သူတို့နှင့် ဆော့ကစားပေးခြင်း
Vol. 87 Ch. 1208
ဝူလင်းယူသည် အံ့ဖွယ်အသိဉာဏ်စိတ်ကိုသုံးပြီး ပြောလိုက်တယ် “ဒီကို လာနေတဲ့ ယင်ကောင်တွေ တကယ်ရှိတာပဲ မင်းဒီမှာစောင့်နေ ကိုယ် မင်း အတွက် ယင်ကောင်သွားဖမ်းပေးမယ်”
“ကောင်းပါပြီ” ရှီမာယူယူ နေပိုကောင်းလာသော်လည်း အိပ်ယာပေါ်မှ မထချင်သေးပေ။
ခဏအကြာတွင် လူတစ်စုသည် သူတို့စခန်းချရာနေရာသို့ ရောက်လာ ကြသည်။
“စီနီယာအစ်ကိုကြီး ရှေ့မှာ စခန်းတစ်ခုရှိနေတယ်” တြိဂံစောက်ထိုးပုံ မျက်လုံးနှင့်လူသည် စခန်းကိုညွှန်ပြကာ ပြောလေသည်။
“ဒီကစခန်းက အရမ်းထူးဆန်းတယ် စီနီယာအစ်ကိုကြီး ဒါက တိုင်းပြည် ကလူတွေ ဆောက်ထားတဲ့ထောင်ချောက်ဖြစ်မလား” နောက်မိန်းကလေး တစ်ယောက် ပြောလေသည်။
စီနီယာအစ်ကိုကြီးဟု အမည်တပ်ခံရသော လူသည် သူတို့စခန်းကို ကြည့်ပြီး ညည်းညူစွာပြောလေသည် “အဲလူတွေက တိုင်းပြည်ထဲကလူတွေ ပဲ ဟင်း သူတို့က ပုရွက်ဆိတ်အုပ်တစ်အုပ်သာသာပဲရှိတာပါ ထောင်ချောက် ဆိုရင်တောင် သူတို့ထောင်ချောက်ကို ဖြိုဖို့အတွက် ငါတို့အားကို သုံးလို့ရ တယ်”
“ဟုတ်တယ် အဲတိုင်းပြည်ကလူတွေက တကယ်ကို အဆင့်မမှီဘူး ဒီနေရာကိုလာပြီး ငါတို့နဲ့လာပြီး အခွင့်အလမ်းကိုလုယူရဲနေတာ” နောက် နောက်လိုက်တစ်ယောက်က ပြောလေသည် “အဲဒီရတနာတွေက ငါတို့ိပိုင် တာတွေပဲ ငါတို့အခွင့်အလမ်းကိုလုတဲ့ကောင်တွေ ပြန်ပေးဆပ်ရျွယ်”
“စခန်းမှာ ဘယ်သူရှိလဲသွားကြည့်ရအောင်” မိတ်ကပ်ထူထူနှင့် မိန်းကလေးသည် အမိန့်ပေးလေသည်။
“ဟုတ်ကဲ့ ဒုစီနီယာအစ်မ”
ဝူလင်းယူ အပြင်မှပြန်လာချိန်တွင် ထိုလူများသည် စခန်းအနီးသို့ ရောက်နေကြပြီဖြစ်သည်။
“ဝါး ချောလိုက်တဲ့ ကောင်လေးပဲ” ဒုစီနီယာအစ်မ၏ မျက်လုံးများသည် ဝူလင်းယူအားကြည့်ရင်း အရောင်တောက်နေလေသည်။
“ဒုစီနီယာအစ်မ သွားရည်တွေကျနေပြီ”
ဒုစီနီယာအစ်မသည် နှုတ်ခမ်းထောင့်ကိုသုတ်လိုက်သည်။ သွားရည်ကျ တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
“သွား သွား ဘေးကိုသွားစမ်း” သူမသည် ထိုလူကို ရိုက်လိုက်သည်။ သို့သော် သူမ မျက်လုံးများသည် ဝူလင်းယူပေါ်တွင်ရှိနေတုန်းပင်။
“တော်ပြီ ဒုစီနီယာအစ်မက ချောတဲ့ကောင်လေးတွေကို အကြိုက်ဆုံး ဆိုတာ မသိဘူးလား ပြီးတော့ မင်းက သူမကို စရဲသေးတယ် အရိုက်ခံရမှာ မကြောက်ဘူးလား”
“ဘာကြောက်ဖို့လိုလို့လဲ အခု ဒုစီနီယာအစ်မက လူချောလေးဆီပဲ မျက်စိရောက်နေတာ ငါတို့ကို ဂရုတောင်မစိုက်ဘူး” ထိုလူသည် ပြုံးဖြဲပြီးပြော လေသည်။
“အစ်မက မင်ကိုနောက်မှရှင်းလိမ့်မယ် အခု လူချောလေးနောက်ပါနေ ပြီ” ဒုစီနီယာအစ်မသည် ပြုံးရင်းနှင့် ဝူလင်းယူဆီလျှောက်သွားကာ လျှောက်ရင်းနှင့် သူမ အနောက်မှလူများကို ပြောလိုက်သည် “စီနီယာအစ်ကို ကြီး ဒီလူက ညီမလူနော် ညီမပဲသူ့ကိုကိုင်တွယ်မယ်”
“အမလေး လူချောလေးတွေတွေ့တိုင်းကို သူမ ခမျာလမ်းပျောက်သွား တယ်” စီနီယာအစ်ကိုကြီးသည် ညည်းတွားလိုက်သော်လည်း အများကြီး မပြောသည်မှာ သူမကို ဝူလင်းယူကိုကိုယ်တွယ်ခွင့်ပေးမည်ဟု အဓိပ္ပာယ်ရ လေသည်။
ထိုမိန်းကလေးသည် ဝူလင်းယူဆီလျှောက်သွားရင်း ခန္ဓာကိုယ်ကို လှုပ်ရမ်းကာ ပြုံးရင်း ပြောလိုက်သည် “ချောလိုက်တာ ရှင့်နာမည်ကဘာလဲ ကျွန်မနဲ့လိုက်ချင်လား”
“မရဘူး” ရှီမာယူယူသည် စခန်းမှထွက်လာကာ ဝူလင်းယူဘေးသို့ လျှောက်သွားပြီး သူ့လက်မောင်းကိုတွယ်ဖက်ကာ ပြောလိုက်သည် “ငါ့ စီနီယာအစ်ကိုက ပိုင်ရှင်ရှိပြီးသားပဲ သူက ဘယ်သူ့နောက်မှလိုက်မှမဟုတ် ဘူး”
“ဘာအကြောင်းတွေလာပြောနေတာလဲ” ထိုမိန်းကလေးသည် သူမ ထက် အဆပေါင်းရာချီလှသော မျက်နှာနှင့် ရှီမာယူယူထွက်လာကာ သူ့ လက်မောင်းကိုချိတ်လိုက်သည်ကို မြင်သောအခါ ဒေါသဖြင့်အော်လေသည်။
“ဘယ်သူ့နောက်မှမလိုက်ဘူးဆိုတာ ပြောတာလေ” ရှီမာယူယူသည် ပါးစပ်ကာပြီး ရယ်မောလိုက်ရင်းနှင့် အရှေ့သို့ကြည့်၍ နူးညံ့စွာပြုံးလိုက်ရာ အရှေ့မှလူအုပ်စုသည် မှင်တက်သွားလေသည်။
ဘယ်လိုလုပ် ဒီလောက်လှတဲ့ မိန်းကလေးရှိရတာလဲ။
ဝူလင်းယူသည် ခေါင်းငုံ့ကာ ယောက်ျားပီသောပုံစံဖြင့် သူမအား ကြည့် ရင်း နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “အထဲမှာ နားနေတာမဟုတ်ဘးူလား ဘာလို့ထွက်လာတာလဲ”
“ညီမလေး မထွက်လာချင်ပါဘူး ဒါပေမဲ့ လူတစ်ယောက်က ညီမဘေး ကနေအစ်ကို့ကိုလုယူချင်နေတယ်လေ အဲဒါကြောင့် ကိုယ်ပိုင်တာကိုယ် ကာကွယ်ဖို့ ထွက်လာတာ” ရှီမာယူယူ ပြောလိုက်သည်။
ဝူလင်းယူ မျက်မှောင်ကြုတ်လိုက်သည်။ “ကိုယ်က အဲလောက် အလွယ်တကူ အလုခံရမှာတဲ့လား”
“ဘယ်သူသိမလဲလေ” ရှီမာယူယူသည် သူ့လက်မောင်းကို အသာအယာ ပွတ်သပ်လိုက်သည် “ငါးဆိုတာနဲ့ မသွားတဲ့ကြောင်မရှိဘူးလေ အစ်ကို့စိတ်ထဲမှာ မဖြားယောင်းခံရဘူးလို့ ဘယ်သိနိုင်မလဲ ပြီးတော့ ပုပ်သိုးနေတဲ့ ငါးတွေက အနံ့အသက်လည်းထွက်လာနိုင်တယ်လေ”
“ဟားဟား တကယ်သာ အဲလိုဆိုရင် အဲငါးကိုအရင်သတ်ရမှာပေါ့” ဝူလင်းယူသည်လည်း လိုက်သရုပ်ဆောင်လေသည်။
သူမ ပြောသောစကားများကို သူ့စိတ်ထဲမှ သဘောမတူလှသော်လည်း သူမ ကလူသောပုံစံသရုပ်ဆောင်သည်ကို သူသဘောတွေ့သည်။
“ကောင်းပြီလေ” ရှီမာယူယူသည် မတ်တတ်ရပ်ကာ သူ့အားပြုံးပြီး ကြည့်လေသည်။
ဝူလင်းယူသည် သူမ နှာခေါင်းလေးကိုအသာ ပုတ်လိုက်သည်။ ဒီကောင်မလေးကတော့ ဒဏ်ရာရထားတာ ပြန်တောင်မကောင်းသေးဘူး ကစားချင်နေတယ်။ ဒါပေမဲ့ သူမက သူ့ကိုဒီလောက်ဂရုစိုက်မှတော့ သူမနဲ့ အတူလိုက်ကစားပေးတာပေါ့။
သူသည် ထိုလူများကိုစိုက်ကြည့်ပြီးပြောလိုက်သည် “ခင်ဗျားတို့ မသေချင်ရင် ဝေးနိုင်သလောက်ဝေးဝေးသွားတာကောင်းမယ်”
“ငါတို့ကို ထွက်သွားစေချင်တာလား ဟားဟား မင်းတို့လောက်ကများ ငါတို့ကို သွားခိုင်းချင်တာလား ဟားဟား ဒါက ထာဝရရှင်သန်သူနယ်မြေကို ရောက်လာကတည်းက အရယ်ရဆုံးဟာသပဲ” ထိုလူများသည် ကျယ်လောင် စွာအော်ရယ်လေသည်။
သူတို့သည် ဝူလင်းယူ၏ စွမ်းအားကိုမခံစားရသော်လည်း ရှီမာယူယူ၏ စွမ်းအားကို ခံစားမိကြသည်။ နှစ်ယောက်တွင် တစ်ယောက်မှာ အံ့ဖွယ်စံတင် အဆင့်သာဖြစ်ပြီး ဒဏ်ရာရထားသည်။ ကြောက်ရွံ့နေရန်မလိုပေ။
ပြီးနောက် ဝူလင်းယူသည် သူမ၏ စီနီယာအစ်ကိုဖြစ်သဖြင့် သူ့အားကို စဉ်းစားနေရန်မလိုပေ။ သူတို့ကိုထွက်သွားရန် ပြောသည့်စကားသည် သူတို့ အတွက် ဟာသတစ်ခုသဖွယ်ဖြစ်နေ၏ ။
“မင်းရုပ်ရည်နဲ့ ဒီလိုလူကောင်းလေးကို သိမ်းပိုက်ရတာမရှက်ဘူးလား ဒီနေ့ မင်းကိုသတ်ပြီး သူ့ကိုခေါ်သွားမယ်” ထိုမိန်းကလေးသည် စိတ်ထဲမှ ဒေါသကို မျိုသိပ်ကာ ရှီမာယူယူအား လူသတ်မည့်အတိုင်းကြည့်လေသည်။
“ကြောက်စရာကောင်းလိုက်တဲ့ မျက်လုံးတွေ” ရှီမာယူယူသည် ဝူလင်းယူ အနောက်တွင်ကွယ်ပြီး သူမကို ကြောက်သည့်အကြည့်ဖြင့် ကြည့် လေသည် “စီနီယာအစ်ကို ညီမကြောက်တယ်”
“….”
ဝူလင်းယူသည် လိုက်သရုပ်ဆောင်ပေးနေသော်လည်း အခုထပ်ပြီး သရုပ်မဆောင်နိုင်တော့ပေ။ အဲဒီချိုသာပြီး သိမ်မွေ့နေတဲ့အကြည့်တွေ… သူမနဲ့တကယ်ကို မလိုက်ဘူး။
“ဒုစီနီယာအစ်မ ဒီလောက်လှတဲ့ကောင်မလေးကို ဘာလို့သတ်မှာလဲ သူမကို မသတ်ခင် ငါတို့ကိုကစားခိုင်းလိုက်လေ သူမက ကောင်းမှာပါ.. ဝုန်း” တြိဂံအောက်စိုက်ပုံမျက်လုံးနှင့်လူသည် စကားမဆုံးလိုက်ခင်တွင်ပင် ဝိညာဉ် စွမ်းအားထိမှန်သွားလေသည်။
ဝူလင်းယူ၏ ရောင်ဝါသည် အစောပိုင်းနှင့်လုံးဝကွာခြားသွားသည်။ အရင်ကကဲ့သို့ အပြုံးသဲ့သဲ့ရှိမနေတော့ဘဲ လူသတ်မည့်အကြည့်များပြည့် သွားသည်။
သူ့အကြောင်းပြောရင်ရတယ် ဒါပေမဲ့ သူမကို စော်ကားရဲတဲ့သူကတော့ သေဖို့တောင်းဆိုနေတာပဲ။
ထိုလူများသည် သူ၏ အင်အားကြောင့်လန့်သွားလေသည်။ သူသည် ထိုလူကို တစ်ချက်တည်းနှင့် အပြီးသတ်လိုက်သည်။ ထိုသည်မှာ သူသည် ထို လူထက် အဆင့်အနည်းငယ်မြင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ဘယ်လိုဖြစ်ပြီး…”
ရှီမာယူယူသည် သူ့ကိုထိုပုံစံအတိုင်းမြင်သောအခါ မစတော့ဘဲ သူ့ လက်မောင်းကို ဆွဲကာ ပြောလိုက်သည် “စိတ်မတိုနဲ့တော့ အဲကောင်တွေကို သတ်သာသတ်ပစ်လိုက်”
ယခုလူသတ်မည့် အသွင်အပြင်သည် အစောပိုင်းက သိမ်မွေ့သည့် မိန်းကလေးနှင့် လုံးဝမတူတော့ပေ။ အခုမှပင် သူမ သရုပ်ဆောင်နေသည်ကို သိလိုက်ရတော့သည်။
“ပန်းလေး တစ်ယောက်ယောက်ကတော့ ငါတို့ဆီကနေ လုချင်နေ တယ် မင်းအတွက်မုန့်ကို မင်းကိုပဲအပ်ထားလိုက်ပြီ”
သူမ ပန်းလေးကိုလွှတ်ရာ အိမ်မက်လေးနှင့် ရှောင်ချီပါ အလိုလိုပါလာ သည်။
သူတို့သုံးယောက်သည် ခွဲမရအောင်ဖြစ်နေခဲ့ပြီ။
“အစ်ကိုကြီးလင်းယူကို လုရဲသေးတယ် ငါက ဘယ်တော့မှ မညှာတာ တတ်ဘူး” ရှောင်ချီသည် အင်္ကျီလက်ကို ခေါက်တင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လေသည်။
“ယူယူ့ကို မကောင်းကြံရဲသေးတယ် ခွင့်မလွှတ်နိုင်ဘူး” ပန်းလေးသည် အသားစားအပင်များပြည့်နေသော နွယ်ပင်အဖြစ်ပြောင်းလိုက်လေသည်။
“အရင်စည်းကမ်းအတိုင်းပဲ” အိမ်မက်လေးသည် အမှန်ကန်ဆုံးလူဖြစ် ကာ ထိုလူများကို တိုက်ရိုက်ပင် တိုက်ခိုက်ခဲ့သည်။
“လာပြန်ပြီ” ရှောင်ချီသည် လက်သီးဆုပ်ကာသွားလိုက်သည်။ သူမ အိမ်မက်လေးကို အရှုံးမပေးနိုင်ပေ။
“ငါလည်းလာပြီ” ပန်းလေးသည် လှပသောပန်းများကို ဖွင့်ဟကာ အစားအသောက်ကောင်းများကို စားရန်စောင့်နေသည်။
“အသားစားပန်းဘုရင်”
သူတို့သည် ရှောင်ချီနှင့် အိမ်မက်လေးကို မသိသော်လည်း ပန်းလေး သည် မှတ်မိရလွယ်နေသည်။
ပန်းလေးကိုကြည့်ပြီး သူတို့သည် စိတ်ပျက်လက်ပျက်ဖြစ်သွားလေ သည်။ ဒီလောက်ကြောက်ဖို့ကော်းတာကို ဘယ်လိုလုပ်ဒီမှာတွေ့ရတာလဲ။
***