← Chapters

ငါးဖမ်းခြင်း

Vol. 33 Ch. 486

ငါးဖမ်းခြင်း

Vol. 33 Ch. 486

နောက်နှစ်ရက်အတွင်းလင်းဖန်၊ ချမ်ရီရီနှင့် ဟန်စီဒီဝန်ထမ်းများစွာသည် အခြေခံအားဖြင့်ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေလေသည်။

မနက်ခင်းတွင် အားကစားကျွန်းကို သွားပြီး နေ့လည်ခင်းတွင် LEE1947စားသောက်ဆိုင်မှာ နေ့လယ်စာစားလေသည်။ထို့အပြင်စားပြီးတာနဲ့မကြာမီ SPA ကျွန်းမှာ အနှိပ်သွားခံလေသည်။ညနေရောက်ရင် ကမ်းခြေမှာ ရေကစားတာ ဒါမှမဟုတ် မီးပုံပွဲသို့သွားလေသည်။

ထို့ကြောင့်လူတိုင်းရဲ့မျက်နှာပေါ်မှာအပြုံးတွေနဲ့ပြည့်နှက်နေလေသည်။

သို့သော်၊ဂရင်းသည်လင်းဖန်သူ့ကိုအမြင်မကြည်မှာကိုစိုးရိမ်နေခဲ့သည်။

ထို့ကြောင့် သူသည် အခြားနေရာကနေ ရွက်လှေကြီးတစ်စင်းကို ပြောင်းရွှေ့နိုင်အောင်အားထုတ်ခဲ့လေသည်။

…………

လင်းဖန်နှင့် ချမ်ရီရီတို့သည် နံနက်စာစားပြီးနောက်ဂရင်းက”မစ္စတာလင်း၊ မစ္စချမ် ကောင်းသောနံနက်ခင်းပါ” ဟု ပြောလိုက်သည်။

ဂရင်းကိုလင်းဖန်အတော်လေး ကျေနပ်နေလေသည်။

ဝိုက်ဟော့မိုနာသို့ ရောက်ရှိလာပြီးနောက် နေ့စဥ်ဝန်ဆောင်မှု၊ကျီချန်ကိုကိုင်တွယ်မှုအားလုံးသည် အလွန်ကောင်းမွန်ခဲ့သည်။

ထို့ကြောင့် ဂရင်း၏ နှုတ်ဆက်ခြင်းကိုကြားတော့လင်းဖန်က ခေါင်းညိတ်လိုက်ပြီး “မင်္ဂလာနံနက်ခင်းပါ ဂရင်း”လို့ပြန်ပြောလိုက်လေသည်။

ဒါက အလွန်ရိုးရှင်းတဲ့ နှုတ်ဆက်စကားပင်ဖြစ်သည်။

သို့သော်၊ ဂရင်း သည်ထိုစကားများကိုကြားပြီးနောက်အလွန်စိတ်လှုပ်ရှားသွားလေသည်။

ဘာကြောင့်လဲဆိုတော့ လင်းဖန်ကသူလုပ်တာကိုကျေနပ်တယ်ဆိုထင်ရှားနေသောကြောင့်ဖြစ်သည်။

ဂရင်းက သူ့ရဲ့ပျော်ရွှင်မှုကို မျိုသိပ်ပြီး “မစ္စတာလင်း၊ ငါအမ်ဂျေ ရွက်လှေကို တခြားတစ်နေရာကနေ ယူလာခဲ့တယ်။ဒါကြောင့်မစ္စတာလင်းနဲ့မစ္စချမ်တို့ ရွက်လှေနဲ့အတူအပျော်သဘောနဲ့သွားချင်လား” ဟု မေးလိုက်သည်။

လင်းဖန်သည် ဂရင်း ကို စိုက်ကြည့်ရုံမှ တစ်ပါးမတတ်နိုင်ပေ။

သိရန်လင်းဖန်သည် မှော်မြို့ဆိပ်ကမ်းတွင် ရပ်ထားဆဲဖြစ်သော ထိပ်တန်းရွက်လှေ စိုလန် ကို ပိုင်ဆိုင်ထားသည်။

ဤအချက်ကြောင့် ရွက်လှေနှင့်ပတ်သက်သည့် အချက်အလက်များကို သူအနည်းငယ်ရှာဖွေထားခဲ့သည်။

အမ်ဂျေ ရွက်လှေသည်စိုလန်ကိုမယှဉ်နိုင်ပေ။

သို့သော်လည်းအမ်ဂျေ၏ဈေးနှုန်းသာ်ယွမ် သန်း 100 ကျော်ရှိလေသည်။

ဂရင်းသည်ထိုအမ်ဂျေရွက်လှေကိုယူလာရန် ပမာဏ အတိုင်းအတာတစ်ခုအထိ ပေးခဲ့ရမည်ဟုသူခန့်မှန်းနိုင်သည်။

ထို့ကြောင့် လင်းဖန်က ခေါင်းညိတ်ပြပြီး “ရီရီနဲ့ လူတိုင်းပဲ... ပင်လယ်ပြင်မှာ ရွက်လှေစီးချင်လား” ဟု မေးလိုက်သည်။

တကယ်တော့ ဂရင်း က ရွက်လှေအကြောင်း ပြောတဲ့အခါဒါရိုက်တာယန်၊လီယန်ကျင်း နှင့် ဟန်စီဒီဝန်ထမ်းများ အားလုံး၏ မျက်လုံးများသည်တောက်ပသွားလေသည်။အခုလင်းဖန်ကသူတို့ကိုမေးတာကြားတော့သူတို့အလွန်ပျော်သွားလေသည်။ဒါပေမဲ့သူတို့ဘာမှမပြောကြပေ။

ချမ်ရီရီသည်စကားမပြောဝံ့သောလူအုပ်ကို ကြည့်ပြီးသူမ ပြုံးကာ”ကောင်းပြီလေ..ဒါဆိုလဲ သွားရအောင်။”

“ကောင်းလိုက်တာ!” လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ပြောကြသည်။

ခဏအကြာတွင် အလွန်စတိုင်ကျသောအသွင်အပြင်နှင့် အရှည် 50 မီတာခန့်ရှိသော ရွက်လှေကြီးသည် လူတိုင်း၏မျက်လုံးထဲတွင် ပေါ်လာလေသည်။

ဒါကအမ်ဂျေပင်ဖြစ်သည်။

အမ်ဂျေကိုမြင်တော့ဟန်စီဒီ ဝန်ထမ်းများအားလုံးသည် အာမေဋိတ်အသံများမထွက်ပဲမနေနိုင်ချေ။

“Wow! ဒါက အရမ်းကြီးတာပဲ”

“အရမ်းမိုက်တယ်၊ပုံစံက”

“ဟုတ်တယ်၊ဒါကအရမ်းမိုက်တယ်!”

သို့သော်မှော်မြို့ဆိပ်ကမ်းတွင် လင်းဖန်ရပ်ထားသော စိုလန်ရွက်လှေသည်အမ်ဂျေ ရွက်လှေထက် သာလွန်ပြီး နှစ်ဆပိုကြီးကြောင်း သူတို့ မည်သို့သိမည်နည်း။

…………

လင်းဖန် က “ဒါဆို တက်ကြရအောင်။”

“ကောင်းပြီ။” လူတိုင်းက အလျင်စလို တုံ့ပြန်လိုက်ကြသည်။

အမ်ဂျေရွက်လှေပေါ်တက်ပြီးနောက် လူတိုင်း ပါးစပ်အဟောင်းသားဖြစ်သွားပြန်သည်။

ကျယ်ဝန်းသော ကုန်းပတ်များ၊ လှပသော စားသောက်ဆိုင်များ၊ ဘားများ...

ပင်လယ်ပေါ်ရှိ ကလပ်တစ်ခုသို့ ရောက်ရှိလာသလိုမျိုးသူတို့အားလုံးခံစားရလေသည်။

“ဗွမ်း!”

အမ်ဂျေရွက်လှေသည်အင်ဂျင်သံထွက်လာပြီးနောက်က အဆုံးမဲ့ပင်လယ်ဆီသို့ ဆက်လက်ရွေ့လျားသွားလေတော့သည်။

ရုတ်တရက်၊ လူတိုင်း၏စိတ်ထဲတွင်မကြုံစဖူး စိတ်လှုပ်ရှားသောခံစားချက်တစ်ခု ရောက်ရှိလာသည်။

အမ်ဂျေရွက်လှေသည် ပင်လယ်ပြင်တွင် တစ်နာရီကျော်ကြာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ပြီးနောက် ဖြည်းဖြည်းချင်း အရှိန်လျှော့သွားလေသည်။

ဒီအချိန်မှာ ဒယရိုက်တာယန်က “ဒီမှာ ငါးမျှားတံတွေရှိတာပဲငါးမျှားကြရအောင်”

ထို့ကြောင့် လူတိုင်း ရှေ့သို့ လှမ်းတက်ကာ ငါးမျှားတံကို ကောက်ကိုင်လိုက်ကြပြီးငါးမျှားလိုက်ကြတော့သည်။

ဒါကိုမြင်တော့ချမ်ရီရီ က ပြုံးပြီး “ဒီနေ့ နေ့လည်မှာ ပင်လယ်ငါး လတ်လတ်ဆတ်ဆတ် ကိုစားနိုင်မဲ့ပုံရတယ်”

ခဏအကြာတွင် ဒါရိုက်တာယန်သည်ငါးတစ်ကောင်ကိုသည် ဖမ်းမိခဲ့လေသည်။

ဒါကိုမြင်တော့ အားလုံးက စိတ်လှုပ်ရှားစွာ နဲ့အော်ဟစ်ပြောလိုက်ကြသည်။

“ငါးကင်စားကြရအောင်”

ထို့နောက် တစ်စုံတစ်ယောက်သည် အသားကင်၊ ဆီနှင့် အခြားအရာများကို ယူဆောင်လာပြီး ကုန်းပတ်ပေါ်တွင် ငါးကင်လုပ်လိုက်လေသည်။

…………

ဟန်စီဒီဝန်ထမ်းများသည်အမ်ဂျေရွက်လှေပေါ်တွင်နေပြီးငါးဖမ်းနေစဉ်။

ထိုအချိန်တွင် ပင်လယ်ပြင်တွင်နေညက်ထပ်ဇိမ်ခံရွက်လှေကြီးတစ်စင်းပေါ်တွင်လည်း ရှိနေသည်။

ဇိမ်ခံအဝတ်အစားဝတ်ထားသော အမျိုးသားတစ်စုသည် ကုန်းပတ်ပေါ်တွင် အရက်သောက်ကာ ရယ်မောနေကြသည်။ထိုအထဲတွင်ဟူချင်လောင် လည်းပါလေသည်။

ဟူချင်လောင်က “ချောမောလှပတဲ့ မိန်းကလေးအကြောင်းပြောရရင် လွန်ခဲ့တဲ့ နှစ်ရက်က ဝိုက်ဟော့မိုနာတွေ့တဲ့မိန်းကလေးကိုပြန်သတိရမိတယ်။သူမကငါတွေ့ဖူးသမျှထဲမှာအလှဆုံးပဲ၊သူမအသားရည်ကလည်းဖွေးဥနေတာပဲ”

“နတ်သမီး၊သူမကနတ်သမီးပဲ”

ထင်ရှားသည်မှာ၊ သူသည် ချမ်ရီရီ အကြောင်းပြောနေတယ်ဆိုတာပင်ဖြစ်သည်။

ရှပ်အင်္ကျီအစင်းဝတ်ဆင်ထားသောအမျိုးသားတစ်ဦးက “တကယ်လား? မင်းပြောသလိုပဲလား။”

မျက်မှန်တပ်ထားတဲ့သူကလည်း“ဟုတ်လား”

ဟူလျင်လောင်က လေးလေးနက်နက်ပြောလိုက်သည် “လုံးဝကိုဟုတ်တယ်၊မင်းတို့မြင်ရင်ကြွေသွားလိမ့်မယ်”

“ဒါဆို မင်းဘာလို့ ဒီကို မခေါ်လာတာလဲ” နားကပ်ဝတ်ထားတဲ့လူက ပြောလိုက်သည်။

ဟူချင်လောင် က သူ့လက်ထဲရှိဝိုင်ကို ပါးစပ်ထဲလောင်းထည့်ပြီး “သူမမှာရည်းစားရှိတယ်” လို့ပြောလိုက်သည်။

မျက်မှန်တပ်ထားတဲ့အမျိုးသားက ပြုံးပြီး “ရည်းစားရှိတာလား? ငါဒီမှာမရှိလို့ မဟုတ်ရင် ငါအဲ့မိန်းကလေးကိုအပိုင်ချုပ်နိုင်တယ်!”

ဟူချင်လောင် က “ငါလဲအပိုင်ချုပ်နိုင်တာပေါ့၊ဒါပေမဲ့ငါမင်းတို့နဲ့တွေ့ဖို့ချိန်းထားတယ်လေ။ဒါကြောင့်ငါသူ့ကိုအပိုင်ချုပ်ဖ်ု့အချိန်မလောက်ခဲ့ဘူး”

နားကပ်တပ်ထားသောအမျိုးသားကဝိုင်ကို တစ်ငုံသောက်လိုက်ပြီး “ဒီအလှလေးကို ငါစိတ်ဝင်စားနေပြီ “ လို့ပြောလိုက်သည်။

“ဟားဟား၊ ငါလည်း စိတ်ဝင်စားတယ်! ငါတွေ့နိုင်မလားဆိုတာ စောင့်ကြည့်ဖို့ မနက်ဖြန် ဝိုက်ဟော့မိုနာကို သွားရအောင်” အင်္ကျီအစင်းဝတ်ထားတဲ့အမျိုးသားကလဲပြောလိုက်သည်။

“ဟုတ်တယ် ငါလည်း လိုက်မယ်” နားကပ်တပ်ထားတဲ့အမျိုးသားကလဲပြောလိုက်သည်။

…………

“ငါလည်း ငါးဖမ်းမိပြီ!”

မနီးမဝေးတွင် ရုတ်တရက် အော်သံတစ်ခု ထွက်ပေါ်လာသည်။

ဟူချင်လောင်နှင့် အခြားသူများ အားလုံးသည် အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

ရွက်လှေကြီးတစ်စင်းသည် မဝေးသောနေရာတွင် ပေါ်လာသည်ကို ၎င်းတို့ တွေ့လိုက်ကြသည်။

ဒါကတော့လင်းဖန်နှင့် အခြားသူတို့ရှိနေသောအမ်ဂျေ ရွက်လှေပင်ဖြစ်သည်။

နောက်အခိုက်အတန့်……

ဟူချင်လောင်သည်ရုတ်တရက်ထရပ်လိုက်ပြီး သူ့မျက်လုံးတွေက အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကို စိုက်ကြည့်ပြီး “ဒါသူမပဲ!”ပြောလိုက်လေသည်။

သူပြောတဲ့သူကသဘာဝအတိုင်းချမ်ရီရီပင် ဖြစ်သည်။

All Chapters