ပြန်ဆုံစည်းခြင်း
Vol. 87 Ch. 1209
ရှောင်ချီနှင့် ကျန်နှစ်ယောက် တိုက်ခိုက်လိုက်ရာ ထိုလူမျးသည် လျင်မြန်စွာပင် အရှုံးပေးလိုက်ရလေသည်။ “ယူယူ ဒီအတိုင်းပဲသတ်လိုက်ရ မလား” ရှောင်ချီသည် သူမ ဖမ်းမိထားသော လူပုံထိပ်တွင် ရပ်နေသည်။
“ငါ့ပန်းတွေစောင့်နေရတာကြာပြီ” ပန်းလေး ပြောလိုက်သည်။
သူမ၏ ပန်းပါးစပ်များသည် လူများကိုတေ့ထားပြီးဖြစ်ရာ ရှီမာယူယူ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် မျိုချမည်ဖြစ်သည်။
ရှီမာယူယူသည် ဝူလင်းယူ၏ လက်မောင်းကိုတွဲကာ ထိုလူများဆီသို့ လျှောက်လာပြီး ကိုင်းညွှတ်ကာ သူတို့၏ သေလောက်အောင် ဖြူဖျော့နေ သော မျက်နှာများကိုကြည့်ပြီးပြောလိုက်သည် “ဒါတွေက တိုက်ကြီးကလာ တဲ့သူတွေလား ဒီကလူတွေထက်လည်း မသန်မာဘူး”
“ဒီအမှိုက်တွေက အရှက်မရှိ ဒီကိုလာကြတယ်” ရှောင်ချီသည် အား ထည့်လိုက်ရာ အောက်မှလူများသည် နာကျင်သဖြင့် အော်ကြလေသည်။
“သူတို့ရဲ့ စီနီယာအစ်ကိုကြီးကို မသန်စွမ်းအောင် လုပ်လိုက် နောက်ဆုံး ထွက်သက်တစ်ခုနဲ့သာ ချန်ထားလိုက်” ရှီမာယူယူ ပြောလိုက်သည်။
“မလွယ်လွန်းဘူးလား” ရှောင်ချီသည် စီနီယာအစ်ကိုကြီးကို ထူပြီး တစ်ချက်ထိုးလိုက်ရာ နောက်ဆုံးထွက်သက်သာ ကျန်နိုင်တော့လေသည်။
ရှီမာယူယူသည် ခေါင်းရမ်းပြီး မတတ်သာစွာပြောလိုက်ရတော့သည်။ “ရှောင်ချီ ငါ မင်းကိုဘယ်နခေါက်ပြောရမှာလဲ မင်း အကျင့်ကောင်းကောင်း ထားရမယ် အကြမ်းမဖက်ပါနဲ့လို့”
ရှောင်ချီသည် လက်သီးများကို ဝေ့ယမ်းလိုက်သည်။ “ဒီလောက် အကျင့်ကောင်းပေးတာဆို တော်ပြီလေ ရှောင်ချီသာ အကြမ်းဖက်ရင် ဒီကောင်တော့အသားလုံးဖြစ်နေပြီ”
ရှီမာယူယူသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်သွားသည်။ ကောင်းပြီလေ အဲလိုပဲထားကြတာပေါ့။
သူမသည် စီနီယာအစ်ကိုကြီးဆီသို့သွားကာ သူ့ဦးနှောက်ထဲကို ရှာဖွေ ရန် အံ့ဖွယ်အသိစိတ်ကိုသုံးလိုက်ရာ ချက်ချင်းပင် သူမ လိုချင်သည့် သတင်း ကိုရလေသည်။
“ခန္ဓာကိုယ်ထဲကိုဝင်တဲ့ အံ့ဖွယ်အသိစိတ်” ထိုလူများသည် သူမ ထိုသို့ ပြုလုပ်သည်ကိုမြင်သောအခါ တအံ့တသြ အော်ကြလေသည်။
သူမသည် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အံ့ဖွယ်အသိစိတ်ကို သုံး နိုင်သည်မှာ သူတို့အတွက် အံ့သြလောက်စရာပင်။
“စကားပြောနိုင်သေးတာလား ကြည့်ရတာ အားရှိသေးတယ်နဲ့တူတယ်” ရှောင်ချီသည် ပြောရင်းနှင့် ထိုလူကို ထိုးလိုက်ရာ ထိုလူသည်မျက်လုံးလန်ပြီး မေ့မြောသွားလေသည်။
“အကြမ်းဖက်လိုက်တာ” အိမ်မက်လေးသည် အထင်သေးစွာဖြင့် ပြော လေသည်။
“နင်လည်း အတူတူပဲမလား” ရှောင်ချီသည် အိမ်မက်လေးအောက်မှ လူများကိုကြည့်လိုက်သည်။ တစ်ယောက်မှ သတိရှိသည့်သူမရှိပေ။
ရှီမာယူူယူသည် ထိုလူ၏ မှတ်ဉာဏ်ကို ဖတ်ပြီးနောက်တွင် မြေပေါ်သို့ ပစ်ချကာ တိုးညင်းစွာ ပြောလိုက်သည် “အကုန်လုံးကိုရှင်းလိုက်”
သူမသည် ထိုလူ၏ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်သည့်ကိစ္စမဟုတ် သကဲ့သို့ အကြည့်များသည် လွယ်ကူလွန်းသည်။
ထိုအချိန်တွင် သူမသည် အားနည်းသည့်သိမ်မွေ့လွန်းသည့် မိန်းကလေး မဟုတ်ဘဲ မျက်စိမှိတ်သတ်တတ်သော နတ်ဆိုးဆိုသည်ကို သိ သွားလိုက်ရသည်။
ဆိုးတာက သူတို့ အသိနောက်ကျတာပဲ…
ပန်းလေးသည် လျင်မြန်စွာပင် ထိုလူများကို စားသုံးလိုက်သည်။ သူမ စားရသည်ကို ကြိုက်နှစ်သက်သည်ကိုသိသဖြင့် သူမကိုသာ ကျွေးလိုက်လေ သည်။
“ဘာသတင်းတွေ ရလိုက်လဲ” ဝူလင်းယူသည် လက်ကိုင်ပုဝါထုတ်ကာ သူမ လက်ကိုသုပ်ပေးလိုက်သည်။ ထိုလက်များသည် ထိုလူကို ကိုင်လိုက် သဖြင့် ညစ်ပေသွားသည် မဟုတ်ပါလား။
“ဖန်ချီလို့ခေါ်တဲ့ တိုင်းပြည်ပဲ ညီမတို့ကမ္ဘာနဲ့ လုံးဝဆုံလမ်းမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “အစ်ကိုကြားဖူးလား”
ဝူလင်းယူသည် ခေါင်းရမ်းလိုက်သည် “တစ်ခါမှမကြားဖူးဘူး”
သူသည် ခရိုင်အပြင်ဘက်မှ တိုင်းပြည်တချို့ကိုသိသော်လည်း ဖန်ချီကို တော့ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
“အဲလူရဲ့ မှတ်ဉာဏ်အရဆိုရင် သူတို့အားတွေက ညီမတို့ တိုင်းပြည် ထက်သာလွန်တယ် စံတင်အဆင့်တွေလည်းများတယ်” ရှီမာယူယူ ပြော လိုက်သည် “သူတို့က ဒီခရိုင်တစ်ခုတည်းအတွက်လာတာ အဲဒါကြောင့် ဒီလောက်တိုက်ခိုက်နေကြတာ လေဟာပြင်ခေါက်တာကိုလည်း ဖျက်နိုင်ကြ တယ်”
“ကြည့်ရတာ ကိုယ်တို့တကယ်ဒုက္ခရောက်ပြီပဲ” ဝူလင်းယူသည် ထိုသို့ ပြောလိုက်သော်လည်း သူ့မျက်လုံးများတွင် စိုးရိမ်မှုတစိုးတစိမျှ ရှိမနေပေ။
ရှီမာယူယူသည် စက္ကူလိပ်ကိုဖွင့်လိုက်သည် “သူတို့အများစုက ဒီခရိုင် မှာပဲရှိတယ် ဖန်အာနဲ့ တခြားသူတွေက ဒီမှာမရှိရင်… သူတို့က ဒီမှာပဲရှိသေး တာပဲ”
“သူတို့အကုန်လုံး အဲဒီမှာလား ဘယ်သူလဲ” ရှောင်ချီသည် ခုန်ပေါက် လာကာ စက္ကူလိပ်အားကြည့်ရင်း မေးလေသည်။
“အသည်းကွဲတောင်ကြား၊ အင်ပါယာကျောင်း၊ ကုန်တောင်ကြားနဲ့ ခရမ်းရောင်ရေနဂါးမျိုးနွယ် သူတို့အကုန်လုံးက ဒီခရိုင်မှာပဲရှိကြတာပဲ ပြီးတော့ တစ်နေရာနဲ့တစ်နေရာ မဝေးကြဘူး” ရှီမာယူယူ ဆက်ပြောလိုက် သည် “အစ်ကိုကြီးချင်းနဲ့ တခြားသူတွေတောင် ဒီမှာရှိကြတယ်”
သူတို့ကလွဲပြီး တခြားသူများသည် ပြေးလွှားနေကြသည်။ သူမ လေဟာ ပြင် ခေါက်ရာသို့ မသွားခင်ကထက် ဤခရိုင်တွင် အနီစက်များ များပြားလာ သည်။
“ဒီမှာတော့ အသက်ဝင်နေပုံရတယ်” ဝူလင်းယူ ပြောလိုက်သည်။
“အမှန်ပဲ” ရှီမာယူယူ ဆက်ပြောလေသည် “သူတို့ကို အရင်ဆက်သွယ် ကြည့်မယ်”
သူမသည် သားအမိကျောက်တုံးထုတ်ကာ ရှီမန်ဖန်ကို ဆက်သွယ် လိုက်သည်။
“အစ်မကြီး ဘယ်မှာလဲ” ရှီမန်ဖန်သည် ရှီမာယူယူနှင့် ဆက်သွယ်မိ သည်နှင့် စိုးရိမ်တကြီးမေးလေသည်။
သူတို့သည် အပြောင်းအလဲရှိသည် မရှိသည်ကို သိချင်သဖြင့် သူမကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။
“ငါ မင်းတို့နဲ့ဝေးနေသေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“အဆင်ပြေရဲ့လား ညီမတို့ အစ်မကြီးကိုဆက်သွယ်မရလို့” ရှီမန်လီ သည် စိုးရိမ်တကြီး ပြောလေသည်။
“အစောပိုင်းကတော့ တစ်ခုခုဖြစ်သွားတယ် ဒါပေမဲ့အခု အဆင်ပြေသွား ပါပြီ” ရှီမာယူယူ ဆက်ပြောလေသည် “မင်းတို့အဲမှာ စောင့်နေကြ မကြာခင် ငါလာရှာမယ်”
“ကောင်းပြီ”
ရှီမာယူယူသည် အဆက်အသွယ်ဖြတ်လိုက်ပြီး တည်ဆောက်မှု ကျောက်တုံးထုတ်ထား ဝူလင်းယူနှင့်အတူ တည်ဆောက်လိုက်သည်။
သူတို့နှင့် ဝေးနေသဖြင့် တစ်ခေါက်တည်းနှင့် မရနိုင်ပေ။ သူတို့နှင့် အနီးဆုံးရောက်ရန် အနည်းဆုံး သုံးကြိမ်လုပ်ရသည်။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် သတင်းရပြီၤးနောက် ရောက် သည့်နေရာတွင်နေကြလေသည်။ သူတို့ ရှီမာယူယူကို မြင်ရချိန်တွင် သုံးရက် လေးရက်ကြာသွားပြီဖြစ်သည်။
“အစ်မကြီး ဒဏ်ရာရထားတာလား” ရှီမန်ဖန်သည် ရှီမာယူယူကို မြင် သည်နှင့် သူမခန္ဓာကိုယ် မကောင်းသည်ကို သိလိုက်သည်။
“အင်း အစောပိုင်းကဖြစ်တာပါ အခုတော့ ကောင်းသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။
ရှီမန်ဖန်သည် ဝူလင်းယူကို မေးခွန်းအပြည့်ပါသော မျက်လုံးများဖြင့် ကြည့်လေသည်။
သူမ ထိခိုက်ထားတာကို သူက ဘာလို့ကောင်းနေတာလဲ။ သူ သူမကို ဘယ်လိုစောင့်ရှောက်တာလဲ။
“အဲဒါစီနီယာအစ်ကိုနဲ့ မဆိုင်ဘူး သူ့ကြောင့်သာမဟုတ်ရင် ငါ သေ တော့မလို့ပဲ” ရှီမာယူယူ ရှင်းပြလေသည်။
“ဘာတွေဖြစ်ခဲ့တာလဲ ဘာလို့အသက်သေတော့မလို့အထိ ဖြစ်ခဲ့တာလဲ” ရှီမန်လီသည် ရှီမာယူယူ၏ လက်ကိုကိုင်ပြီးမေးရာ သူမ မျက်နှာတွင် ကြောက် လန့်မှုများပြည့်နေသည်။
“ဘာမှတော့မဟုတ်ပါဘူး” ရှီမာယူယူသည် သူမလက်ကများကို ပုတ် ပြီးနောက် အကျဉ်းချုံး ပြောပြလိုက်လေသည်။
လေဟာပြင်ခေါက်ရာအတွင်းသို့ ဒိကျဲ့ကိုသွားရှာသည်ဟု မပြောဘဲ မတော်တဆရောက်သွားကာ ပြန်ထွက်လာချိန်တွင် လေဟာပြင်ခေါက်ရာ ပြိုပျက်သွားသည်မှ ဝူလင်းယူ ကယ်ပေးခဲ့သည်ဟု ပြောလိုက်သည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ ဆရာ အဲလိုအသက်ရှင်တာကိုက ကံကောင်းလွန်းနေပြီ” ဖန်ခိုင် သက်ပြင်းချလေသည်။
“ငါလည်း ကံကောင်းတယ်လို့ ခံစားရတယ်” ရှီမာယူယူ ဆက်ပြောလေ သည် “မင်းတို့ရော ဒီနှစ်တွေမှာ ဘာတွေရထားလဲ”
“ငါတို့ကတော့ အစ်မနဲ့မတူဘူး” ရှီမန်ဖန် ဆက်ပြောလေသည် “ဒါပေမဲ့ လည်း မဆိုးပါဘူး ဒီနှစ်တွေမှာ ရတနာတချို့ရှာတွေ့တယ် တခြားတိုင်းပြည် ကလူတွေနဲ့လည်းမတွေ့ဘူး”
“ဒါပေမဲ့ ခရမ်းရောင်ရေနဂါးမျိုးနွယ်ကတော့ တစ်ခါတွေ့တယ်လို့ ကြား တယ် တစ်ဖက်က သူတို့ကိုပြဿနာရှာချင်ပေမဲ့ သူတို့ကရိုက်ပေးလိုက်တယ် တဲ့” ဘိုင်ရှန်း ပြောလေသည်။
“နောက်မှလာတဲ့လူတွေက လွန်ကိုလွန်တယ် သူတို့ဘာသာ ရတနာ မရှာဘဲနဲ့ လိုက်လုနေတယ်” နီအန်းယီသည် သူတို့ကို စက်ဆုပ်မိလေသည် “ငါသာ သူတို့ကိုတွေ့ရင်တော့ အပြင်းအထန် တိုက်ခိုက်ပစ်မယ်”
“မင်းပြောတာ မှတ်ထားနော်” ဘိုင်ရှန်း ဆက်ပြောလေသည် “သူတို့နဲ့ တွေ့ရင် နောက်သာပြန်မဆုတ်နဲ့”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” နီအန်းယီ အော်လုကိသည် “ငါ နီအန်းယီ က ပုန်းတယ်ဆိုတာ ဘာမှန်းမသိဘူး”
“ကောင်းတယ် မင်းအလှည့်ပဲပေါ့” အဘိုးဘိုင်သည် သူ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။
“နောက်ကျရင် မင်း ဘယ်လိုတင်ဆက်မလဲကြည့်ကြတာပေါ့” ဖန်ခိုင်နှင့် တခြားသူများသည် သူ့ကို မျှော်လင့်ချက်ကြီးကြီးထားကြသည်။
“ဘာလဲ” နီအန်းယီသည် အချိန်မှီမတုန့်ပြန်နိုင်ကာ မျက်တောင်ခတ် လိုက်သည်။
***