← Chapters

ညမိုးနန်းဆောင်ရဲ့ အမွေဆက်ခံသူ

Vol. 141 Ch. 4.1623

ညမိုးနန်းဆောင်ရဲ့ အမွေဆက်ခံသူ

Vol. 141 Ch. 4.1623

ကမ္ဘာ့ကူးတို့လှေမှာ တစ်ရက်ပဲ အချိန်ရှိကြောင်းကိုတော့ လူတိုင်းကလည်း ကောင်းကောင်း သိကြပါသည်။ အချိန်ပိုစောင့်လေ၊ အချိန်ပိုကုန်လေလေပဲ။ ဤအခိုက်အတန့်တွင် လုရွှမ်က စကားပြောလိုက်သည်နှင့် ၎င်းကို စိတ်ဝင်စားသူအားလုံးက ခုန်ပေါက်ကာ ထွက်လာကြသည်။

၎င်းတို့၏ အထောက်အထားများကို သတင်းပို့ပြီးနောက် အချင်းချင်း ထိပ်တိုက်တွေ့ကာ တိုက်ပွဲများ စတင်ခဲ့သည်။

လုရွှမ်လည်း လူတိုင်းရဲ့ စွမ်းဆောင်ရည်ကို ထည့်သွင်း စဉ်းစား​နေခဲ့သည်။ ကျင့်ကြံမှုတွေကို ဝိညာဉ်စွမ်းအင်နှင့် တောက် စည်းချက်အတိုင်း မြှင့်တင်နိုင်ခဲ့ကြောင်း တွေ့ရသည်။

ဒါပေမယ့် အရည်အချင်းကတော့ အရည်အချင်းပင်။ တူညီသော ပတ်ဝန်းကျင်အောက်တွင် ပိုမိုအားကောင်းပြီး ထက်မြက်သူတွေဟာ တစ်ချက် ကြည့်လိုက်​လျှင် ထင်ရှားပါသည်။

စုန့်ယန်ပင် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ထိုလူများကြားတွင် ခွန်အားကြီးသူအများစုမှာ သူ့လောက်သာ သန်မာကြသည်။ ဒီလိုကျင့်ကြံမှုနဲ့ ထွက်ခွာသွားဖို့က မလုံလောက်သေးချေ။

သူထွက်သွားရင်တောင်မှ လုရွှမ်နဲ့ တခြားသူတွေနဲ့ ဘယ်လိုမှ မယှဥ်နိုင်ချေ။ အနာဂတ်မှာ ကြုံတွေ့ရမယ့် မြောက်များစွာသော အကျပ်အတည်းများကြား ရှင်သန်ဖို့ အခွင့်အလမ်းကလည်း မရှိသလောက်ပင်။

စင်ပေါ်က လှိုင်းလုံးကြီးပေါ် တက်လာပြီးနောက် အသီးသီး ထွက်ခွာသွား​ကြသည်။

သူတို့ မသိလိုက်ခင်မှာပဲ ညနက်နေပြီ။

သို့သော် ထန်မိသားစုမှ ထန်ဝူနဲ့ ဖူကျွမ်ချင်းမှလွဲ၍ တခြားဘယ်သူမှ လုရွှမ်မျက်လုံးထဲကို မဝင်လာခဲ့ပေ။ ထန်ဝူရဲ့ အဆင့်ကိုတော့ မပြရသေးတဲ့အတွက် မသိရသေးပါဘူး။ ဖူကျွမ်ချင်းမှာတော့ အရည်အချင်းကောင်း ရှိပေမယ့် အရည်အချင်းတစ်ခုသာ ဖြစ်ပါ၏။ သူမကို လှေပေါ်တက်ခွင့်ပြုဖို့က တော်တော်ကို စဥ်းစားပေးရဦးမည်။

ရန်ဖေးနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံးတော့ ဖူကျွမ်ချင်းသည် လှုပ်ရှားမှု တရာကျော်ကိုသာ ခံနိုင်ရည်ရှိပေသည်။ ဒါတောင် ရန်ဖေးက သူတို့အဖွဲ့ထဲမှာ အားအနည်းဆုံး ဖြစ်သည်။

ထိုစဥ် အဖြူရောင်ဝတ်စုံဝတ်ပြီး လရောင်အောက်မှာ လမ်းလျှောက်နေတဲ့ ပုံလေးတစ်ပုံ ပေါ်လာသည်။ ထိုသူသည် ခန်းမအလယ်သို့ ဆင်းလာပြီး သူ့အင်္ကျီကို ဖြန့်ကာ ရန်ဖေးကို ကြည့်လိုက်၏။

"ညမိုးနန်းဆောင်က ရှောင်ယွီ.... နတ်သမီးရန်ဖေးဆီက အကြံဥာဏ်တောင်းချင်ပါတယ် "

အုံ့မှိုင်းမှိုင်းနှင့် အိပ်ငိုက်နေသူတိုင်းသည် ရုတ်တရက် နိုးကြားထကြွမှုကို ခံစားလိုက်ရသည်။ လုရွှမ်၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကလည်း နောက်ဆက်တွဲ ကျင့်ကြံသူများရဲ့ ခွန်အားပြသမှုများနှင့် နောက်ဆက်တွဲ ပြိုင်ပွဲများကို စိတ်ဝင်စားမှု သိပ်မရှိတော့ပါ။

ကွာဟချက်က အရမ်းကြီးတယ်လေ။

ဤအခိုက်အတန့်တွင် "ညမိုးနန်းဆောင်" ဟူသော စကားလုံးသုံးလုံးသည် ရုတ်တရက် နိုးလာခဲ့သည်။

ညမိုးနန်းဆောင်က လူတွေ မပေါ်လာသေးဘူး မဟုတ်ဘူးလား။

သို့သော် ယခု သူပေါ်လာသည်နှင့် တစ်ပြိုင်နက် ပွဲချင်းပြီး ယှဉ်ပြိုင်နေသော လူပေါင်းများစွာကို လျစ်လျူရှုကာ နတ်သမီး ရန်ဖေးကို တိုက်ရိုက်စိန်ခေါ်လိုက်သည်။ သူတို့ကျွန်းရှိ ကျင့်ကြံသူများသည် ပြင်ပကမ္ဘာအတွက် ပါရမီရှင်များဖြစ်ကြသော်လည်း လုရွှန်နှင့် သူ့အဖွဲ့အတွက်မူ နောက်ကျကျန်ခဲ့ပါပြီ။

သို့သော် သူမသည် လုရွှမ်နှင့် သူ့အဖွဲ့ကို စိန်ခေါ်ရန် အမြဲတမ်း စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ယခု မတ်တပ်ထရပ်လိုက်သည်။

ဒါပေမဲ့ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေကြပြန်သည်။

ရှောင်ယွီက ဘယ်သူဖြစ်နိုင်မလဲ။ သူ့အကြောင်းကို သူတို့ တစ်ခါမှ မကြားဖူးပါ။ သူက ညမိုးနန်းဆောင်ရဲ့ နောက်ထပ် အသစ်တစ်ယောက် ဖြစ်မလား။

လူများစွာကလည်း ညမိုးနန်းဆောင်က ယွမ်ရှောက်ကို ကြည့်နေကြသည်။

"ဟား ဟား ဟား!"

ကျယ်လောင်သော ရယ်မောသံကို ထန်ဝူထံမှ ကြားလိုက်ရသည်။

"နတ်သမီးရှောင်ယွီက ငါလုပ်ချင်တာကို အရင်လုပ်လိုက်တာပဲ... ဟုတ်တယ်... ငါတို့ ကမ္ဘာ့ကူးတို့လှေပေါ် တက်ချင်တာဆိုတော့ သာမန်လူတွေကြားမှာပဲ ငါတို့က ကြီးစိုးနေတာ ဖြစ်နိုင်တယ် ငါတို့မှာ သူတို့နဲ့ လိုက်ဖက်တဲ့ ခွန်အားမရှိရင် လှေပေါ် ဘယ်လိုလုပ် ဘေးကင်းကင်း တက်နိုင်မှာလဲ"

ထန်ဝူက လှမ်းအော်လိုက်ပြီးနောက် လုရွှမ်ကို မျက်လုံးပြူး​ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ အနည်းငယ် ကြောက်လန့်သွားပြီး နဂါးလေးထံ ပြောင်းသွား၏။

"နတ်နဂါး မျိုးနွယ်ဆိုတာ ကမ္ဘာကချီးကျူးတဲ့ အရည်အချင်းမြင့်မြင့်နဲ့ တခြားသူတွေထက် အမြဲသာလွန်နေပါတယ်.. ထန်ဝူက အရည်အချင်းမပြည့်မီဘူး ဒါကြောင့် သခင်လေးနဂါးဆီကနေ လမ်းညွှန်​မှု တောင်းဖို့ သတ္တိမွေးချင်ပါတယ်"

ထိုအခိုက် လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လူအများက သူတို့ကို အသံကျယ်ကျယ်နဲ့ အားပေး​​နေခဲ့ကြသည်။ တကယ်တော့ သာမန်လူတွေနဲ့ ပြိုင်တာက ဘာမှမဟုတ်ပေ။ လုရွှမ်တို့ကို တိုက်ခိုက်တာကမှ စိတ်ဝင်စားစရာ ကောင်းလိမ့်မည်။

နဂါးလေး ပြုံးပြီး :"ကောင်းပြီ မင်းနဲ့ လက်တွဲရတာ ဝမ်းသာပါတယ်။"

သူက ပေါ့ပါးစွာ ပျံသန်းလာခဲ့၏။ တစ်ချိန်တည်းမှာပင် ရန်ဖေးလည်း ပြေးထွက်လာခဲ့ရာ ဖူကျွမ်ချင်းက အလျင်စလို ပြေးထွက်သွားပြီး ကောင်းကင်လက်နက်ကို ရန်ဖေးထံ ပြန်ပေးလိုက်သည်။

ရန်ဖေး :"ကြွပါ!"

ရှောင်ယွီလည်း ကောင်းကင်လက်နက်ကို လုံးဝ ဂရုမစိုက်ဘဲ မနေဝံ့ချေ။

ထန်ဝူသည် သူ့လက်နက်ကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်က မိုးခြိမ်းသံလို ကျယ်လောင်စွာ အော်လိုက်သည်။ သူသည် ချက်ချင်းပင် နဂါးလေးရဲ့ ခေါင်းကို လွှဲခုတ်ချ​လိုက်သည်။

နတ်သမီးရှောင်ယွီဆီက အချက်ပြမှုကို လက်ခံရရှိခဲ့ပုံရပြီး တစ်ချိန်တည်းမှာပင် ရန်ဖေးအား တိုက်ခိုက်ခဲ့သည်။

လျိုရှန်းက ရောက်လာပြီး "လုရွှမ် ရှင် ဘယ်လိုထင်လဲ?"

ရဲ့ရှားနဲ့ ကောင်းကင်သိမ်းငှက်ကလည်း ရှေ့ကို တိုးလာကြသည်။

သူတို့ ဒီအချိန်မှာ အဖော်တွေက အလွန်အစွမ်းထက်မယ်လို့ မျှော်လင့်နေရသည်။ နဂါးလေးနဲ့ နတ်သမီးရန်ဖေးတို့ဟာ သူတို့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်လို့ ဒီလူနှစ်ယောက်ကို မရှုံးစေချင်ကြတာ သဘာဝပါပဲ။

"ထန်ဝူက မျှော်စင် နယ်ပယ်ရဲ့ အဆင့်၈မှာ ရှိတယ် တခြား ကျင့်​ကြံသူတွေနဲ့ ယှဉ်ရင် သူက သူ့ရဲ့ ကျင့်ကြံမှုကို ကြမ်း​ကြမ်းတမ်းတမ်း ဖိနှိပ်တယ်... ဒါက အားသာချက် တစ်ခုလည်း ဖြစ်သလို အားနည်းချက်လည်း ရှိတယ်... နောက်ဆုံးတော့ ဒီမှာက မတူညီတဲ့ ပတ်ဝန်းကျင်ကြောင့် သူတို့ရဲ့ နယ်ပယ်ကို မြန်မြန်ဆန်ဆန် တိုးတက်စေတယ်... ဒါပေမဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်က မလွဲမသွေ မခိုင်မာတတ်ဘူး"

"ဒါက မွေးရာပါ အခြေအနေပဲ သူက သူ့ရဲ့ ကျင့်ကြံမှုနဲ့ စွမ်းအင်ကို နှိမ့်ချထားပြီး အခြေခံအုတ်မြစ်ကို ခိုင်ခံ့အောင် လုပ်ထားတယ် ဒါပေမယ့် ငါတို့ရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ဖို့က ပိုခက်ပါတယ်... နဂါးလေးရဲ့ ကျင့်ကြံမှု အဆင့်က ဒီကျွန်းမှာ အဆင့်တစ်ခု တိုးလာခဲ့ပြီ... အခု သူ စတုတ္ထအဆင့်ပဲ ရှိသေးတယ်"

"နယ်ပယ်နဲ့ ပတ်သက်ရင် သူရှုံးသွားပေမယ့် နဂါးလေးရဲ့ အရည်အချင်းကို ဘယ်တော့မှ လျှော့တွက်လို့ မရဘူး... ထန်ဝူသာ သူ့ဝှက်ဖဲကို မသုံးရင် နဂါးလေးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး... သူက မာနကြီးလွန်းတယ်"

လုရွှမ်က သက်ပြင်းချရင်း "ရန်ဖေးရဲ့ အရည်အချင်းက ငါတို့ကြားထဲမှာ အဆိုးဆုံးလို့ ပြောလို့ရတယ် ဒါပေမယ့် သူမရဲ့ အခြေခံအုတ်မြစ်က ငါတို့ကြားမှာ အခိုင်မာဆုံးပဲ ဒါကိုတော့ ငါကတောင် သူမနဲ့ ယှဉ်လို့မရဘူး..."

"ဒါပေမဲ့ သူမရဲ့ အစွမ်းထက်ဆုံး အားသာချက်ကို ထုတ်ဖော်ဖို့ နည်းလမ်း ရှာမတွေ့သေးဘူး... သူမသာ လုပ်နိုင်ရင် သူ့အစွမ်းက ငါတို့ထက် မနိမ့်ကျပါဘူး... ရှောင်ယွီက အဆင့်၈... သူမရဲ့ ရောင်ဝါက တခြားသူတွေနဲ့ မတူတာကို သတိထားမိလား မသိပေမယ့် ငါတို့နဲ့ ပိုနီးစပ်တယ်"

လျိုရှန်းရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာကာ ခေါင်းညိတ်လိုက်သည်။

"ဒီကောင်မလေးမှာ တစ်ခုခု မှားနေပြီလို့ ခံစားမိပေမယ့် လောလောဆယ်တော့ စကားထဲ ထည့်မပြောရ​သေးဘူး... စိတ်ရှင်းအောင် ဆက်ထားရင် ပိုကောင်းမယ်"

"တကယ်လို့ ဒီရှောင်ယွီက ငါထင်သလိုပဲဆိုရင် သူမက ထန်ဝူထက်တောင် ပိုပြီး ခြိမ်းခြောက်နိုင်တယ်..ရန်ဖေး အန္တရာယ်ရှိတယ်။"

ကွင်းပြင်တွင် နှစ်အုပ်စုခွဲကာ နှစ်ဖက်စလုံးမှ လူလေးဦးသည် အပြည့်အ၀ တိုက်ခိုက်နေကြပြီး လူအများက ညှို့ယူကြည့်ရှုနေကြသည်။

လုရွှမ် ပြောခဲ့သလိုပဲ ထန်ဝူဟာ အလွန်အစွမ်းထက်ပြီး အစွမ်းကုန် တိုက်ခိုက်နိုင်ပေမယ့် နဂါးလေးနဲ့ နီးစပ်ဖို့တော့ မဖြစ်နိုင်သေးချေ။ သူရဲ့ ပြင်းထန်သော တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက နဂါးလေးရဲ့ လွယ်ကူသော တုံ့ပြန်မှုက လူတိုင်းအမြင်တွင် ရှင်းရှင်းလင်းလင်း ပေါ်နေသည်။

တစ်ဘက်မှာတော့ မိန်းကလေး နှစ်ယောက်ဟာ တကယ့်ကို လိုက်ဖက်ညီလွန်းလှပါ၏။ ရန်ဖေးသည် ယင်ယန်ဒြပ်စင်ငါးပါး ဓားကို အသုံးပြုထားပြီ ဖြစ်ပြီး ရှောင်ယွီကလည်း သူမအား ထိုဓားကို အသုံးပြုရန် တွန်းအားပေးနိုင်ခဲ့သည်။ ရှောင်ယွီရဲ့ အရည်အချင်းတွေက ထူးထူးခြားခြား ရှိပေသည်။

နဂါးလေး: "အခု မင်းမှာ ရှိတဲ့ အရည်အချင်းတွေက ငါ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး မင်းရဲ့ အပြင်းထန်ဆုံး အရည်အချင်းတွေကို ပြပါ"

ထန်ဝူက ဟစ်အော်လိုက်သည်။ သူဟာ သူ့ကိုယ်သူ အလွန်မြင့်မားတဲ့ အမြင်ရှိသူပင်။ ပထမအကြိမ်စာရင်းတွင် သူသည် ထိပ်ဆုံးသုံးဦးစာရင်းတွင် ပါဝင်ခဲ့သည်။ ပထမလူနှစ်ယောက်တောင်မှ သူတို့ရဲ့အသက်အရွယ်နဲ့ နောက်ထပ်နှစ်အနည်းငယ် လေ့ကျင့်မှုတွေကြောင့်သာ သူ့ထက်သာလွန်နိုင်ခဲ့၏။

အဲ့အဆင့်မှာ သူက ဘယ်သူ့ကိုမှ မကြောက်ဘူး။

နဂါးဖြစ်နေတော့ရော ဘာဖြစ်လဲ။ နဂါးကို အနိုင်ယူပြီးနောက် လုရွှမ်ကိုစိန်ခေါ်ဖို့ သူ့မှာ အစီအစဉ်ရှိပြီးသားပါ။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူအရမ်းဂုဏ်ယူခဲ့ရတဲ့ သူ့ရဲ့ မှော်ပညာစွမ်းရည်က နဂါးလေးဆီမှာ လုံးဝနီးပါး ရှုံးနိမ့်နေခဲ့သည်။

သူ့မျက်နှာက ပူလောင်နေပြီး စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

"ဟုတ်ပြီ... ဒါဖြစ်ရင် နတ်နဂါး မင်းလက်ခံထားလိုက်တော့!"

All Chapters