လုယက်မှုနှင့်တွေ့ဆုံခြင်း
Vol. 87 Ch. 1210
သို့သော် လျင်မြန်စွာပင် နီအန်းယီသည် သူတို့ဆိုလိုချက်ကို နားလည် သွားလိုက်သည်။ အကြောင်းမှာ သူတို့ဆီသို့လာနေသည့် လူတစ်စုကို မြင် လိုက်ရခြင်းကြောင့်ပင်။ တစ်ဖက်လူသည် ရက်စက်သည့်ပုံပေါက်ပြီး ကြည့်လိုက်သည်နှင့်ပင် သူတို့ဆီမှ လုယက်ရန်လာခြင်းဖြစ်ကြောင်းသိနိုင် သည်။
“နောက်ထပ် ဝဖြိုးနေတဲ့သိုးအုပ်ကိုတွေ့ပြီဟေ့” တစ်ဖက်မှလူတစ် ယောက်သည် ရှီမာယူယူကို တောက်ပပြီး အရောင်လဲ့နေသော မျက်လုံးများ ဖြင့်ကြည့်ပြီး ပြောလေသည်။ အထူးသဖြင့် သူမနှင့် ရှီမန်လီကို မြင်သောအခါ ပို၍အာကျယ်လာသည်။
“ဆရာ အလှလေးတွေပဲ” ထိုလူများသည် စက်ဆုပ်သောအကြည့်ဖြင့် ရှီမာယူယူနှင့် သူမခန္ဓာကိုယ်ကို ကြည့်ရာ ရွံစရာပင်ကောင်းနေသည်။
“ဟားဟား ဒီနေ့တော့ လုစရာရတနာတင်မဟုတ်ဘဲ ကစားဖို့ အလှ လေးတွေကိုပါ လုရတော့မှာပဲ ဒီနေ့ ကံတရားက ငါတို့ဘက်ပါနေပြီ” ထိုဆရာ ဆိုသူသည် အူလှိုက်သဲလှိုက်ရယ်လေသည်။
သူတို့ထိုသို့ ပြောသည်နှင့် အသည်းကွဲတောင်ကြားမှအဖွဲ့ဝင်များ၏ မျက်နှာမှာ မည်းနက်နေလေပြီ။
သူတို့ ဆရာကို ဒီလောက်ရွံစရာကောင်းတဲ့ အတွေးရှိရဲတယ်ပေါ့။ အသက်မရှင်ချင်တော့ဘူးထင်တယ်။
အစပိုင်းတွင် သူတို့သည် နီအန်းယီကို စနောက်ချင်ရုံသာဖြစ်သည်။ သို့သော် သူတို့သည်အတူရပ်တည်ကာ ထိုလူများကို ဖြေရှင်းရန် ပြင်ဆင် ထားကြသည်။
သူတို့အားလုံးသည် သွေးမိစ္ဆာမြို့မှ ဖြစ်ပြီး မတရားကျူးကျော်တိုက်ခိုက် တဲ့နေရာမှာတော့ တခြားသူတွေက ဘယ်ယှဉ်နိုင်မလဲ။
ထိုလူသတ်မည့်ရည်ရွယ်ချက်နှင့် ပြိုင်ဘက်၏ ရန်လိုမှုကို နှိပ်ကွပ်နိုင် သည်။ တချို့မှာ ခြေထောက်များပင် အားလျော့နေလေသည်။
“သူတို့ကိုကြည့်ရတာ လူတချို့ကိုတောင် လုပြီးပြီထင်တယ် အဲလိုမှ တော့ ငါတို့အလွယ်တကူလွှတ်ပေးလို့မရဘူး ငါးဖမ်းသမားက နှစ်ခုလုံးကို ဖမ်းနိုင်ရင် ငါးဖမ်းသမားကို နောက်မှာချန်ထားပေးရမှာပေါ့” ရှီမာယူယူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရှိနေသည်။ သူမ စိတ်ခံစားချက်ကောင်းနေသည်။
အဲတိုင်းပြည်ကလူတွေက လုယက်ရတာကြိုက်မှတော့ သူတို့ ဆေး အရသာကို သူတို့ခံစားပေးခိုင်းရမှာပေါ့။ သူတို့ လုခဲ့တဲ့ပစ္စည်းတွေကို ပြန်လု ပေးရတာပေါ့။
သေချာတာတော့ သူမ လုပြီးရင် သူမ ပစ္စည်းတွေဖြစ်သွားပြီပေါ့။ အလုခံခဲ့ရတဲ့ လူတွေကိုတော့ ပြန်ပေးမှာမဟုတ်ဘူးလေ။
“ဒါလည်းကောင်းတာပဲ ရတနာတွေကို အသက်စွန့်ပြီးရှာရတာထက် ပို ကောင်းတယ်” နီအန်းယီ ရယ်မောလိုက်သည်။
တခြားသူများလည်း သဘောတူသဖြင့် တစ်ယောက်ပြီးတစ်ယောက် လက်နက်များထုတ်ကြလေသည်။
“အဲလိုဆိုမှတော့ အဲလူတွေနဲ့ အရင်စကြတာပေါ့ တခြားသူတွေကို ဂရုစမိုက်မနေနဲ့ အဲဒီအဆင့်အတန်းနိမ့်တဲ့သူတွေကို လွှတ်ပေးလို့မရဘူး ညီအစ်ကိုတို့ သွားမယ်”
ရှီမာယူယူနှင့် ရှီမန်ဖန်တို့၏ အမိန့်မရှိဘဲ အသည်းကွဲတောင်ကြားအဖွဲ့ ဝင်များသည် တိုက်ခိုက်ရန် သွားကြလေသည်။ ပြိုင်ဘက်တချို့မှာ အဆင့် မြင့်ကြသော်လည်း သူတို့၏ အားလုံးပေါင်းအားသည် သူတို့နှင့် များစွာ ကွာခြားလေသည်။
လျင်မြန်စွာပင် ထိုလူများသည် အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ ဖြုတ်ချခဲ့လိုက်ရပြီး ရှီမာယူယူနှင့် ဝူလင်းယူတို့သည် အနောက်တွင် မလှုပ်ရှား ဘဲနေကြသည်။ ရှီမန်လီသည် ကူညီလိုသော်လည်း ရှီမာယူယူ တားလိုက် သောကြာင့် မသွားလိုက်ရပေ။
ထိုသည်မှာ တိုက်ခိုက်မှုအစစ်အမှန်ဖြစ်သည်။ လီအာသည် ငယ်သေး သည်။ သူတို့လည်း အားမနည်းပေ။ သူမ အပျော်အနေနှင့် ဝင်မပါသည်က ကောင်းမည်။
ရှီမာယူယူကို နှာဘူးထသော ရွံစရာအကြည့်ဖြင့်ကြည့်ကြသော ထိုလူ များကို အလွတ်မပေးကြပေ။
ရှီမာယူယူကို အသည်းကွဲတောင်ကြားမှအဖွဲ့ဝင်များကာကွယ်ပေးထား သည်။ သူတို့တောင်မှ သူမကိုမကောင်းသော အကြည့်ဖြင့်မကြည့်ရဲသလို ညစ်ပတ်တဲ့ အတွေးတွေမတွေးရဲတာကို သူတို့က ကျားပါးစပ်ထဲကိုဝင်လာ ကြတာ တကယ်ပဲ အသက်ရှင်ဖို့ငြီးငွေ့နေကြတာပဲ။
သူတို့သည် ကျန်လူများကို အမုန်းတရားမရှိသဖြင့် အသက်ကိုမယူပေ။ မှော်ဝင်လက်စွပ်ကိုသာ တောင်းလေသည်။
အစပိုင်းတွင် သူတို့သည် မပေးချင်ကြပေ။ သူတို့တောင်မှ တခြားသူဆီ ကနေ လုလာတာ သူတို့က ပြန်အလုခံနေရတာလား။
သို့သော် လူတချို့အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ထိုလူများ သည် မျိုးနွယ်တစ်ခုမှ ရိုးရှင်းသော တပည့်သပ်သပ်မဟုတ်ကာ လူတကယ် သတ်သည်ကို သိလိုက်ရသည်။
ထို့ကြောင့် ထိုလူများသည် မှော်ဝင်လက်စွပ်နှင့် ဆက်နွယ်မှုကိုဖြတ်ကာ ကျိုးကျိုးနွံနွံပင် ပေးလိုက်ရသည်။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် မှော်ဝင်လက်စွပ်ယူကာ အထဲမှ ပစ္စည်းအားလုံးကိုထုတ်ပြီးနောက် ဗလာကျင်းနေသော မှော်ဝင် လက်စွပ်ကို ပြန်ပေးလိုက်သည်။
“ရော့ အကုန်လုံးဒီမှာထားခဲ့ မှော်ဝင်လက်စွပ်ကိုတော့ ပြန်ပေးမယ် ငါတို့က လူကောင်းတွေပါ”
ထိုလူများသည် ကိုယ့်ကိုယ်ကို ချီးကျူးဖို့တော့ မမေ့ဘူးပဲ။
ရှီမာယူယူသည် သူတို့ကို ထိုပုံစံအတိုင်းမြင်သောအခါ ဖက်တီးနှင့် တခြားသူများနှင့် ရှိတုန်းကအချိန်ကို သွားသတိရမိသည်။ ဖက်တီးကျူသည် တခြားသူများ၏ မှော်ဝင်လက်စွပ်ကိုယူပြီး ဘာမှမပါဘဲ ပြန်ပေးတတ်သည်။
သူတို့ မည်သို့နေသည်ကို သိချင်မိသည်။ သူတို့သည် လောကအသေး ထဲသို့ ဆယ်စုနှစ်တစ်ခုကြာအောင်သွားမည်ဟု ပြောခဲ့သည်။ အခုအချိန် တွက်ကြည့်ရာ သူတို့သည် မကြာခင်တွင်ထွက်လာနိုင်သည်။ သူမ ထာဝရ ရှင်သန်သူနယ်မြေတွင်ရှိနေသေးသည်က နှမြောဖို့ကောင်းသည်။ သူတို့ ပြန် လာလျှင်တောင် သူမ မတွေ့နိုင်ပေ။
သူမသည် သူတို့ကို အမှန်တကယ်ပင် လွမ်းလှပြီ။
သူမ အတွေးထဲမြောနေစဉ်တွင် နီအန်းယီနှင့် တခြာသူများသည် အကုန်သိမ်းကျုံးယူပြီးလေပြီ။ ထိုလူများသည် မပေးချင်သော်လည်း အသည်း ကွဲတောင်ကြား၏ အင်အားကိုမနိုင်နိုင်သဖြင့် ဖနောင့်နှင့်တင်ပါး တစ်သား တည်းကျအောင် ပြေးရလေတော့သည်။
“ဟင်း သူတို့တို့ ဘယ်ကလာတယ်ထင်နေတာလဲ သူတို့ကိုယ်သူတို့ အားကောင်းတယ်လို့ ထင်နေကြတာလား သူတို့ထက် အားကောင်းတဲ့သူကို လည်းတွေ့ရော အမြန်ပြေးကြတာပဲ” နီအန်းယီ မှတ်ချက်ပေးလေသည်။
“အားကောင်းတဲ့လူနဲ့ တွေ့လို့ မပြေးရင် မင်းကတုံးတာပဲ” ရှီမာယူယူ ရယ်မောလိုက်သည် “မြန်မြန် မင်းတို့ဘာရလိုက်လဲ ကြည့်ရအောင်”
“ဟီးဟီး ဆရာ တောင်ကြားခေါင်းဆောင် ဒီလူတွေ အများကြီးလုထား တာပဲ ပစ္စည်းတွေအများကြီးပဲ ငါတို့ပစ္စည်းတွေထက် ဆိုးဝါးတာ တစ်ခုမှမပါ ဘူး” ဒိုင်ယိ ပြောလိုက်သည်။
“သူတို့လူအများကြီးကိုလုယက်ခဲ့တယ် သူတို့တိုင်းပြည်ကလည်း ငါတို့ တိုင်းပြည်ထက် ပိုကောင်းနေတယ်” ရှီမန်ဖန် ဆက်ပြောလေသည် “သူတို့ အဖွဲ့ဝင်အားက ငါတို့သာမာန်လူတွေထက် ပိုကောင်းတယ် အမှန်ပဲ သူတို့ ပတ်ဝန်းကျင်က ငါတို့ထက် အများကြီးကောင်းတာပဲ”
“သူတို့ ဘယ်လိုပဲဖြစ်နေနေ ထာဝရရှင်သန်သူနယ်မြေကထွက်ပြီးရင် တော့ ပတ်သတ်မှုရှိတော့မှာမဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “အဲတော့ အားလုံးပဲ သူတို့က ကောင်းကင်ဘုံအပြင်ဘက်မှာရှိနေရင်တောင် တိုက်ခိုက်ဖို့ိကို မတွန့်ဆုတ်ကြနဲ့ သူတို့က ဒီမှာ ပိုးကောင်သာသာပဲ မတွေဝေ ကြနဲ့ နားလည်လား”
“နားလည်ပါတယ် ဒုတောင်ကြားခေါင်းဆောင်” အသည်းကွဲတောင် ကြားအဖွဲ့ဝင်များသည် ပြိုင်တူပြန်ဖြေကြလေသည်။
“ငါတို့ရဲ့ နောက်ခံတွေက သူတို့အတွက် အလုပ်မဖြစ်ဘူး သူတို့က ငှက်လေးရဲ့ သရုပ်မှန်ကိုဂရုမစိုက်သလို ငါတို့နောက်ကွယ်က ငှက်မျိုးနွယ်ကို လည်း ဂရုမစိုက်ဘူး အဲတော့ မင်းတို့အပြင်မှာရှိနေရင် ဂရုစိုက်ရမယ် သူတို့နဲ့ မတိုက်ခိုက်နိုင်ဘူးဆိုရင် ထွက်ပြေးတာက ရှက်စရာမဟုတ်ဘူး အသက်ဆုံးရှုံး လိုက်ရတာထက်စာရင် ကောင်းတယ်” ရှီမာယူယူ ပြောလိုက် သည်။
“နားလည်ပါပြီ”
အားလုံးသည် အစွန်အဖျားတွင်နေခဲ့ကြရသည်။ သူတို့အသက်နှင့် ပတ်သတ်လျှင် အားလုံးနားလည်ထားကြသော စည်းမျဉ်းပင်ဖြစ်သည်။
သို့သော် သူမနှင့် အတူရှိလျှင် မည်သည့်အရာမှဖြစ်မလာမည်ကို သူတို့ နားလည်ထားကြသည်။
သူမနှင့်ပတ်သတ်လျှင် မျက်စိမှိတ်ပြီး ယုံထားပြီးသားဖြစ်သည်။
“ကောင်းပြီ အဘိုးဘိုင် ဒါတွေကိုစာရင်းလုပ်ထားပေး တခြားသူတွေ နားလို့ရတယ် အခုတိုက်ခိုက်တာက ပင်ပန်းသွားမှာပဲ” ရှီမာယူယူ ပြောလိုက် သည်။
ရှီမန်ဖန်သည် တောင်ကြားသခင်ဖြစ်ပြီး သူမသည် အားလုံးနောက်မှ လိုက်ချင်အောင် ပြုလုပ်သူဖြစ်သော်ငြား တောင်ကြားတွင်တော့ ကိစ္စများကို ဘိုင်ရှန်းက ကိုင်တွယ်သည်။ သူ့ကြောင့်သာမဟုတ်လျှင် သူတို့စိတ်ချနိုင် မည်မဟုတ်ပေ။
အစပိုင်းတွင် ဘိုင်ရှန်းသည် ရှီမာယူယူ ပြောသောစကားကြောင့် နောက်မှလိုက်ခြင်းဖြစ်သည်။ သူသည် လက်စားချေမည့် နေ့ကိုသာစဉ်းစားခဲ့ သည်။ သို့သော် အခုတော့ သူသည် အခက်အခဲများကို ဝမ်းမြောက်စွာ ခံနိုင် ရည်ရှိခဲ့သည်။
ရှီမာယူယူသည် သီးသန့်ကိစ္စများပြောရန် ရှီမန်ဖန်နှင့် ရှီမန်လီကို ဆွဲ ခေါ်လာလိုက်သည်။ သူတို့သည် ကြာရှည်စွာကွဲကွာခဲ့သော မောင်နှမများ ဖြစ်ပြီး ကိစ္စများစွာကိုမတူညီစွာ ဖြတ်သန်းခဲ့ရသဖြင့် သူတို့နှင့် စကားပြောချင် မိသည်။
ရုတ်တရက်ပင် လေဟာပြင်အတက်အကျဖြစ်ကာ လေဟာပြင် ဝင်ပေါက်သည် အားလုံးရှေ့တွင်ပေါ်လာသည်။
သို့သော် မည်သူမှထွက်မလာပေ။
ရှီမာယူယူသည် ကျောက်တုံးပေါ်တွင် မတ်တတ်ရပ်ကာ လေဟာပြင် ဝင်ပေါက်ကိုကြည့်ပြီး ပြောလိုက်သည် “သူတို့အန္တရာယ်ရှိနေပြီ”
***