ယွိဖုန်းရှန်
Vol. 141 Ch. 4.1621
ဝမ်မုန့်က ရုန်းရင်းဆန်ခတ်အသံဖြင့် ရုန်းကန်ချင်သေးသည်။
"ငါ့ပုဆိန် ဘယ်မှာလဲ"
အဘိုးအိုက ခေါင်းကို ရိုက်ချလိုက်သည်။
"ကိုယ့်ကိုကိုယ် ရှက်စမ်းပါ... ဒီကိုပြန်လာစမ်း!"
လုရွှမ်နဲ့ ရဲ့ရှား ရယ်လိုက်ပေမယ့် တခြားသူတွေက မရယ်ရဲကြချေ။ ထိုအဘိုးအိုက အလွန်အစွမ်းထက်သဖြင့် သူ့ကို စော်ကားရန် မတတ်နိုင်ပေ။
ထိုအချိန်တွင် ဖူကျွမ်ချင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူမရဲ့ နောက်ခံသည် သာမာန်ဖြစ်ပြီး အလွန် မကျော်ကြားကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိပါသည်။ သူ့ကိုစိန်ခေါ်မယ့်သူတွေ အများကြီးပါပဲ။ သူမ အဲဒီမှာ ဆက်နေနေမယ်ဆိုရင် တခြားသူတွေရဲ့ လှောင်ပြောင်ခံရရင် ရှက်စရာကြီး ဖြစ်လာလိမ့်မည်။
ဖူကျွမ်ချင်း မတ်တပ်ရပ်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ချက်ချင်း ခုန်ထွက်လာခဲ့သည်။
"မိန်းကလေးဖူ... ငါ့နာမည်က ယွိဖုန်းရှန်ပါ... မိန်းကလေးဆီက အကြံဥာဏ်တောင်းချင်ပါတယ်"
လူတိုင်းက ထိုလူကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ရင်း အံ့သြစွာသွားကြသည်။ ဒီလူအကြောင်း သူတို့ တစ်ခါမှ မကြားဖူးဘူး။ သူကလည်း နောက်ပေါက် တစ်ယောက်လား။
သို့သော် ထိုယောက်ျားရဲ့ အမူအရာသည် အလွန် ပြောင်မြောက်သည်၊ ပြေပြစ်ပြီး ကျက်သရေ ရှိသောကြောင့် ကျင့်ကြံသူ မိန်းကလေးများကို သူ့အပေါ် ကောင်းကောင်း ခံစားရစေခဲ့သည်။ အဖြူရောင် ၀တ်စုံကို ၀တ်ထားသည့် အခြားမည်သူမဆို အဖြူရောင် ကျောက်စိမ်း ယပ်တောင်ကို ကိုင်ဆောင်ထားရင် အနည်းငယ် ဟန်ဆောင်နေသလို ဖြစ်နေပေမည်။
ဒါပေမဲ့ ဒီလူရဲ့ ပေါ့ပေါ့ပါးပါး အမူအရာက သူ့စိတ်နေစိတ်ထားနဲ့ အတော်လေး လိုက်ဖက်သည်။ ထိုအချိန်တွင် လူအများက ထိုလူက ဘယ်သူလဲဟုသာ မေးမြန်းလာကြသည်။ ဖူကျွမ်ချင်း မောက်မာစွာ မပြုဝံ့ပေ။ ဒီလူက လူသစ်ဆိုပေမယ့် သူမလည်း လူသစ်ပင်။
ထို့အပြင် ဤယောက်ျား၏ လျစ်လျူရှုမှုနှင့် ပေါ့ပေါ့ပါးပါး အမူအရာကြောင့် သူမသည် အကြောင်းပြချက် မရှိဘဲ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ နောက်ပြီး တခြားလူတွေရဲ့ မျက်လုံးတွေကို အကြိမ်ပေါင်းများစွာ ကြည့်လိုက်မိ၏။ သူတို့ အကြည့်တွေက အောက်ခြေမရှိ ကြည်လင်သော ရေကန်ကဲ့သို့ ကြည်လင်ပြီး နက်ရှိုင်းသည်။
၎င်းသည် သူမကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး အလွန် ကြောက်လန့်သွားစေကာ နောက်တစ်ကြိမ် ထပ်မကြည့်ဝံ့တော့ပေ။
"ရှင်အရင် လှုပ်ရှားလိုက်ပါ..."
ဖူကျွမ်ချင်း ပြောလိုက်သည်။ သူမ ဤလူရဲ့ ခွန်အားကို မသိသောကြောင့် သတိကြီးစွာ ထားနေပြီး သဘာဝအတိုင်း အရူးအမူး တိုက်ခိုက်ဝံ့ခြင်း မရှိသေးပေ။
ယွိဖုန်းရှန်က သူ့ယပ်တောင်ကို ဝှေ့ယမ်းလိုက်သည်။ မွှေးကြိုင်တဲ့ လေလှိုင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူက ဦးညွှတ် ပြုံးပြသည်။ သူ့အသံက ကြည်လင် တောက်ပနေ၏။
"ဒီလိုဆိုရင်တော့ လာပြီ!"
ခေါက်ထားသော ကျောက်စိမ်း ယပ်တောင်ဟာ သံယပ်တောင် တစ်ချောင်းလို ပြောင်းလဲသွားပြီး ဖူကျွမ်ချင်းဆီ ပြေးဝင်သွား၏။ ဖူကျွမ်ချင်းလည်း မနှောင့်နှေးဝံ့ပေ။ ရန်ဖေး ငှားထားတဲ့ ကောင်းကင်လက်နက်ကို ဆွဲထုတ်ပြီး တိုက်ရိုက် ကာထားလိုက်သည်။
လူများစွာသည် ထိုသူ၏အမည်ကို မေးမြန်း ရှာဖွေရန် ကြိုးစားနေခဲ့ကြသော်လည်း အချက်အလက် အားလုံးကို စုဆောင်းပြီးနောက်တွင် လူအများစုသည် လူငယ်နှင့်ပတ်သက်သည့် သတင်း တစ်စုံတစ်ရာကို မကြားဖူးနေကြချေ။
ဒီလူက ကျောက်ဆောင်တွေကြားကနေ ရုတ်တရက် ခုန်ထွက်လာသလိုပင်။
စုန့်ချင်ရှန်း၊ ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့မှာတော့ မတူညီသော လက္ခဏာများ ရှိနေသည်။ သူတို့သည် ဦးတည်ချက် တစ်ခုတည်းကို သိမ်းပိုက်ထားကြသလို အချင်းချင်း ဆက်သွယ်နေကြသည်။
စုန့်ချင်ရှန်း: "ခင်ဗျားတို့နှစ်ယောက် ဘယ်လိုထင်လဲ"
ယခုအခါ ဖူကျွမ်ချင်းက သူတို့ စုန့်မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူဟု ဆိုနိုင်သောကြောင့် သူသည်လည်း သဘာဝအတိုင်း အလွန်စိုးရိမ်နေပါသည်။ သူသည် သူမအား သူ၏ သမီးလေးအဖြစ် မွေးစားရန် စိတ်ကူးထားသော်လည်း လွန်လွန်းသည်ဟု စွပ်စွဲခံရမည်ကိုလည်း စိုးရိမ်သောကြောင့် ထိန်းထားခဲ့သည်။
ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့ နှစ်ဦးစလုံးသည် ယွိဖုန်းရှန်ရဲ့ သိုင်းကွက် လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများကို ကြည့်ရှုနေစဉ်အတွင်း သူတို့၏ မျက်နှာများပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။
ခဏအကြာတွင် ထန်ရှိုးဝမ်က ခေါင်းခါလိုက်သည်။
"မယုံနိုင်စရာပဲ... ငါတို့ရဲ့ ကောင်းကင်ခန်းမကျွန်းမှာ ပုန်းအောင်းနေတဲ့ သခင်တွေ အများကြီးရှိမယ်လို့ ငါတကယ်ကို မမျှော်လင့်ထားဘူး"
ယွမ်ရှောက်ကလည်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာက ပိုပိုတည်လာသည်။ သူ့ရဲ့ ညမိုးနန်းဆောင်ဟာ သတင်းအချက်အလက် စုဆောင်းခြင်းနှင့် ပြင်ပလုပ်ငန်း အမျိုးမျိုးတွင် ပါဝင်ခဲ့သည်။ ဤကျွန်းအကြောင်း သူ မသိတာ မရှိသလောက်ပဲလို ဆိုနိုင်သည်။
သို့သော်လည်း သူ့လက်အောက်ငယ်သားများသည် ဘယ်လောက်ပဲ ကြိုးစားအားထုတ်နေပါစေ ဤလူငယ်ရဲ့ အရည်အချင်း၊ နောက်ခံနဲ့ ပတ်သက်၍ သဲလွန်စကို ရှာမရကြပေ။
ဆိုလိုသည်မှာ သူ့နှာခေါင်းအောက်တွင် အင်အားတစ်ခု ပုန်းအောင်းနေပြီး ၎င်းကို လုံးဝသတိမထားခဲ့မိပေ။ ထိုအင်အားကို နှောက်ယှက်လိုက်သည်နှင့် သူ့ရဲ့ ညမိုးနန်းဆောင်ကလည်း အန္တရာယ် ဖြစ်လာလိမ့်မည်။
လုရွှမ်လည်း တိုက်ပွဲကို ကြည့်နေ၏။
ဖူကျွမ်ချင်းဟာ အလွန်ရိုးရှင်းသော ဓားလှုပ်ရှားမှုကို အသုံးပြုဆဲ ဖြစ်သော်လည်း ကောင်းကင်လက်နက်ရဲ့ အကူအညီကြောင့် သာမန်ဓားသွားများက သူမ လက်ထဲတွင် ကြီးမားလှသော စွမ်းအားကို အသုံးချကြောင်း သာမာန်သခင်များပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
စုန့်ယန်နဲ့ တိုက်တုန်းက အချိန်တွေကလို မဟုတ်ချေ။ အကယ်၍ ဖူကျွမ်ချင်းဟာ ဒီဓားစွမ်းအင်တွေကိုသာ သုံးမနေခဲ့ဘူး ဆိုပါက စုန့်ယန်ဟာ အကြိမ်တစ်ရာအတွင်း ရှုံးနိမ့်သွားပေလိမ့်မည်။
ကောင်းကင်ခန်းမကျွန်းရဲ့ ထူးဆန်းသော ပတ်ဝန်းကျင်သည် ကျင့်ကြံသူတွေရဲ့ နယ်ပယ်များနှင့် စွမ်းအင်အားလုံးကို အတူတကွ ပိုမိုနီးကပ်စေသည်။ တစ်ချိန်တည်းမှာပင် ဓားရွေ့လျားမှုနှင့် ခန္ဓာကိုယ် ရွေ့လျားမှုတို့အပေါ် နားလည်မှု၊ စိတ်စွမ်းအား နားလည်မှုနဲ့ အခြေခံများကို အသုံးချတာတွေကိုလည်း ထင်ရှားစွာ ပေါ်လွင်လာစေသည်။
စုန့်ယန် ကိုယ်တိုင်ပင် ချွေးသီးချွေးပေါက်တွေ ထွက်ကျနေ၏။ အရင်က သူတကယ် ကံကောင်းခဲ့တာပဲ။ ကြည့်ရတာ နှစ်တွေကြာလာတာနဲ့အမျှ သူ့အရည်အချင်းက တကယ်ကို ညံ့ဖျင်းသွားပုံရသည်။
ရန်ဖေး အကြိမ်ကြိမ် ခေါင်းညိတ်ပြသော်လည်း အလွန်လည်း စိတ်ရှုပ်သွားသည်။
"အစ်ကိုလုရွှမ်... အဲဒီလူရဲ့ လှုပ်ရှားမှုက သာမန်ပဲ... သူ့ရဲ့ ခွန်အားကလည်း သာမန်ပဲ သူနဲ့ပတ်သက်တဲ့ အရာအားလုံးက ညီမအတွက်ကတော့ သာမန်ပဲ... ဒါပေမဲ့ သူ ညီမကျွမ်ချင်းနဲ့ ဘယ်လို ယှဉ်နိုင်တာလဲ"
ရန်ဖေးရဲ့ အမြင်မှာတော့ ဒါဟာ အတော်လေးကို မှတ်သားလောက်စရာ ဖြစ်နေပါပြီ။ သူမသည် ကောင်းကင်ကမ္ဘာက ဆင်းသက်လာသဖြင့် အမြင်အရဆိုလျှင် သူမသည် လုရွှမ်ထက်ပင် သာလွန်သည်။ ထိုစကားကို ကြားလ်ုက်တဲ့ စုန့်ယန်ခမျာ ပို၍ပင် ရှက်လာသည်။
လုရွှမ်က လျိုရှန်းကို ကြည့်ကာ မေးလိုက်သည်။
"နတ်သမီး... မင်းမြင်လား"
လျိုရှန်း ခေါင်းခါလိုက်ပြီး :"ကမ္ဘာပေါ်မှာ ကျင့်စဥ်တွေက တကယ်ကို ကွဲပြားလွန်းတယ်လေ... ကျွန်မ ခွဲခြားပြီး မပြောတတ်ဘူး"
ရန်ဖေး: "အစ်ကိုလုရွှမ် တစ်ခုခုဖြစ်နေပြီလား"
လုရွှမ်က ပြုံးပြီး :"ဒါက မင်းတို့အတွက် ဒီလိုမြင်ရတာ ပုံမှန်ပါပဲ...ဒါပေမယ့် ငါတို့အတွက်ကတော့ အရမ်းရိုးရှင်းတယ် ကောင်းကင်သိမ်းငှက် မင်းရော ဘယ်လိုထင်လဲ"
"ဟမ််!" ကောင်းကင်သိမ်းငှက်က အော်ဟစ်လိုက်ပြီး။
"သူက အရမ်းအစွမ်းထက်တယ်လို့ ထင်ရတဲ့ အမျိုးအမည်မသိ ကျင့်ကြံသူလေး တစ်ယောက်ပဲ... နှိုင်းယှဉ်ဖို့ကတော့ ဝေးနေသေးတယ်"
ရန်ဖေးနဲ့ လျိုရှန်း တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်စွာ ကြည့်နေသည်။ ထိုစဥ် ရဲ့ရှားက ရယ်မောလိုက်လေသည်။
"သူ့ရဲ့ ခွန်အားက ပျမ်းမျှပဲ... မိန်းကလေးဖူက သူ့ကို ဘာလို့ မနိုင်သေးတာလဲ ငါ တကယ်ကို နားမလည်ဘူး"
နဂါးလေးက ပို၍ပင် မထီမဲ့မြင် ပြုနေ၏။
"သခင်လေးစုန့် တက်သွားရင်တောင် ခြေလှမ်းတစ်ရာအတွင်း သူရှုံးမှာ သေချာတယ်"
ရန်ဖေးနဲ့ လျိုရှန်းမှာ ပိုလို့တောင် တုန်လှုပ်သွားပြီး ဘာတွေဖြစ်နေတာလဲ တကယ်ကို နားမလည်သလို ဖြစ်သွားသည်။ စုန့်ယန်ကတော့ အနည်းငယ် ရှက်ရွံ့သွားကာ။
"သခင်လေးတို့ ကျွန်တော့်ကို မြှောက်ပင့်ပေးမနေပါနဲ့ဗျာ... ကျွန်တော်က သူတို့နဲ့ မယှဉ်နိုင်မှာကိုပဲ ကြောက်ရတယ်"
လုရွှမ်က ပြုံးပြီးပြောပြသည်။
"စုန့်ယန်... မင်းက ဒီလောက် ကျိုးနွံမနေသင့်ဘူး အဲဒီလူက မင်းနဲ့ မယှဉ်နိုင်ဘူး မိန်းကလေးဖူနဲ့ တိုက်တဲ့ အချိန်မှာ သုံးဖို့ သူ့အရည်အချင်းတွေကို အပိုဆုတွေ ရခဲ့တာ"
သူပြောရင်း အမူအရာက ပြောင်းသွားသည်။
"ဒီကောင်က လျှို့လျှို့ဝှက်ဝှက်နဲ့ ကောက်ကျစ်တယ်... ဟမ့် သူက ငါတို့ကို အခွင့်ကောင်း ယူချင်နေတာ... သူဘယ်လိုနေရမလဲ၊ သေရမလဲ တကယ်မသိသေးတဲ့ပုံပဲ"
လုရွှမ်ဟာ စကားပြောနေစဉ်တွင် ဟစ်အော်လိုက်သည်။ ရုတ်တရက် ကောင်းကင်၌ မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာပြီး တဟုန်းဟုန်းနှင့် လူကို ထိမှန်သွားသည်။
ထိုလူကလည်း အော်ဟစ်ပြီး နတ်မိုးခြိမ်းသံကို ရှောင်ရှားရန် အမြန် နောက်ပြန် ဆုတ်သွားသည်။ သူသည် လုရွှမ်ကို ဒေါသမျက်လုံးများဖြင့် ကြည့်ကာ မယုံနိုင်စွာ အော်လိုက်၏။
"သခင်လေးလုရွှမ်... ခင်ဗျားက ကမ္ဘာ့ကူးတို့လှေဆီ ဝင်ဖို့ နေရာက မပြည့်သေးဘူးမလား...ခင်ဗျားက မိန်းကလေးဖူရဲ့ အလှကို သဘောကျသွားလို့ တရားမျှတမှု မရှိဘဲ ဝင်ပါနေတာလား...."
ဖူကျွမ်ချင်းရဲ့ မျက်နှာက ချက်ချင်းပင် နီရဲလာပြီး ခေါင်းငုံ့ပစ်လိုက်သည်။ အနီးနားရှိ လူများကလည်း လုရွှမ်အား သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။ နောက်ဆုံးတော့ လုရွှမ်က အပြင်မှာ ကြည့်နေခဲ့သူပင်။ သူသည် အကျင့်စာရိတ္တကို အမှန်တကယ် ဆန့်ကျင်နေသလိုမျိုး ရူးသွပ်စွာ ဝင်ရောက်စွက်ဖက်ခဲ့သည်။
"ကမ္ဘာ့ကူးတို့လှေက ပစ္စည်းအစစ်ပဲ လိုတာ... မင်းလို ပစ္စည်းအတုတွေ မလိုဘူး... မင်းအခုထွက်သွားရင် မင်းကိုငါ လွှတ်ပေးလိုက်မယ်!"
ယွိဖုန်းရှန်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက လည်ပင်းကို မြှောက်ကာ ပြန်ပြော၏။
"သခင်လေးလုရွှမ် မင်းဘာတွေ ပြောနေတာလဲ ငါမသိဘူး"
"မင်းက ဘယ်လို အသက်ရှင်ရမလဲ မသိတဲ့ကောင်ပဲ!" ကောင်းကင်သိမ်းငှက်က ကျိန်ဆဲလိုက်သည်။
လုရွှမ်: "အရမ်းကောင်းတယ်... ကောင်းကင်သိမ်းငှက် မင်း သူ့ကို သင်ခန်းစာတစ်ခုညသင်ပေးလိုက်"
"နားလည်ပါပြီ!!"
ကောင်းကင်သိမ်းငှက်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြေးထွက်လာ၏။