အကူအညီတောင်းခံခြင်း
Vol. 87 Ch. 1213
တစ္ဆေမျိုးနွယ်နှင့် တိုက်ပွဲသည် သေဆုံးမှုနှင့် အမှောင်ရောင်ဝါများ ပြည့် နေခဲ့သည်။ ထိုသည်မှာ လူသားများကို နေရခက်စေသည်။ ထိုအကြောင်း ကြောင့်ပင် တစ္ဆေမျိုးနွယ်ကို မနှစ်သက်ခြင်းဖြစ်နိုင်သည်။
သို့သော် တစ်ဖက်မှာ ဆရာ၏အစ်ကိုကြီးဖြစ်သည့်အပြင် တစ်ဖက်မှာ သူမကို သတ်ရန်လာသောသူများဖြစ်သောကြောင့် အသည်းကွဲတောင်ကြား အဖွဲ့ဝင်များသည် ထိုင်မနေဘဲ တိုက်ပွဲကိုဝင်ပါကြလေသည်။
ရှီမာယူယူသည် ငှက်ပေါက်စကို ဆင့်ခေါ်ပြီး လက်ထဲမှ မီးတောက်ငယ် ကိုကြည့်ပြီး ပြောလိုက်သည် “ဘယ်သူက ရန်သူလဲဆိုတာ ခွဲခြားတတ်တယ် မလား”
ငှက်ပေါက်စ ခေါင်းညိတ်လိုက်သည်။ ဘာတွေများခက်လို့လဲ… ပြိုင်ဘက်ရဲ့ အဝတ်က ကွဲပြားနေတာကိုပဲ။
ရှီမာယူယူသည် သူ့အတွေးကို နားလည်သဖြင့် ပြောလိုက်သည် “ဒါဆို သွားတော့”
ငှက်ပေါက်စသည် နှစ်ဖက်လုံးနှင့် မဝေးလှသဖြင့် မီးတောက်ကို တောက်ပခြင်းမပြုဘဲ တစ္ဆေမျိုးနွယ်ရှိသောဘက်ရောက်မှသာ ကြီးမားသော မီးတောက်ကိုပြုလုပ်လေသည်။
သူ ထွက်ပေါ်လာသည်နှင့် မြေပြင်တွင် ကြီးမားသောအပြောင်းအလဲ ဖြစ်သွားပြီး တစ္ဆေမျိုးနွယ်စု နှစ်ဖက်လုံး ကြောက်ရွံ့မှုမြင့်တက်လာသည်။
ဒိကျဲ့ဘက်တွင် အဆင်ပြေနေသေးသည်။ ရှီမာယူယူ၏ မီးတောက် သည် သူတို့ကိုမထိခိုက်နိုင်သည်ကို သူတို့သိထားသည်။ သို့သော် ပြိုင်ဘက် မှာ ထိုမျှလောက် မမြင့်မြတ်နိုင်ပေ။ မီးတောက်သည် သူတို့ကို တိုက်ခိုက်ရန် ရှိနေသည်ကို သဘောပေါက်သွားပြီး စွမ်းအားနိမ့်သူများသည် မီးလောင် ကျွမ်းပြီး ချက်ချင်းပြာကျသွားလေသည်။
“ဒီမီးတောက်… ဘယ်လိုဖြစ်ပြီး…”
သူတို့သည် ထိုမီးတောက်ကိုမြင်သောအခါ မျက်လုံးများပြူးကျယ်ပြီး မျက်လုံးနှင့် မြင်ရသည်ကိုပင် မယုံနိုင်ပေ။
“ရွှီး…”
ငှက်ပေါက်စသည် တက်ကြွစွာလောင်ကျွမ်းနေပြီး မြင်မြင်သမျှကို ပျော်ရွှင်စွာဖြင့် မီးရှို့လေသည်။
ထိုကောင်လေးသည် ပျော်ရွှင်လာသည်နှင့် အသိစိတ်လွတ်ကာ မီးတောက်ပိုပြင်းထန်လာသောကြောင့် ဒိကျဲ့ဘေးမှလူများသည် အကူအညီ မဲ့စွာ ကူးစက်မလာစေရန် နောက်ဆုတ်ရလေသည်။
တစ္ဆေမိဖုရားမှလွှတ်လိုက်သော တစ္ဆေမျိုးနွယ်သည် စိတ်ဓာတ်ကျသွား ကြသည်။ သူတို့မလာခင်တွင် ရှီမာယူယူတွင် အားကောင်းသော မီးတောက် ရှိလိမ့်မည်ဟု မသိခဲ့ကြပေ။ သူတို့သိခဲ့လျှင်တောင်… ဘာမှမပြောင်းလဲမည် မဟုတ်ပေ။ သူတို့လာရမည့်ကိစ္စအတွက် လာကိုလာရမည်။ သို့သော် အနည်း ဆုံးတော့ တစ်စုံတစ်ခုကို ပြင်ဆင်ရဦးမည်လေ။
ငှက်လေးအားကောင်းလာသည်ကို မြင်သောအခါ အာရုံစိုက်မိကြရာ သူတို့တိုက်ခိုက်မှုသည် သက်ရောက်မှုမရှိတော့ဘဲ လောင်ကျွမ်းခြင်းခံလိုက် ရသဖြင့် မီးတောက်သည် ပိုသန်မာလာသည်။
ဒိကျဲ့ဘက်မှလူများသည်လည်း ထိုမြင်ကွင်းကြောင့် အံ့သြကြသည်။ ထိုမီးတောက်သာ သူတို့အပေါ်ကျလာပါက ထွက်ပြေးရန်နေရာမရှိမည်ကို ကြောက်လန့်မိကြသည်။
သူတို့ ပြန်မတိုက်နိုင်သည်ကိုမြင်သောအခါ ကျန်လူများသည် ထွက်ပြေးချင်သော်လည်း သူတို့နောက်ပြန်လှည့်ရာ အနောက်တွင် တစ္ဆေသခင်ရှိနေသည်ကို တွေ့လိုက်ရသည်။
“ငါပြောပြီးပြီလေ ဒီရောက်မှတော့ ပြန်သွားလို့မရဘူးလို့” တစ္ဆေသခင် ပြောလေသည်။
ပြိုင်ဘက်သည် မျက်နှာပျက်သွားပြီး နတ်ဆိုးတစ္ဆေအုပ်စုတစ်ခုလွှတ် ကာ တိုက်ခိုက်လေသည်။
“တစ္ဆေရှိတယ် ငါကြိုက်တယ်”
နူးညံ့သောအသံတစ်သံ ထွက်လာပြီး တစ္ဆေများသည် တစ္ဆေသခင် အနီးသို့မရောက်ခင်ပင် စုပ်ယူခံရလေသည်။
ထိုနတ်ဆိုးတစ္ဆေများသည် ကိုင်တွယ်ရန် ခက်ခဲသည်။ တစ္ဆေသခင်ပင် လျှင် ထိုနတ်ဆိုးတစ္ဆေအုပ်စုကို သူ၏စွမ်းအားအကုန်သုံးရသည်။ သို့သော် သူမ၏ တုန့်ပြန်မှုသည် မြန်ဆန်ကာ ထိုနတ်ဆိုးတစ္ဆေများကို တစ္ဆေတစ်ရာ အလံတော်အတွင်းသို့ စုပ်သွင်းလိုက်သည်။
“တစ္ဆေတစ်ရာ အလံတော်” သူတို့သည် ရှီမာယူယူ လက်ထဲမှ တစ္ဆေ တစ်ရာအလံကိုမြင်သောအခါ အံ့သြကြလေသည်။
သူမမှာ ဘယ်လိုလုပ် တစ္ဆေမျိုးနွယ်ရဲ့ ပစ္စည်းရှိနေတာလဲ။
ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတော်အတွင်းသို့ ထိုတစ္ဆေများစုပ် ယူခံရသည်ကို ကြည့်ရင်းနှုတ်ခမ်းတွန့်မိသည်။
“ဒီပစ္စည်းက အဲလောက်အသုံးဝင်တာလား၊ နောက်တစ်ခါ တစ္ဆေမြင်ရင် ကြောက်စရာမလိုတော့ဘူး” သူမ ရေရွတ်ပြီး တခြားသူများကို ပြောလိုက် သည် “တခြားတစ္ဆေများရှိသေးလား ရှိရင် ထွက်လာခိုင်းလိုက်၊ ရှေးဟောင်း စစ်မြေပြင်ကဘာ ဝိညာဉ်မှမရခဲ့တာနဲ့အတော်ပဲ မင်းတို့က ငါဆုံးရှုံးလိုက်တာ ကို ပြန်ဆယ်ပေးလိုက်တာပဲ”
ပြိုင်ဘက်၏ မျက်နှာသည် မီးသွေးများသဖွယ် မည်းနက်သွားပြီး ထိုသို့ ပြောရင်းနှင့်ပင် နတ်ဆိုးတစ္ဆေများကို လုယူသွားခဲ့သည်။ ဒါက စော်ကားမှုကြီး ပဲ။
နာရီဝက်အကြာတွင် သူမကို သတ်ရန်လာသောသူများ၏ တစ္ဆေ လောကတွင်ရှိသော အသက်ကျောက်စိမ်းများသည် ပြာဖြစ်သွားလေသည်။
အသက်ကျောက်စိမ်း ထိန်းသိမ်းသူသည် အထဲမှလှုပ်ရှားမှုများကြားရ သောအခါ ထိတ်လန့်သွားပြီး အထဲသို့ကြည့်ပြီးနောက် လျင်မြန်စွာပင် တစ္ဆေ မိဖုရားကို လျှောက်တင်သေလည်။
သူမ လွှတ်လိုက်သော လူများအသတ်ခံလိုက်ရသည်ဟု တစ္ဆေမိဖုရား ကြားသောအခါ ဒေါသထွက်ပြီး ရှေ့တွင်ရှိသော စားပွဲကိုလှန်ပစ်လေသည်။
ဒေါသကြောင့် သူမ၏ မျက်နှာသည် အရေတွန့်ကာ တစ္ဆေမျိုးနွယ်၏ ဘုရင်မတစ်ပါးနှင့် မတူတော့ပေ။
တစ္ဆေမိဖုရားသည် ဒေါသကြောင့် တုန်ယင်နေသည်။ လူသား တစ်ယောက်ပဲကို သူမ တပ်သားတွေ အများကြီးဆုံးရှုံးအောင်လုပ်လိုက် တယ်။ ဒါကို ဘယ်လို အစာကြေမလဲ။
“အဲကို လူတွေထပ်ပို့လိုက် အဲကောင်ုကို မသတ်ရမချင်း မနားနိုင်ဘူး” တစ္ဆေမိဖုရားသည် အော်လေသည်။
“ဘုရင်မ” လူတစ်ယောက်သည် အပြင်မှဝင်လာသည်။ ထိုချောမောလှ သော မျက်နှာသည် တစ္ဆေမိဖုရား၏ ဒေါသဖြစ်နေသောစိတ်ကို ငြိမ်သွားစေ သည်။
“ဘာလို့ ဒီကိုလာတာလဲ” တစ္ဆေမိဖုရားသည် နေရာတွင် ပြန်ထိုင်ကာ မေးလိုက်သည်။
“ဘုရင်မ စိတ်တိုနေတယ်ဆိုလို့ ဘုရင်မရဲ့ကျန်းမာရေးထိသွားမှာ စိုးလို့ ရောက်လာတာပါ” ထိုလူသည် နေရာကိုသာမာန်ကာလျှံကာ ရှာပြီးထိုင်လိုက် သည်။ ထိုသည်မှာ တစ္ဆေမိဖုရားရှေ့တွင် သူ၏ ရာထူးမှာ မြင့်သည်ကို ပြသ နေသည်။
“အဲလောက်ကိစ္စတွေ ဖြစ်နေတာ ဘယ်လိုလုပ် စိတ်မတိုဘဲနေမလဲ” တစ္ဆေမိဖုရားသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဒေါသများ အထွတ်အထိပ်ရောက်လေသည်။ ထိုလူကိုကြည့်ပြီး ပြောလိုက်သည် “မို့ယွိ မင်း သွားပြီးငါ့ကိုကူညီပေးပါလား”
မို့ယွိသည် တစ္ဆေမိဖုရားပြောသည့်စကားကို မကြားသည့်အတိုင်း လက်ဖက်ခြောက်နှင့် ရေထုတ်ကာ လက်ဖက်ရည်တစ်ကရားကို ဖြည်းဖြည်း ချင်း ချက်ကာ တစ္ဆေမိဖုရားအတွက် တစ်ခွက်ငှဲ့ပြီးနောက် သူကိုယ်တိုင် အတွက် တစ်ခွက်ငှဲ့လိုက်သည်။ သူသည် ခွက်ကို အသာအယာကိုင် ပြီးနောက်မှပင် စကားပြောလေသည် “ငါက မင်းရဲ့သား နေရာတကာမှာ လိုက် လူတွင်ကျယ်လုပ်တာကို ကြိုက်ဘူးဆိုတာ သိရဲ့သားနဲ့ သူ့အတွက်နဲ့ ငါ့ကို လက်စားချေစေချင်တာလား ဒါဖြစ်နိုင်တယ်လို့ထင်နေတာလား”
တစ္ဆေမိဖုရားသည် စကားပြောသည်မှာ မြန်သည်။ မို့ယွိသည် သူမကို ပြန်မဖြေသည်ကို မြင်သောအခါ သူ့အဖြေကို ခန့်မှန်းမိပြီးဖြစ်လေသည်။ ထို့ကြောင့် သူ့ဆီမှ ထိုစကားကိုကြားလိုက်ရသောအခါ မအံ့သြတော့ပေ။
“ငါ ဒီအတိုင်းပြောလိုက်တာပါ” သူမ ရှင်းပြလေသည်။
“ငါသိပါတယ်” မို့ယွိသည် တစ်ကျိုက်သောက်လုကိသည်။ “လူ့လောက က ဒီလက်ဖက်ရည်က တကယ်အရသာရှိတယ် အများကြီးမကျန်တော့တာ တော့နှမြောဖို့ကောင်းတယ်”
“လိုချင်ရင် လူလွှတ်ပြီးသွားယူခိုင်းပြီး ပို့လိုက်မယ်” တစ္ဆေမိဖုရားသည် အရသာမြည်းပြီးနောက် ပြန်ချလိုက်သည်။
သူမသည် လူသားလောကမှ လက်ဖက်ရည်ကို စိတ်မဝင်စားပေ။ သို့သော် သူကြိုက်သောကြောင့် သူမ လိုက်သောက်ခြင်းဖြစ်သည်။
“မလိုပါဘူး” မို့ယွိသည် ချက်ချင်းပင် ငြင်းဆန်လေသည် “မင်းပို့တဲ့ လက်ဖက်ရည်က အရသာရှိပေမဲ့ အရမ်းကြီးမကြိုက်ဘူး အဲတော့ ကိုယ့် ဘာသာပဲ ရှာလိုက်မယ်”
“ရှင် လူသားလောကကိုသွားမလို့လား” တစ္ဆေမိဖုရားသည် သံသယဖြင့် မေးလေသည်။
“ငါ သွားလာတာကြာပြီ လူသားလောကမှာ လက်ဖက်ခြောက်ခူးပြီးပြီ လားတောင်မသိဘူး သွားရှာကြည့်ဦးမယ်” မို့ယွိ ပြောလိုက်သည်။
“ဘယ်တော့သွားမှာလဲ”
“မသိသေးဘူး မနက်ဖြန်လည်းဖြစ်ချင်ဖြစ်မယ် မဟုတ်ရင် နောက်နှစ် တွေကြာမှလည်းဖြစ်မယ် ငါစိတ်ပါတဲ့အချိန်သွားမှာပေါ့”
“ရှင်က အမြဲတမ်းအပြောင်းအလဲမြန်တယ်” တစ္ဆေမိဖုရားသည် အကူအညီမဲ့စွာ ပြောလိုက်သည်။
“ငါရှင်းရမဲ့ ကိစ္စတွေရှိသေးတယ် ငါ လူသားလောကကိုသွားလို့ မင်းလူ တွေ သူမကို မဖြေရှင်းနိုင်သေးဘူးဆိုရင် ငါသွားစစ်ကြည့်ပေးမယ် ဒါပေမဲ့ ငါ တိုက်ခိုက်ပေးဖို့တော့ မမျှော်လင့်နဲ့” မို့ယွိသည် မျက်လုံးမှိတ်ကာ လက်ဖက် ရည်အနံ့ကို ရှုရှိုက်လိုက်သည်။ ဒီလက်ဖက်ရည်အနံ့က မွှေးလိုက်တာ။
“ရှင်တိုက်ခိုက်မယ်ဆိုရင် သူမ အသက်ရှင်ဖို့ခက်သွားမယ် ရှင် မတိုက် ချင်တာတော့ နှမြောစရာပဲ” တစ္ဆေမိဖုရားသည် တိုးညင်းစွာပြောလေသည် “ဒါပေမဲ့ ရှင် သူမအကြောင်းသတင်းရမယ်ဆိုရင် ကျွန်မအတွက် သေချာ ပေါက်အသုံးဝင်မှာပါ”
“မင်း ထာဝရရှင်သန်သူနယ်မြေကို လူထပ်မလွှတ်တော့ဘူးလား” မို့ယွိ မျက်မှောင်ကြုတ်လိုက်သည်။
အခုချိန်တွင် တစ္ဆေမိဖုရားသည် စိတ်ငြိမ်သွားပြီဖြစ်သည်။ “လူတွေ ထပ်လွှတ်လည်း အသုံးမဝင်ဘူးလေ ထပ်မပို့တော့ဘူး ရှင့်သတင်းကိုပဲ စောင့်နေမယ် သူမ ထာဝရရှင်သန်သူနယ်မြေက ရှင်လျက်ထွက်လာမလား လို့ိ”
***