စမ်းသပ်ပြီးခြင်း
Vol. 33 Ch. 493
ထိုင်ခုံမလုံလောက်တာလား။
ဒါကိုကြားတော့ ဝမ်လိန်ဖန် က အမြန်ပဲ
“စုနမ်၊လင်းဖန်၊ဒီနေရာကတစ်ခြားလူအတွက်ပဲ၊ငါကမေ့သွားတာ...”
“ဒီနေ့ မင်းတို့ဒီကိုမလာဘူးလို့ထင်ထားတာ။ဒါကြောင့်မင်းတို့ထိုင်ဖို့နေရာကိုငါမစီစဉ်ပေးထားမိဘူး”
“ဒါဆို ဘယ်လိုလဲ စုနမ် မင်းပေးတဲ့လက်ဖွဲ့ငွေကိုပြန်ပေးမယ်လေ၊ နောက်တစ်ခါ အခွင့်အရေးရရင် မင်းကို ညစာလိုက်ကျွေးမယ်လေ’’
သူမစကားပြီးသောအခါတွင် ယခင်ယွမ် 500 ကို စုနမ်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
ဝမ်လိန်ဖန်၏ မူလရည်ရွယ်ချက်မှာ သူမ၏ ခမ်းနားသော မင်္ဂလာပွဲကို ပြသရန်ဖြစ်သည်။
စုနမ်သည်သူမ မင်္ဂလာပွဲကိုမြင်လိုက်သောကြောင့်သူမလိုချင်တဲ့ပန်းတိုင်ကိုရောက်သွားပြီဖြစ်လေသည်။
အခု့ ထိုင်ခုံအလုံအလောက်မရှိတဲ့တွက် သူ့မမှာသူတို့ကိုခေါ်ထားစရာအကြောင်းမရှိတော့ပေ။
...
လင်းဖန်သည်ရွှေလက်ကောင်ကိစ္စမှာကတည်းကဝမ်လိန်ဖန်ကိုဒေါသထွက်နေတာဖြစ်သည်။အခုတော့သူမသည်လက်ဖွဲ့ကိုပြန်ပေးပြီးမောင်းထုတ်နေလေသည်။ဒါကလင်းဖန်ကိုအသည်းမခံနိုင်ဖြစ်စေလေသည်။
ထိုကြောင့်သူသည်မတ်တပ်ထရပ်ကာ “စုနမိ သွားကြစို့” ဟု ပြောလိုက်လေသည်။
လင်းဖန်ပြောသောစကားတိုင်းကိုစုနမ်ကအမြဲလိုက်နာလေသည်။
ထို့ကြောင့်ယခုအချိန်တွင်လင်းဖန်ပြောသည်ကိုကြားပြီးမေညက်မဆိုင်းမတွဘဲ မတ်တပ်ရပ်လိုက်လေသည်။
ထိုအချိန်တွင် ဥက္ကဌဇောင်နှင့်စုဇောင်ဖန်အပြင်ရီကယ်ဟိုတယ်၏မန်နေဂျာဝူရန်လဲပါလာလေသည်။၊
“မင်္ဂလာပါ မစ္စတာလင်း။” ဇောင်၊စုဇောင်ဖန်နှင့်ဝူရန်တို့က တညီတညွတ်တည်း ပြောကြားလိုက်သည်။
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက်ဝမ်လိန်ဖန်၏နှလုံးသည် ရုတ်တရက် ခုန်သွားတလသည်။
သူမ ဘာကြားလိုက်တာလဲ။
ရန်ရှီဂရု ၏ဥက္ကဌ၊ ရှောင်ဝူလက်ကားစီးတီးဥက္ကဋ္ဌနှင့် ရီကယ်ဟိုတယ်၏အထွေထွေမန်နေဂျာတို့သည် စုနမ်ရဲ့ချစ်ကိုနှုတ်ဆက်ကြသည်။
ဒါ…
ဘာတွေဖြစ်နေတာလဲ?
...
လင်းဖန်ထွက်သွားဖို့လုပ်နေသည်ကိုမြင်တော့ ဇောင် က မထိန်းနိုင်ဘဲ “မစ္စတာလင်း မင်းဘာဖြစ်နေတာလဲ...”ဟုမေးလိုက်သည်။
လင်းဖန်သည် ဇောင်နှင့်တစိခြားလူတိုနဲ့မတွေ့ရသည်မှာကြာပြီဖြစ်သည်။ထို့ကြောင့်ယခုသူတို့ဘာလို့လာတာလဲဆိုတာကိုသူချက်ချင်းနားလည်သွားခဲ့သည်။
ထို့ကြောင့်သူက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ဘာမှမဟုတ်ပါဘူး၊ ဒီသတို့သမီးက ငါ့ရည်းစားရဲ့ အတန်းဖော်ပါ၊ ဒါပေမယ့် မင်္ဂလာပွဲကထိုင်ခုံမလောက်တာကြောင့်ငါ့ရည်စားနဲ့ငါ့ကိုလက်ဖွဲ့ငွေပြန်ပေးပြီးမောင်းနေတာပါပဲ”
လက်ဆောင်ငွေ ပြန်ပေးပြိးမောင်းထုတ်တာလား။
ဒါ.....
ဒါက...
ဇောင်၊စုဇောင်ဖန်နှင့်ဝူရန်တို့၏မျက်နှာများသည်မဲမှောင်သွားကြသည်။
“ထို့ဖို့နေရာမလောက်ဘူးဆိုတော့လဲငါတို့လဲထွက်သွားရအောင်!” ဇောင် က အေးစက်စွာပြောသည်။
“ဟုတ်တယ်၊ဒါဆိုလဲထွက်သွားရအောင်!” စုဇောင်ဖန် က ပြောသည်။
“ငါတို့ရဲ့ရီကယ်ဟိုတယ်ရဲ့ ခန်းမက အရမ်းကျဉ်းနေပုံရတယ်။ ဒီလိုဆိုရင် မစ္စတာကျင်း၊မင်းမင်္ဂလာဆောင်ကို ဒီမှာရပ်ပြီး တခြားဟိုတယ်ကို သွားသင့်တယ်လို့ငါထင်တယ်” ဝူရန် က လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူတို့စကားပြောပြီးနောက်လင်းဖန်တို့နှစ်ယောက်နဲ့အတူအပြင်သို့ ထွက်သွားလေသည်။
ဤအခိုက်အတန့်တွင် ကျင်းဆန်သည် မည်မျှပင် မိုက်မဲနေပါစေ လင်းဖန်သည် ကြီးကျယ်ခမ်းနားသော ဖြစ်ကြောင်း သူနားလည်လိုက်သည်။
ဇောင်နှင့် အခြားသူများမင်္ဂလာပွဲသို့ ရုတ်တရက် တက်ရောက်လာခဲ့ခြင်းမှာ လင်းဖန်ကြောင့် ဖြစ်နိုင်သည်။
မူလက ဇောင်၊ စုဇောင်ဖန်နဲ့ ဝူရန်တို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ ဆက်ဆံရေးကောင်းထူထောင်ခွင့်ရတော့မယ်ဆိုပြီးပျော်နေလေသည်။
အခုချိန်မှာတော့ ဆက်ဆံရေးကောင်းထူထောင်ခွင့်မရရုံသာမက ဆန့်ကျင်ဘက်အနေနဲ့တစ်ဖက်သားကို စော်ကားမိလိုက်လေသည်။
ဝမ်လိန်ဖန်၊ ဒီ **** အမျိုးသမီးပဲ။
ကျင်းဆန်က ဝမ်လိန်ဖန် ကို စိုက်ကြည့်ပြီး “ဒါရိုက်တာ ဇောင်၊ ဒါရိုက်တာ စု၊ မန်နေဂျာဝူ... မစ္စတာလင်း ဒါနားလည်မှုလွဲနေတာ ဖြစ်မယ်...”
သို့သော် လင်းဖန်နှင့် အခြားသူများသည် ကျင်းဆန်၏ပြောဆိုခြင်းကို လုံးဝလျစ်လျူရှုကာ အပြင်သို့ ဆက်လက်ထွက်ခွာသွားကြသည်။
ကျင်းဆန် က ဝမ်လိန်ဖန်ကို “မင်းဘာလို့ ရပ်နေတာလဲ။ မစ္စတာလင်းနဲ့ သူ့ကောင်မလေးကို သွားတောင်းပန်လေ!”
ထိုမှသာ ဝမ်လိန်ဖန်သည် သူမ၏ယခင်အံ့သြမှုမှ ဖြည်းညှင်းစွာပြန်လည်သတိရလာပြီး “လင်း...လင်းဖန်၊ စုနမ်၊ ငါကနောက်လိုက်တာပါ...”
သို့သော် လင်းဖန်၊ စုနမ်၊ ဇောင်နှင့် အခြားသူများမှာ သွားနေတာကိုမရပ်တန့်သေးပေ။
ဒါကိုမြင်တော့ ကျင်းဆန် က ကျင်းတန် ကို “ဒါ မင်းလက်ထပ်ချင်တဲ့မိန်းမပဲ!”
မူလကတည်းကကျင်းဆန်သည်ဝမ်လိန်ဖန်ကို ကြည့်မရပေ။
အခုတော့သူသည် ပိုလို့တောင် ရွံရှာလို့သွားလေသည်။
ကျင်းတန် က သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်သည်။
ထိုအချိန်တွင်၊ မင်္ဂလာပွဲရုံရှေ့တွင်၊ ကျင်းတန် နှင့် ဝမ်လိန်ဖန်တို့၏ မင်္ဂလာဆောင်ဗီဒီယိုကို မူလကပြသခဲ့သည့် LED ဖန်သားပြင်ကြီးသည် ရုတ်တရက် တစ်ခြားဗီဒီယိုတစ်ပဒ်ဖြစ်သွားလေသည်။
ဤဗီဒီယိုတွင်ပလပ်စတစ်ဆာဂျရီမပြုလုပ်မီ ဝမ်လိန်ဖန်၏ဓာတ်ပုံများ၊ ဝမ်လိန်ဖန် ပလပ်စတစ်ဆာဂျရီခွဲစိတ်ပြီးနောက်လူများစွာနှင့်မရေရာသောစကားပြောခန်းမှတ်တမ်းများ၊ အမျိုးမျိုးသောမဖွယ်မရာဓာတ်ပုံများပါရှိသည်။
ဒါကိုကြည့်ရင်း
တက်ရောက်သူအားလုံး မျက်လုံးပြူးသွားကြသည်။
ကျင်းဆန်လဲအလွန်ဒေါသတကြီး တုန်လှုပ်သွားလေသည်။
ကျင်းတန်သည်လဲသူ့ခေါင်းပေါ်တွင်ဦးထုပ်စိမ်းဆောင်းသလို ခံစားလိုက်ရသည်။
ဝမ်လိန်ဖန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး အေးစက်သော ချွေးများက သူမ၏ နဖူးပေါ်သို့ လိမ့်ဆင်းလာခဲ့သည်။
သူမက “ကျင်း... ကျင်းတန်၊ ဒါက... ဒါက မမှန်ဘူး...”
သူမစကားမပြောရင်အဆင်ပြေပေမယ့် သူမစကားပြောတဲ့အခါကျင်းတန်ရဲ့ဒေါသတွေသည်းမခံနိုင်တဲ့အထိထွက်လာတော့သည်။
“ခွေးမ!”
ကျင်းတန်က သူ့လက်ကို မြှောက်လိုက်ပြီး ဝမ်လိန်ဖန်မျက်နှာကို ရိုက်လိုက်လေသည်။
“နင်းနဲ့ငါပြီးသွားပြီ!”
ပါးရိုက်ခံလိုက်သောလည်းဝမ်လိန်ဖန်သည် မငိုသေးပေ။
သို့သော် နောက်ပိုင်းတွင် ကျင်းတန် ပြောသည်ကို ကြားပြီးနောက် သူမ မျက်ရည်ကျလာတော့သည်။
စက်ရုံပိုင်ရှင်ရဲ့သားကို ငါလက်ထပ်လို့မရနိုင်တော့ဘူး။
...
ဒါတွေကိုလင်းဖန် က လုံးဝ ဂရုမစိုက်ပေ။
သူနှင့် စုနမ်သည် ရီကယ်ဟိုတယ်မှ ထွက်ခွာမသွားသေးဘဲ ဝမ်လိန်ဖန် ၏ စီစဉ်မှုအောက်တွင်78 ထပ်ရှိ VIP ဘောက်စ်သို့ ရောက်လာခဲ့သည်။
နှစ်ယောက်သား အခန်းကြီးထဲမှာ ထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်က လှပတဲ့ ရှုခင်းတွေကို ကြည့်ကာ အရသာမျိုးစုံကို မြည်းစမ်းရင်း လွတ်လွတ်လပ်လပ်နေနေလေသည်။
စုနမ်၏ လှပသော မျက်နှာသည် အပြုံးများဖြင့် ပြည့်နေလေသည်။
စုနမ်သူမဒီလိုပြုံးရခြင်းသည်VIP ဘောက်စ်မှာရှိလို့ မဟုတ်ဘဲအစားအသောက်ကြောင့်လည်း မဟုတ်ပေ။
လင်းဖန်က သူ့မဘေးမှာ ရှိနေတာကြောင့်ပင်ဖြစ်သည်။
ထို့နောက် နှစ်ယောက်သားကေအမ်မောစီသို့ သွားလိုက်ကြသည်။
တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ဆိုတာ ရှားလေသည်။ထို့ကြောင့်သူတို့သည်တွေ့တုန်း ဈေးဝယ်ထွက်လေသည်။
သူတို့နှစ်ယောက် ကေအမ်မောမှထွက်လာသောအခါ သူတို့လက်ထဲတွင် အိတ်ကြီးကြီးနှင့် အိတ်သေးသေးလေးများကိုသယ်ဆောင်လာကြသည်။
လင်းဖန်သည် ပန်းလုံဗီလာသို့ ပြန်ရောက်သောအခါ ညအချိန်ဖြစ်နေပြီဖြစ်သည်။
...
နောက်တစ်နေ့။
တနင်္ဂနွေနေ့တွင် လင်းဖန်သည် နံနက်စာစားပြီးနောက် ဆိုဖာပေါ်တွင် ထိုင်ကာ လီချမ်လက်ဖက်ရည်သောက်ရင်းဂိမ်းကစားနေလိုက်သည်။
“ကလင် ကလင် ကလင်”
ထိုအချိန်တွင် သူ၏လက်ကိုင်ဖုန်းသည် ဖုန်းမြည်သံထွက်ပေါ်လာသည်။
ဖုန်းခေါ်ဆိုမှုသတိပေးချက်ကို တစ်ချက်ကြည့်လိုက်တော့ ရီဒီအန်တိုဂရု၏ဥက္ကဌ ဝမ်ဖူဂျီ ဖြစ်သည်ကိုတွေ့လိုက်သည်။
လင်းဖန်သည် တွန့်ဆုတ်မနေဘဲ အဖြေခလုတ်ကို တိုက်ရိုက်နှိပ်လိုက်သည်။
“မစ္စတာလင်း မင်္ဂလာပါ။” ဝမ်ဖူဂျီ က လေးစားစွာ ပြောကြားလိုက်သည်။
လေးစားစရာလား?
မှန်တယ်!
တစ်ကယ်လေးစားစရာပင်ဖြစ်သည်။
တစ်ဖက်တွင်လည်းလင်းဖန်သည် ရီဒီအန်တိုဂရု၏ ရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်သောကြောင့်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လင်းဖန် ၏ တီထွင်မှုကြောင့်ဖြစ်သည်။
မြေငလျင်ကြိုတင်ခန့်မှန်းစက်၊ ကာဗွန်အခြေခံပုံသဏ္ဍာန်စက်၊ စူပါဘက်ထရီ... ဘယ်ဟာက ကမ္ဘာကို မတုန်လှုပ်စေခဲ့တာလဲ။
ထိုကဲ့သို့သော ပညာရှင်ကြီးများကိုမည်သူမဆို လေးစားစွာ ဆက်ဆံကြမည်သာဖြစ်သည်။
လင်းဖန် က “မင်္ဂလာပါ။”
ထို့နောက် သူက ပြတ်ပြတ်သားသား မေးသည်- “မစ္စတာဝမ် ဖုန်းခေါ်တာ တစ်ခုခု ရှိလို့လား။”
ဝမ်ဖူဂျီသည် လင်းဖန်နှင့်ဆက်ဆံမှုတစ်ချို့လုပ်ပြီးနောက်လင်းဖန်သည်ကွေ့ပတ်ပြောနေသည်ကိုမကြိုက်ကြောင်းသူနားလည်လိုက်သည်။
ထို့ကြောင့် သူက တိုက်ရိုက်ပြောလိုက်သည်- “မစ္စတာလင်း၊ ဒီလိုပါ...မနေ့က ငါတို့ရီဒီအန်တိုရဲ့ လျှပ်စစ်ကားတစ်စီးမှာစူပါဘက်ထရီကို တပ်ဆင်ပြီး စွမ်းဆောင်ရည် စမ်းသပ်မှုအားလုံးကို အောင်မြင်ခဲ့တယ်!”
“ကျွန်ုပ်တို့၏စမ်းသပ်မှုအပြီးတွင်၊ ဤလျှပ်စစ်ကား၏ဘက်ထရီသည်ကီလိုမီတာ 3,000 သို့ရောက်ရှိနိုင်သည်ဟူသောအချက်ကိုကျွန်ုပ်တို့ရရှိခဲ့သည်။”