချောင်းများပေါ်တွင် လက်ကိုတင်လိုက်သည်။
“ဒင်ဒေါင်!”
မူလက ရယ်မောပြီး စကားစမြည်ပြောနေကြသော လူများ အားလုံးသည် လုပ်နေသည်များကိုရပ်တန့်ကာအားလုံးကလင်းဖန်ကိုကြည့်လိုက်ကြလေသည်။
မကြာမီသူတို့အားလုံးသည်လင်းဖန်တီးသောတေးသွားတွင်အားလုံးကနစ်မျောသွားကြတော့သည်။
“ဒင်!”
မကြာမီလင်းဖန်တီးသောသံစဉ်သည်ပြီးဆုံးလို့သွားလေသည်။
မီးပုံပွဲ တစ်ခုလုံး တိတ်ဆိတ်လို့နေသည်။
ခဏအကြာတွင် အလွန်ကျယ်လောင်သော လက်ခုပ်သံများထွက်ပေါ်လာသည်။
“ဖက့် ဖက့် ဖက့်!”
“အဲဒါ အရမ်းကောင်းတာပဲ!”
“ဟုတ်တယ်ဒါအရမ်းကောင်းတယ်”
“မူးရင်းသံစဉ်တီးတဲ့လူထက်တောင်ကောင်းနေသေးတယ်”
ချီးမွမ်းသံများ၊ အော်ဟစ်သံများနှင့် အာမေဋိတ်သံများသည်မီးပုံပွဲနေရာအနှံ့ ပဲ့တင်ထပ်နေသည်။
လင်းဖန်သည် ဒါကိုသိပ်ဂရုမစိုက်ပေ။
သူသည် စန္ဒယားခုံမှ ထွက်သွားကာ သူ့ကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေသော ချမ်ရီရီဆီသို့လျှောက်လာခဲ့သည်။
ထို့နောက် သူမ၏ သွယ်လျသောလက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်သည်။
လူတိုင်း၏အကြည့်အောက်တွင် လင်းဖန်သည်ချမ်ရီရီ၏ခြည်ရီရောင်နှုတ်ခမ်းကိုနမ်းလိုက်လေတော့သည်။
ထိုအခါမီးပုံပွဲရှိရာနေရာ၌ အလွန်ကျယ်လောင်သောအော်ဟစ်သံများထပ်မံ ထွက်ပေါ်လာပြန်သည်။
တကယ်တော့။
ချမ်ရီရီ မီးပုံပွဲသို့ ရောက်သောအခါ ဟူချင်လောင် သည် သူမကို သတိထားမိရုံသာမကမီးပုံပွဲရှိအမျိုးသားတိုင်းသည်လည်းသတိထားမိလေသည်။ဘာလို့ဆိုချမ်ရီရီကအလွန်လှပနေသောကြောင့်ပင်ဖြစ်သည်။
သို့သော် ဤအချိန်တွင် သူတို့သည် ဤအတွေးကို ဘေးဖယ်ထားလိုက်ကြသည်။
ဘာကြောင့်လဲဆိုတော့ လင်းဖန်ကိုသူတို့ လုံးဝမယှဉ်နိုင်ဘူးဆိုတာသိလိုက်လို့ပင်ဖြစ်သည်။
...
အချိန်အတော်ကြာပြီးနောက် နှုတ်ခမ်းချင်းကွဲသွားကြလေသည်။
လင်းဖန်သည် ဖြည်းညှင်းစွာလှည့်ကာ သူ့ဘေးနားရှိ ဟူချင်လောင် ကိုကြည့်ကာ “မှန်တယ်၊ ရီရီနားထောင်ဖို့အတွက် စန္ဒယားကို ပိုပြီးတီးပေးရမယ်” လို့ပြောလိုက်သည်။
ဟူချင်လောင်သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။
မူလက သူသည် လင်းဖန်းကိုအရှက်ရစေကာချမ်ရီရီနှင့်ပိုမိုနီးကပ်ရန်ဖြစ်သည်။
အခု အခြေအနေကကျောက်တုံးကိုယူပြီးကိုယ့်ကိုယ်ထုလိုက်သလိုပင်ဖြစ်သည်။
နာကျင်မှု!
ဒါကနာကျင်မှုပင်ဖြစ်သည််။
ဟူချင်လောင်ကဘာမှပြန်မပြောဘဲလှည့်ထွက်သွားလေသည်။
ထိုအချိန်တွင် မီးပုံပွဲအတွင်း ကျယ်လောင်သော သီချင်းသံများ ထွက်ပေါ်လာတော့သည်။
ထိုအခါဟန်စီဒီဝန်ထမ်းများသည်အတူတူကခုန်နေလိုက်ကြတော့သည်။
လင်းဖန်နှင့် ချမ်ရီရီတို့သည် ဇိမ်ခံကျွန်းသို့ ပြန်ရောက်သောအခါ ည ၁၂ နာရီ ထိုးနေပြီဖြစ်သည်။
ကရတာ ပင်ပန်းလွန်းတာကြောင့် ချမ်ရီရီသည် ဗီလာရှေ့ရှိ ကျယ်ပြောသောရေကူးကန်ထဲကို မတော်တဆ၊တမင်တကာ ခုန်ချလိုက်လေသည်။
သူမသည်ရေကူးကန်ထဲ ပြုတ်ကျပြဖိး ချက်ချင်း အပြင်ကို ထွက်မလာပေ။
ဆန့်ကျင်ဘက်အနေနှင့် သူမသည် လင်းဖန်ကိုရေနှင့်ပတ်ရင်းရယ်နေလိုက်သည်။
လင်းဖန်ကလဲရယ်ရင်း “မင်း ငါနဲ့ ကစားချင်နေတာလား”
ထိုစကားကိုပြောပြီးနောက် လင်းဖန်သည် ရေကူးကန်ထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားခဲ့သည်။
ဒီလိုနဲ့ ရေကူးကန်ထဲမှာ နှစ်ယောက်သား ပြေးလွှားဆော့ကစားလိုက်ကြတော့သည်။
သူတို့နှစ်ယောက် ရေကူးကန်ထဲမှာ နာရီဝက်လောက် ကစားပြီးနောက် အပြင်သို့တက်လာလိုက်ကြသည်။
ရေကူးကန်မှတက်လာပြီးနောက်လင်းဖန်နှင့်ချမ်ရီရီတို့သည်တစ်ယောက်ချင်းစီရေချိုးကန်ကိုဝင်လိုက်ကြလေသည်။
LV ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါ နဲ့ ပတ်ထားရင်းချမ်ရီရီသည်ရေချိုးခန်းထဲမှထွက်လာပြီးနောက်သူမရဲ့လှပတဲ့ မျက်လုံးတစ်စုံက လင်းဖန်ကိုတိုက်ရိုက်ကြည့်လိုက်လေသည်။
သူမစိတ်ထဲတွင်စန္ဒယားတီးနေသောလင်းဖန်၏ပုံရိပ်များသည်သူမစိတ်ထဲတွင်ပြန်ပေါ်လာလေသည်။
မကြာမီ သူမ၏ လှပသော မျက်နှာသည်နီရဲလို့လာလေသည်။
ထို့နောက် ချမ်ရီရီ သည် လင်းဖန်ထံသို့ ဖြည်းညှင်းစွာ သွားလိုက်သည်။ထို့နောက်သူမကလင်းဖန်ကိုဦးစွာနမ်းလိုက်လေသည်။(ဘရိုတို့ရောအဲ့လိုဖြစ်ဖူးလား။ဟဲဟဲ)
ထို့နောက် ထို့နောက် ထို့နောက်.....