မစ္စတာလင်းနှင့် တွေ့ဆုံခြင်း
Vol. 33 Ch. 487
သူ့ဘေးရှိ ဆံပင်အနီရောင်ဆိုးထားသော အမျိုးသားက “အမ်ဂျေအပျော်စီးသင်္ဘောလား။ ဒီသင်္ဘောဟာ ဝမ်လီမိသားစုရဲ့ သင်္ဘောဖြစ်ပုံရတယ် ဟုတ်တယ်မလား”
“ဘာလို့လဲ၊ သူတို့ကို သိတာလား ဟူချင်လောင်”
ဟူချင်လောင်က လက်ညှိုးကို မြှောက်လိုက်ပြီး “အဖြူရောင်ဝတ်စုံဝတ်ထားတဲ့သူက ငါပြောနေတဲ့ အလှလေးပဲ”
“အိုး?”
လူတိုင်းကဒါကိုကြားတော့ ဟူချင်လောင် ညွှန်ပြသည့်နေရာကိုကြည့်လိုက်ကြလေသည်။
ခဏအကြာတွင်သူတို့အားလုံးရဲ့မျက်လုံးတွေဟာချက်ချင်းတောက်ပသွားလေသည်။
နားကပ်တပ်ထားသောလူက စိတ်လှုပ်ရှားစွာနဲ့ “အလှလေး အတူတူသောက်ရအောင်!”
စကားပြောနေစဉ်တွင် သူသည် လက်တေးဝိုင်ကို သူ့လက်ထဲတွင် တမင်တကာ မြှောက်လိုက်သည်။
မျက်မှန်တပ်ထားတဲ့အမျိုးသားကလဲ၎င်း၏ Patek Philippe(နာရီ)ဝတ်ထားသောလက်ကိုမြှောက်ရင်းချမ်ရီရီ အား ဝှေ့ယမ်းပြကာ “အလှလေး သူငယ်ချင်းလုပ်ကြရအောင်” ဟု အော်ပြောလိုက်သည်။
ဆံပင် အနီရောင်ဆိုးထားတဲ့အမျိုးသားက “အလှလေး၊ ရွက်လှေကို ကြိုက်လား? ငါတို့ရဲ့ ဟူရာ ရွက်လှေက ပိုကြီး၊ ပိုဇိမ်ခံပြီး ပိုသက်တောင့်သက်သာရှိတယ်။ မင်း လာပြီးအပန်းဖြေလို့ရတယ်”
သူတို့ သုံးယောက် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်နေချိန်မှာတော့ သူတို့ရဲ့ ဝိုင်တွေ၊ နာရီတွေ၊ ရွက်လှေတွေကို ထုံးစံအတိုင်း ကြွားပြနေကြလေသည်။
ဟူချင်လောင်က “ဘယ်လိုလဲ လှတယ်မဟုတ်လား”
နားကပ်တပ်ထားတဲ့လူနှင့်တစ်ခြားလူတွေက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ကြသည်။
လင်းဖန်သည် ထိုအသံကိုကြားပြီးနောက် လှည့်ကြည့်လိုက်သည်။
ဟူချင်လောင် နှင့် အခြားသူများဖြစ်သည်ကို သူမြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဟူချင်လောင်သည်ချမ်ရီရီနှင့် စကားပြောဆိုရန် စတင်လုပ်ဆောင်ခဲ့သည်ကိုတွေ့သော်လည်းလင်းဖန် က ဒါကိုလျစ်လျူရှုခဲ့သည်။
ဒုတိယ အကြိမ်တွင်လည်းလင်းဖန်က လျစ်လျူရှုလိုက်သေးသည်။
အခု တတိယအကြိမ်ဖြစ်သည်။
ထို့အပြင်၊ သူတို့ဆိုလိုရင်းအရ ချမ်ရီရီ ကို ပစ္စည်းတစ်ခုလို့ထင်နေပုံရသည်။ဒါကသူ့ကိုအလွန်ဒေါသထွက်စေသည်။
လင်းဖန်က အေးစက်စွာပြောလိုက်သည် “ မင်းတို့အားလုံး ငါ့ရှေ့မှာ ဒူးထောက်ပြီး ကိုယ့်ကိုကိုယ် ပါး 10 ကြိမ် ရိုက်လိုက်ပါ။ဒါဆိုရင် မင်းတို့ပြောတာကို လျစ်လျူရှုပေးလို့ရတယ်”
ဟူချင်လောင် နှင့် အခြားသူများမှာ တခဏတာ အံ့အားသင့်သွားကြသည်။
ထို့နောက် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသလိုပင်၊ သူတို့အားလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြလေတော့သည်။
“ဟားဟား၊ ငါ ဘာကွားလိုကျတာလဲ။”
“ငါတို့ကိုဒူးထောက်ပြီး ကိုယ့်ပါးကိုကိုယ် 10 ကြိမ်ရိုက်ခိုင်းတာလား”
“ငါရီရလို့သေတော့မယ်!”
...
သိရန်သူတို့လေးယောက်သည်ချမ်းသာကြွယ်ဝပြီး အရှိန်အဝါကြီးကြီးမားမားတွေကိုပိုင်ဆိုင်ထားလေသည်။
ထို့ကြောင့်ကလေးဘဝကနေ အရွယ်ရောက်ပြီးတဲ့အထိ တခြားသူတွေကိုသာသူတို့ကအနိုင်ကျင့်ဖူးလေသည်။
ခြိမ်းခြောက်ခံရတာမျိုးတစ်ခါမှ မခံရဖူးပေ။
ထို့ကြောင့်သူတို့ရယ်ကြတာလဲမဆန်းပေ။
ခဏကြာတော့ နားကပ်တပ်ထားတဲ့အမျိုးသား ရယ်ကာ “ကောင်လေး၊ မင်းပြောတဲ့အတိုင်း မင်းကို ငါပြန်ပြောမယ်။ အခု မင်း ဒူးထောက်ပြီးကိုယ့်ကို၁၀ ခါ ပါးရိုက်လိုက်ပါ။ ဒါဆိုရင်မင်းပြောတာကို လျစ်လျူရှုဖို့ စဉ်းစားပေးမယ်”
“မှန်တယ်!” အင်္ကျီအစင်းဝတ်ထားတဲ့သူကဝင်ထောက်ခံလေသည်။
ဆံပင်အနီရောက်ဆိုးထားသောအမျိုးသားက “ပါး10 ကြိမ်မဟုတ်ဘူးအကြိမ်100 ရိုက်ပါ”
ဟူချင်လောင်က “ဒူးထောက်ပြီး အကြိမ် 100 တောင်းပန်ပါ”
...
အခုအချိန်တွင်။
မနီးမဝေး ပင်လယ်ပြင်တွင် ရွက်လှေကြီးတစ်စင်း ရှိလေသည်။
ရှမ်ပိန်သောက်ရင်း သက်လတ်ပိုင်းအရွယ် အမျိုးသားအချို့သည် စကားပြောနေကြသည်။
ငွေရောင်မျက်မှန်တပ်ထားတဲ့အမျိုးသားက “ကလေးတွေကို ပညာပေးတဲ့အခါ တစ်ခါတလေ သူတို့ကို အရမ်းအတင်းအကြပ် မလုပ်သင့်ဘူး” လို့ ပြောလိုက်သည်။
“ငါ့သားက ဂိမ်းဆော့ရတာ ကြိုက်တယ်။ နောက်ပိုင်းမှာ သူက ငါ့ဆီကနေ မုန့်ဖိုး သန်း 500 ယူပြီး ဂိမ်းအဖွဲ့တစ်ဖွဲ့ကို စလုပ်ခဲ့တယ်”
“အဲ့တုန်းကငါ့ကပိုက်ဆံတွေအားလုံးကို ရေထဲပစ်ချလိုက်တယ်လို့ထင်ခဲ့တယ်။ မထင်မှတ်ထားတာကသူ့ရဲ့ဂိမ်းအဖွဲ့သည့မနှစ်က ချန်ပီယံဆုရရှိခဲ့ပြီး အသင်းတန်ဖိုးကို တိုက်ရိုက်နှစ်ဆတိုးစေခဲ့တယ်။”
သူ့ဘေးက အမျိုးသားကလဲ ခေါင်းညိတ်ပြီး “ ကျွန်တော့်သားလဲ တိုက်ရိုက် ထုတ်လွှင့်မှုတွေကို ကြည့်ရတာ နှစ်သက်ပြီး အဲဒီ့ အင်တာနက် နာမည်ကြီးတွေကို နေ့တိုင်း သန်းဆယ်ဂဏန်းလောက်ဆုချတယ်လေ”
“အဲဒါကို တွေးကြည့်တော့ ငါက ဖြုန်းတီးတဲ့ သားတစ်ယောက် မွေးခဲ့တယ်လို့ထင်ခဲ့တယ်’’
“မထင်ထားတာကဒီကလေးက အင်တာနက်နာမည်ကြီးတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ဖို့ ဆုငွေကို အမှန်တကယ်အသုံးပြုခဲ့တယ်ဆိုတာပဲ။ နောက်ပိုင်းမှာ သူ့ရဲ့ကိုယ်ပိုင် တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို ဖွင့်လှစ်ခဲ့ပြီး အခုတော့ လူသိရှင်ကြားပြသဖို့ ကိုအဆင်သင့်ဖြစ်နေပြီ။”
အားလုံးက သူတို့သားဖြစ်သူတွေအကြောင်းအချင်းချင်း ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် ကတုံးကေနှင့်အမျိုးသားက ရွှေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားကိုလေးစားသောလေသံဖြင့် “မစ္စတာ ဟေ မင်းကဂျေဗီ ဥက္ကဌ...နဲ့ ကုမ္ပဏီကြီး တော်တော်များများရဲ့ ဥက္ကဌတွေနဲ့အတူ တရုတ်ပြည်ကို အတူတူသွားခဲ့ကြတယ်ဆို။”
ဤစကားထွက်လာသည်နှင့် တပြိုင်နက်ကျန်သူများအားလုံးကမစ္စတာဟေဆိုသောသူကိုကြည့်နေလိုက်ကြသည်။
မစ္စတာဟေ၏ စိတ်ထဲတွင် လူငယ်တစ်ယောက်၏ ပုံသဏ္ဍာန် တဖြည်းဖြည်း ထွက်ပေါ်လာသည်။
လင်းဖန်။
လင်းဖန်ကိုတွေးရင်း မစ္စတာဟေ၏မျက်နှာပေါ်တွင် လေးစားမှုတစ်ခု ပေါ်လာသည်။
ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး တစ်ခုခုပြောဖို့ ပြင်လိုက်သည်။
နောက်အခိုက်အတန့်တွင် မစ္စတာဟေသည်ဆတ်ခနဲ မတ်တတ်ထသည်။
အဘယ်ကြောင့်ဆိုသော် မနီးမဝေးတွင် ရွက်လှေနှစ်စင်းကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။
ထို့အပြင်လင်းဖန်သည် အမှန်တကယ်ပင် ရွက်လှေတစ်စင်းပေါ်တွင် ရပ်နေခဲ့သည်။
ချင်ဟိုမန်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်။
မစ္စတာဟေ က ခေါင်းငုံ့ပြီး အလွန်လေးစားသော လေသံဖြင့် “မစ္စတာလင်းကို တွေ့ရတာဝမ်းသာပါတယ်”
ဒါကိုကြားတော့ကျန်လူများအားလုံးအံ့သြ သွားကြသည်။
မစ္စတာဟေပြောတဲ့ဘက်ကို ကြည့်လိုက်တော့အသက် 20 အရွယ် လူငယ်တယောက် ဖြစ်တာကို တွေ့လိုက်ရသည်။ထိုအခါသူတို့ နှလုံးခုန်တာမြန်လာလေသည်။
သိရန်…
မစ္စတာဟေသည် စန်းဂရု ၏ ဥက္ကဌ ဖြစ်သည်။
အဲဒါက သူတို့ သဘောကျအောင်ကြိုးစားနေတဲ့ ဖြစ်တည်မှုပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် စန်းဂရု သည် ကမ္ဘာ့ထိပ်တန်း 500 တွင် ပါဝင်သောစူပါကုမ္ပဏီကြီးတစ်ခုဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် အခုမစ္စတာ ဟေသည် လူငယ်တစ်ဦးကို ရိုသေသောလေသံဖြင့် နှုတ်ဆက်နေတာလား။
ဒီလူငယ်က ဘယ်သူလဲ။ !