မှော်ပညာကို လေ့ကျင့်ဖို့အတွက် သူ့ကိုယ်သူ သန့်စင်ခဲ့သူ
Vol. 141 Ch. 4.1622
ကောင်းကင်သိမ်းငှက်က အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးသွားပြီး သူ့ကို လက်သီးတစ်ချက် ကျွေးလိုက်သည်။ ယွိဖုန်းရှန်ုလည်း အသံကြားလိုက်တာနဲ့ ခေါက်ယပ်တောင်ကို လှန်လိုက်ကာ လက်သီးကို ဖမ်းယူ တားဆီးရန် ကြိုးစားလိုက်သည်။
ကောင်းကင်သိမ်းငှက်ရဲ့ လက်သည်းများက ယပ်တောင်ကို ဖမ်းကိုင်လိုက်စဥ် သတ္တုကို တိုက်ခိုက်နေသကဲ့သို့ တီးခတ်သံများ ထွက်ပေါ်နေသည်။ သာမန်သတ္တုသည် ကောင်းကင်သိမ်းငှက်ရဲ့ လက်သည်းကို ဘယ်လိုမှ ခံနိုင်ရည်မရှိချေ။
ယင်းသည် ကောင်းကင်လက်နက်နှင့် ယှဉ်နိုင်သော တည်ရှိမှုဖြစ်သည်။ ယခု သာမန် ကျောက်စိမ်း ယပ်တောင်က တကယ်တော့ ကောင်းကင်လက်နက်ပဲ ဖြစ်ပေ၏။
"အဲဒါဆိုရင် မင်းရဲ့အလေးချိန်ကို ငါလည်း ချိန်ပေးမယ်"
ယွိဖုန်းရှန်ကလည်း သူ့ရဲ့ ကျောက်စိမ်းယပ်တောင်ကို ဝှေ့ယမ်းကာ ကောင်းကင်သိမ်းငှက်ကို တက်ကြွစွာ ပြန်တိုက်ခိုက်သည်။
ကောင်းကင်သိမ်းငှက်: "ကောင်လေး... မင်းဘယ်လို အသက်ရှင်ရမလဲ မသိသေးပါဘူး... မင်း ဒီကျွန်းက လူတွေကို လှည့်စားနိုင်ပြီ ဆိုတာနဲ့ ငါတို့ကို လှည့်စားနိုင်ပြီလို့ ထင်နေတာလား"
သူ့အနောက်မှ အတောင်ပံဖြန့်ပြီး လေထဲ ပျံတက်သွားသည်။ အတောင်များကို နောက်တစ်ကြိမ် လှန်လိုက်ရာ ပြင်းထန်သော စွမ်းအားက လေချွန်သံ ဓားစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ယွိဖုန်းရှန်ရဲ့ မျက်နှာ အမူအရာကလည်း ပြောင်းလဲသွားလေသည်။ သူ့ကျောက်စိမ်းယပ်တောင်ကို ဝှေ့ယမ်းပြီး တိုက်ခိုက်မှုကို တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် အသုံးမဝင်ခဲ့ပါဘူး။ အနောက်ကိုသာ ဆုတ်သွားခဲ့ရသည်။
သူတို့မြင်နေရသမျှကို အားလုံးကလည်း စိတ်ရှုပ်စွာ ကြည့်နေခဲ့ကြရာ သူတို့ကြားလိုက်ရတာက ပိုလို့တောင် ဇဝေဇဝါ ဖြစ်သွားစေသေးသည်။
ကောင်းကင်သိမ်းငှက်က ဘာကို ဆိုလိုတာလဲ။
"ကောင်းကင်သိမ်းငှက်... သူ့ကို တစ်ချက်တည်း အနိုင်ယူမနေနဲ့ သူ့အရည်အချင်းကို ပြသဖို့ အတင်းအကြပ် လုပ်ပေးလိုက်!"
လုရွှမ် အော်လိုက်သည်။
ကောင်းကင်သိမ်းငှက်ကလည် တုံ့ပြန်ပြီး သူ့အတောင်ပံကို ခေါက်ကာ လူသားအဖြစ် အသွင်ပြောင်းလိုက်သည်။ ချိတ်ကောက်တစ်ခုကို သူ့လက်ထဲတွင် ကိုင်ကာ ယွိဖုန်းရှန်ကို ပြေးဝင် တိုက်ခိုက်ခဲ့သည်။ ယွိဖုန်းရှန်က ပေါ့ပေါ့တန်တန် ကြွေးကြော်ပြီး သူ့ယပ်တောင်ကို ဝှေ့ယမ်းကာ ပြန်တိုက်ခိုက်ခဲ့သည်။
ကောင်းကင်သိမ်းငှက်က အလွန်လျင်မြန်ပြီး သူပြုလုပ်သည့် လှုပ်ရှားမှုတိုင်းလိုလိုမှာ ယွိဖုန်းရှန်ရဲ့ နောက်ကွယ်မှ တိုက်ခိုက်ခြင်းပင်။ ဒါပေမယ့် မကြာခင်မှာပဲ ယွိဖုန်းရှန်က အရှိန်အဟုန်နဲ့ တိုးလာခဲ့ပြီး သူတို့နှစ်ဦးဟာ တဖြည်းဖြည်းချင်း တညီတညွတ်တည်း ဖြစ်လာခဲ့သည်။
ကောင်းကင်သိမ်းငှက်ရဲ့ တိုက်ခိုက်မှုများကို ယွိဖုန်းရှန်လည်း အလွယ်တကူ တားဆီးနိုင်ခဲ့သည်။ အမွှေးတိုင်နှစ်ချောင်းစာ တိုက်ပွဲဖြစ်ခဲ့ပေမယ့် ယွိဖုန်းရှန်ကတော့ လုံးဝကို အားနည်းချက် မရှိလာခဲ့ချေ။
လူတိုင်းမှာ ပို၍ ပို၍ စိတ်ရှုပ်ထွေးလာသည်။
ဘာတွေဖြစ်နေတာလဲ?
ဒါပေမဲ့ လူတချို့ကတော့ တစ်ခုခုကို သတိပြုမိလာသည်။
"ယွိဖုန်းရှန်က အခုနကတည်းက အားကောင်းလွန်းနေတာပဲ... မိန်းကလေးဖူနဲ့ တိုက်တုန်းကလည်း အကြာကြီးပဲမလား?"
ဖူကျွမ်ချင်းပင်လျှင် ပဟေဠိဆန်ပြီး အံ့ဩနေရသည်။
"ဒီယွိဖုန်းချန်က ငါ့ကို သည်းခံနေတာလား သူ ငါ့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား"
"ကောင်းပြီ.... ကောင်းကင်သိမ်းငှက် မင်း ပျော်သွားလောက်ပါပြီ တိုက်ပေးလိုက်တော့!"
"ကောင်းပြီ။"
ကောင်းကင်သိမ်းငှက်က နောက်သို့ ဆုတ်လိုက်ပြီး အတောင်ပံများကို ဖြန့်လိုက်သည်။ အတောင်ပံများ တဖျပ်ဖျပ် ခတ်လျက်၊ ဓားစွမ်းအင်စီးကြောင်းများက စုစည်းကာ ယွိဖုန်းရှန်ဆီ ပစ်လွှတ်လိုက်သည်။
ယွိဖုန်းရှန်ကလည်း ဤဓားစွမ်းအင်များရဲ့ တိုက်ခိုက်ခြင်းကို တွန်းလှန်ရန် ယပ်တောင်ကို ဝှေ့ယမ်းနေခဲ့သည်။
သူသည် ကျောက်စိမ်းယပ်တောင်ကို အဆက်မပြတ် ဝေ့ယမ်းရင်း ရာနှင့်ချီသော ဓားစွမ်းအင်များကို တိုက်ခိုက်ပစ်ခဲ့သည်။ နောက်ဆုံးတွင် ကျောက်စိမ်းယပ်တောင်လည်း အလေးချိန်ကို မခံနိုင်သဖြင့် အပိုင်းပိုင်း ဖောက်သွားခဲ့သည်။
"အရှုံးကို ဝန်မခံသေးဘူးလား"
ကောင်းကင်သိမ်းငှက်က အော်လိုက်သည်။
ယွိဖုန်းရှန် ရုတ်တရက် ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားလေသည်။
ထိုစဥ် စုန့်ချင်ရှန်းက သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြီး ယွိဖုန်းရှန်ကို ပိတ်ဆို့ထားလိုက်သည်။ သူက လက်ဖဝါး တစ်ဖက်တည်းဖြင့် ဖမ်းလိုက်စဥ် ယွိဖုန်းရှန်ကလည်း လက်ဖဝါးကို ဆန့်ထုတ်ကာ ခုခံထားလိုက်သည်။
ဒီလက်ဖဝါးက လူတိုင်းကို ထိတ်လန့်စေ၏။ ဒီကလေးက တကယ့်ကို ရဲရင့်လွန်းလှသည်။ သူသည် စုန့်ချင်ရှန်းကိုတောင် တိုက်ခိုက်ရဲလေ၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့် အလင်းတန်းတစ်ခုသည် လူတိုင်းရဲ့ မျက်လုံးများကို ဖုံးလွှမ်းသွားခဲ့သည်။
အလင်းရောင် မှိန်ဖျော့သွားတဲ့အခါ စုန့်ချင်ရှန်း ထိုနေရာတွင် ရပ်နေပြီး သူ့လက်ဖဝါးကို အံ့အားသင့်စွာ ကြည့်ကာ သူ့မျက်နှာမှာလည်း ထိတ်လန့်ပြီး မယုံနိုင်သလို ဖြစ်နေသည်။ ဒီကလေးက သူ့ရဲ့တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးခဲ့ပါ၏။
သူက ဘယ်လောက်တောင် သန်မာနေတာလဲ?
"ခွင့်ပြုပါဦး!" အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လှံတစ်ချောင်း လေထဲက ပစ်ချခံလိုက်ရသလို တစ်စုံတစ်ခုက မြေပေါ်သို့ လဲကျသွားသည်။ လူတိုင်း ကြည့်လိုက်သောအခါ ၎င်းက ကျောက်စိမ်းယပ်တောင် ဖြစ်နေတာ တွေ့လိုက်ရသည်။
ပြီးတော့ ယွိဖုန်းရှန်ကို လေထဲကနေ ဖမ်းဆုပ်ခဲ့သူက တကယ်တော့ လုရွှမ်ပါပဲ။
ယွိဖုန်းရှန်က စုန့်ချင်ရှန်း လက်ထဲကနေတောင် လွတ်မြောက်ခဲ့တာကို လုရွှမ်က ဘယ်လိုလုပ် ဖမ်းဆီးနိုင်ခဲ့တာလဲ။ လုရွှမ်နဲ့ ထန်ရှိုးဝမ်တို့အကြား ယခင်ထိပ်တိုက် ရင်ဆိုင်မှုကို ပြန်ပြောင်းသတိရသောအခါ လူတိုင်းသည် အံ့သြ၍မဆုံးနိုင် ဖြစ်ကုန်ကာ လုရွှမ်ရဲ့ ခွန်အားသည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှကြောင်း သိသာသည်။
"မင်းမြင်လိုက်လား... ဒီလူက မိန်းကလေးဖူနဲ့ တန်းတူရည်တူ တိုက်ပွဲဝင်ခဲ့ပြီးတော့ သူမထက် သိသာထင်ရှားတဲ့ အားကောင်းတဲ့ ကောင်းကင်သိမ်းငှက်ကိုလည်း သရေပွဲနွှဲတယ်... အခု အကြီးအကဲရဲ့ လက်ဖဝါးရိုက်ချက်ကိုတောင် ခံနိုင်ရည်ရှိတယ်"
"သူ့မှာ ဒီလိုအစွမ်းသတ္တိတွေ တကယ် ရှိလား... မဟုတ်ဘူး မဟုတ်ဘူး သူက လှည့်စားနေတယ် ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ပြိုင်ဘက်ရဲ့ အင်အားကို သုံးတာ... ဒီမှော်အစွမ်းက တော်တော်ကို မှတ်သားစရာကောင်းတယ်လို့ ပြောလို့ရပါတယ်"
"ကံမကောင်းချင်တော့ သူက ငါတို့ ကမ္ဘာ့ကူးတို့လှေ အတွက် အသုံးမဝင်လို့ သူ့ကို ထွက်သွားပေးဖို့ ငါတို့ သတိပေးခဲ့ပြီးသား... ဒါတောင် သူက သူရဲ့ မှော်အစွမ်း နည်းနည်းလေးကို အားကိုးပြီး သူ့နည်းလမ်းကို ပြောင်းလဲပစ်ဖို့ ငြင်းဆန်နေတုန်းပဲ..."
"ကျောက်စိမ်းလေနတ်ဘုရား (ယွိဖုန်းရှန်) ဘယ်လောက် ကြီးကျယ်ခမ်းနားလိုက်တဲ့ နာမည်လဲ... အဲ့နာမည်က မင်းနဲ့ထိုက်တန်ရဲ့လား"
လုရွှမ် ထိုလူကို ကန်ထုတ်ပစ်လိုက်သည်။ ယွိဖုန်းရှန်ဆီက အော်ဟစ်သံကြီး ထွက်ပေါ်လာလေ၏။
"ဒီမှော်အစွမ်းက အရမ်းအစွမ်းထက်ပေမယ့် အားနည်းချက်လည်း ရှိတယ်... သိပ်အသုံးမဝင်ဘူး အသက်ကို ဆုံးရှုံးနိုင်မယ် ဒါပေမယ့် ကောင်းကင်ခန်းမကျွန်းမှာ သက်တမ်းက အနှစ်တစ်ရာပဲရှိတယ် အဲဒါကြောင့် မင်းဒါကို ရူးရူးမိုက်မိုက် သုံးနေတာ ဟုတ်တယ်မလား"
ယွိဖုန်းရှန်ရဲ့ အမူအရာက လုံးဝ ပြောင်းလဲသွားပြီး သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ဖြစ်ပျက်နေသည့်အရာကို ရုတ်တရက် သဘောပေါက်သွားကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့ရဲ့ မျက်လုံးများသည် ယွိဖုန်းရှန်ကို ကြည့်ကာ ပူလောင်လာသည်။ သူတို့သည်လည်း အနှစ်တစ်ရာသာ သက်တမ်းရှိသည်။ ထို့ကြောင့် ဤမှော်အစွမ်းသည် သူတို့အတွက်လည်း အသင့်တော်ဆုံးပဲ မဟုတ်ပါလား။
လုရွှမ်: "လူတိုင်း အရမ်းကြီး မတွေးကြပါနဲ့လို့ အကြံပေးချင်ပါတယ်... ဒီလိုမှော်အစွမ်းကို လေ့ကျင့်ချင်တယ် ဆိုရင်တော့ ခန္ဓာကိုယ်ကို သင်းကွပ်ဖို့ လိုအပ်တယ်လို့ ရှေးစာအုပ်တွေထဲမှာ ဖတ်ဖူးတယ်"
"မင်း လျှောက်ပြောနေတာ!"
ယွိဖုန်းရှန် အော်ဟစ်နေပေမယ့် သူ့ရဲ့ ထိတ်လန့်နေတဲ့ အမူအရာနဲ့ ပြတ်သားတဲ့ အသံက လုရွှမ်ရဲ့ မှန်ကန်တဲ့ စကားလုံးတွေကို အပြည့်အဝ မဖုံးထားနိုင်ခဲ့ချေ။
စုန့်ချင်ရှန်းခမျာ "ဖူးကနဲ" အသံထွက်လာပြီး ပျို့အန်ချင်သလို ခံစားရကာ လက်ကို ဆေးဖို့ ရေလက်တစ်ဆုပ်စာ အမြန်ထုတ်ယူလိုက်သည်။
လုရွှမ်: “ဒီလိုမှော်အစွမ်းက အမျိုးသမီးတွေကို သဘာဝအတိုင်း စိတ်ရှုပ်ထွေးသွားစေတယ်”
ယခုမှ ရန်ဖေးနဲ့ လျိုရှန်းလည်း နားလည်သွားခဲ့ကာ နှစ်ယောက်စလုံး ရွံရှာသွားကြသည်။
"မင်း... မင်း..."
ယွိဖုန်းရှန်ရဲ့ မျက်နှာသည် သွေးများ ယိုစီးလယတော့မလို နီရဲသွားသော်လည်း သူဘာမှ မချေပနိုင်ပေ။
"ပြောပါဦး ဒီမှော်အစွမ်းကို မင်းဘယ်လိုရခဲ့တာလဲ"
အလယ်ပိုင်းဒေသမှာတုန်းက ဒီမှော်အစွမ်းကို သူမြင်ခဲ့ဖူးပြီး ရှေးခေတ်က မှတ်တမ်းတင်ထားတဲ့ အရာတစ်ခုအဖြစ် မှတ်သားထားခဲ့ပါသည်။
ဒီနေရာအထိ ဘယ်လိုလုပ် ပျံ့နှံ့နိုင်တာလဲ။
ယွိဖုန်းရှန်က ရှိုက်ကြီးတငင် ရယ်မောပြီး။
"မင်းသိချင်လား ဟမ့်.. အိပ်မက်မက်နေတာလား မင်း ငါ့ကို ဒီလိုမျိုး စော်ကားနေတာကို ဘာလို့ ငါကပြောပြရမှာလဲ... မင်းသိချင်ရင် ငါ့ကိုရှာဖို့ ငရဲကို လာခဲ့"
သူက စကားပြောနေစဉ်အတွင်း ခန္ဓာကိုယ်သည် တဖျပ်ဖျပ် တောက်ကာ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။ လုရွှမ်လည်း ဒီလူ ဒီလောက် ရူးသွားလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူ့ကို တားဖို့ အချိန်မရှိခဲ့။ သူ့လက်ကို ဝှေ့ယမ်းပြီး သူ့ခန္ဓာကိုယ်ကို ကောင်းကင်သို့ ခေါက်လိုက်ရုံသာ တတ်နိုင်၏။
ဗုန်း!
စုန့်ချင်ရှန်း၊ ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့သည် ကျိုးပဲ့သွားသော အသားနှင့် ခြေလက်အင်္ဂါများကို လေထဲကနေ ဖယ်ထုတ်ရင်း ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ အတူတကွ လုပ်ဆောင်ခဲ့သည်၊ မဟုတ်ပါက ရွံစရာ ကောင်းသွားပေလိမ့်မည်။
သက်ပြင်းချမိသော်လည်း ရှုတ်ချသံများက ပိုများလာသည်။
ထိုအကြောင်းကို တွေးရင်း ဆင်ခြင်ကြည့်ကြသောအခါ မိန်းကလေးများသည် ထိုယောက်ျားကို မကြည့်မီတွင် သူမတို့ နှလုံးသားထဲတွင် နားမလည်နိုင်သော စိတ်လှုပ်ရှားမှုများနဲ့ ပျို့အန်ချင်သလို ဖြစ်သွားသည်။ ယောက်ျားတစ်ယောက်က ကျင့်စဥ်တစ်ခုကို လေ့ကျင့်ဖို့ သူ့ကိုယ်သူ သွန်းလုပ်ခဲ့တာ တကယ်ကို ရွံရှာစရာ ကောင်းလာသည်။
လုရွှမ် အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး။
"အားလုံးပဲ အချိန်တွေလည်း ကုန်နေပြီ ဆိုတော့..."
ကျယ်လောင်သော အသံနှင့်အတူ ကျင့်ကြံသူ တစ်ဒါဇင်ကျော် ပြေးထွက်လာသည်။