ဂုဏ်သတင်းပြန့်ခြင်း
Vol. 87 Ch. 1211
“ဘယ်သူအန္တရာယ်ရှိတာလဲ” ရှီမန်လီ မေးလိုက်သည်။
“ငါလည်းမသိဘူး သူတို့ကို ပစ္စည်းအတူတူပေးလိုက်တာ အကြပ်အတည်းဖြစ်ရင် လေဟာပြင်ဝင်ပေါက်ဆောက်လို့ပြောလိုက်တာ အဲတော့ တစ်ဖက်ကလူက ဘယ်သူလဲလို့မသိဘူး” ရှီမာယူယူ ဆက်ပြောလေ သည် “ဖန်အာ အကုန်လုံးကိုစုလိုက် ငါ့နောက်လိုက်ခဲ့ကြ ငါဝင်သွားပြီး အရင် ကြည့်လိုက်မယ်”
သူမနှင့် ဝူလင်းယူတိုပသည် အရင်ဝင်သွားနှင့်ကာ နောက်တွင် ဖန်ကျိ နှင့် တခြားသူများ တပည့်များသည်လည်း အနောက်မှ ပျံပြီးအစဉ်လိုက် လိုက် လာကြသည်။
လေဟာပြင်ဝင်ပေါက် တစ်ဖက်တွင် ကုန်တောင်ကြားနှင့် အင်ပါယာ ကျောင်းတော်မှအဖွဲ့ဝင်များသည် တစ်ယောက်နှင့်တစ်ယောက်မှီခိုကာ တစ်ဖက်အဖွဲ့နှင့် မျက်နှာချင်းဆိုင်နေကြသည်။
သူတို့ကို အဘက်ဘက်မှလူများဝန်းရံထားကြပြီး အရေအတွက်မှာ သူတို့ထက် နှစ်ဆများသည်။ ပြောဖို့မလိုအောင်ပင် တစ်ဖက်လူ၏ အားအင် မှာပိုမြင့်သည်။
“ဒါရိုက်တာမုန့် ဒီအသက်သွေးကြောက အလုပ်ဖြစ်လား”
မုန့်ဆန်းချွယ်သည်လည်း မသေချာပေ။ သူတို့ကိုပေးခဲ့သော ဖြတ်လမ်း တည်ဆောက်မှုသည် ထွက်ပြေးရန်ဖြစ်သည်။ သို့သော် ရှီမာယူယူပေးခဲ့သော ပစ္စည်းသည် အခုချိန်တွင် အသုံးမဝင်ပေ။
သူသည် ထိုပစ္စည်းကို အသက်သွင်းလိုက်သော်လည်း ဘာတုန့်ပြန် ချက်မှမရခဲ့ပေ။
“မင်းတို့ အကူအညီခေါ်လိုက်တာမဟုတ်ဘူးလား” သူတို့ကိုဝန်းရံထား သော ပြိုင်ဘက်သည် နီးလာသည် “မင်းတို့အကူအညီတွေ အခုထိ ဘာလို့ မလာသေးတာလဲ ကြည့်ရတာ ဒီနေ့ မင်းတို့ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး”
“ဆက်ပြီးပြေးနိုင်ရဲ့လား အားနည်းရင် ထွက်ပြေးဖို့တော့တော်ကြတယ် လေ” ခန္ဓာကိုယ်တောင့်သောလူသည် ကြီးမားသော ဓားရှည်ကိုကိုင်ပြီး သူတို့ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလေသည်။
“ဟုတ်တယ် အဲဒါကြောင့် ဒီတိုင်းပြည်ကလူတွေရဲ့ အားကနိမ့်တာကိုး သူတို့အချိန်တွေ အားထုတ်မှုတွေက ထွက်ပြေးဖို့ပဲသုံးနေလို့လေ” တခြားသူ များလည်း သဘောတူကြလေသည်။
မုန့်ဆန်းချွယ်နှင့် ကုန်ရှန်ယိတို့၏ မျက်နှာများသည် ပို၍ မည်းနက် လာသည်။ ထိုလူများသည် သူတို့၏ ပစ္စည်းများကိုလုယူရုံတင်မကဘဲ စော်ကားနေေးသည်။
“ပစ္စည်းတွေကို နာနာခံခံပဲ ပေးလိုက် မင်းတို့အတွက်လည်း အချိန် အများကြီးသက်သာသွားမယ်” တစ်ဖက်ပြိုင်ဘက်၏ ခေါင်းဆောင် ပြောလေ သည် “အဲလိုဆိုရင် မင်းတို့လည်း အားကုန်သက်သာမယ် ငါတို့လည်း အားမစိုက်ရတော့ဘူး”
“မဖြစ်နိုင်ဘူး” ကုန်ရှန်ယိ ငြင်းဆန်လေသည် “မင်းတို့ကို ဘာမှပေးမှာ မဟုတ်ဘူး ယူယူနဲ့ ကျန်တဲ့သူတွေလာတဲ့အထိစောင့် ဒီလောက် မောက်မာ နိုင်မလားကြည့်ကြတာပေါ့”
ကုန်ရှန်ယိသည် အစပိုင်းတွင် ရှီမန်ဖန်တို့နှင့် အတူရှိခဲ့သည်။ သို့သော် သူမသည် ကုန်တောင်ကြားအဖွဲ့ဝင်များနှင့် တွေ့ပြီးနောက်တွင် သူတို့နှင့် လိုက်လာခဲ့သည်။ အခုချိန်တွင် သူတို့၏ အချက်ပေးအကူအညီတောင်းမှု သည် အလုပ်ဖြစ်ရဲ့လားပင် မသိနိုင်ပေ။
တကယ်တော့ သူတို့သည် ထိုကဲ့သို့ထူးခြားသော အချက်ပေးမှုကို မတွေ့ဖူးကြပေ။
“ယူယူ သေချာပေါက်လာမှာပါ နည်းနည်းလောက်ထပ်ပြီး ထိန်းထား” မုန့်ဆန်းချွယ်သည် တခြားသူများကို ပြောလိုက်သည်။
ပြိုင်ဘက်သည် အနည်းငယ်သိချင်မိသည်။ ဒီလူစုက ရှီမာယူယူလို့ခေါ် တဲ့နာမည်နဲ့လူကို တော်တော်မျှော်လင့်ထားကြတာပဲ။
“ဒါဆိုရင် မင်းတို့ကိုအရင်ရှင်းမယ်လေ ပြီးမှပဲ မင်းတို့ စောင့်နေတဲ့လူ လာတာကို စောင့်ပြီး မင်းတို့ဒီလောက် မျှော်လင့်ထားရလောက်အောင် ဘယ်လောက်တောင် တော်နေလဲဆိုတာ ကြည့်ဦးမယ်”
“ငါ့အကြောင်းပြောနေကြတာလား” ရှီမာယူယူ၏ အသံသည် လေထဲမှ ထွက်လာသည်။ မုန့်ဆန်းချွယ် လက်ထဲမှပစ္စည်းသည် အဖြူရောင်အလင်း တန်းများထွက်လာပြီး ထိုအလင်းတန်းသည် ဖြစ်နိုင်သလောက် ဝေးဝေးဖြန့် ကျက်ရာ လေဟာပြင်ဝင်ပေါက်တစ်ခုပွင့်လာပြီး ရှီမာယူယူသည် လူတစ်စုကို ခေါ်ကာ ထိုနေရာမှထွက်လာလေသည်။
လှပတင့်တယ်သော ပိုးဖလံတစ်ကောင်သည် ပြေပြစ်စွာ ပျံသန်းနေ သကဲ့သို့ သူမ၏ ဝတ်စုံသည် လှုပ်ခတ်နေပြီး မည်းနက်နေသောဆံပင်များ လွှင့်နေသည်မှာ အောက်ကလူများကို ချက်ချင်းပင် စိတ်လွင့်သွားစေသည်။
ဒီလောက်လှတဲ့ မိန်းကလေးရှိသေးတာပဲ။
ရှီမာယူယူကို မြင်ပြီးနောက်တွင် ကုန်ရှန်ယိနှင့် တခြားသူများ၏ မျက်နှာတွင် မျှော်လင့်ချက် အပြုံးဖြစ်လာသည်။
“ယူယူ နောက်ဆုံးတော့ ရောက်လာပြီပဲ ငါတို့အချက်ပေးတာကို မကြား ဘူးလို့ထင်နေတာ” ကုန်ရှန်ယိ ပြောလိုက်သည်။
“ငါကိုယ်တိုင် လုပ်ထားတာပဲ ဘယ်လိုလုပ် အသုံးမဝင်ဖြစ်ရမှာလဲ” ရှီမာယူယူသည် သူတို့ကိုတစ်ချက်ကြည့်လိုက်သည်။ ကံကောင်းစွာပင် အရေအတွက်သည် သူမ မျှော်လင့်ထားသလောက် မနည်းပေ။
ကုန်ရှန်ယိသည် လှည့်ပတ်ကြည့်ပြီးနောက် ရှီမန်ဖန်ကို မတွေ့သဖြင့် စိတ်ပျက်သွားလေသည်။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေ အားလုံးဒီမှာရှိနေတာကို သူက ဘာလို့မရှိတာလဲ။
“ဖန်အာက အနောက်မှာ ခဏနေရင် လာလိမ့်မယ်” ရှီမာယူယူသည် မုန့်ဆန်းချွယ်အနောက်သို့ ဝူလင်းယူနှင့်အတူ ဆင်းသက်ရင်း ပြောလေသည် “ဒါရိုက်တာမုန့် အဆင်ပြေကြရဲ့လား”
“အဆင်ပြေတယ်” မုန့်ဆန်းချွယ် ဆက်ပြောလေသည် “ဒါပေမဲ့ ဒီလူ တွေက ကိုင်တွယ်ဖို့ မလွယ်ဘူး မင်းလူတွေ ဒီကိုခေါ်လာရင် ကြောက်တာ က…”
“ထပ်လာဖို့ရှိသေးတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မလည်း အခုပဲ အသည်းကွဲတောင်ကြားအဖွဲ့ဝင်တွေကိုတွေ့တာ သူတို့ အကုန်နောက်မှာပဲ”
အပြင်နယ်မြေမှလူများသည် သူတို့အဖွဲ့ဝင်များ အားကောင်းသော လူများနှင့်အတူ အဆက်မပြတ်ဝင်လာသည်ကို မြင်သောအခါ သူတို့အကြည့် များသည် လေးလံလာကြသည်။
“အဲဒီဝင်ပေါက်ကိုဖျက်ဆီးလိုက် လူတွေထပ်မထွက်လာအောင်လုပ် လိုက်”
“ဟုတ်ကဲ့ ဆရာ”
လူတချို့သည် ဝိညာဉ်စွမ်းအင်ကိုစုပြီး လေဟာပြင်ထွက်ပေါက်ကို တိုက်ခိုက်ရန်ကြိုးစားလေသည်။ သို့သော် နီးလာသည့်အချိန်တွင် ပျောက် ကွယ်သွားလေသည်။
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် လေထဲတွင်ရပ်ကာ အောက် မှလူများကို ကြမ်းတမ်းစွာကြည့်လေသည်။
သူတို့ရှိနေတာကို ဒီလေဟာပြင်ဝင်ပေါက်ကို ဘယ်သူထိရဲတာလဲ။
“ဆရာ ဒီလူတွေက အရင်တွေ့ဖူးတဲ့လူတွေနဲ့မတူဘူး ပိုပြီးခက်ထန် သလိုပဲ”
“မဟုတ်တာတွေ မပြောနဲ့ ငါ့ဘာသာမြင်တယ်” ဆရာဆိုသူသည် ထိုစကားပြောသောသူကို ကြည့်လိုက်သည်။
အသည်းကွဲတောင်ကြား အဖွဲ့ဝင်များသည် ဒေါသနှင့် မကောင်းသော သဘောထားများ ပြည့်နှက်နေကြသည်။ သူတို့က တခြားဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ဘယ်လိုလုပ် ယှဉ်ရမှာလဲ။ မပြောဘဲနဲ့တောင် သိနေတယ်။
ရှီမာယူယူ လှည့်ပြီး ထိုလူများကိုကြည့်ပြီး ပြောလိုက်သည် “ကြည့်ရတာ ကံတရားကငါတို့ဘက်မှာရှိတယ်ထင်တယ် အခုလေးတင်ပဲ လူတွေကိုလုလာတာ အခုနောက်တစ်ဖွဲ့ကိုပို့လိုက်တယ် အသားပြည့်လိုက် တာ အားလုံးပဲ နည်းနည်းမှမလွတ်စေနဲ့”
“ဆရာ မစိုးရိမ်နဲ့ အခွင့်အရေးအကုန်လုံးကို ရအောင်ယူမယ် သူတို့ကို ညှာတာပေးမှာမဟုတ်ဘူး” နီအန်းယီသည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းသပ် ကာပြောလေသည်။
ရှီမန်ဖန်သည် လေဟာပြင်ဝင်ပေါက်မှ နောက်ဆုံးအသုတ်လူများကို ခေါ်ထွက်လာခဲ့သည်။ ကုန်ရှန်ယိ ဘေးကင်းသည်ကိုမြင်သောအခါမှပင် စိတ်အေးသွားလေသည်။
“ဖန်…” ကုန်ရှန်ယိသည် ရှီမန်ဖန်ကိုမြင်သောအခါ လက်ဝှေ့ယမ်းပြလေ သည်။
ရှီမန်ဖန် သူမကို ခေါင်းညိတ်ပြပြီး အသည်းကွဲတောင်ကြားအဖွဲ့ဝင်များ ကိုအမိန့်ပေးလိုက်သည် “အစီအစဉ်အတိုင်းလုပ်မယ်”
“ဟုတ်ကဲ့ တောင်ကြားခေါင်းဆောင်”
အသည်းကွဲတောင်ကြားအဖွဲ့ဝင်များသည် အမိန့်ရပြီးနောက်တွင် သူတို့ကိုတိုက်ခိုက်လေသည်။ နဂိုအစီအစဉ်က လုယက်ဖို့ပဲမဟုတ်ဘူးလား။ သူတို့ ကောင်းကောင်းလေး သေချာပေါက်လုပ်ပေးရမှာပေါ့။
ကုန်တောင်ကြားနှင့် ဂိုဏ်းအဖွဲ့ဝင်များသည် သူတို့မူလအစီအစဉ်ကို မသိပေ။ သို့သော် လျင်မြန်စွာပင် သူတို့နားလည်သွားလေသည်။
သူတို့ပြိုင်ဘက်ကို မည်သို့အနိုင်ယူသည်ကို မြင်ပြီးနောက် ဓားပြကဲ့သို့ ပြိုင်ဘက်၏ ပိုင်ဆိုင်သမျှကို ရှင်းလင်းလိုက်သည်ကို မြင်သောအခါ တုန်လှုပ် ခြောက်ခြားသွားလေသည်။
ကြာပန်းကဲ့သို့ဖြူစင်သော ပုံပန်းအသွင်အပြင်နှင့် လူမိုက်ရောင်ဝါရှိ သော ရှီမာယူယူကိုကြည့်ရာ ထိုပေါင်းစပ်မှုသည် ပြည့်စုံသော ပေါင်းစပ်မှုဖြစ် သည်ကိုတော့ မည်သူမှ မမြင်နိုင်ပေ။
“ဆရာ ဒီလူတွေက ခုနကလူတွေလောက်တော့ မများဘူး” နီအန်းယီ နှင့် ဒိုင်ယိတို့သည် နှုတ်ခန်းတွန့်ကာ ပြောလေသည်။
“ဒီလောက်လူအများကြီးပဲကို ကြည့်ကောင်းရုံသာရှိတာ အသုံးမကျဘူး ပဲ” ရှီမာယူယူ သက်ပြင်းချလေသည်။
“ဆရာ သူတို့ကိုသတ်လိုက်ရမလား”
“ငါတို့မူလအစီအစဉ်ကဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
“လုယက်မယ် မသတ်ဘူး”
“ငါတို့က မုဆိုးတွေမဟုတ်ဘူး ဒီတစ်ခါတော့ လွှတ်ပေးလိုက် သူတို့ လိမ္မာတယ်ဆိုရင် ငါတို့ကိုမြင်တာနဲ့ ရှောင်သွားလိမ့်မယ် သူတို့သာ ငါတို့ကို လက်စားချေချင်ရင်လည်း ကောင်းတာပဲ လောကအသေးထဲက ညီအစ်ကို တွေက သက်တောင့်သက်သာဖြစ်လွန်းနေတယ်ကြားတယ် သူတို့လည်း ထွက်လာပြီး အကြောဆန့်ရမှာပေါ့”
လောကအသေးမှ ညီအစ်ကိုများသည် ထိုလူများအကြောင်းကြားသည် နှင့် ထွက်ချင်ကြကာ သူတို့ကိုလွှတ်ပေးလိုက်လျှင် ထိုလူများကို ကန်ထုတ်နိုင် မည်။
ထိုလူများသည်လည်း မနေရဲကြပေ။ သူတို့သည် လွန့်လူးကာ တစ်ယောက်နှင့် တစ်ယောက်ထူပြီး ထွက်သွားကြလေသည်။
ဒီလူတွေက ယုတ်မာလွန်းတယ်။ အင်အားကြီးတယ်။ သူတို့ကို တွေ့ရင် တော့ လမ်းလွှဲသွားရမယ်။
သူတို့ထွက်သွားသည်နှင့် ထာဝရရှင်သန်သူနယ်မြေတွင် လုယက်မှု သတင်းသည် ရှေးဟောင်းကမ္ဘာဦးနယ်မြေတွင် ပျံ့သွားရာ ထိုသတင်းကြား သူများသည် မှင်တက်ကြလေသည်။
ဘယ်သူများ လုပ်ရဲတာလဲ။ ဖန်ချီတိုင်းပြည်ကလူတွေကို လုယက်တာ လား။
***