← Chapters

သူ သူမကိုကယ်လိုက်တယ်

Vol. 87 Ch. 1207

သူ သူမကိုကယ်လိုက်တယ်

Vol. 87 Ch. 1207

ရှီမာယူယူသည် ခန္ဓာကိုယ်ထဲမှ နာကျင်မှုကိုခံစားရချိန်တွင် ပျော်ရွှင်မှု နှင့် စိတ်လှုပ်ရှားမှု နှစ်ခုလုံးကိုခံစားရလေသည်။

သူမ အကာအကွယ်ပျက်စီးသွားသည်ကို ရှင်းလင်းစွာ မှတ်မိသည်။ ပြီးတော့ သူမက လေဟာပြင်အပြိုအပျက်တွေကြားကျသွားတာလေ ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ။

ရင်းနှီးနေတဲ့ အနံ့တစ်ခု…

သူမသည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်ရာ ဝူလင်းယူ၏ ရင်းနှီးသော မျက်နှာကိုမြင်ရလေသည်။

“အစ်ကို”

သူမ ပြောလိုက်သည်နှင့် လည်ချောင်းမှ ခြောက်သွေ့မှုနှင့် ရင်ဘတ်ထဲ မှ နာကျင်မှုကိုခံစားရလေသည်။

သူက ဝိညာဉ်စေတီထဲမှာမဟတု်ဘူးလား။ ဒီမှာဘာလို့ထွက်လာတာ လဲ။

“စကားမပြောနဲ့ မင်းလည်ချောင်းက မသက်သာသေးဘူး ထပ်ပြီး ဒဏ်ရာရမယ်ဆိုရင် အရင်လိုပြန်ဖြစ်နိုင်မှာမဟုတ်ဘူး” ဝူလင်းယူသည် သူမ နှုတ်ခမ်းပေါ်လက်ချောင်းတင်ပြီး စကားမပြောရန်ပြောလေသည်။

“ဒီမှာဘာလုပ်နေတာလဲ” သူမသည် ဆိုလိုချင်သည့်အဓိပ္ပာယ်ရောက် ရန် မျက်လုံးများကို အသုံးပြုခဲ့သည်။

“မင်း သတိမေ့နေတုန်းကို ဝိညာဉ်လေးကိုထုတ်ခိုင်းလိုက်တာ” ဝူလင်းယူ ပြောလိုက်သည် “မင်းက သူ့သခင်ဆိုပေမဲ့ ကိုယ့်စကားကို နားထောင်သေးတယ် အထူးသဖြင့် ဒီလိုအခြေအနေမှာ သူ ကိုယ့်ကိုထုတ် ပေးတယ်လေ”

“ညီမ လေဟာပြင်ထဲမှာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး အပြင်ရောက် နေတာလဲ” သူမ မျက်လုံးကိုသုံးပြီး စကားပြောပြန်သည်။

“သေချာပေါက် ကိုယ်ပဲခေါ်ထုတ်လာတာပေါ့” ဝူလင်းယူသည် သူလုပ် ခဲ့သည်ကို များများစားစားမတွေးဘဲ တိုးညင်းစွာပြောလေသည်။

ရှီမာယူယူသည် သူ့ကို ကြီးမားသော မျက်လုံးများဖြင့်ကြည့်လိုက်သည်။ ထိုမျက်လုံးများသည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

“အစ်ကို ပြန်ကောင်းလာပြီလား”

သူသည် သူမ မျက်လုံးထဲမှ ပျော်ရွှင်မှုကို မြင်သောအခါ သူမ ခေါင်းကို ပုတ်ပြီး ပြောလိုက်သည် “ကိုယ် သက်သာနေပါပြီ နည်းနည်းလိုသေးတယ်ဆို ပေမဲ့ မင်းကို အဲဒီကနေထုတ်ဖို့ကိုတော့ ပြဿနာမဖြစ်ပါဘူး”

သူ ပြန်ကောင်းလာပြီ ကောင်းလိုက်တာ။

“အဲဒါကို ဘာလို့ စောစောမပြောတာလဲ” ရှီမာယူယူသည် နှုတ်ခမ်း တွန့်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

“ကိုယ် ကျင့်ကြံနေတာလေ ထွက်လာတော့ မင်းဒုက္ခရောက်နေတာကို တွေ့လိုက်တာပဲ” ဝူလင်းယူ ရှင်းပြလေသည် “ကောင်းပြီ မင်းအခုမှနိုးလာ တာ ဘာမှမစဉ်းစားနဲ့တော့ အနားယူလိုက်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် ခန္ဓာကိုယ်လှုပ်မရနိုင်ကာ မည်သည့်နေရာရောက်နေသည်ကိုလည်း မသိနိုင်ပေ။ သူမ သိသည်မှာ သူမ သည် ဝူလင်းယူပြင်ပေးထားသော တဲထဲတွင် ရောက်နေသည်ဟူ၍ပင်။

သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ သူမ အိပ်မပျော်ခင်တွင် သူမ ဤနေရာသို့လာကတည်းကပင် ထိခိုက်ထားသည်ကို သိလိုက်ရသည်။

သည်တစ်ကြိမ်တွင် သူမသည် သုံးရက်သုံးညအိပ်သွားလေသည်။ ထိုအချိန်အတွင်းတွင် ဝူလင်းယူသည် ဘာမှမလုပ်ပေ။ သူသည် ထိုနေရာတွင် နေပြီး စောင့်ကြည့်ရုံသာကြည့်ခဲ့သည်။ သူသည် သူမ အိပိပျော်သည်ကို ကြည့်ပြီး အချိန်ကုန်သွားသည်ကိုပင် မသိလိုက်ပေ။

သူမ မျက်လုံးပြန်ပွင့်လာသည့်အချိန်တွင် သူသည် နဂိုပုံစံအတိုင်းရှိနေ သည်ကို တွေ့လိုက်ရသည်။ သူမ မတတ်သာဘဲ မေးလိုက်ရသည် “အစ်ကို တစ်ချိန်လုံး ဒီအတိုင်းပဲရှိနေတာတော့ မဟုတ်ဘူးမလား”

“အချိန်ဘယ်လိုကုန်သွားလဲဆိုတဲ့ အဓိပ္ပာယ်ကဘာပြောလဲဆိုတာ အခုမှပဲသိတော့တယ် ကိုယ် မျက်တောင်နည်းနည်းပဲ ခပ်ရသေးတယ် မင်းနိုး လာပြီ” ဝူလင်းယူ ပြောလိုက်သည်။

“ညီမ ဘယ်လောက်အိပ်လိုက်တာလဲ” ရှီမာယူယူ မေးလိုက်သည်။

သူမအသံသည် နည်းနည်းကြမ်းရှရှဖြစ်သော်လည်း အရင်ကကဲ့သို့ ကွဲအက်မနေတော့ပေ။

“သိပ်မကြာပါဘူး သုံးရက်နဲ့သုံးညထဲပါ” ဝူလင်းယူ ပြောလိုက်သည် “နေလို့ပိုကောင်းလာပြီလား”

“အများကြီး ကောင်းလာပြီ အခုလှုပ်ရှားနိုင်ပြီ နာတော့နာသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “အရင်ကထက်တော့ အများကြီးပိုကောင်းလာပြီ အစ်ကို ညီမကိုဆွဲထုတ်လာလို့ဖြစ်မယ်”

“မင်း အရင်ကနဲ့မတူတော့ဘူး” ဝူလင်းယူ ပြောလေသည် “ပြီးခဲ့တဲ့ တစ် ခေါက်ကနဲ့ယှဉ်ရင် အများကြီးအရွယ်ရောက်လာပြီ”

ထိုစဉ်က သူမသည် သူတော်စင်အဆင့်သို့တက်စဖြစ်ခဲ့သည်။ သူမသည် ဘာမှမဟုတ်သေးပေ။ သူမ ခန္ဓာကိုယ်သည် အခုချိန်လောက် မသန်မာသေးကာ ကိုယ်ပိုင်နယ်မြေပင်မရှိသေးပေ။ အရာရာတိုင်းတွင် ဆိုးဝါးခဲ့သည်။

“အဲတုန်းက ပြန်ကောင်းဖို့အချိန်ကြာခဲ့တယ် ဒီတစ်ခေါက်တော့ ပိုကောင်းဖို့ မျှော်လင့်ထားတာပဲ ပြီးတော့ မြန်မြန်ပဲပြန်ကောင်းလာလို့ တော် သေးတယ်” သူမသည် လက်များကိုလှုပ်ရှားလိုက်သည်။ လှုပ်ရှားရန် ခက်ခဲ နေဆဲဖြစ်ကာ သူမ ခန္ဓာကိုယ်နာကျင်လာသဖြင့် လက်လျော့လိုက်သည်။

“ဒီလောက်နဲ့ပဲ ကျေနပ်တော့လေ မင်းလိုအခြေအနေအတိုင်း ဖြတ်သန်းပြီးရင် လူတွေဘယ်လောက်တောင် အမှိုက်ဖြစ်သွားလဲသိလား” ဝူလင်းယူသည် ရေတစ်ကရားနှင့် အဝတ်စတစ်ခုကို ယူလိုက်သည်။

“ဟူး လူဆိုတာ ဘယ်တော့မှ မရောင့်ရဲသင့်ဘူး ကောင်းတာတစ်ခုခုရှိ လာပြီဆိုရင် ပိုပြီးကောင်းတာလိုချင်ပြန်တယ်” ရှီမာယူယူ သက်ပြင်းချလေ သည် “ဟုတ်သားပဲ လေဟာပြင်ဘာလို့ကွဲသွားတာလဲဆိုတာ အစ်ကိုသိလား”

“ဘာဖြစ်ဦးမှာလဲ ဝိညာဉ်စံတင်ကျွမ်းကျင်သူနှစ်ယောက် တိုက်ခိုက်လို့ မဟုတ်ဘူးလား” ဝူလင်းယူသည် သူမ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ရန်ကို သာ အာရုံစိုက်ထားသည်။

“ဒါဆိုရင် အဲဒါက ဘယ်သူလဲဆိုတာသိလား ကျွမ်းကျင်သူတချို့တိုက် ခိုက်နေတာကို ခံစားမိတယ် တစ်ခုခုများဖြစ်လို့လား” ရှီမာယူယူ မေးလိုက် သည်။

“မသိဘူးလေ” ဝူလင်းယူ ပြောလေသည် “အဲဒါတွေကို ဂရုစိုက်မနေစမ်း ပါနဲ့ ကိုယ်မင်းကိုပဲ ဂရုစိုက်တယ် အပြင်ကိုသွားပြီး ကြည့်ဖို့အချိန်မရှိဘူး”

“….”

“မင်း ပြန်ကောင်းလာတာနဲ့ အပြင်ကိုသွားပြီးကြည့်လို့ရတာပဲ” ဝူလင်းယူ ပြောလိုက်သည်။

“ဒါဆိုရင် ဘယ်လောက်စောင့်ရဦးမှာလဲ” သူမသည် အတွေးတစ်ချက် တွေးကာ နီရဲပျားတစ်အုပ်ကိုလွှတ်လိုက်သည်။ သူမသည် သူတို့ကိုအပြင် လွှတ်ကာ အခြေအနေအား စစ်ကြည့်ခိုင်းလိုက်သည်။

သူမ ခန္ဓာကိုယ်အားဖြည့်နေစဉ်တွင် နီရဲပျားများသည် အဝေးသို့ပျံသွား လေသည်။ သူတို့သည် သတင်းတချို့သိလာပြီး ပြန်လာလေသည်။

သူမ သတင်းများကြားလိုက်ရသောအခါ ရှီမာယူယူ မျက်နှာပျက်သွား လေသည်။

ဝူလင်းယူသည် သူမ မျက်နှာပြောင်းသွားသည်ကို မြင်သောအခါ မေး လိုက်သည် “သတင်းတစ်ခုခုများရလို့လား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီနားမှာအဖွဲ့တစ်ဖွဲ့ရှိနေ တယ် အဲတော့ ပျားတွေလည်းနည်းနည်းသိလာတယ်”

“မင်းပုံစံကြည့်ရတာ သတင်းဆိုးပဲဖြစ်လောက်တယ်” ဝူလင်းယူ ပြော လိုက်သည်။

“အပြင်ကလူတွေဝင်လာတယ်” ရှီမာယူယူ ပြောလိုက်သည်။

ဝူလင်းယူ မှင်တက်သွားသည်။ “အပြင်လူတွေက ဘယ်လိုလုပ်ဝင်လာ တာလဲ”

“မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ခုနတုန်းက ချင်ယိကိုမေးလိုက် တယ် ဒါပေမဲ့ အဲလိုမျိုး အရင်ကမဖြစ်ဖူးဘူးတဲ့”

အမှန်ပင်။ ထိုသည်မှာ ထာဝရရှင်သန်သူနယ်မြေပွင့်သည့် ပထမဆုံး အကြိမ်ဖြစ်ကာ အရင်က တစ်ခါမှမဖြစ်ဖူးပေ။

“အပြင်လူတွေ… ဝင်လာတဲ့လူတွေက ကိုယ်တို့ထက် ပိုအားကောင်း လောက်တယ်” ဝူလင်းယူ ခန့်မှန်းလေသည်။

“ဘယ်လိုလုပ်သိတာလဲ”

“မင်းပဲပြောတာလေ”

ရှီမာယူယူသည် မျက်တောင်ခတ်လိုက်သည်။ “ဘယ်တုန်းက ပြောတာ လဲ”

“အပြင်မှာ စံတင်ကျွမ်းကျင်အဆင့်တွေအများကြီး တိုက်ခိုက်နေတယ် လို့ အစောပိုင်းကပဲပြောနေတယ်လေ ဒါပေမဲ့ ဒီတိုင်းပြည်မှာက စံတင်ကျွမ်းကျင်သူ အများကြီးမှမရှိတာ.. ဒီလောက်လူအများကြီးဝင်လာတာ တဲ့အပြင် ကျွမ်းကျင်သူတွေဖြစ်နိုင်တယ်လေ” ဝူလင်းယူ ခွဲခြမ်းစိပ်ဖြာလေ သည်။

“ဉာဏ်ကောင်းတယ်” ရှီမာယူယူသည် သူ့ကိုချီးကျူးပြီးနောက် သက်ပြင်းချလိုက်သည် “သူတို့က သန်မာတယ် ဆိုလိုတာက ညီမတို့လူတွေ ပြဿနာတက်နေပြီပဲ”

“အဲလူတွေဝင်လာပြီးရင်တော့ ဒီကပစ္စည်းတွေကို ကိုယ်တို့လူတွေယူပြီး ပြီလို့ သူတို့တွေးမှာပဲ အဲလူတွေကသေချာပေါက် လုယူကြမှာပဲ” ဝူလင်းယူ ပြောလိုက်သည် “ရှေးတုန်းက မတော်တဆတွေ့ဆုံမှုကို ဘယ်သူကများ တောင့်ခံနိုင်မှာလဲ အဲလိုတွေ့ဆုံမှုကြောင့် ဒီမှာအသက်တွေ ဘယ်လောက် တောင် ဆုံးရှုံးလိုက်ရပြီလဲ လူသေမှာကတော့ ပုံမှန်ပဲ”

“တခြားသူတွေကို ဂရုမစိုက်ပါဘူး ဒါပေမဲ့ ဖန်နဲ့ တခြားသူတွေကို စိတ်ပူတယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့သာ အဲလူတွေနဲ့တွေ့ရင် ခုခံခွင့်တောင်ပေးမှာမဟုတ်ဘူး”

သူတို့သာ ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူများကို တွေ့ပါက တစ်ဖက် လူသည် သူမနောက်ကွယ်မှ အင်အားကို ထည့်စဉ်းစားမည်။ သို့သော် အပြင်လူများသည် စဉ်းစားမည်မဟုတ်ပေ။ သူမတွင် ငှက်ဘုရင်ရှိသည် မရှိသည်ကို ဂရုစိုက်မည်မဟုတ်သလို ထာဝရရှင်သန်သူနယ်မြေကိုထွက်ခွာ ပြီးနောက် မည်သူမှရှာတွေ့မည်မဟုတ်ပေ။

သူမ စဉ်းစားလေလေ ပိုပြီးစိုးရိမ်လေဖြစ်သည်။

“အဲလိုဆိုမှတော့ မင်းဒဏ်ရာပြန်ကောင်းတာနဲ့ သူတို့ကိုရှာကြတာပေါ့” ဝူလင်းယူ ပြောလိုက်သည်။

သူသည် သူမနှင့် နှစ်ယောက်တည်း အမှန်တကယ်ရှိလိုသော်လည်း သူမ စိုးရိမ်နေသည်ကိုမြင်သောအခါ မနေနိုင်ပေ။

“အင်း သူတို့အဆင်ပြေဖို့ မျှော်လင့်ရတာပဲ” ရှီမာယူယူ ပြောလိုက် သည်။

“ကောင်းပြီ အခုတော့ ဘာမှမစဉ်းစားနဲ့တော့ သေချာပဲ ကုသနော် အဲလိုမှ မြန်မြန်သက်သာပြီး သူတို့ကိုရှာလို့ရမှာ” ဝူလင်းယူ ပြောလိုက်သည်။

“အဲလို မဖြစ်နိုင်မှာ ကြောက်တာ” ရှီမာယူယူ ပြောလိုက်သည်။ “အဲဒီ ယင်ကောင်တွေကို မသတ်ခင် ကောင်းကောင်းအနားယူလို့မရမှာ စိုးရိမ်တယ်”

***

All Chapters