← Chapters

ရိုးရှင်းတာလား

Vol. 33 Ch. 490

ရိုးရှင်းတာလား

Vol. 33 Ch. 490

လင်ဖန်းသည် ဟင်းသီးဟင်းရွက်ကို သယ်ဆောင်ရင်းလမ်းတစ်လျှောက်လုံးစုနမ်နှင့်စကားစမြည်ပြောနေလေသည်။

တံခါးဖွင့်ခါနီးတွင်အထဲတွင်လဲလျောင်းနေသောအဝါရောင်ခွေးကြီးသည်ရုတ်တရက်ထဟောင်လေသည်။

“ဝုတ် ဝုတ် ဝုတ်”

“ဝုတ် ဝုတ် ဝုတ်?!”

“ဝုတ် ဝုတ် ဝုတ်?!”

တံခါးဖွင့်လိုက်တာနဲ့ အဝါရောင်ခွေးကြီးဟာအပြင်သို့ပြေးထွက်လာခဲ့သည်။စုနမ်ကိုတွေ့ပြီးအဝါရောင်ခွေးသည်စုနမ်ကိုအမြီးနှံ့ပျံ့လေသည်။

သမူ့ဘေးတွင်ရပ်နေသော လင်းဖန်ကိုမောင်းထုတ်လိုသည့်အတိုင်း “ဝုတ် ဝုတ် ဝုာတ်” ဟောင်သံပေးရင်း စိုက်ကြည့်နေသည်။

စုနမ်က “ဝူ၊ လင်းဖန်ကိုအဲ့လိုမဟောင်ရဘူး လေ”

သို့သော်လည်း ဝူသည်လင်းဖန်ကိုမောင်းထုတ်လိုသောရည်ရွယ်ချက်ဖြင့်ဆက်ဟောင်နေလေသည်။

လင်းဖန်က ပြုံးပြီး “ဝူ၊ မင်း ငါ့ကို မှတ်မိသေးလား။ ငါက မင်းရဲ့သခင်မငယ်လေးရဲ့ ချစ်သူလေ။မင်းရဲ့မွေးနေ့ကို တောင်ကျင်းပပေးသေးတယ်လေ!”

လင်းဖန်၏စကားကိုကြားပြီးနောက်တွင် အဝါရောင်ခွေးကြီးသည် ဟောင်တာရပ်သွားလေသည်။

ခွေးမျက်နှာပေါ်တွငိအနည်းငယ် မှင်တက်ငေါအမူအရာပေါ်လာလေသည်။

အဘယ်ကြောင့်ဆိုသော် လင်းဖန်၏ စကားကို ဝူလုံးလုံးနားလည်သောကြောင့်ပင်ဖြစ်သည်။

ခဏအကြာတွင် အဝါရောင်ခွေးကြီးဝူသည် နောက်ထပ်ဟောင်လိုက်လေသည်။

“မင်းကရော ခွေးလား”(ဒါခွေးလေးဝူပြောတဲ့ဟာပါ)

လင်းဖန်၏ ပါးစပ်ထောင့် အနည်းငယ် လှုပ်ယမ်းသွားကာဒီစကားကိုမကြားသလိုမျိုးပြုမူလိုက်လေသည်။

သို့သော်…အဝါရောင်ခွေးကြီးသည် လင်းဖန်ကို ထပ်မံဟောင်ပြန်သည်။

“ဝုတ်!”

“မင်းတကယ်ခွေးလား”

“မဟုတ်ဘူးလား?”

လင်းဖန်:...

အခန်းထဲရှိ အဖွားသည်အသံကြားသောကြောင့် ဖြည်းညှင်းစွာ ထွက်လာပြီး “လင်းဖန် မင်းလာတာလား”

“ဟုတ်တယ်၊အဖွားကအရင်ကထက်တောင်ပိုကြည့်ကောင်းလာတယ်။ဆံပင်အမဲတွေတောင်ပေါက်လာတာပဲ” လို့ လင်းဖန်က ဆိုလိုက်သည်။

လင်းဖန်သည် ဤစကားကို ပေါ့ပေါ့ဆဆ မပြောခဲ့ပေ။

သူ့တွင် ဆေးဘုရင် အတွေ့အကြုံ ရှိသောကြောင့် အဖွား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် ပြောပြနိုင်သည်။

ဒီနေ့ အဖွားသည်တကယ်ကို ကျန်းမာရေးကောင်းမွန်နေလေငည်။

အဖွားက ပြုံးပြီးပြောလိုက်သည်။”မင်းပို့ပေးတဲ့ လက်ဖက်ရည်ကိုပဲကျေးဇူးတင်ရမှာပဲ။ဒီလက်ဖက်ရည် တစ်ခါသောက်ပြီးတာနဲ့အရမ်းသက်သောင့်သက်သာရာရသွားတယ်....’’ လို့ ပြောလိုက်သည်။

ထို့နောက် လင်းဖန်သည် အဖွား နှင့် စုနမ်တို့ နှင့် စကားပြောနေလိုက်သည်။

နေဝင်ချိန်ရောက်သောအခါတွင်အရသာရှိသောအစားအစာများသည်စားပွဲပေါ်တွင်အပြည့်ဖြစ်နေလေသည်။

ထိုအချိန်တွင် စုရန်တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ပြီးသူမ၏ကျောပိုးအိတ်ကို ကိုင်ဆောင်ကာ ဝင်လာပြီး “အနံ့က အရမ်းမွှေးတာပဲ”

လင်းဖန်ကိုမြင်သောအခါ စုရန်သည်သူ့စီသို့ပြေးလာကာ “အစ်ကိုလင်း”ဟုနှုတ်ဆက်လိုက်လေသည်။

စုနမ်က “စုရန်၊ မင်းလက်ကိုအရင်ဆေးအုံး၊ပြီးမှ ထမင်းစားဖို့ပြင်ပါ။”

“ကောင်းပြီ!” စုရန်ကပြန်ဖြေလိုက်လေသည်။

အရင်တုန်းက အဖွား၊ စုနမ်နှင့်စုရန်ဆို့သည်လင်းဖန်နဲ့အတူထမင်းစားချင်နေတာကြာသည်။အခုအတူထမင်းစားရတော့သူတို့အားလုံးသည်ပျော်ရွှင်စွာထမင်းအတူတူစားကြလေသည်။

လင်းဖန်သည် ဝမ်ကျင်းဟန် တွင် ညကိုးနာရီအထိ နေခဲ့ပြီး Cullinan(ကား)ဖြင့်ပန်းလုံဗီလာသို့ မောင်းနှင်လာခဲ့သည်။

ရေချိုးပြီးနောက်ပျော့ပျောင်းသောကုတင်ထက်တွင်လှဲလျောင်းရင်း အိပ်ပျော်သွားလေသည်။

...

နောက်တစ်နေ့။

လင်းဖန်သည် မျက်လုံးကိုဖွင့်လိုက်သောအခါ နေသည်အရှေ့မှထွက်နှင့်နေလေပြီဖြစ်သည်။

သူ့သည်ဖုန်းကို ထုံးစံအတိုင်းဖွင့်လိုက်လေသည်။

“၀ နာရီ၊ တရုတ်ဘဏ်မှ ယွမ် ၃၇၈၉၃၂၀၀ ရရှိသည်။”

ထို့နောက် “ဆိုင်းအင်ဝင်မယ်” ဟု ပေါ့ပေါ့ဆဆ ပြောခဲ့သည်။

【ဒင်း! ဂုဏ်ပြုပါသည်၊ သင်သည် ယွမ် 10 သန်း ရရှိခဲ့သည်။ 】

ဒါကိုတွေ့တော့လင်းဖန်သည်ယွမ်၁၀သန်းကိုလျစ်လျူရှုလိုက်လေသည်။

ကုတင်ပေါ်တွင် ခဏနေပြီးနောက်သူသည်ရေချိုးလိုက်လေသည်။ထို့နောက်မနက်စာစားကာCullinan(ကား)ဖြင့်ကျန်ပေ့တက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။

ရိုင်မန်အစီရင်ခံစာ အစည်းအဝေးကို ကျင်းပပြီးနောက် လင်းဖန်သည် ကျောင်းသို့မလာသည်မှာရက်အတော်ကြာနေလေပြီဖြစ်သည်။လင်းဖန်ဒီလိုလုပ်ရသည်မှာသတင်းထောက်နှင့်အင်တာဗျူးသူများကိုရှောင်ရှားရန်ပင်ဖြစ်သည်။

လင်းဖန်သည် ကျန်ပေ့တက္ကသိုလ်သို့ ကားမောင်းလာသောအခါတွင်ဆိုင်းဘုတ်များကို မြင်လိုက်ရလေသည်။

“ရိုင်မန်ယူဆချက် ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တဲ့ ငါတို့ကျောင်းမှ ပါမောက္ခ လင်းဖန်ကို ဂုဏ်ပြုပါတယ်”

“ရိုင်မန်ယူဆချက်အားဖြေရှင်းပေးနိုင်တဲ့အတွက်ပရော်ဖက်ဆာ လင်းဖန်အား ဂုဏ်ပြုပါတယ်”။

...

လင်းဖန်သည် ဒါတွေကိုပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး အလေးအနက်မထားပေ။

ထို့နောက် သူသည်သူ၏ရုံးခန်းဆီသို့လျှောက်လာခဲ့သည်။

အခုအချိန်တွင်…

ရှောင်ပန်၊ရှောင်အန်း၊ဟော့ကျောက်ဝူနှင့်တစ်ခြားသူများသည် စားပွဲပေါ်ရှိသးတို့၏စာများကိုလေ့လာနေလေသည်။

“ညောင်!”

ထိုအချိန်တွင်၊ ဟော့ကျောက်ဝူ၏ပခုံးပေါ်တွင် လဲလျောင်းနေသော ကြောင် ရှောင်ဘိုင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

ထို့နောက် အမြန်ခုန်ဆင်းကာ လင်းဖန်၏ခြေဖဝါးဆီသို့သွားကာအဆက်မပြတ်ပွတ်တိုက်နေလိုက်သည်။

“ဆရာ၊ နောက်ဆုံးတော့ မင်းရောက်ပြီပဲ’’

“မင်းကိုအရမ်းလွမ်းနေတာ။”

“ဆရာ၊ ကျွန်တော်အတွက်အရသာရှိတာတစ်ခုခု ရနိုင်မလား”

လင်းဖန်သည် ကြောင်ရှောင်ဘိုင် ၏ခေါင်းကို အပြုံးဖြင့် ပွတ်လိုက်ကာ အရည်အသွေးမြင့် အမဲသားကြောင်စာအထုပ်တစ်ထုပ်ကို တိုက်ရိုက်ဆုတ်ဖြဲပြီး ၎င်း၏ရှေ့တွင် ထားပေးလိုက်သည်။

ဟော့ကျောက်ဝူသည် သူ့ပခုံးပေါ်မှ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရလေသည်။ထိုအခါသူသည်တစ်ခုခုကို ချက်ချင်း သဘောပေါက်သွားပြီး “ပရော်ဖက်ဆာ လင်း၊ မင်းရောက်လာပြီပဲ။။ မင်းခန်းမမှာဖြေရှင်းပေးခဲ့တဲ့ရိုင်မန်ယူဆချက်ကအရမ်းမိုက်တာပဲ!”

လင်းဖန်က ထူးထူးခြားခြား မေးတယ် “မင်း လဲလာကြည့်တာလား”

ထိုနေ့တွင် သူသည် ခန်းမထဲသို့ ဝင်သောအခါတွင်သူ့ကျောင်းသားများကိုရှာဖွေခဲ့ငည်။ကံဆိုးစွာနဲ့သူသည်တစ်ယောက်မှမတွေ့ခဲ့ပေ။

ဟော့ကျောက်ဝူ က “မဟုတ်ပါဘူး၊ ဒါပေမယ့် လူတော်တော်များများပြောနေတာကို ငါတို့ကြားတယ်လေ”

ထို့နောက် ဂျာနယ်တစ်စောင်ကို ကောက်ကိုင်လိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြောသည်- “ပါမောက္ခလင်း၊ ဒီဟာက “နှစ်စဉ်သင်္ချာ” ရဲ့ဂျာနယ်ပဲ...........ကျနော်တို့ကို ဒုတိယမြောက်နေရာမှာရေးတာက သိပ်မကောင်းဘူးမလား။ ?”သူသည််ဒီလိုသာပြောတာသူ့မျက်နှာတစ်ပြင်လုံးမှာ အပြုံးများဖြင့် ပြည့်နေသည်။

သိရန်…

“နှစ်စဉ်သင်္ချာ” သည် သင်္ချာဆိုင်ရာ ထိပ်တန်းဂျာနယ်ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် လူများ၏အမည်မည်မျှသည်ထိုထဲတွင်ပါလာနိုင်မည်နည်း။

သူတို့နှစ်ဦးကြား စကားပြောသံကို ကြားပြီးနောက် ရှောင်ပန်၊ရှောင်အန်းနှင့်အခြားသူများလည်း သူတို့ခေါင်းကို မော့ကာ မျက်နှာများတွင်လည်း စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။

လင်းဖန် က “ပြီးခဲ့တဲ့ အကြိမ်က မင်းတို့ပဲဒါကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား”

ဟော့ကျောက်ဝူက ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်”

“မင်းတို့ကြောင့်ငါရိုင်မန်ယူဆချက်ကိုဖြေရှင်းနိုင်ခဲ့တာ။ဒါကြောင့်မင်းတို့နာမည်ကိုဒုတိယနေရာမှာရေးတာကသင့်တော်ပါတယ်’’ဟုလင်းဖန်က ပြောသည်။

ဟော့ကျောက်ဝူသည် လင်းဖန် ၏စကားကိုကြားပြီးနောက် အနည်းငယ်ကြောင်သွားလေသည်။

အကြောင်းပြချက်ကဒီလောက်ရိုးရှင်းတာလား။

၎င်းသည် သင်္ချာသရဖူဟု လူသိများသော ရိုင်မန်ယူဆချက်နှင့် သက်ဆိုင်ပါသလား။

All Chapters