ပြန်တွေ့ခြင်း
Vol. 33 Ch. 489
တစ်နာရီခန့် မောင်းနှင်ပြီးနောက် အမ်ဂျေ ရွက်လှေသည် လင်းဖန်၏ တောင်းဆိုမှုကြောင့် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
ဟန်စီဒီဝန်ထမ်းများအားလုံးသည်တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ငါးမျှားတံကိုတစ်ဖန်ပြန်ကောက်ကာငါးမျှားခြင်းစတင်တော့သည်။
သို့သော်လည်းနေရာရှိ လေထုသည် အစပိုင်းကဲ့သို့ တက်ကြွမှုမရှိတော့ပေ။
ချမ်ရီရီသည်လင်းဖန်ကိုတောက်ပသောမျက်လုံးတစ်စုံဖြင့်ကြည့်နေလေသည်။
ခဏအကြာတွင် ချမ်ရီရီ က “လင်းဖန်၊ခုနကသူက ဘယ်သူတွေလဲ။”
လင်းဖန်က ခေါင်းခါလိုက်ပြီး “ရွှေရောင်မျက်မှန်တပ်ထားတဲ့သူက ဟေးရှောင်လို့ခေါ်တယ်၊ သူက စန်းဂရု ရဲ့ ဥက္ကဌဖြစ်တယ်ဆိုတာ ပဲငါသိတယ်”
“စန်း အဖွဲ့?” ချမ်ရီရီအနည်းငယ် လန့်သွားပြီး “ဒါက ကမ္ဘာ့အဆင့်ထိန်းတန်း 500ဝင်တဲ့အဖွဲ့မဟုတ်ဘူးလား...”
လင်းဖန်က ခေါင်းညိတ်ကာ “ဟုတ်တယ်” ဟုပြောသည်။
တိတ်ဆိတ်!
အမ်ဂျေ ရွက်လှေတစ်စင်းလုံး တိတ်ဆိတ်သွားလေသည်။
လင်းဖန်သည် ပိုင်ဆိုင်မှုများစွာနှင့် ကြွယ်ဝချမ်းသာကြောင်း အားလုံးသိကြသည်။
ရှဂို လေကြောင်းလိုင်း၏ အကြီးဆုံးရှယ်ယာရှင်၊ ဝိုက်ဟော့မိုနာ ၏ အကြီးဆုံးရှယ်ယာရှင် စသည်တို့ဖြစ်သည်။
သို့သော် လင်းဖန်၏စကားကြောင့် သူတို့သည်မနေနိုင်ပဲတုန်လှုပ်ခြောက်ခြားသွားကြသည်။
အဲဒါ စန်းဂရုရဲ့ ဥက္ကဌဖြစ်လေသည်။
စန်းဂရုရဲ့စျေးကွက်တန်ဖိုးသည် တစ်ထရီလီယံနီးပါးရှိသည်။
အဆုံးတွင် ထိုစန်းဂရုဥက္ကဌသည် လင်းဖန်အား ခေါင်းငုံပြီးနှုတ်ဆက်ခဲ့သည်။
ဒါ…
ဒါ…
လင်းဖန် က ဒါကိုသိပ်ဂရုမစိုက်ဘဲ ငါးကင်ကို တစ်ချက်ကြည့်လိုက်ပြီး “အရင်စားရအောင်” လို့ပြောလိုက်သည်။
ထိုအခညမှဟန်စီဒီဝန်ထမ်းများအားလုံးသည်သတိပြန်ဝင်လာကြလေသည်။
လင်းဖန် ကဝိုင်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး “ငါတို့ မော်လ်ဒိုက်မှာ ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးကြရအောင်..ချီးယားစ်!”
“ချီးယားစ်” ဟန်စီဒီဝန်ထမ်းများကလဲလိုက်ပြောလိုက်ကြသည်။
ဝိုင်တစ်ဖန်ခွက်သောက်ပြီးနောက် အခင်းဖြစ်ပွားရာနေရာ၏ လေထုသည် ပြန်လည်အသက်ဝင်လာသည်။
လင်းဖန်၊ချမ်ရီရီနှင့် ဟန်စီဒီဝန်ထမ်းများသည် ဝိုက်ဟော့မိုနာတွင် ရက်အနည်းငယ်နေပြီးနောက် ၎င်းတို့အား ဂရင်းကRolls-Royce(ကား)ဖြင့်လေဆိပ်သို့လိုက်ပို့ပေးလေသည်။
လင်းဖန်သည်ဟွာရီကျန်းပေ့ သို့ရောက်ရှိလာချိန်မှာမွန်းလွဲပိုင်းဖြစ်နေပြီဖြစ်သည်။
လင်းဖန်သည် Cullinan(ကား)မောင်းရင်း သူ့သူ့အာရုံကိုတစ်စုံတစ်ခုကဖမ်းစားသွားလေသည်။ဘာလို့ဆိုသူကစုနမ်ကိုတွေ့လိုက်ရလို့ပင်ဖြစ်သည်။
ပြောရရင် သူမကို မတွေ့တာကြာပြီဖြစ်လေသည်။
လင်းဖန်သည် စတီယာတိုင်ကို လှည့်ကာ လမ်းဘေးရှိ ကားပါကင်နေရာတွင် Cullinan (ကား)ကို ရပ်လိုက်သည်။
ထို့နောက်သူသည်သူမဆီသို့ လျှောက်လာခဲ့သည်။
လင်းဖန်သည် နှုတ်ဆက်ခါနီးတွင်စုနမ်က တစ်ခုခုကို ခံစားလိုက်ရသလိုမျိုး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။
နောက်အခိုက်အတန့်…
သူမ၏ လှပသော မျက်နှာသည်အပြုံးများနှင့်ပြည့်နှက်သွားကာ”လင်းဖန်!”ဟုခေည်လိုက်လေသည်။
“အသီးအရွက်ဝယ်ဖို့သွားတာလား” လင်းဖန်က သူ့မလက်ထဲရှိ အသီးအရွက်တွေကို ကြည့်ပြီး မေးလိုက်သည်။
စကားပြောနေစဉ်တွင် အသီး၊အရွက်များကို ကူသယ်ပေးလိုက်သည်။
“ဟုတ်တယ်!” စုနမ်က ခေါင်းညိတ်သည်။
ထို့နောက်သာမကအလျှင်အမြန် နောက်ပြန်လှည့်ပြီး “အိတ်က ညစ်ပတ်နေတယ်၊ ငါပဲသယ်သွားလိုက်မယ်” လို့ ပြောသည်။
လင်းဖန်သည် အိတ်ပေါ်ရှိ ရွှံ့များကို ပထမဆုံးထိပြီး “လက်ကလဲညစ်ပတ်နေပြီမို့ အရေးမကြီးတော့ဘူး” ဟု ပြုံးပြုံးကြီး ပြောလိုက်သည်။
ထိုအချိန်တွင် မနီးမဝေးတွင် ခြေသံများ ထွက်ပေါ်လာသည်။
အမျိုးသမီးတစ်ဦးသည်အမျိုးသားတစ်ယောက်၏လက်မောင်းကိုချိတ်ရင်းလျှောက်လာလေသည်။
အမျိုးသမီးသည် စုနမိ ကိုမြင်ပြီးနောက်တွင် သူမ၏အမူအရာအနည်းငယ်ပြောင်းသွားပြီး “ဟမ်၊ စုနမ်?”
စုနမ်သည် သူမနာမည်ခေါ်သံကိုကြားသောအခါတချက်ကြည့်လိုက်သည်။
သို့သော်လည်း သူမ၏ လှပသော မျက်နှာပေါ်တွင် သံသယစိတ်များ ရှိနေကာ၊ “မင်းက?”
အမျိုးသမီးက ပြုံးပြီးပြောလိုက်သည်။ “နှစ်အနည်းငယ်လောက်မတွေ့ရတာနဲ့နင်ငါ့ကိုမမှတ်မိတော့ဘူးလား။ငါကဝမ်လိန်ဖန်လေ”
စုနမ်၏ လှပသောမျက်နှာပေါ်တွင်အံ့အားသင့်သောအရိပ်အမြွက်ပေါ်လာသည်။
သူမနှင့် ဝမ်လိန်ဖန် တို့သည် အမှန်တကယ်ပင်ကောလိပ်အတန်းဖော်များဖြစ်သည်။
သို့သော် သူမ၏မှတ်ဉာဏ်ထဲတွင် ဝမ်လိန်ဖန်၏မျက်နှာသည်အဲ့လောက်ကြည့်မကောင်းပေ။
အခုသူမ၏မျက်နှာသည်အလွန်ကြည့်လို့ကောင်းနေလေသည်။
ခဏအကြာတွင် စုနမိ က “တောင်းပန်ပါတယ်၊ ငါ မင်းကို မမှတ်မိလိုက်ဘူး” လို့ တောင်းပန်လိုက်သည်။
“ရပါတယ်၊ အဆင်ပြေပါတယ်။” ဝမ်လိန်ဖန်က သူမလက်ကို ဝှေ့ယမ်းပြီး “စုနမ် မင်း တက္ကသိုလ် ဘွဲ့ရပြီးကတည်းက ကျန်ပေ့ မှာ နေနေတာလား။ ဘယ်လို အလုပ်မျိုး လုပ်နေတာလဲ”
စုနမ်က “ငါအရင်ကသန့်ရှင်းရေးလုပ်နေပေမဲ့အခုတော့အိမ်မှာအဖွားနဲ့ ညီမကို ပြုစုနေတယ်”
ဝမ်လိန်ဖန်သည် သန့်ရှင်းရေးဟူသော စကားကို ကြားသောအခါ အကျယ်ကြီးရယ်လိုက်ချင်သည်။
ဒါက သန့်ရှင်းရေးမဟုတ်ဘူးလား။
စုနမ်၊ မင်းအရင်က အတန်းထဲမှာပန်းတစ်ပွင့် မဟုတ်ဘူးလား။
ကျောင်းသားတွေကြား အရမ်းရေပန်းစားတာ မဟုတ်ဘူးလား။
အခု ဘာလဲ?
သန့်ရှင်းရေးအလုပ်လုပ်နေတာလား။
သို့သော်လည်း ဝမ်လိန်ဖန်က “ဒါဆို ဒီလိုပေါ့” ဟု တုံ့ပြန်ခဲ့သည်။
ထို့နောက် သူ့ဘေးတွင်ရပ်နေသော လင်းဖန်ကို သူမ သတိပြုမိသွားပုံရပြီး “ဒါဘယ်သူလဲ”
“ကျွန်တော်ကစုနမ် ရဲ့ ချစ်သူ လင်းဖန် ပါ။” ဟု လင်းဖန်ကပြောလိုက်လေသည်။
ဝမ်လိန်ဖန်သည်မယုံနိုင်သောကြောင့်လင်းဖန်လင်းဖန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ဘာလို့ဆိုလင်းဖန်ကအလွန်ချောနေသောကြောင့်ဖြစ်သည်။ထို့နောက်သူမ၏မျက်နှာပေါ်တွင်မနာလိုသောအမူအရာတစ်ခုပေါ်လာလေသည်။
သို့သော် လင်းဖန်၏လက်ထဲရှိ ဟင်းသီးဟင်းရွက်များကို မြင်လိုက်ရသောအခါတွင်တော့ မထီမဲ့မြင်ပြုသည့်အမူအရာဖြင့်လက်းဖန်ကိုကြည့်လိုက်သည်။
သူမစိတ်ထဲတွင်’’ ရုပ်ချောတော့လဲဘာလုပ်လို့ရမှာလဲ။ရုပ်ချောတာကစားလို့ရလို့လား’’ ဟူ၍ပင်ဖြစ်သည်။
ဝမ်လိန်ဖန်က “ဒါဆို မင်းက စုနမ် ရဲ့ ချစ်သူပေါ့။စကားမစပ်၊ ဒါက ငါ့ရည်းစား ကျင်းတန်လေ”
ကျင်းတန် က “အားလုံးပဲ မင်္ဂလာပါ လိန်ဖန်နဲ့ ငါတို့ကဒီစနေနေ့မှာ လက်ထပ်တော့မှာမို့လို့ မင်းတို့လာခဲ့ကြပါ။”
ဝမ်လိန်ဖန်ကပြုံးရင်း “ရီကယ်ဟိုတယ် ကို မင်းတို့ကြားဖူးလား ငါမသိဘူး။မသိလဲရတယ်။ငါပြောပြမယ် ရီကယ်ဟိုတယ်က ကျန့်ပေ့ ရဲ့ အထင်ကရ အဆောက်အဦးတစ်ခုဖြစ်ပြီးအခမ်းနားဆုံး ဟိုတယ်လဲဖြစ်သည်။ဒါကြောင့်ရီကယ်ဟိုတယ်ကိုရှာရတာ အရမ်းလွယ်တယ်!”
“တကယ်တန်းရီကယ်ဟိုတယ်ကိုမတွေ့ရင် လမ်းမှာ တက္ကစီစီးပြီး အဲဒီကို တိုက်ရိုက်သွားလို့ရတယ်။”
“စုနမ် လင်းဖန် မင်းတို့လာရမယ်နော်”
အပေါ်ယံမှာတော့ သူမကအလွန်သဘောကောင်းစွာပြောပြနေသည်။
တကယ်တော့ သူမလက်ထပ်မဲ့နေရာက ဘယ်လောက်ဇိမ်ကျကျလဲဆိုတာကို ရှင်းပြနေတာပင်ဖြစ်သည်။
စုနမ်က ချက်ချင်းပြန်မဖြေဘဲ သူ့ဘေးမှာရပ်နေတဲ့ လင်းဖန်ကို ကြည့်လိုက်သည်။
သူမကတော့အဲဒီကိုအချိန်မရွေးသွားနိုင်သည်။
သို့သော် လင်းဖန်ကတော့အချိန်ရှိမရှိ သူမမသိပေ။
လင်းဖန်က ပြုံးပြီးပြောလိုက်သည်။”ဒါက ကိစ္စမရှိပါဘူး၊ အဲဒါ စနေနေ့မလား ငါအဲ့နေ့လာခဲ့မယ်”
စုနမ်သည်ထိုစကားများကိုကြားသောအခါအလွန်ပျော်သွားလေသည်။ဘာလို့ဆိုလင်းဖန်ကို စနေနေ့မှာပြန်တွေ့နိုင်လို့ပင်ဖြစ်သည်။
ထို့နောက်စုနမ်ကလည်း“ငါတို့ အဲဒီကို လာခဲ့မယ်။”လို့ပြောလိုက်သည်။
ဒါကိုကြားတော့ဝမ်လိန်ဖန် က ခေါင်းညိတ်ပြီး “ကောင်းပြီ၊ ဒါဆို ငါတို့ မင်းတို့ကိုစောင့်နေမယ်နော်!”
ထိုအချိန်တွင် သူမအိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းက အနည်းငယ် တုန်ခါသွားသည်။
သူမ ဖုန်းကို ငုံ့ကြည့်ကာ “ငါ လုပ်စရာတွေ ရှိသေးလို့သွားလိုက်အုံးမယ်’’
စကားပြောပြီးသောအခါ သူမသည် ကျင်းတန်၏လက်ကိုဆွဲကာ ရှေ့သို့လျှောက်သွားလေသည်။