← Chapters

တောင်းဆိုခြင်း

Vol. 33 Ch. 494

တောင်းဆိုခြင်း

Vol. 33 Ch. 494

ဒီစကားတွေကိုဝမ်ဖူဂျီရဲ့ လေသံက သိသိသာသာ စိတ်လှုပ်ရှားနေလေသည်။

သူဒီလိုဖြစ်တာလဲ အံ့သြစရာမဟုတ်ပေ။

ကီလိုမီတာ ၃၀၀၀ ရဲ့ သဘောတရားက ဘာလဲ။

ဆိုလိုသည်မှာ သင်သည် ဘက်ထရီကိုတစ်ကြိမ်သာ အားသွင်းရန် လိုအပ်ပြီး ဟွာရှနိုင်ငံကို ပတ်မောင်းနိုင်လေသည်။

ဒီအချက်က ဓာတ်ဆီကားတွေထက် အများကြီး သာလွန်သွားပြီဖြစ်သည်။

ဓာတ်ဆီကားများကို ဘယ်ထရီကားများနှင့်ဖယ်ရှားပစ်မည်ဟု မကြာခဏပြောလေ့ရှိသည်။

သို့သော် မည်သည့်အချိန်တွင် အမှန်တကယ် ဖယ်ရှားပစ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပေ။

အခုအချိန်မှာဝမ်ဂျီကလူတိုင်းကိုရှင်းရှင်းလင်းလင်းပြောနိုင်မည့်အချိန်သို့ရောက်လာပြီဖြစ်သည်။

မရေမတွက်နိုင်သော လူများကရီဒီအန်တိုရဲ့လျှပ်စစ်ကား(ဘယ်ထရီကား)ကိုမောင်းနှင်နေသည့် မြင်ကွင်းကို သူ စိတ်ကူးယဉ်လုနီးပါးပင်ဖြစ်သွားလေသည်။

ဝမ်ဖူဂျီ၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် လင်းဖန်သည်ဘာမှမခံစားရပေ။

“တကယ်လား မဆိုးပါဘူး” လို့ သာမန်လေသံနှင့်ပြောလိုက်သည်။

သိရန်…

သူသည် စူပါဘက်ထရီကို တီထွင်ခဲ့သည်။

လင်းဖန်သည် ထိုတိကျသောအချက်အလက်ကို သိပြီးဖြစ်သည်။

အခုတော့ဝမ်ဖူဂျီက ဒါကိုပဲ အကောင်အထည် ဖော်ခဲ့တာဖြစ်သည်။

ပျော်ဖို့လိုလို့လား။

ဝမ်ဖူဂျီ သည် လင်းဖန်၏အသံကိုကြားပြီးနောက်တွင် သူ၏စိတ်လှုပ်ရှားမှုမှ ပြန်လည်ငြိမ်သက်လာခဲ့သည်။

သူက လည်ချောင်းကို ရှင်းထုတ်ပြီး “မစ္စလင်း၊ ငါမင်းကို...ပထမဆုံး စူပါလျှပ်စစ်ကားကို မင်းကို ပို့ပေးလိုက်ပြီ။ ဒီနေ့ ရောက်ပါလိမ့်မယ်၊ ပြီးတော့ အကျိုးသက်ရောက်မှုကိုလဲမင်းခံစားရမှာပါ...”

လင်းဖန် က “ကောင်းပြီ။”

ထို့နောက် ဝမ်ဖူဂျီသည် လင်းဖန် နှင့် ထပ်မံစကားပြောဆိုရန် အခွင့်အရေးတစ်ခုနေလိုက်သည်။

သို့သော် လင်းဖန်သည် စကားစမြည်ပြောရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်လေသည်။

ထိုအချိန်တွင် အပြင်ဘက်တွင် အသံတစ်ခု ထွက်ပေါ်လာသည်။

ပန်းလုံဗီလာ အပြင်ဘက်တွင် အလွန်မိုက်သောလျှပ်စစ်စူပါကားတစ်စီးကိုတွဲထရပ်ပေါ်တင်ရင်းလာလေသည်။

ဒါက... အခုလေးတင်ဝမ်ဖူဂျီပြောတဲ့ပထမဆုံးရီဒီအန်တိုကထုတ်လုပ်တဲ့ စူပါစွမ်းအင်သုံး လျှပ်စစ်ကားပင်ဖြစ်သည်။

တွဲဆွဲထရပ်ကားမောင်းသူသည် လမ်းတစ်လျှောက်တွင် အလွန်စိတ်လှုပ်ရှားနေသည်ဟု ဆိုနိုင်သည်။ နောက်ဆုံးတွင် သူသည် ခပ်မိုက်မိုက် စူပါကားတစ်စီးနဲ့ ကိုပို့ပေးနိုင်သောကြောင့်ဖြစ်သည်။

ထို့အပြင်ဘယ်သွားသွားလမ်းသွား၊လမ်းလာများကသူ့ကိုကြည့်နေသည့်ခံစားချက်ကိုသူအလွန်နှစ်သက်လေသည်။ထို့ကြောင့်သူသည်မာနကြီးသောစိတ်လဲဖြစ်လာမိလေသည်။

သို့သော်လည်း ပန်းလုံဗီလာသို့ သူရောက်ရှိသောအခါတွင် သူ့စိတ်ထဲရှိမာနကို လုံးဝဘေးဖယ်ထားလိုက်လေသည်။

ဘာလို့လဲဆိုတော့ ဒီမှာမြင်ရတဲ့ နေရာတိုင်းဟာ ဇိမ်ခံကားတွေကြီးပဲမို့လို့ပင်ဖြစ်သည်။

Ferrari(ကား)၊ Lamborghini(ကား)....

အဲဒီအထဲမှာ Rolls-Royce(ကား)တစ်ဒါဇင်ကျော်လဲရှိသေးသည်။

ထို့အပြင်ကိုယ်ပိုင်ဂျက်လေယာဉ်ကိုလဲတွေ့လိုက်ရလေသည်။

တွဲထရပ်ကားမောင်းသူက တွေးလိုက်သည်- ဤနေရာတွင် နေထိုင်သူများသည် တကယ်ချမ်းသာကြတာပဲဟူ၍ပင်ဖြစ်သည်။

တွဲထရပ်ကားမောင်းသူ ကြောင်ငေးနေသည်ကိုမြင်တော့ လင်းဖန်က မတတ်နိုင်ဘဲ ထွက်လာပြီး “ရီဒီအန်တိုဂရုက မင်းကို ဒီကားယူလာခိုင်းတယ် ဟုတ်တယ်မလား”

“ဟုတ်ပါ။” တွဲထရပ်ကားမောင်းသူက “မစ္စတာလင်း၊ မင်းကားကို ဘယ်မှာထားရမလဲ။”

“အိုး မင်းထားချင်တဲ့နေရာမှာသာ ထားလိုက်ပါ၊ ဒီအိမ်ကြီးတွေက ငါ့အပိုင်တွေပဲ” လင်းဖန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူ့အားလုံးပိုင်တယ်?

ဤနေရာတွင် အိမ်ခြေ 10 လုံးနီးပါးရှိသည်။

ထို့အပြင် အဆိုပါ ဇိမ်ခံကားများနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်များသည် မစ္စတာလင်း၏ ပိုင်ဆိုင်မှုလည်းဖြစ်သည်။

ဒါက

ဒါက

ဒါက

တွဲထရပ်ကားမောင်းသူသည် ခဏမျှ အေးခဲသွားပြီး “ကောင်းပြီ... ကောင်းပြီ” ဟု ပြောလိုက်သည်။

တွဲဆွဲထရပ်ကားမောင်းသူသည် ကားပေါ်မှဆင်းလိုက်သောအခါတွင် အနက်ရောင်အေဒီတစ်စီးသည် ပန်လုံဗီလာဂိတ်ဝတွင် ဖြည်းညှင်းစွာရပ်သွားလေသည်။

အဖြူရောင်ရှပ်အင်္ကျီဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြတ်လျှောက်လာသည်။

သူသည် လင်းဖန် နှင့် အကြိမ်ကြိမ်ဆက်ဆံခဲ့သော သိပ္ပံအကယ်ဒမီ၏ ဒါရိုက်တာ ဖန်ရှင်းပင် ဖြစ်သည်။

ဖန်ရှင်းက ဝမ်းသာအားရ ပြောလိုက်သည် “ ပါမောက္ခ လင်း မင်းက ဒီမှာ ရှိနေတာပဲ”

ခေတ္တနားပြီးနောက်၊ “မင်း ပြိုင်ကားတစ်စီး ထပ်ဝယ်ခဲ့ပြန်ပြီလား။ ကားတွေ အများကြီးပဲ”

လင်းဖန်က “ဒီကားတော်တော်များများကို ကျွန်တော်ဝယ်တာမဟုတ်ပါဘူး၊ အခုကားကိုလည်း ကျွန်တော်မဝယ်ဘူး။ရီဒီအန်တို ရဲ့ဥက္ကဌ ဝမ်ဖူဂျီ က ကျွန်တော့်ဆီ ပို့ပေးလိုက်တာပါ”

“ရီဒီအန်တို???” ဖန်ရှင်းက အံ့သြစွာ မေးလိုက်သည်။

တရုတ်လူမျိုးတစ်ယောက်အနေဖြင့် ရီဒီအန်တိုအကြောင်းကို သဘာဝကျကျကြားသိဖူးလေသည်။

ယခင်က ရီဒီအန်တိုသည် အနိမ့်ဆုံးလောင်စာဆီသုံးကားများကို ထုတ်လုပ်ရန် အာရုံစိုက်ခဲ့သည်။ပြီးခဲ့နှစ်မှစ၍စွမ်းအင်သုံးကားကိုတီထွင်ရန်အာရုံစိုက်ခဲ့သည်။

“ရီဒီအန်တို က အခု စွမ်းအင်သုံး ကားသစ်တွေကို အဓိက ထုတ်လုပ်နေတာ မဟုတ်ဘူးလား။ အခု ပြိုင်ကားတွေပါထုတ်လုပ်နေတာလား။” ဖန်ရှင်းက မတတ်နိုင်စွာ ပြောလိုက်သည်။

လင်းဖန် က “ဒါက စွမ်းအင်သုံးကားအသစ်ပါ။ ဝမ်ဖူဂျီပြောတယတော့ဒီကားက ကီလိုမီတာ 3,000 လောက်ထိ သွားနိုင်တယ်လို့ တော့ပြောတာပဲ”

“ဘာ ကီလိုမီတာ ၃၀၀၀!” ဖန်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာတစ်ပြင်ပေါ်တွင် မယုံကြည်နိုင်သောအမူအရာရှိနေလေသည်။

ကီလိုမီတာ ၃၀၀၀၊ ဒါက အရမ်းကြောက်စရာကောင်းတဲ့ နံပါတ်ပင်ဖြစ်သည်။

ထို့နောက် ဖန်ရှင်းသည် တစ်ခုခုကို တွေးမိပုံရပြီး “ဒါက မင်းတီထွင်ထားတဲ့ စူပါဘက်ထရီကို သုံးထားတာလား။”

လင်းဖန်က ခေါင်းညိတ်ကာ “ဟုတ်တယ်” ဟုပြောလိုက်သည်။

လင်းဖန်၏ အတည်ပြုချက်ကို ရရှိပြီးနောက်တွင်လည်းဖန်ရှင်း၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသေးသည်။

“3,000 ကီလိုမီတာ 3,000 ကီလိုမီတာ..... ဒါက...ဒါကဟိုးအရင်ကလူတွေပြောကြတဲ့နျူးကလီးယားပေါင်းစပ်မှုလားပဲ’’ ဖန်ရှင်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

လင်းဖန်သည် ထိုစကားကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် ပြတ်သားသော သတိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသောကြောင့်ပင်ဖြစ်သည်။

【ဒင်း! မစ်ရှင်- ဧက10,000 ကျော်ရှိသော နျူကလိယပေါင်းစပ်စက်ရုံကိုတည်ဆောက်ပါ၊ တိုတာမက်စက်တစ်ခုပိုင်ဆိုင်အောင်လုပ်ပါ၊ “ပလတ်ရှာမာ”, “ဖေစစ်ကယ်နှင့်မောရဲ၏လက်စွဲစာအုပ်”, “တန်မိုရှယ်လီ”, “ကွန်ထရို ပေါင်းစပ်။”တို့ကိုဖတ်ပါ။ဆုလတ်-နျူကလီးယား ပေါင်းစပ်ကိရိယာ၏ ဗားရှင်းအပြည့်အစုံအပြင် အခြေခံမူများနှင့် ဒီဇိုင်းပုံဆွဲခြင်း၊ ရူပဗေဒအဆင့် +1 နှင့် ပလက်တီနမ်အနီရောင် စာအိတ် 1 ကို ဆုချမည်ဖြစ်သည်။ 】

ဧက 10,000 ကျယ်ဝန်းသော နျူကလီးယား ပေါင်းစပ်စက်ရုံကို တည်ဆောက်ရန် ငွေကြေးများစွာ ကုန်ကျမည်မှာ သေချာပါသည်။

ဒါပေမယ့် လင်းဖန် အတွက်ကတော့ ပိုက်ဆံဆိုတာကိန်းဂဏန်းတစ်ခုပင်ဖြစ်သည်။

တိုတာမက်ကို ကို ပိုင်ဆိုင်အောင်လုပ်ရမှာလား။ ယနေ့ ဟွာရှတွင် ထိုသို့သော အရာမျိုး မရှိတော့ပေ။လင်းဖန် ကိုယ်တိုင်ကလဲ၎င်းကို မည်သို့ ဒီဇိုင်းဆွဲရမည်ကို မသိသောကြောင့် နည်းလမ်းအချို့ကို စဉ်းစားရန်တော့လိုအပ်လေသည်။

စာအုပ်ဖတ်ရတာက ရိုးရှင်းလွန်းလေသည်။

လင်းဖန်က သူ့နောက်က ဆုလာဘ်ကို ကြည့်လိုက်တော့ အနည်းငယ်ပြုံးလိုက်လေသည်။

တစ်ကယ်ကောင်းတဲ့အလုပ်ပဲ...

လင်းဖန်သည် သူ့ဘေးနားရှိ ဖန်ရှင်း ကို စိုက်ကြည့်ကာ “ဒါရိုက်တာ ဖန်၊ ဒီနေ့ ဒီကိုဘာလာလုပ်တာလဲ”

လင်းဖန် ၏မေးခွန်းကိုကြားပြီးနောက်၊ ဖန်ရှင်းသည် အသိပြန်ဝင်လာခဲ့သည်။

သူက လည်ချောင်းကို ရှင်းထုတ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။”လင်း... ပါမောက္ခ လင်း၊ မင်းမှာ ခြေတုလက်တုရဲ့ပိုမြင့်တဲ့ဗားရှင်းရှိတယ်လို်ပြီးခဲ့တဲ့ တစ်ခေါက်က ပြောခဲ့တယ်...”

လင်းဖန်သည် ထိုစကားကိုကြားပြီးနောက် သူဘာကိုဆိုလိုသည်ကို ချက်ချင်းသဘောပေါက်သွားသည်။

လင်းဖန် က “မသန်မစွမ်း တိုက်ခိုက်ရေးသမား(စစ်သား)တွေအားလုံးကို ဆင့်ခေါ်ပြီးပြီလား?”

ဖန်ရှင်းက “ငါအားလုံးကိုခေါ်ထားပြီးပါပြီ’’

တကယ်တော့ သူခေါ်ယူခဲ့သည်မှာ ကြာပြီဖြစ်သည်။

လင်းဖန်ကို သူမပြောရဲ့သောကြောင့်မသန်မစွမ်းစစ်သားများကို တိတ်တဆိတ်စောင့်ခိုင်းရုံသာ ရှိတော့သည်။

သို့သော် ဤစောင့်ဆိုင်းမှုသည် တစ်လခွဲလောက်ကြာသွားလေသည်။

ထို့ကြောင့်ယခုအချိန်တွင်စစ်သားတွေက နည်းနည်းတော့ စိုးရိမ်မကင်းဖြစ်နေကြသည်။

ထို့ကြောင့် ဖန်ရှင်းသည် လူကိုယ်တိုင်လာရောက်စုံစမ်းရန်မှတပါး ရွေးချယ်စရာမရှိပေ။

ဒါကိုကြားတော့လင်းဖန်သည် အလွန်တုံ့ဆိုင်းမနေဘဲ၊ ရက်ပိုင်းအတွင်း ခြေတုလက်တုကို ပို့ပေးပါမည်ဟု ပြောခဲ့သည်။

“ကျေးဇူးတင်ပါတယ် ပါမောက္ခလင်း!” ဖန်ရှင်းက ဝမ်းသာအားရပြောလိုက်သည်။

All Chapters