← Chapters

ထူးဆန်းတဲ့ မှော်စွမ်းအင်

Vol. 141 Ch. 4.1625

ထူးဆန်းတဲ့ မှော်စွမ်းအင်

Vol. 141 Ch. 4.1625

စိတ်ပူခြင်းက စိတ်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။

ရန်ဖေးဟာ လုရွှမ် ဂရုစိုက်တဲ့သူ တစ်ယောက်ဖြစ်သောကြောင့် သဘာဝအတိုင်း သူမကို မရှုံးစေချင်ပေ။ တကယ်တော့ ကျရှုံးရင်လည်း အရေးမကြီးပါ၊ အရေးကြီးတာက သူမ တိုးတက်လာဖို့ပါပဲ။

နဂါးလေး၊ ကောင်းကင်သိမ်းငှက်၊ ရဲ့ရှား၊ လျိုရှန်းတို့နှင့် နှိုင်းယှဉ်ပါက ရန်ဖေးသည် အနိမ့်ဆုံး အရည်အချင်းရှိပြီး အတော်လေး အားနည်းသည်။ အင်အားညံ့လို့ အရေးမကြီးပါ။ ဒါပေမယ့် အရည်အချင်းတွေ မြင့်နေရင်တော့ နောက်ဆုံးမှာ လိုက်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် အခုအချိန်မှာ ရန်ဖေးကလည်း အရှိန်အဟုန်နဲ့ တိုးတက်မလာဘူးဆိုရင် သူတို့နဲ့ အရင်ကကြားက ကွာဟမှုက ပိုပိုကြီးလာပေလိမ့်မည်။ အခုက မျှော်စင် နယ်ပယ်မှာပဲ ရှိနေသေးပေမယ့် နတ်ခြေလှမ်းနယ်ပယ် ရောက်တာနဲ့ အဲဒီနယ်ပယ်ရဲ့ သေးငယ်တဲ့ ခြားနားမှုက ကမ္ဘာကြီးလို ကွဲပြားသွားစေလိမ့်မည်။

အထူးသဖြင့် နောက်ဆက်တွဲခရီးတွင် အန္တရာယ်များစွာ ရှိနေသဖြင့် ရန်ဖေးရဲ့ခွန်အားက သူမအား တိုက်ခိုက်တဲ့အခါ ပို၍ အာရုံစိုက်စေမည်ဖြစ်သည်။ ပျော့ပျောင်းတဲ့ အရာကို ရွေးသင့်တယ်ဆိုတာ မကောင်းမှန်း လူမိုက်တောင်မှ သိပါသည်။

ထို့ကြောင့် ရန်ဖေးဟာ တိုးတက်ရန်၊ သူမအကောင်းဆုံးအရာကို ရှာဖွေပြီး အားသာချက်များကို အပြည့်အဝထုတ်ပြရန် လိုအပ်သည်။ သူတို့သည် အုပ်စုတစ်စု ဖြစ်သဖြင့် အနာဂတ်တွင် အားကောင်းသော အုပ်စုတစ်ခုအဖြစ် ဆက်လက်တည်ရှိရန် ရည်မှန်းထားနိုင်သည်။

သူမဟာ အရာရာတွင် ထူးချွန်နေဖို့ မလိုအပ်သလို ကဏ္ဍပေါင်းစုံက အားကောင်းနေဖို့လည်း မလိုအပ်ပါ။ သူမ ကဏ္ဍတစ်ခုတွင် ထူးချွန်နေသရွေ့ အဖွဲ့ထဲတွင် သူမရဲ့ ရပ်တည်ချက်နှင့် သူမလုပ်နိုင်သော ပံ့ပိုးကူညီမှုက အလွန်ကွာခြားသွားလိမ့်မည်။

အခု အရာအားလုံးက သူမအပေါ် မူတည်နေပြီ။

သူတို့နှစ်ဦး လက်ထဲက ကောင်းကင်လက်နက်များဟာ အချင်းချင်း တိုက်မိပြီး လျင်မြန်သော ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။

ရှောင်ယွီရဲ့ အရှိန်အဟုန်သည် အားပြင်းပြင်းဖြင့် တဖြည်းဖြည်းတိုးလာသည်။ ရန်ဖေး ခြေဖဝါးများဆီက တုန်တုန်ယင်ယင် အသံကို သူမကြားလိုက်ရသောကြောင့် အပြာရောင်ကျောက်တုံးများ အက်ကွဲသွားကြောင်း သိလိုက်သည်။

ပတ်​၀န်းကျင်​တွင်​ ​အော်​ဟစ်​သံတွေ ရှိ​နေသည်​။ အပြာရောင် ကျောက်တုံး ကြမ်းပြင်သည် အလွန်ကြမ်းတမ်းသောကြောင့် ယခင်တိုက်ပွဲတွင်ပင် ခြေရာလက်ရာ လုံးဝ မကျန်ခဲ့ပါ။ ထန်ဝူပင်လျှင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိမှန်ခဲ့ပြီးမှ ပျက်စီးသွားခဲ့သည်။

ယခုမူ လမ်းလျှောက်ရုံမျှဖြင့် ထိုကဲ့သို့ အမှတ်အသားများ ကျန်ရစ်ခဲ့သည်။ ရှောင်ယွီရဲ့ ရောင်ဝါက ယခုအချိန်တွင် ဘယ်လောက်တောင် ပြင်းထန်လာပြီး ရန်ဖေးကလည်း ဘယ်လောက် ခံနိုင်ရည်ရှိနေသလဲ မှန်းဆနိုင်သည်။

ယခုအချိန်တွင် ရန်ဖေး၏ ခန္ဓာကိုယ်သည် တင်းမာသော လေးတစ်လတ်လိုမျိုး တဖြည်းဖြည်း ကွေးညွှတ်ကာ ညှစ်ခံထားရသည်။ ဒီအတိုင်းသာ ဆက်သွားပါက မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ကျိုးသွားလိမ့်မည်။

နဂါးလေး: "ဒီရှောင်ယွီရဲ့ အင်အားက ထန်ဝူထက်တောင် ​မြင့်နေတာလား?"

ယခုအချိန်တွင် ရှောင်ယွီကို ကြည့်နေသော သူ့မျက်လုံးများက လေးနက်လာသည်။ ဆိုလိုတာက ဒီအမျိုးသမီးက သူ့ကို တိုက်ခိုက်ဖို့တောင် ခွန်အားရှိနေပြီ။

ထိုစဥ် လျိုရှန်းကလည်း ရုတ်တရက် စကားစမြည် ဝင်ပြောလာသည်။

"သူမက သူ့ခွန်အားကို ဖုံးကွယ်ထားတုန်းပဲ"

ရဲ့ရှား အသက်ရှုကြပ်ပြီး “ဒါဆို ဒီမိန်းက​​လေးရဲ့ အစွမ်းက ငါ့အထက်မှာရှိတာပေါ့”

ကောင်းကင်သိမ်းငှက်က ဘာမှပြန်မပြောသော်လည်း အနည်းငယ် ခေါင်းညိတ်​ပြလာသည်။

ရန်ဖေးလည်း ပို၍ပို၍ ရှက်လာသည်။ သူက မှော်ဓားကို ခက်ခက်ခဲခဲ မသုံးနိုင်ဘဲ စိတ်အားထက်သန်စွာ ခုခံနိုင်ခဲ့သည်။ သူ့ပါးစပ်ထောင့်မှာလည်း သွေးစတွေ ရှိနေပြီ။ သွားများကို အံကြိတ်ကာ ရှောင်ယွီ လှုပ်ရှားနေသော ဓားသွားများကို စိုက်ကြည့်ရင်း ရုန်းကန်နေရသည်။

ပတ်ဝန်းကျင်က လူတွေက စကားစမြည် စပြောလာကြပြီး တော်တော်များများက ရှောင်ယွီကို အားပေးနေကြ၏။ ရှောင်ယွီက ရုတ်တရက် နောက်ဆုတ်သွားကာ ရှေ့သို့မရွေ့တော့ဘဲ ရန်ဖေးသည်လည်း သူ့ခန္ဓာကိုယ်ကို တည့်မတ်ကာ ထိုဓားကို ပိတ်ဆို့ထားလိုက်သည်။

"ဟုတ်ပြီ!" လျိုရှန်း တိုးတိုးလေး ထောက်ခံလိုက်စဥ် လုရွှမ်က ပြုံးကာ ခေါင်းညိတ်လေသည်။

လုရွှမ်: "ပိုးအိမ်ထဲက ဖောက်ထွက်ချိန်ရောက်ပြီ"

ရှောင်ယွီ၏ မျက်နှာသည် အနည်းငယ် ထိတ်လန့်သွားပြီး မကျေနပ်သည့် အရိပ်အမြွက်ပြကာ သူမအား ဆက်လက် တိုက်ခိုက်​နေခဲ့သည်။

ရန်ဖေးလက်မှာ လက်ကောက်ဝတ်၊ တံတောင်ဆစ်မှာ လက်ကောက်ဝတ်၊ ပခုံးမှာ တံတောင်ဆစ်၊ အရာတစ်ခုလုံးက မျဉ်းဖြောင့်ပုံစံဖြစ်ပြီး၊ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ဓားကို အရှေ့သို့ တွန်းလိုက်သည်။

ဓားချက်တစ်ခုက ရှောင်ယွီရဲ့ ရင်ဘတ်ကို ထိုးဖောက်တော့မလိုပင်။ သူမ လန့်သွားပြီး တားဆီးရန် ဓားကို အမြန်ဆွဲလိုက်သည်။ ရန်ဖေးက အခြေအနေကို အခွင့်ကောင်းယူကာ အလွန်ထက်မြက်သော ဓားချက်ဖြင့် ထိုးဖောက်လိုက်သည်။

နဂါးလေး: "ငါ့အမြီးကို လှည့်နေတဲ့ နဂါးတစ်ကောင်လို့ ငါဘာလို့ ခံစားနေရပါလိမ့်"

လုရွှမ်က ရယ်ပြီး :"ဟုတ်တယ် အဲဒါ ခံစားချက်ပဲ နိယာမတစ်ခုတည်းကို နားလည်ရင် အခြေခံသဘောတရား အားလုံးကို နားလည်လာလိမ့်မယ်.. ယင်က ယန်ကို မွေးတယ် ယန်ကလည်း ယင်ကို မွေးတယ် "

"နောက်ဆုံးခွဲခြမ်း စိတ်ဖြာမှုမှာ မှော်အစွမ်းအားလုံးအတွ​က် ယင်းယန်က အခြေခံအကျဆုံးပဲ... အခြေခံအကျဆုံး အရာတွေက အစွမ်းထက်ဆုံး...ရန်ဖေးက ကောင်းကင်ကမ္ဘာက သူ့ရဲ့အခြေခံအုတ်မြစ်က ငါတို့ထက် ပိုခိုင်မာတယ်.. ဒီအဆင့်ကို နားလည်ပြီးရင် ကျန်တဲ့လမ်းကြောင်းက ကောင်းကင်မှာ လွင့်ပျံလာလိမ့်မယ်"

"အိုး ဒါဆို ငါတို့လည်း လုပ်လို့ရလား... ကောင်းကင်ကမ္ဘာက တခြားလူတွေကော အဲဒါကို အခွင့်ကောင်းယူနေတာပဲ မဟုတ်ဘူးလား"

လုရွှမ် ဘာမှ ဆက်မပြောဘဲ လျိုရှန်းက ဝင်ပြောလိုက်သည်။

"အဲလောက်မရိုးရှင်းဘူး ရန်ဖေးရဲ့ အခြေခံအုတ်မြစ်က အရမ်းခိုင်မာတယ်... ကောင်းကင်ကမ္ဘာမှာ မွေးဖွားလာတာက သူမရဲ့ အခြေခံအုတ်မြစ်အတွက် အထောက်အကူကောင်း တစ်ခုလို့ပဲ ပြောလို့ရပေမယ့် အဓိကကတော့ သူမမှာ အဲ့လိုခန္ဓာကိုယ် ရှိနေမှ..."

"ဥပမာ နဂါးလေး...ရှင့်နဂါးမျိုးရိုးရဲ့ အခြေခံအုတ်မြစ်က မတည်မြဲဘူး မဟုတ်လား ကျွန်မတို့ရဲ့ ကောင်းကင်မျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကလည်း မတည်ငြိမ်ဘူး... လုရွှမ်မှာတောင် သူလေ့ကျင့်တဲ့ အရည်အချင်းမျိုး၊ ဘယ်လိုစွန့်စားခန်းမျိုးတွေရှိလဲ၊ သူ့အခြေခံအုတ်မြစ်က ရှင်နဲ့ကျွန်မထက် ပိုခိုင်မာတယ် ဒါပေမယ့် ရန်ဖေးရဲ့ အနောက်မှာ နည်းနည်း နိမ့်နေသေးတယ်"

"ဒါကို လျှော့မတွက်နဲ့... ကျွန်မတို့အတွက် ဒီထက်ပိုပြီး တိုးတက်အောင်လုပ်ဖို့က အရမ်းခက်တယ်။ ရန်ဖေးရဲ့ အခြေခံအုတ်မြစ်က ပြီးပြည့်စုံဖို့ အရမ်းနီးစပ်နေပြီ အဲဒါကြောင့် သူ့မှာ ထူးကဲတဲ့ မှော်အစွမ်းတွေရှိတယ်...ကျွန်မတို့ကတော့ အဲဒီအဆင့်ကို ကျော်ဖြတ်ပြီးပြီ... ငါတို့ရဲ့ အခြေခံအုတ်မြစ်ကလည်း ခိုင်မာပါတယ်"

နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ တစ်ယောက်ကို တစ်ယောက် ဒေါသတကြီးနဲ့ ကြည့်နေလိုက်ကြသည်။

လုရွှမ် အသာအယာ ခေါင်းညိတ်လိုက်သည်။ အဆိုးဆုံး ကမ္ဘာ့​ဖြစ်သည့် တိမ်ပင်လယ်နယ်မြေမှာ ပြန်လည် မွေးဖွားလာခဲ့တာကြောင့် အမှန်ပင် သူ့အခြေခံက ညံ့ပေ၏။ ဝိညာဉ်စွမ်းအင်မရှိခြင်းနှင့် အမျိုးမျိုးသော ပစ္စည်းများ ရှားပါးခြင်းက သူရဲ့မွေးရာပါ အခြေခံအုတ်မြစ်ကို အမှန်တကယ် မကောင်း​စေခဲ့ချေ။

ယွမ်ယန်ကျင့်စဥ်နဲ့အတူ နောက်ပိုင်းတွင် အခြေခံအုတ်မြစ်ကို တည်ဆောက်နိုင်ခဲ့သဖြင့် လက်ရှိ အောင်မြင်မှုများဆီသို့ ဦးတည် ရောက်လာခဲ့ခြင်းပင်။ ခိုင်မာသော အခြေခံအုတ်မြစ်အရဆို သူသည် ရန်ဖေးလောက်ကို မတော်ချေ။

ရန်ဖေးသည် ရှောင်ယွီကို ဓားဖြင့် နှစ်ချက်ဆက်တိုက် ထိုးပြီးနောက် သူ့ယုံကြည်မှုတွေက အလွန်တိုးလာခဲ့သည်။ ဓားကို လှန်လိုက်သည်နှင့် သူမရဲ့ လှုပ်ရှားမှုများက တဖြည်းဖြည်း ချောမွေ့လာပြီး စီးဆင်းနေသော ရေစီးကြောင်းလို ဖြစ်လာသည်။

ရှောင်ယွီက ပေါ့ပေါ့ပါးပါး အော်ဟစ်လိုက်သည်။ သူမ အစောကတင် အသာစီးရထားသောကြောင့် ရန်ဖေးရဲ့ ဖိနှိပ်မှုကို မခံချင်စိတ်က သဘာဝအတိုင်း ပေါ်လာသည်။

သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေသည် တဖြည်းဖြည်း စေးကပ်ကာ သူမရဲ့ စွမ်းအင်များဖြင့် လုံး၀ ပြည့်သွားသည်။

လုရွှမ်ရဲ့ မျက်လုံးများ တောက်ပလာပြီး လျိုရှန်းနဲ့ အဖွဲ့သားများကို ကြည့်လိုက်သည်။ သူတို့မျက်လုံးတွေကလည်း လေးနက်လာ၏။ ဤလှုပ်ရှားမှုသည် ယခင်က ထန်ဝူလိုပင်။ သို့သော် ရှောင်ယွီက ထိုလမ်းကြောင်းကို ပိုမိုနားလည်သဘောပေါက်ထားပြီး နက်နဲစွာ လေ့လာထားတာ ထင်ရှား​ပေသည်။

လုရွှမ် ထန်ဝူကို အေးအေးဆေးဆေး လှမ်းကြည့်လိုက်တော့ ထန်ဝူရဲ့ မျက်နှာကလည်း တုန်လှုပ်နေတာကို တွေ့လိုက်ရသည်။ ရှောင်ယွီရဲ့ သိုင်းက သူနဲ့ အလွန်ဆင်တူကြောင်းကိုလည်း သူ နားလည်ပါသည်။

"အစ်ကိုယွမ်ရှောက်?"

ထန်ရှိုးဝမ်က မှိုင်းညို့သော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

ယွမ်ရှောက်ရဲ့ မျက်နှာက ပို၍ပင် မည်းမှောင်နေ၏။ ဒါက ဘယ်လို သိုင်းပညာမျိုးလဲ မသိသလို အရင်ကလည်း မမြင်ဖူးချေ။ သူ အရင်က ထန်ရှိုးဝမ်ကို ရယ်နေပေမယ့် ရှောင်ယွီက ပိုလို့တောင် လျှို့ဝှက်ဆန်းကြယ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့။

"ရှောင်ဝူ ငါ့ကိုပြောပါ မင်းတို့ဘာတွေဖြစ်နေကြတာလဲ"

ထန်ရှိုးဝမ် သူ့မိသားစုကို မကာကွယ်တော့ချေ။ သူ့မိသားစုက ဆက်ပြီး ခုခံ​နေရင် တခြား မိသားစုတွေဆီက ကျူးကျော်ခံလိုက်ရမှာ ကြောက်ရသည်။

ထန်ဝူရဲ့ မျက်နှာသည် ပြောင်းလဲသွားသော်လည်း သူ့ဘာသာလည်း အလွန်စိတ်ရှုပ်ထွေးသွားသည်။

"ဒုတိယဦးလေး... ကျွန်တော် တကယ်မသိပါဘူး တံခါးပိတ် ကျင့်ကြံနေတုန်း ကျွန်တော်သဘောပေါက်သွားတဲ့ ဓားသွားလှုပ်ရှားမှု တစ်ခုပါ... နောက်မှ ကြီးကြီးကျယ်ကျယ် လုပ်ပြချင်လို့ ဦးလေးကို မပြောပြသေးတာပါ... ရှောင်ယွီကပါ ဘယ်လိုလုပ် သိနေတာလဲတော့ ကျွန်တော်လည်း မသိပါဘူး!"

ထန်ရှိုးဝမ်လည်း ဒါကိုတော့ ရှင်းရှင်းလင်းလင်း မယုံချေ။ တပည့်တစ်ယောက်က ဒီလောက် အားကောင်းသော ဓားလှုပ်ရှားမှုနှင့် မှော်အတတ်ပညာကို ဘယ်လိုလုပ် နားလည်သွားနိုင်မှာလဲ။

All Chapters