တောင်းပန်ခြင်း
Vol. 33 Ch. 488
ပြင်ပလူများ၏အမြင်တွင် မစ္စတာဟေ သည် စန်းဂရု၏ ဥက္ကဌဖြစ်ပြီး ဂျေဗီဥက္က...တို့နဲ့လဲအဖွဲ့တူနေလေသည်။
ဒီလူတွေဟာ သူတို့ခြေထောက်ကို တစ်ချက်ဆောင့်လိုက်တာနဲ့ တချို့နိုင်ငံတွေတောင်မှသူတို့ကြောင့်တုန်လှုပ်သွားမည်ဖြစ်သည်။
သို့သော်၊ မစ္စတာဟေ၊ဂျေဗီဥက္ကဌ နှင့် အခြားသူများသာ သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးသည်ချင်ဟိုမန် ကပေးထားသည်ဟု နားလည်သည်။
ချင်ဟိုမန် က သူတို့ကိုဒီအနေအထားထိရောက်အောင် အလွယ်တကူ ပေးနိုင်သည်။
တစ်ချိန်တည်းမှာပင်၊သူတို့ပိုင်ဆိုင်သမျှကိုလည်းအလွယ်တကူဖယ်ရှားနိုင်သည်။
လင်းဖန်သည် ချင်ဟိုမန်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သောကြောင့်မစ္စတာဟေသည် အဘယ်ကြောင့် လင်းဖန်ကိုမလေးစားပဲနေမည်နည်း။
ကတုံးကေရှိအမျိုးသားနှင့်တစ်ခြားသူများသည်လင်းဖန်ကမည်သူဖြစ်သည်ကိုသူတို့မသိကြပေ။
သို့သော်လည်း သူတို့ကခေါင်းငုံ့ပြီး “နှုတ်ဆက်ပါတယ် မစ္စတာလင်း။”
လင်းဖန်သည် သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ကာ မစ္စတာ ဍ နှင့် အခြားသူများကိုအလေးအနက်မထားပဲကြည့်လိုက်လေသည်။
ထိုအချိန်ဟူချင်လောင်နှင့်အခြားလူများက ဇိမ်ခံရွက်လှေပေါ်တွင် ရပ်နေသောအမျိုးသားများကို အော်ပြောလိုက်သည်။
“ဖေဖေ!”
“ဖေဖေ!”
“ဖေဖေ၊ ဘာလို့ဒီမှာရှိနေတာလဲ”
“ဖေဖေ!”
ကတုံးကေအမျိုးသားနှင့် အခြားသူများလည်း ထိုစကားကိုကြားပြီး ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။
ထိုမှသာ သူ့တို့သားတွေလဲရှိနေသည်ကိုတွေ့လိုက်ရသည်။
ဒါကိုတွေ့တော့သူတို့စိတ်တွေလှုပ်ရှားလို့လာလေသည်။
ငါ့သားစီးတဲ့ ရွက်လှေက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မစ္စတာလင်းရှိတယ်။
ဖြစ်နိုင်မလား...
သူတို့ကတစ်ယောက်ကိုတစ်ယောကိသိကြတာလား
ဒါကိုတွေးပြီး ကတုံးကေနဲ့လူက “မစ္စတာလင်း၊ မင်းငါ့သားကို သိဖို့ ငါမမျှော်လင့်ထားဘူး။ ဒါက တကယ်ကို အံ့သြစရာပဲ”
ငွေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားက လဲ “မင်းကိုသိရတာ ငါ့သားအတွက် ဂုဏ်ယူစရာပဲ” လို့ပြောလိုက်သည်။
“ငါ့သား... မစ္စတာလင်းက ဂိမ်းတွေကို စိတ်ဝင်စားတာ ဖြစ်နိုင်မလား”
လူတိုင်းသည် လင်ဖန်းနှင့် ဆက်ဆံရေးနီးကပ်လာစေရန် သားဖြစ်သူကို အသုံးချကာ ပြောချင်ရာပြောနေလေတော့သည်။
လင်းဖန်ကိုမစ္စတာဟေကပင် လေးလေးစားစားဆက်ဆံသင့်သော တည်ရှိမှုတစ်ခုဖြစ်သည်။
လင်းဖန်က မစ္စတာဟေတို့ကို တစ်ချက်ကြည့်လိုက်ပြီး “သိတာလား?ဒါကို အသိအကျွမ်းလို့ ယူဆလို့ရတယ်” လို့ပြောလိုက်သည်။
“သူတို့အားလုံးက ငါ့ကောင်မလေးကို လာပြိးကြောင်နေတယ်။နောက်ပြီးငါ့ကိုမြေပြင်ပေါ် ဒူးထောက်ပြီး အကြိမ် ၁၀၀ လောက် ကိုယ့်ပါးကိုရိုက်ခိုင်းနေတယ်’’
ကတုံးကေရှိအမျိုးသားနှင့် အခြားသူများဒါကိုကြားသောအခါ သူတို့၏နှလုံးသားများသည် ရုတ်တရက် မြင်အကောင်းတစ်သောင်းခြောက်ထောင်ပြေးတာထက်ပိုပြီးခုန်သွားလေသည်။
မစ္စတာဟေ...လေးလေးစားစား ဆက်ဆံတဲ့ လူငယ်လေးရဲ့ ရည်းစားကို ဖော်ကြောင်တာလား။
ပြီးတော့မြေကြီးပေါ်တွင် ဒူးထောက်ပြီး ကိုယ့်ကိုပါး အကြိမ် 100 ရိုက်ခိုင်းတာလား။
ဒါ…
သူတို့သည်ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်တာနဲ့မစ္စတာဟေသည်သူတို့ကိုအလွန်အေးစက်သော မျက်လုံးတစ်စုံဖြင့် သူတို့ကိုစိုက်ကြည့်နေသည်ကိုမြင်လိုက်လေသည်။
ဒါကိုတွေ့သောအခါသူတို့ အရမ်း ထိတ်လန့် တုန်လှုပ်ပြီး သွားကြလေသည်။
မစ္စတာစေအေးစက်စွာပြောလိုက်သည် - “အခုချိန်ကစပြီး ငါတို့ရဲ့ စန်းဂရု က မင်းတျု့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး!”
“ပြီးတော့မင်းတို့အားလုံးနောက်ဆက်တွဲအပြစ်ဒဏ်ကိုလဲခံရဖို့အသင့်ပြင်ထား!”
ကတုံးကေအမျိုးသားနှင့်တစ်ခြားလူများအားလုံး၏မျက်နှာသည်ဖြူဖျော့သွားကြသည်။
သူတို့ကုမ္ပဏီ၏ လုပ်ငန်းတစ်ဝက်နီးပါးသည် စန်းဂရု မှဖြစ်သည်။
အခုစန်းဂရုကသူတို့နဲ့အတူအလုပ်မလုပ်တော့ဘူးဆိုတော့အကျိုးဆက်တွေကမတွေးရဲစရာပင်ဖြစ်သည်။
ထို့အပြင် ၎င်းတို့အား စန်းဂရုဥက္ကဌကအပြစ်ပေးမည်ကိုလဲခံရမည်ဖြစ်သည်။
သူတို့ရဲ့ အနာဂတ်ဟာ ဘယ်လောက်တောင် စိတ်ဆင်းရဲစရာ ဖြစ်မလဲဆိုတာ တွေးကြည့်လို့တောင်ရလေသည်။
ကတုံးကေနဲ့အမျိုးသားက ပထမဆုံးတုံ့ပြန်ပြီး သူ့သား ဆံပင်နီနီဆိုးထားသောသူကို “ခွေးကောင်၊ မင်းဘာလို့ ဒူးထောက်ပြီး မစ္စတာလင်းကို မတောင်းပန်သေးတာလဲ။”
“ဖေဖေ၊ ကျွန်တော်...” ဆံပင်အနီရောင်ဆိုးထားသောလူကစကားကိုထစ်ငေါ့စွာပြောလိုက်သည်။
သူ့သားက ချက်ချင်း မတောင်းပန်တာကို တွေ့လိုက်ရတော့ ကတုံးနဲ့လူက ဒေါသထွက်သွားပြန်သည်။
သူက ရွက်လှေရဲ့ ကပ္ပတိန်ကို “ကျေးဇူးပြုပြီး ဟိုရွက်လှေနားကပ်ပေးပါ!”
ထို့နောက်ကတုံးအမျိုးသားကလင်းဖန်အား’’မစ္စတာလင်းငါ့အသားအစားငါပဲတောင်းပန်ပါတယ်’’ဟုပြောလိုက်လေသည်။ထို့သို့ပြောပြီးတာနဲ့တစ်ခြားသူများကလဲလိုက်ပြောလိုက်ကြသည်။
“မစ္စတာလင်းကို တောင်းပန်ပါတယ်!”
“တောင်းပန်ပါတယ်!”
ထို့နောက် သူတို့အားလုံး ဇိမ်ခံရွက်လှေ၏ ကုန်းပတ်ပေါ်သို့ ခုန်ဆင်းကာ သားဖြစ်သူဆီသို့ ဒေါသတကြီး လျှောက်သွားကြသည်။
“ဖတ့်!”
“ဖတ့်!”
ကတုံးကေအမျိုးသားနှင့်တစ်ခြားသူများသည်သူတို့သားကိုရိုက်လိုက်ကြလေသည်။
ဒီရိုက်ချက်တွေက သူတို့၏သားဖြစ်သူတွေကို ထိတ်လန့်စေသည်။
များမကြာမီ သူတို့သား၏မျက်နှာများ နီရဲလာပြီး ရောင်လာလေသည်။
ကတုံးကေအမျိုးသားနှင့်တစ်ခြားသူများသည် လင်းဖန်ကို ကြည့်လိုက်ကြသည်။
သို့သော် လင်းဖန်သည် သူတို့ကိုရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိသည်ကိုသူတို့မြင်လိုက်ကြသည်။
ထို့ကြောင့်သူတို့သားတွေကို ထပ်ပြီးအော်ပြောလိုက်ကြသည်။
“ဒူးထောက်စမ်း”
“ မြန်မြန်..ဒူးထောက်!”
“မင်း ဒူးထောက်ပြီး ချက်ချင်းတောင်းပန်လိုက်!”
“မြန်မြန်!”
ဟူချင်လောင်နှင့်တစ်ခြားလူများသည်သူတို့အဖေ၏အမူအရာများကိုကြည့်ကာလင်းဖန်သည်သူတို့စော်ကား၍မရသောဖြစ်တည်မှုဆိုတာကိုနားလည်လိုက်လေသည်။၊
ထို့ကြောင့် သူတို့အားလုံးသည်မြေပြင်ပေါ်တွင် ဒူးထောက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် “ တောင်းပန်ပါတယ်၊ ငါက ကန်းနေလို့မင်းကိုအဲ့လိုပြောမိတာပါ..”
“ငါလဲတောင်းပန်ပါတယ်...”
“ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပါ...”
“တောင်းပန်ပါတယ်…”
လင်းဖန် က “ငါပြောခဲ့တာကို မင်းတို့မှတ်မိသေးလား”
ဟူချင်လောင်နှင့်တစ်ခြားသူများသည်လင်းဖန်ပြောသည်ကိုပြန်ကြားယောင်လိုက်သည်။
‘မင်းတို့အားလုံး ငါ့ရှေ့မှာ ဒူးထောက်ပြီး ကိုယ့်ပါးကို၁၀ ကြိမ်ရိုက်မယ်ဆိုမင်းတို့ပြောခဲ့တာတွေကို လျစ်လျူရှုပေးဖို့ ငါစဉ်းစားနိုင်တယ်။ ‘
ဟူချင်လောင်နှင့် အခြားသူတို့၏ မျက်နှာများသည် အလွန်နီရဲပြီး ရောင်ရမ်းနေသော်လည်း သူတျု့လက်ကို မြှောက်ကာ မတုံ့ဆိုင်းဘဲ ကိုယ့်ပါးကိုရိုက်လိုက်ကြလေသည်။
“ဖတ့်”
“ဖတ့်!”
ကျယ်လောင်သော ပါးရိုက်သံများထွက်လာလေသည်။
မကြာမီ ပါးရိုက်ချက် ၁၀ ချက် ပြီးသွားသည်။
သို့သော်လင်းဖန်က ဘာမှမပြောသေးပေ။
ထို့ကြောင့်ဟူချင်လောင်နှင့်တခြားသူတွေက သူတျု့ကိုယ်ပါးကိုဂိုက်တာကိုမရပ်ရဲကပေ။
“ဖတ့်”
“ဖတ့်!”
အချိန်ကြာလာသည်နှင့်အမျှဟူချင်လောင် နှင့် အခြားသူများသည် ပါးစပ်ထောင့်မှ သွေးများထွက်လာပြီး မျက်နှာတစ်ခုလုံးသည် ဝက်ခေါင်းအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကြသည်။
ဒီမြင်ကွင်းကိုမြင်တော့ကတုံးကေနှင့်အမျိုးသားနှင့်တစ်ခြားသူများသည်အတော်စိတ်မကောင်းဖြစ်သွားကြလေသည်။
နောက်ဆုံးတော့ ဒါကသူ့တို့သားတွေပဲမဟုတ်ပါလား။
သို့သော်လည်း သူတို့သည်လင်းဖန်ကိုဘာမှမပြောရဲကြပေ။
ဟူချင်လောင် နဲ့ တခြားသူများသည်ကိုယ့်ပါးကိုအကြိမ် 100 လောက် ရိုက်ပြီးနောက်လင်းဖန် က “ဒါဆိုလုံလောက်ပြီ”
လင်းဖန်၏ စိတ်ကူးသည် အလွန်ရိုးရှင်းသည်။
ယခုအချိန်တွင်ဟူချင်လောင်နှင့် အခြားသူများ၏ မျက်နှာများသည် ဝက်ခေါင်းများ ကဲ့သို့ဖြစ်နေလေသည်။
လင်းဖန်က “နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေချင်ဘူး”
ကတုံးကေနှင့်တစ်ခြားသူများသည်သူတို့သားအစား “စိတ်ချပါ၊နောက်တစ်ခါဒီလိုမျိုး ထပ်မဖြစ်စေရဘူးလို့ ကတိပေးတယ်။’’
လင်းဖန်ကဒါကို ကဂရုမစိုက်ဘဲ မစ္စတာဟေးကို ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။
ထို့နောက် အမ်ဂျေရွက်လှေကပ္ပတိန်အား “ရွက်လွှင့်ကြရအောင်!”
“ဗွမ်း!”
ကျယ်လောင်သောအသံကြောင့် အမ်ဂျေရွက်လှေသည် ရှေ့သို့ထပ်မံသွားလိုက်လေသည်။