← Chapters

သရေပွဲ

Vol. 141 Ch. 4.1626

သရေပွဲ

Vol. 141 Ch. 4.1626

စုန့်ချင်ရှန်းက ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြလိုက်သည်။

"အစ်ကိုထန်... စိတ်မလှုပ်ရှားတာ ပိုကောင်းပါတယ် ငါ့အမြင်အရတော့ ဒါက တူ​လေးရဲ့ အပြစ် မဟုတ်လောက်ဘူး"

ထန်ရှိုးဝမ်က ဟစ်အော်ကာ ဘာမှ ထပ်မပြောတော့ချေ။

"အစ်ကိုယွမ်ရှောက်ဆီကနေ အရင်က နတ်သမီးရှောင်ယွီ ဘယ်လိုလေ့ကျင့်ခဲ့လဲ သိချင်မိတယ်..."

ယွမ်ရှောက်ရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်နှင့် ခဏ တုံ့ဆိုင်းသွားပြီးနောက် ဆိုလာ၏။

"သူမက တံခါးပိတ်ကျင့်ကြံနေတဲ့ ငါ့ရဲ့ နောက်ဆုံးတပည့်ပဲ"

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားလုံးနှစ်လုံးကိုသာ အာရုံစိုက်ကာ ပြန်ဆုတ်သွားကြသည်။

"အိုး လာကြစမ်း!"

စုန့်ချင်ရှန်းက ရုတ်တရက် အော်လိုက်​ပြီး မျိုးနွယ်စုထဲက လူငယ်တစ်ယောက်ကို ခေါ်လာဖို့ အမြန် လက်ပြလိုက်ပါသည်။ ထိုသူ့အား ညွှန်ကြားချက် အနည်းငယ်ပေးလိုက်ရာ ထိုလူလည်း အမြန် ထွက်ပြေးသွားခဲ့သည်။

"အစ်ကိုစုန့်ရဲ့ မျိုးဆက်သစ်တချို့လည်း တံခါးပိတ် ကျင့်ကြံနေတာလား?"

"ယင်လေး တံခါးပိတ် ကျင့်ကြံနေတာ ကြာပြီ"

စုန့်ချင်ရှန်းက စိုးရိမ်မှုအပြည့်နဲ့ ပြောလိုက်သည်။

မကြာခင်မှာပဲ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် အနက်ရောင်ဝတ် နတ်သမီးလေး ရောက်လာသည်။ သူမသည် လှပသော အသွင်အပြင် ရှိသော်လည်း ယခုအချိန်တွင် သူမမျက်နှာက ရေခဲကဲ့သို့ အေးစက်နေသည်။ စုန့်ယင်သည် စုန့်မိသားစု၏ ပထမအဆင့် ပါရမီရှင်ဖြစ်ပြီး စုန့်ချင်ရှန်းရဲ့ ကွယ်လွန်သူ အကြီးဆုံးအစ်ကို၏ တစ်ဦးတည်းသော အသွေးအသား ဖြစ်သည်။

"ဦးလေးကို နှုတ်ဆက်ပါတယ်..."

စုန့်ချင်ရှန်း ရှိုက်ကြီးတငင်တောင် ပြုံးမပြနိုင်ပေမယ့် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူသည် ဤတူမလေးကို မွေးစားခဲ့ပြီး သူမသည်လည်း သူ့ကို "ဒုတိယဦးလေး" ဟု အမြဲတစေ ချစ်ခင်စွာ ခေါ်ခဲ့သည်။ ယခု သူမသည် တံခါးပိတ်ကျင့်ကြံခြင်းရဲ့ အဆိုးရွားဆုံးကာလတွင် ခေါ်ထုတ်ခံရတဲ့အတွက် အလွန် မပျော်မရွှင် ဖြစ်နေပုံရ၏။

"ယင်အာ... မင်းအမြဲတမ်း အနီရောင်အဝတ်တွေကို ကြိုက်ပါတယ်... မင်းအခုဘာလို့ အနက်ရောင်အဝတ်အစား ဝတ်ထားတာလဲ"

စုန့်ယင်က အံ့အားသင့်သွားကာ သူမ၏မျက်ခုံးနှစ်ဖက်တွင် မကျေနပ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"အိမ်တော်သခင်... ယင်အာက ဘယ်လို အဝတ်အစားကို ဝတ်ရမယ် ဆိုတာ ရွေးပိုင်ခွင့် မရှိတော့ဘူးလို့ ဆိုလိုချင်တာလား?"

"ယင်အာ... ငါက မင်းရဲ့ဒုတိယဦးလေး မင်းက ငါတို့ စုန့်မိသားစုရဲ့ မျက်လုံးထဲက ပန်းသီးပဲလေ... မင်းဘာပဲလုပ်လုပ် မင်းရဲ့ဒုတိယဦးလေးက မင်းကိုထောက်ခံမှာ မင်းကိုဘယ်လိုလုပ် အပြစ်တင်ရမှာလဲ?"

စုန့်ချင်ရှန်းရဲ့ စကားတွေက သူ့ယခင်အမူအရာ အတိုင်း ကြင်နာနေခဲ့တာကြောင့် စုန့်ယင်ရဲ့ ပါးပြင်များ နီရဲလာတော့သည်။

"တောင်းပန်ပါတယ် ဒုတိယဦးလေး... ယင်အာ စိတ်မြန်လွန်းသွားပါတယ်... ဒုတိယဦးလေးက ယင်အာ အကျိုးအတွက် လုပ်နေတာမှန်း သိပါတယ်... အရင်က ဘာလို့ အဲဒီလို ပြောလိုက်မိလဲမသိဘူး"

စုန့်ချင်ရှန်းက သူ့လက်တွေကို ဝှေ့ယမ်းလိုက်သည်။

"မင်းက ငါ့ရဲ့သမီးအရင်းလိုပါပဲ... ဒုတိယဦးလေးက မင်းကို ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ ဒီအကြောင်းကို လောလောဆယ် မပြောနဲ့တော့ ဦးလေး မင်းကို မေးချင်တာက မင်း တံခါးပိတ် ကျင့်ကြံနေတုန်း သိုင်းစွမ်းရည် နည်းလမ်းတစ်ခုခုကိုများ နားလည်သွားသေးလား"

စုန့်ယင်ရဲ့ မျက်လုံးများက တောက်ပလာပြီး သူမ မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။

"ဦးလေး အဲဒါကို ဘယ်လိုလုပ်သိတာလဲ"

စုန့်ချင်ရှန်းလည်း ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့ကို တစ်ချက် ကြည့်လိုက်ကာ သူတို့ သုံးယောက်စလုံး အလွန်ရုပ်ဆိုးသွားကြသည်။

ထန်ရှိုးဝမ်: "ဝူလေး... မင်းငါ့ကို ထပ်ပြလို့ရမလား"

ထန်ဝူလည်း မနှောင့်နှေးဘဲ အမြန်သရုပ်ပြခဲ့သည်။ သိုင်းကွက် အနည်းငယ်မျှသာ ဖြစ်သော်လည်း စုန့်ယင် နားလည်သွားဖို့ လုံလောက်ပါသည်။

"ရှင်... ဘယ်လိုလုပ်ပြီး...??"

ထန်ဝူ ပြသခဲ့သည့်အရာသည် သူမနားလည်ထားသည်ထက် အနည်းဆုံး အဆင့်နှစ်ဆင့် နိမ့်နေသော်လည်း ၎င်းအရာ ဖြစ်နေတာ သေချာပါသည်။

ယွမ်ရှောက်: "ဟိုကိုကြည့်စမ်း!"

စုန့်ယင်လည်း ရန်ဖေးနဲ့ ရှောင်ယွီတို့ တိုက်ခိုက်နေသည့် နေရာကို အမြန် လှမ်းကြည့်လိုက်သည်။ အနည်းငယ် ကြည့်ပြီးနောက် သူမ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။

"အဲ့ညီမလည်း ဒီကျင့်စဥ်ကို သုံးနေတာလား"

အသက်ကြီးသူ သုံးယောက်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

စုန့်ချင်ရှန်း : "ယင်အာ... အဲ့ဒါကြောင့် မင်းကို တံခါးပိတ်ကျင့်ကြံ တာကနေ ထွက်လာစေချင်တာ... ဒီကျင့်စဥ်က တစ်ခုခု မှားနေတာ သေချာတယ်... မင်းလေ့ကျင့်နေတုန်း မင်းဆီကို လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံနဲ့ ပေးပို့ခဲ့တယ်... အရင်းအမြစ်ကို ရှာမတွေ့နိုင်အောင် လုပ်ထားတာဆိုတော့ လျှို့ဝှက်ကြံစည်မှုကြီး တစ်ခုခု ရှိနေရမယ်"

စုန့်ယင်လည်း ထက်မြက်တာကြောင့် အကြောင်းပြချက်ကို သဘာဝကျကျ နားလည်သည်။ ဒီနည်းပညာက သူမရဲ့ ပင်ကိုယ်စရိုက်ကို ကူးစက်ခဲ့ပြီး နဖူးမှာ ချွေးတွေ စီးကျလာခဲ့ကြောင်း သူမ မှတ်မိနေသေးသည်။

"ကျေးဇူးတင်ပါတယ် ဒုတိယဦးလေး မဟုတ်ရင် ယင်အာ မသိလိုက်ဘဲ လုံးဝ လမ်းလွဲသွားလိမ့်မယ်"

စုန့်ယင် သူ့ကို ထပ်ပြီး ကျေးဇူးတင်စကား ပြောပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်က အနက်ရောင် အဝတ်အစားတွေကို ရုတ်တရက် ချွတ်ပစ်လိုက်သည်။ အနက်ရောင် အဝတ်အစားတွေက သူ့စိတ်နေစိတ်ထားနဲ့ အရမ်းလိုက်ဖက်တယ်လို့ သူမ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ အရမ်းမုန်းစရာကောင်းနေသည်။

"ကိစ္စမရှိပါဘူး.. အောက်က အခြေအနေကို အရင်ကြည့်ရအောင်"

အောက်က ရှောင်ယွီနဲ့ ရန်ဖေးတို့ရဲ့ ရုန်းကန်မှုဟာလည်း အရှိန်တက်နေပြီ။

ရှောင်ယွီရဲ့ ဓားသွားလှုပ်ရှားမှုက ပို၍ လေးလံလာပြီး သူမနောက်တွင် မှင်ကဲ့သို့ ထူထဲသော အနက်ရောင်တစ်ခု တက်လာကာ သားရဲများ၏ ပုံသဏ္ဍာန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့ကြည့်ရတာ အလွန်ကြောက်စရာ ကောင်းလေ၏။

သို့သော် တစ်ဖက်ခြမ်းရှိ ရန်ဖေးကတော့ တည်ငြိမ်အေးဆေးစွာ တည်ငြိမ်နေခဲ့သည်။ ရိုးရှင်းသော ဓားတစ်ချောင်းကို တစ်ချက် ရိုက်လိုက်ခြင်းဖြင့် ရှောင်ယွီရဲ့ တိုက်ခိုက်မှု အားလုံးကို တားဆီးပစ်လိုက်သည်။

သူမရဲ့ ဓားရွေ့လျားမှုသည် လုံလောက်စွာ အားမကောင်းသေးချေ။ နောက်ဆုံးတော့ သူမရဲ့ အရည်အချင်းက ထိပ်တန်းမဟုတ်ခဲ့။ တစ်စုံတစ်ယောက်က အချိန်တိုအတွင်း သူမ၏ နားလည်မှုကို အပြည့်အဝ ဆုပ်ကိုင်ထားလိုပါက သူ သို့မဟုတ် သူမသည် လူသားတစ်ဦးမဟုတ်၊ နတ်ဘုရားသာ ဖြစ်လိမ့်မည်။

လုရွှမ်မှာတောင် ဒီလိုအရည်အချင်းမျိုး မရှိပါ။

သို့သော် ရန်ဖေးသည် တောက်ကျင့်စဥ်နဲ့ ပေါင်းစပ်ထားသည့် သဘာဝဓားကို ထုတ်လိုက်သည်နှင့် ရှောင်ယွီ၏ ကြီးမားသော အားသာချက်များကို လုံးလုံးလျားလျား ချိုးဖျက်ပစ်နိုင်သည်။

ရှောင်ယွီရဲ့ ကျွမ်းကျင်မှုသည် ပိုမိုနက်ရှိုင်းပြီး သူမ၏ သိုင်းစွမ်းရည်တွေ ပိုမိုအားကောင်းလာတာကို လူတိုင်း တွေ့မြင်နိုင်သော်လည်း ရန်ဖေးရဲ့ တောက်ကျင့်စဥ် နားလည်နိုင်စွမ်းကို လုံးဝ ရပ်တန့်သွားခဲ့သည်။

ရန်ဖေး အမှားလုပ်မိသောအခါ ရှောင်ယွီက အသာစီးရခဲ့ပြီး ရန်ဖေးကို ဖိနှိပ်နိုင်ခဲ့သည်။ ရန်ဖေးသည် သူ၏ အဆုံးစွန်သော ဓားကို ထပ်မံတိုက်ခိုက်လိုက်သည်နှင့် သူမ၏အားသာချက်များ အားလုံးသည် စီးဆင်းနေသော စမ်းရေအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။

လက်ရှိအခြေအနေတွင် ရှောင်ယွီသည် ခွန်အားကို လုံး၀မထုတ်နိုင်ဘဲ ဖြစ်နေ၏။ အရေးကြီးသော အခိုက်အတန့်တွင် ရန်​ဖေးကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပါက အချိန်ပိုကြာလေလေ အန္တရာယ်များလေ ဖြစ်လာမည်။

လုရွှမ် ခဏလောက် စဉ်းစားနေပေမယ့် နောက်ဆုံးတော့ ပြေးထွက်သွားခဲ့သည်။ သူ့လက်များ တောက်ပလာချိန်၌ နဂါးပုတီးစေ့နဲ့ ရွှေဦးချိုတို့ရဲ့ စွမ်းအားများက သူ့လက်ထဲတွင် ပေါင်းစပ်သွားခဲ့သည်။ ၎င်းတို့က ယင်းယန် စက်ဝိုင်းပုံစံ လုပ်ပြီး လူနှစ်ယောက်ကြား ပြေးဝင်သွား၏။

ယင်နဲ့ယန်က ပြင်းထန်စွာ လှုပ်ခါကာ အမျိုးသမီး နှစ်ယောက်ကို ခွဲထုတ်ပစ်လိုက်သည်။

"ကောင်းပြီ... ငါတို့ ဒီတိုက်ပွဲကို သရေကျတယ်ဆို​ရင် ဘယ်လိုအဆုံးသတ်မလဲ... နတ်သမီး နှစ်ယောက်စလုံးက အရမ်း ထက်မြက်ပြီး ညီတူညီမျှ တိုက်ခိုက်နိုင်တယ်... ငါတို့ ဆက်တိုက်ခိုက်ခိုင်းရင် ဒဏ်ရာတွေ မလွဲမသွေ ရလာကြလိမ့်မယ် ဘယ်သူက ဆုံးရှုံးမှုကြီးမလဲ မသိပေမယ့် ဒီမှာပဲ ရပ်လိုက်ကြရအောင်... ငါတို့ရဲ့ မှတ်ချက်တွေ ပေးကြမယ်"

လုရွှမ် ပြောပြီး မိန်းကလေး နှစ်ယောက်ကြားတွင် ရပ်လိုက်သည်။

ရန်ဖေးသည် မောဟိုက်နေရာမှ အနည်းငယ် ဝမ်းနည်းသွားသည်။ သူမသည် မြေမှုန့်ထဲတွင် မြှုပ်ထားသော ကလေးဘဝက အပျော်ဆုံးအမှတ်တရကို တွေ့လိုက်ရသလိုပင် ယခင်ကထက် ပိုမိုပျော်ရွှင်လာကာ စိတ်လှုပ်ရှားနေခဲ့သည်။

သူ ပျော်နေချိန်မှာပဲ လုရွှမ်က အနှောင့်အယှက် ဝင်ပေးခဲ့သည်။ လုရွှမ် လုပ်ခဲ့တာကြောင့်သာ မဟုတ်ရင် သူမ ဒီလူကို အသေအချာ တိုက်ခိုက်ပြီး ရိုက်နှက်မိလိမ့်မည်။

ရှောင်ယွီ နောက်သို့ ဆုတ်သွားပြီး သူမ၏ နောက်ကွယ်မှ မှော်စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူမက ကျေးဇူးကန်းသူ မဟုတ်ပါ။ ဤတစ်ကြိမ်တွင် သူမသည် အခွင့်ကောင်းယူကာ လွတ်မြောက်ရန် အခွင့်အရေးရခဲ့သည်။

ကျွန်းရှိ လူတိုင်းတွင် စူးရှသော မျက်လုံးများ ရှိကြပြီး လုရွှမ်က မိမိတို့အား မျက်နှာပေးနေတာ ထင်ရှားပေ၏။

လုရွှမ် ရန်ဖေးကို စားပွဲဆီသို့ ပြန်ဆွဲထုတ်လာကာ ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။

"မင်းရဲ့ ခွန်အားကို အရင်ပြန်ယူလိုက်ပါ... နိမိတ်ဖတ်ဓားကို အခုနက နားလည်သွားပြီမလား... မင်းရဲ့ စွမ်းအင်တွေကို ရူးရူးမိုက်မိုက် မဖြုန်းတီးနဲ့ ကောင်းကောင်းပြန်ပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို တည်ဆောက်လိုက်ဦး... ခွန်အားတွေ အရမ်းကြီး မသုံးနဲ့... တုံ့ပြန်မှုဒဏ်က မသေးဘူး...."

လျိုရှန်းကလည်း ပြုံးပြီး သူမရဲ့ ပုခုံးတွေကို ပွတ်သပ်လိုက်သည်။

"မင်း လှလှပပ တိုက်ခဲ့တာပဲ... ဓားပညာကို ကောင်းကောင်း နားလည်သွားတယ်... မင်းရဲ့ အနာဂတ်က မင်းအစ်ကိုထက် ညံ့မှာ မဟုတ်ဘူး"

နဂါးလေး၊ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကလည်း ခေါင်းညိတ်ကာ ဂုဏ်ပြုစကားများကို အထပ်ထပ်အခါခါ ပြောနေကြသည်။ ငြူစူတာတွေ၊ ဖုံးကွယ်ထားတာတွေတောင် မရှိပေ။

ရန်ဖေး အလွန်ဝမ်းသာသွားသည်။ သူမသည် အနှောက်အယှက် ဖြစ်သွားမှာကို စိုးရိမ်​နေသောကြောင့် နှလုံးသားထဲတွင် သိမ်ငယ်စိတ်များ အမြဲရှိနေခဲ့သည်။ ယခုတော့ သူမမှာ ယုံကြည်မှုအပြည့် ရှိလာပြီး ကြီးမားတဲ့ အကူအညီ ဖြစ်လာနိုင်ကြောင်း သိလိုက်သည်။

All Chapters