← Chapters

တစ္ဆေမျိုးနွယ် ရောက်လာပြန်ပြီ

Vol. 87 Ch. 1212

တစ္ဆေမျိုးနွယ် ရောက်လာပြန်ပြီ

Vol. 87 Ch. 1212

ဖန်ချီတိုင်းပြည်ကလူတွေကို မည်သူကပင် ကျူးလွန်ရဲပါစေ တခြားသူ များ အမြင်တွင် သူတို့သည် သတ္တိရှိကြသည်။ သူတို့က အသက်ရှင်ရတာ ငြီးငွေ့နေကြပြီလား။

မည်သည့်အင်အားစုကများ သည်လောက်သတ္တိရှိသလဲဆိုသည်ကို အားလုံးကသိချင်နေကြသည်။ ထိုသူများမှာ ရှီမာယူယူ၏ အသည်းကွဲ တောင်ကြားဟု ရှေးဟောင်းကမ္ဘာဦးနယ်မြေမှ လူများကြားလိုက်သည်နှင့် သူတို့သည် နားလည်သွားကာ မျှော်လင့်ထားသည့် အမူအရာများဖြစ်သွား ကြလေသည်။

ဓားပြတွေက အသည်းကွဲတောင်ကြားအဖွဲ့ဝင်များဟုကြားသည်နှင့် ထူးခြားသည်ဟု မထင်တော့ပေ။

ပြီးနောက်တွင် ရှီမာယူယူသည် မည်သည့်အရာကိုမှ မကြောက်တတ် သော ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ရှေးဟောင်းကမ္ဘာဦးနယ်မြေတွင် သူမ မလုပ်ရဲသည့် အရာမရှိပေ။

ထိုနှစ်က အမှောင်တောထဲတွင် သူမသည် အံ့ဖွယ်အဆင့်မြင့်ရှိသော မိန်းကလေးတစ်ယောက်သာဖြစ်ခဲ့သည်။ ထိုစဉ်က ဧကရာဇ်အဆင့်အများ အပြားကို သတ်ရန် အစီအစဉ်ဆွဲရဲသည်။ ထိုကဲ့သို့ သတ္တိနှင့်ဆိုလျှင် ဖန်ချီ တိုင်းပြည်လူတွေကို ဘယ်လိုလုပ်ကြောက်တော့မလဲ။

သို့သော် ဖန်ချီတိုင်းပြည်မှလူများသည် ထိုအကြောင်းကို မသိပေ။ သူတို့သိသည်မှာ သူတို့တိုင်းပြည်မှလူကို လုယက်ရဲသူရှိသည်။ သူတို့သည် ထာဝရရှင်သန်သူနယ်မြေသို့ မလာခင်က တစ်ယောက်နှင့် တစ်ယောက် မသိသော်လည်း အားလုံး၏အတွေးတူညီသည်မှာ သူတို့သည် တစ်နေရာ တည်းမှလာခဲ့ခြင်းဖြစ်၍ တခြားသူများ၏ အနိုင်ကျင့်ခြင်းကိုမခံနိုင်ပေ။

အားလုံးသည် ထိုအတွေးကို နားလည်ကြသည်။ အားလုံးသည် အမြဲတမ်းဆိုးဝါးစွာ တိုက်ခိုက်နေကြသော်လည်း သူတို့သည် တစ်ရွာတည်း၊ အတန်းဖော်များကဲ့သို့ ခံစားရသည်။ သူတို့သည် အတွင်းပိုင်းတိုက်ခိုက်မှုကို ချထားကာ အပြင်လူများနှင့် တိုက်ခိုက်ရေးကို ဦးစားပေးရမည်။

ထို့ကြောင့် သူတို့သည် ဖန်ချီတိုင်းပြည်မှလူများ လုယက်ခံရသည်ဟု ကြားသည်နှင့် ဒေါသထွက်ကြလေသည်။

သစ်ငုတ်တိုလေး တစ်ချောင်းက သူတို့ကို ဘယ်လိုများ တိုက်ခိုက်ရဲ တာလဲ။ အသက်မရှင်ချင်တော့ဘူးထင်တယ်။

ထိုလူများသည် အသည်းကွဲတောင်ကြား အဖွဲ့ဝင်များကို ကိုင်တွယ်ရန် ကြိမ်းမောင်းခဲ့ကြပြီး ရှေးဟောင်းကမ္ဘာဦးနယ်မြေမှလူများ ထိုသတင်းကို ကြားသောအခါ ပါးမို့များတက်အောင်အထိ ရယ်ကြလေသည်။

လုပ်လိုက်လေ လုပ်လိုက်… အသည်းကွဲတောင်ကြားက အရုပ်ကလေး လုပ်သလိုလုပ်လိုက်လိမ့်မယ်။ သူတို့ မနိုင်ရင် တစ်ယောက်ယောက်ကတော့ သေချာပေါက် ရှင်းပေးမှာပဲ။

ရှီမာယူယူသည် အပြင်မှအဖြစ်အပျက်များကိုမသိပေ။ ထိုအဖွဲ့နှစ်ဖွဲ့မှ သတင်းများလွှင့်မည်ကိုတော့ သူမ ခန့်မှန်းမိသော်လည်း ထာဝရရှင်သန်သူ နယ်မြေတွင် သည်လောက် သက်ရောက်မှုကြီးမားလိမ့်မည်ဟု မထင်ထား ပေ။

ရှီမာယူယူသည် ကြားနေ နေရာတစ်ခုကိုရှာပြီး ရှီမာလွီဖန်၊ ရှီမာလွီယွင်၊ ဒိကျဲ့နှင့် တစ္ဆေမျိုးနွယ်တစ်ခုလုံးကို မည်သူမှမရှိသည့်နေရာတွင် ထုတ်လိုက် သည်။ သူမ အပြင်တွင်ရှိချိန်ကိုတော့ သူတို့ကို တစ်ချိန်လုံး လောကအသေး တွင် မထားနိုင်ပေ။

သို့သော် သည်တစ်ကြိမ်တွင် ဝူလာမိုင်နှင့် ရွှမ်ရှင်းမန်တို့လည်း အတူ ထွက်လာကြသည်။ သူတို့သည် ရွှမ်ရှင်းမန်၏ မွေးဖွားပြီး အားနည်းနေခြင်း ကြောင့် ပြီးခဲ့သည့်နှစ်များတွင် လောကအသေးတွင် နလန်ထူနေခဲ့ရသည်။

အခု တခြားသူများ ထွက်မည်၊ ခရမ်းရောင်ရေနဂါးမျိုးနွယ်သည်လည်း ထိုလူများနှင့် တွေ့သည်ဟုကြားသည်နှင့် နှစ်ယောက်လုံး ထွက်လာကြ သည်။

တခြားသူများသည် ရှီမာလွီဖန်ကို မသိကြသော်လည်း ရှီမန်ဖန်နှင့် ဝူလင်းယူကို သိကြသဖြင့် ထိုလူတစ်စုသည် ခဏကြာအောင် အပြန်အလှန် နှုတ်ဆက်ပြီးနောက်တွင် ဖန်ချီလူများကို ဖြေရှင်းမည့်နည်းကို ဆွေးနွေးကြ လေသည်။

ဒိကျဲ့သည် ထိုလူများကို ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ သူမ တစ်ယောက်တည်းသာဖြစ်သည်။

“မင်း သတင်းကပြန့်သွားပြီဆိုတော့ တစ္ဆေမျိုးနွယ်ဝင်တွေက မင်းနောက်ကို လိုက်ကြမှာပဲ ဒီအချိန်အတွင်းကို မင်း ငါနဲ့ရှိတာပိုကောင်းမယ် တစ္ဆေမျိုးနွယ်ဝင်တွေနဲ့ တိုက်မယ်ဆို ငါက ပိုရင်းနှီးတယ်”

ဒိကျဲ့၏ စကားများသည် မည်သို့ တွေ့ဆုံမှုမျိုးကိုမှ ခွင့်မပြုနိုင်ဟု သက်ရောက်လေသည်။ ရှီမာယူယူသည် သူတို့ထွက်သွားပြီးနောက်တွင် လည်း တစ္ဆေမျိုးနွယ်ဝင်များနှင့် တွေ့မည်ကို စိုးရိမ်သဖြင့် သူ့အကြံပြုချက်ကို သဘောတူလိုက်သည်။

ရှီမာယူယူသည် အစပိုင်းတွင် သူတို့ထွက်လာပြီးနောက် ရှီမာချီချီတို့ကို ရှာရန် ရှီမာလွီဖန်တို့ကိုပြောမည်ဟု စဉ်းစားထားသည်။ ပြီးနောက်တွင် ထိုမျိုးဆက်ငယ်များသည် တစ်ဖွဲ့တည်း ခရီးသွားနေသည်မှာ အန္တရာယ်များ လှသည်။

သို့သော် ရှီမာလွီယွင်သည် ခဏထွက်သွားပြီးနောက် ပြန်လာချိန်တွင် ပြောလေသည်။ စီနီယာအကြီးအကဲနှင့် တခြားသူများသည် ရှီမာရှင်းရှုံတို့ကို ရှာတွေ့သဖြင့် သူတို့ပြန်သွားရန်မလိုတော့ဟု ပြောလာသည်။ စီနီယာ အကြီးအကဲသည် ရှီမာမျိုးနွယ်ကိုယ်စားပြု သူမ၏ လုံခြုံမှုကိုကာကွယ်ရန် အတွက် နေရန်ကိုပါပြောလိုက်သေးသည်။

ရှီမာယူယူသည် နှုတ်ခမ်းထောင့်ကွေးတက်သွားသည်။ ရှီမာမျိုးနွယ် ကိုယ်စားပြု သူမဘေးကင်မှု ဟုတ်လား။ သူမ နှုတ်ခမ်းတွန့်လိုက်သည်။ အဲလူတွေက သီချင်းဆိုတာထက်တောင် စကားပြောကောင်းနေပါလား။

သူမမှာ အဲလိုအရည်အချင်းတွေ အဲလိုနောက်ခံတွင်မရှိရင် ရှီမာမျိုးနွယ် က သူမကို ဂရုတောင်စိုက်ပါ့မလား။

အဖြေကတော့ သေချာပေါက် နိုးပါ။

ရှီမာလွီဖန်သည် သူမ မည်သို့တွေးနေသည်ကို သူမ မျက်လုံးကိုမြင် လိုက်သည်နှင့် သိသည်။ သူသည် လက်ဆန့်ထုတ်ကာ သူမ ခေါင်းကို ခေါက်ပြီး ပြောလိုက်သည် “တကယ်လို့ဆိုတာ မရှိဘူး ရှိခဲ့တယ်ဆိုရင်တောင် မင်းလည်း ရှီမာမျိုးနွယ်ဝင်ပဲ”

ရှီမာယူယူသည် ခေါင်းကိုကာလိုက်သည်။ ဒီလူကြီးက ဘယ်လိုလုပ် သူမ ခေါင်းကိုခေါက်ရတာလဲ။ နာလိုက်တာ။

ပြီးနောက် သူမ ခေတ္တမျှစဉ်းစားလိုက်သော်လည်း မည်သည့်လှုပ်ရှားမှု မှမလုပ်ပေ။

“မစဉ်းစားနဲ့” ရှီမာလွီယွင် ဆက်ပြောလေသည် “မင်း ထာဝရရှင်သန်သူ နယ်မြေက မထွက်ခင်ကို ငါက မင်းနောက်လိုက်မှာပဲ မင်းတစ်ခုခုဖြစ်မယ်ဆို ရင်တောင် ငါ့အလောင်းပေါ်မှာပဲဖြစ်ရမယ်”

ရှီမာယူယူသည် ရင်ထဲထိသွားသည်။ သူမ တွေးကြည့်ရာ ရှီမာမျိုးနွယ် သည် သူမကို မည်သို့ဆက်ဆံမည်ကို မသိသော်လည်း သူမ၏ ဦးလေး နှစ်ယောက်လုံးသည် သူမကို အရင်အတိုင်းပင် ဆက်ဆံမည်ကို သိသည်။

လူတိုင်းသည် ရက်အနည်းငယ်ကြာအောင် အနားယူခဲ့သည်။ သူမကို ပထမဆုံးလာရှာမည့် လူသည် ဖန်ချီတိုင်းပြည်မှလူများဖြစ်မည်ဟု သူမ ထင်ခဲ့ သည်။ သူမသည် သူတို့ကို အကြောင်းအရင်းတစ်ခုကြောင့် လွှတ်လိုက် သည်။

ဖန်ချီတိုင်းပြည်မှလူများသာ ထိုအခြင်းအရာကိုသိပါက သူတို့အတွက် လက်စားချေမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့ဆီမှ ပေါ်တင်လုယက်မည်။ သို့သော် သူမ မထင်မိသည်မှာ ရောက်လာသူသည် တစ္ဆေမျိုးနွယ်ဖြစ်နေ သည်။

ထိုတစ္ဆေမျိုးနွယ်များသည် ယွိဒူကိုသတ်လိုက်သဖြင့် တစ္ဆေမိဖုရားမှ စေလွှတ်လိုက်သော တစ္ဆေများပင်ဖြစ်သည်။

ပြောရမည်ဆိုလျှင် ထိုလူများသည် ရတနာရှာရန်မဟုတ်ဘဲ သူမကို သတ်ရန်အတွက်ဖြစ်သည်။

သူမသည် သူမကိုဝန်းရံလာသော တစ္ဆေမျိုးနွယ်ဝင်များကိုကြည့်ပြီး ဝူလင်းယူကို ပြောလိုက်သည် “အဲလူတွေရဲ့ အားက အဲလောက် မနည်းဘူးပဲ”

“အင်းလေ ဘယ်နည်းပါ့မလဲ သူတို့က မင်းကိုသတ်ဖို့ တစ္ဆေမိဖုရားက လွှတ်လိုက်တာပဲ” ဒိကျဲ့သည် သူမ မကြောက်သည်ကိုမြင်သောအခါ သူမ စိတ်ထဲတွင် တစ္ဆေမိဖုရားသည် အရာမရောက်ဟု ထင်လိုက်မိသည်။

သို့သော် သူတို့ဆက်သွယ်ခဲ့သည့်အချိန်တိုင်းတွင် သူမ ပြခဲ့သည့်အရာ များသည် သူမ၏ အကျင့်စရိုက်ပင်မဟုတ်ပါလား။

ဒေါ်လေးနဲ့ကိုတူတာ...

တစ္ဆေမျိုးနွယ်ဝင်များသည် ဒိကျဲ့နှင့် ရှီမာယူယူတို့အတူရှိနေပြီး ပြန် တိုက်ခိုက်ရန် အသင့်အနေအထားရှိနေသည်ကို မြင်သောအခါ အပြစ်တင် လေသည် “ဒိကျဲ့ မင်းက ဘုရင်နဲ့ ဘုရင်မတို့ရဲ့ အမိန့်ကို ဆန့်ကျင်ချင်တာ လား”

“အမိန့်ဟုတ်လား ဘာအမိန့်လဲ ငါ ဘာအမိန့်မှမရခဲ့ဘူး” ဒိကျဲ့သည် အေးစက်သော မျက်နှာဖြင့် ပြောလေသည် “ဒါက ငါ့သူငယ်ချင်းပဲ မင်းတို့ ငါ့ သူငယ်ချင်းကိုသတ်လို့မရဘူး”

သူသည် ရှီမာယူယူ၏ သရုပ်မှန်ကို မဖော်ထုတ်လိုပေ။ ထိုလူများသည် ယွိခဲ့လော့ကို မမြင်ဖူးကြကာ သူမဆီမှ တစ္ဆေရောင်ဝါကို ခံစားမိလျှင်တောင် မှ ယွိခဲ့လော့ကို တွေးမိမည်မဟုတ်ပေ။

“ဒိကျဲ့ မင်းအမေက မင်းသမီးဆိုပြီး မင်းလုပ်ချင်တာလုပ်ဖို့ မကြိုးစားနဲ့ ဘုရင်ကြီးရဲ့ အမိန့်ကို ဆန့်ကျင်ရဲရင် မင်းအမေဆိုရတောင် မင်းကို မကာကွယ်နိုင်ဘူး”

“ဟားဟား… ငါ ဒိကျဲ့က ဘယ်တုန်းက အဲဒါမျိုးတွေ ဂရုစိုက်ခဲ့လို့လဲ” ဒိကျဲ့ နှာမှုတ်လေသည်။

“ဆရာ အဲကောင်တွေနဲ့ အဖက်လုပ်ပြီးပြောမနေနဲ့” တစ္ဆေသခင်ပြော လေသည်။

ထိုလူများသည် အသေခံတပ်သားများဖြစ်ကြသည်။ သူတို့သည် ဘုရင်နှင့် ဘုရင်မများ၏ အမိန့်ကိုသာနာခံကြသည်။ သူတို့ကို များများစားစား ပြောလျှင်တောင်မှ သူတို့အတွေးကို ပြောင်းပစ်နိုင်မည်မဟုတ်ပေ။

“တစ္ဆေသခင် မင်းက တော်ဝင်ကိုယ်ရံတော်ပဲ မင်းက ဘုရင်အမိန့်တော် ကို လိုက်နာဖို့ဆန့်ကျင်နေတာ မင်းရဲ့ နောက်ဝိညာဉ်တစ်ခြမ်းကို မယူချင် တော့ဘူးထင်တယ်”

တစ္ဆေသခင်၏ ခြုံလွှာအောက်မှမျက်နှာသည် မည်းနက်သွားကာ အသံကိုနှိမ့်ပြီး ပြောလေသည် “အဲတော့ မင်းတို့လွတ်သွားပြီး သတင်းမပို့နိုင် အောင်လုပ်ရမှာပေါ့ မင်းတို့မပြောနိုင်ဘူးဆိုရင် ဘုရင့်ဘက်ကလည်း သိမှာ မဟုတ်ဘူး”

သူတို့မသိခင်တွင် သူသည် စတင်တိုက်ခိုက်လေသည်။

သူ စတင်သည်နှင့် နှစ်ဖက်လုံးသည် အပြန်အလှန် တိုက်ခိုက်ကြကာ ဒိကျဲ့၏ ကိုယ်ရံတော်များလည်း တိုက်ပွဲတွင် ပါဝင်လာသည်။

ရှီမာယူယူသည် ဘေးတွင်ရပ်နေသည်။ သူတို့ ပြောစကားများကို ကြားသောအခါ သူမ၏ မျက်ခုံးများသည် အနည်းငယ်ကြုတ်သွားသည်။

ဝိညာဉ်နောက်တစ်ခြမ်းဟုတ်လား။

***

All Chapters