← Chapters

မင်္ဂလာဆောင်သို့ သွားခြင်း

Vol. 33 Ch. 492

မင်္ဂလာဆောင်သို့ သွားခြင်း

Vol. 33 Ch. 492

မျက်စိတစ်မှိတ်အတွင်းမှာပင် စနေနေ့သို့ရောက်လာလေသည်။

လင်းဖန်သည် နံနက်စာစားပြီးနောက်၊ Cullinan(ကား)ဖြင့်သည် ဝမ်ကျင်းဟန်သို့ မောင်းသွားခဲ့ဆလသည်။

အဘယ်ကြောင့်ဆိုသော် စုနမ်ရဲ့သူငယ်ချင်းမင်္ဂလာဆောင်ကိုသူမနဲ့အတူတက်မယ်ဟုပြောထားလို့ပင်ဖြစ်သည်။

ထိုအချိန်တွင်၊ စုနမ်သည် ဝမ်ကျင်းဟန် ဂိတ်ပေါက်တွင် မတ်ရပ်နေပြီဖြစ်သည်။

ယနေ့ စုနမ်သည် အပြာနုရောင် ဂါဝန်နှင့် အဖြူရောင် ဖိနပ်တစ်ရံကို ၀တ်ဆင်ထားလေသည်။သူမသည်နဂိုကတည်းကလှပြီးသာဖြစ်သည်။အခုဒီလိုပြင်ဆင်လိုက်တော့အရင်ကထပ်ပိုပြီးလှပသွားလေသည်။

ဂိတ်ပေါက်ဝက ဖြတ်သွားသူတိုင်းက သူမကို မငေးကြည့်ပဲမနေနိုင်ချေ။

စုနမ် သည် လမ်းသွားလမ်းလာများကို ဂရုမစိုက်ဘဲ သူမ၏ လှပသော မျက်လုံးများကအဝေးကိုသာမျှော်ကြည့်နေလေသည်။

Cullinan (ကား)ကိုမြင်သောအခါစုနမ်၏ လှပသော မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာလေသည်။

အဘယ်ကြောင်ဆိုသော်Cullinan(ကား)သည် လင်းဖန်ကားဖြစ်သည်ကိုသူမသိသောကြောင့်ပင်ဖြစ်သည်။

လင်းဖန်က ကားကို ဖြည်းညှင်းစွာ ရပ်လိုက်ပြီး “စုနမ် မင်း စောင့်နေတာ ကြာမေပြီလား” ဟု မေးလိုက်သည်။

စုနမ် က သူမခေါင်းကို ခါလိုက်ပြီး “ဒီကို ခဏအခုမှရောက်တာ” လို့ပြောလိုက်သည်။

လင်းဖန်သည် သူမ၏ နဖူးမှ စိမ့်ထွက်နေသော ချွေးခြေများကို တွေ့တော့မနေနိုင်ပဲသူက “မလိမ်တတ်ပဲ...လာလိမ်နေတယ်၊လာမြန်မြန်အထဲဝင်”

စုနမ်ကားထဲသို့ရောက်ပြီးနောက်အဲ့ယားကွန်းကိုဖွင့်ပေးလိုက်လေသည်။

ထို့နောက် အရှေ့သို့မောင်းထွက်သွားလေသည်။

...

ရီကယ်ဟိုတယ် သည် ကျန်ပေ့ရှိဇိမ်ခံဟိုတယ်ဖြစ်သည်။

ငွေအနည်းငယ်ရှိသောအချို့သူများသည် ဤနေရာတွင် ၎င်းတို့၏မင်္ဂလာပွဲကို ကျင်းပရန် ရွေးချယ်ကြလေသည်။

အဘယ်ကြောင့်ဆိုသော် ဤနည်းဖြင့်သာ သူဆို့၏ပိုင်ဆိုင်မှုကိုကြွားနိုင်မည်ဖြစ်ပြီးသူတို့လဲမျက်နှာရမည်ဖြစ်သောကြောင့်ဖြစ်သည်။

ဒီနေ့မှာတော့ ဝမ်လိန်ဖန် နဲ့ကျင်းတန်တို့ရဲ့ မင်္ဂလာပွဲကို ရီကယ်ဟိုတယ်မှာ ကျင်းပလေသည်။

ကျင်းတန်၏ဖခင် ကျင်းဆန် သည် ဝန်ထမ်းငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ရှိသော စက်ရုံတစ်ခုကိုဖွင့်ထားလေသည်။

ဒါကသူ့ကိုယ့်သူသူဌေးလို့ မှတ်ယူနိုင်လေ သည်။

သူသည်သူဌေးဖြစ်တာကြောင့်သူ့သားမင်္ဂလာဆောင်သောအခါခမ်းခမ်းနားနားဖြစ်အောင်သူသည် ရီကယ်ဟိုတယ်တွင် မင်္ဂလာဆောင်နိုင်ဖို့ ငွေများစွာ သုံးစွဲခဲ့ရသည်။

ထိုအချိန်တွင် ကျင်းဆန်သည် အနောက်တိုင်းဝတ်စုံကို ၀တ်ဆင်ထားပြီး ဝမ်လိန်ဖန် နှင့် ကျင်းတန်တို့နှင့်အတူ ရီကယ်ဟိုတယ် ၏ တတိယထပ်ရှိ ဧည့်ခန်းမဆောင်တွင် မတ်တပ်ရပ်ကာ မင်္ဂလာပွဲသို့ တက်ရောက်လာသော ဧည့်သည်အားလုံးကို ကြိုဆိုနေပါသည်။

“ဘော့စ့်, ဟ ဟ ဟ!မင်္ဂလာဆောင်ကနေ ကြိုဆိုပါတယ်!”

“မဘော့စ်ဟန်...ငါ့သားမင်္ဂလာပွဲကနေကြိုဆိုပါတယ်?”

“ ကျေးဇူးပြု၍ ကြွပါ!”

“မစ္စတာလျူ၊ လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဘော့စ့်ကျင်း ရဲ့သားက လက်ထပ်တယ်ဆိုတော့ ဒီလိုပျော်စရာကောင်းတဲ့ပွဲကို ဘယ်လိုလုပ်မလာပဲနေရမှာလဲ။ ဒါက ဘော့စ်ကျင်း ရဲ့ချွေးမ မဟုတ်လား။ သူမက အရမ်းလှတာပဲ!”

“ကျေးဇူးတင်ပါတယ် မစ္စတာလျူ မင်းရဲ့ ချီးကျူးစကားတွေအတွက်...”

တယောက်ပြီး တယောက် ရယ်မောရင်းစကားပြောနေကြလေသည်။

လင်းဖန်သည် Cullinan(ကား)ကိုကားရပ်နားရာပါကင်တွင်ရပ်ပြီးနောက် သူနှင့် စုနမ် သည် ဟိုတယ်ထဲသို့ လျှောက်သွားခဲ့သည်။

တတိယထပ်ရှိ ဧည့်ခန်းမဆောင် တံခါးဝသို့ ရောက်သောအခါ၊ ကျင်းဆန် က “မင်းက ဘယ်သူလဲ” လို့ မေးလိုက်လေသည်။

ဝမ်လိန်ဖန်ကအသံကြားတော့ချက်ချင်းလှည့်ကြည့်ကာ “ဖေဖေ၊ သူတို့က ကျွန်မရဲ့ အတန်းဖော်တွေပါ၊သူတို့ကို ကျွန်မပဲခေါ်သွားလိုက်ပါ့မယ်”

ကျင်းဆန်က ခေါင်းညိတ်ပြီး “ကောင်းပြီလေ’’ ဟုဆိုလိုက်သည်။

ထို့ကြောင့် ဝမ်လိန်ဖန် သည် လင်းဖန် နှင့် စုနမ်တို့ကို နောက်ဆုံးထိုင်ခုံဆီသို့ ဦးတည်လိုက်သည်။

“ချွင် ချွင် ချွင်။”

ဝမ်လိန်ဖန် လမ်းလျှောက်နေချိန်တွင် သူမ၏ကိုယ်ပေါ်ရှိ ရွှေလက်ကောက်များသည် အချင်းချင်း တိုက်မိကာ အသံများ ထွက်ပေါ်လာတလသည်။

“ဟူး...ရွှေလက်ကောက်တွေ အရမ်းများတာလဲမကောင်းဘူးပဲ။လမ်းလျှောက်ရင်တောင်တိုက်မိသံတွေမြည်နေတာကဆူညံလွန်းတယ်”

သူမသည်ဒီလိုသာပြောပေမယ့်သူမမျက်နှာမှာတော့ အပြုံးနှင့် ပြည့်နှက်နေသည်။

စုနမ် ၏ အတွေးများသည် လင်းဖန် ပေါ်တွင် သာရှိနေသောကြောင့်ဝမ်လိန်ဖန် ၏ စကားများကို လုံးဝ လေးလေးနက်နက် မစဉ်းစားခဲ့ပေ။

သူမသည်စာအိတ်အနီတစ်အိတ်ကို ထုတ်ပေးရင်း “နင်တို့လင်မယား အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေ “ ဟု ဆုတောင်းပေးလိုက်လေသည်။

ဝမ်လိန်ဖန်သည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် စာအိတ်အနီရောင်ကိုဖွင့်လိုက်ပြီး အတွင်းဘက်တွင်ရှိသောအနီရောင် ငွေစက္ကူ ၅ ရွက်ကို ထုတ်ယူလိုက်သည်။

“500 ယွမ်လား ဟီးဟီး၊ ဒီမှာထိုင်ပါ”

သူမသည် မထီမဲ့မြင် ပြုံးကာ နောက်ဆုံးနေရာတွင်လင်းဖန်နှင့် စုနမ်တို့ကိုကိုထိုင်ရန် စီစဉ်ပေးလေသည်။

ထိုအချိန်တွင် အဝင်ဝတွင် ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာလေသည်။

မစ္စကျန်း၊ မစ္စတာဆောင်း၊ မစ္စတာဝမ်၊ မစလျူတို့အားလုံးကတစ်ပြိုင်နက်တည်း’’... မင်းဘာလို့ ဒီကိုရောက်လာတာလဲ။”ဟုတအံ့သြပြောလိုက်လေသည်။

သူတို့အရမ်းအံ့သြသွားတာလဲမဆန်းပေ။

အဘယ်ကြောင့်ဆိုသော် အနောက်တိုင်းဝတ်စုံနှင့် သားရေဖိနပ်ဝတ်ထားသော အမျိုးသားနှစ်ဦးသည် သူတို့ရှေ့သို့ရောက်လာသောကြောင့်ဖြစ်သည်။

သူတို့နှစ်ယောက်သည်တစ်ခြားမဟုတ်ရှောင်ဝူလက်ကားစီးတီးဥက္ကဋ္ဌ ဇောင် နှင့် ရန်ရှီ ဥက္ကဋ္ဌ စုဇောင်ဖန်တို့ဖြစ်သည်။

ယမန်နှစ်က ရှောင်ဝူလက်ကားစီးတီးနှင့် ရန်ရှီဂရုတို့၏ စျေးကွက်တန်ဖိုးသည် 10 ဘီလီယံကျော်လွန်သွားခဲ့သည်။

ယနေ့တွင် အဆိုပါကုမ္ပဏီနှစ်ခုသည် ဟန်စီဒီ ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးတစ်ခုကို ထူထောင်ခဲ့သည်။

ယင်းက ရှောင်ဝူလက်ကားစီးတီးနှင့် ရန်ရှီဂရု ၏ အဆင့်အတန်းနှင့် စျေးကွက်တန်ဖိုးကို အလွန်တိုးတက်စေသည်။

ကျင်းဆန်၏မျက်လုံးများထဲတွင် ဇောင် နှင့် စုဇောင်ဖန် တို့သည် လုံးဝဘီလူးများပင်ဖြစ်လေသည်။

ဥက္ကဌဇောင် က “မစ္စတာ ကျင်းရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခမ်းအနားကို ငါတို့ မလာနိုင်ဘူးလား”

စုဇောင်ဖန် က ပြုံးပြီး “မစ္စတာကျင်း က ငါတို့ကို မကြိုဆိုဘူးလား?”

ကျင်းဆန်က “မဟုတ်တာ ကြိုဆိုတာပေါ့ ကြိုဆိုတာပေါ့....’’

ကျင်းဆန်သည် သူ့ကိုယ်သူ သူဌေးတစ်ဦးဟု ယူဆလေသည်။

သို့သော် သူသည် ဇောင်နှင့်စုဇောင်ဖန် တို့နှင့် တူညီသောအဆင့်တွင် မရှိဘူးဆိုတာကိုသူသိလေသည်။

ထို့ကြောင့် ကျင်းဆန်သည် ဥက္ကဌဇောင်နှင့်စုဇောင်ဖန်တို့ကိုသူသား၏မင်္ဂလာပွဲသို့ ဖိတ်ကြားဝံ့ခြင်းမရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော်သူ့မှာ အရည်အချင်းမရှိဘူးဆိုတာ နားလည်လို့ပင်ဖြစ်သည်။

တကယ်တော့...

ထိုအရာသည် အမှန်ပင်။

သူတို့ ဒီကိုလာရတဲ့အကြောင်းရင်းကတော့ လင်းဖန်မင်္ဂလာခန်းမထဲဝင်လိုက်သည်ကိုတွေ့လိုက်လို့ပင်ဖြစ်သည်။

...

ဝမ်လိန်ဖန်သည် လူအများအပြား ချက်ခြင်းရောက်လာသည်ကို မြင်လိုက်ရပြီး ကျင်းဆန်ကယဉ်ကျေးစွာဆက်ဆံနေသည်ကိုသတိထားမိလိုက်သည်။

“ခင်ပွန်း..အဲဒီလူတွေက ဘယ်သူတွေလဲ။’’ဟုမေးလိုက်လေသည်။

ကျင်းတန်က “မင်း ရန်ရှီဂရု ကို သွားလည်ရတာ မကြိုက်ဘူးလား ရှောင်ဝူ လက်ကားစီးတီးမှာ ပစ္စည်းတွေ ဝယ်ရတာ မကြိုက်ဘူး?”

“ပထမတစ်ယောက်ကတော့ ရန်ရှီဂရု ရဲ့ ဥက္ကဌ နဲ့ နောက်တစ်ယောက်ကရှောင်ဝူ လက်ကားစီးတီးရဲ့ ဥက္ကဌပဲ”

ဝမ်လိန်ဖန် သည် ထိုစကားကိုကြားသောအခါ သူမမျက်နှာပေါ်တွင် ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။

သူမကျင်းတန်နဲ့ လက်ထပ်ရတဲ့ အကြောင်းရင်းကတော့ သူ့မိသားစုမှာ စက်ရုံတစ်ခုရှိပြီး မိသားစုအခြေအနေကောင်းသောကြောင့်ဖြစ်သည်။

အခု ငါ့ရွေးချယ်မှုဟာ တကယ်မှန်တယ်လို့ ထင်ရတယ်!

ရန်ရှီဂရု၏ဥက္ကဌနှင့်ရှောင်ဝူ လက်ကားစီးတီးဥက္ကဌကပင် မင်္ဂလာပွဲကို လူကိုယ်တိုင်လာရောက်ခဲ့သည်။

သူတို့ကိုယ်ပိုင်စက်ရုံက ငါထင်ထားတာထက် ပိုကောင်းပုံပဲဟုတွေးလိုက်လေသည်။

ထိုအချိန်တွင် ကျင်းတန် က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “ ဧည့်သည် အရေအတွက်အရ ငါတို့ ထိုင်ခုံတွေ မလုံလောက်မှာကို ငါကြောက်တယ်”

All Chapters