စုန့်ယင် ဒေါသထွက်သွားပြီ
Vol. 141 Ch. 4.1627
တိုက်ပွဲအပြီးတွင် ကောင်းကင်ခန်းမ ကျွန်းရှိ လူတိုင်းသည် လုရွှမ်နဲ့ သူ့အဖော်များကို ငြူစူသောစိတ်ဖြင့် ကြည့်နေကြသည်။
လျိုရှန်းမှလွဲ၍ ကျန်ခြောက်ယောက်စလုံးသည် ၎သူတို့၏ အင်အားကို ပြသခဲ့ကြသည်။ မိမိထက် သန်မာသူတစ်ယောက် အမြဲရှိနေတယ်ဆိုတာ အမှန်ပါပဲ။ သူတို့ဂုဏ်ယူတဲ့ ပါရမီရှင်ဟာ လုရွှမ်၊ တခြားသူတွေနဲ့ တိုက်ပွဲမှာ လုံး၀ ရှုံးနိမ့်ခဲ့ကြသည်။
နောက်ဆုံး နတ်သမီး ရှောင်ယွီ အတွက်ကတောင် ဒါဟာ သူမကို တခြားသူတွေပေးတဲ့ စေတနာသက်သက်ပါပဲ။
လုရွှမ် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး ကျွန်းပေါ်ရှိ လူတိုင်း၏ အမူအရာကို အကဲခတ်လိုက်သည်။ အထူးသဖြင့် ထန်ရှိုးဝမ်နဲ့ ယွမ်ရှောက်တို့၏ မျက်နှာများသည် အလွန်ကို မည်းမှောင်နေကြပြီး ၎င်းတို့ဘေးက အနီရောင်ဝတ် နတ်သမီးတစ်ဦးလည်း ဒေါသအသွင်အပြင်ဖြင့် တိုက်ရိုက်ကြည့်နေသည်။
"ယင်လေး... စိတ်မရှည် မလုပ်ပါနဲ့"
အခြေခံအားဖြင့် စုန့်ယင်ကို ပြုစုပျိုးထောင်ပေးသူက စုန့်ချင်ရှန်း ဖြစ်တာကြောင့် သူမရဲ့ အပြုအမူများကို ကြည့်ရုံဖြင့် သူမ တွေးနေပုံကို သိလေရာ ချက်ချင်း ရပ်ခိုင်းလိုက်သည်။
"ဦးလေး စိတ်မပူပါနဲ့ ဒီလူရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ရုံပါ..."
သို့နှင့် စုန့်ချင်ရှန်း သူမကို မတားတော့ချေ။ အခုတော့ ခရီးထွက်မယ့်သူ သုံးယောက်ကို အခြေခံအားဖြင့် ဆုံးဖြတ်ပြီးပါပြီ။ ထန်ဝူ၊ ရှောင်ယွီနဲ့ ဖူကျွမ်ချင်းတို့ ဖြစ်ကြသည်။
ထန်ဝူက ရှုံးပြီး ရှောင်ယွီကိုပါ ဆွဲခေါ်သွားသော်လည်း သူတို့သည် ထန်မိသားစုနှင့် ညမိုးနန်းဆောင်က အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ်ပြီး စုန့်မိသားစုက ဤနေရာတွင် မျက်နှာပျက်သွားခဲ့ရသည်။
စုန့်ယင်သည် စုန့်မိသားစုရဲ့ ခွန်အားကို အပြင်ထွက်ပြီး ပြသချင်သည်။ စုန့်ယင် ပြေးထွက်သွားပြီး ကွင်းလယ်ခေါင်သို့ ပျံဝဲသွားသည်။ ထိုအချိန်တွင် သူမ၏ အရိပ်အယောင် အနည်းငယ် ပေါ်လာပုံက လူတိုင်းရဲ့ အမြင်မှာတော့ သူမဟာ ကောင်းကင်က နတ်သမီးတစ်ယောက်လို ဖြစ်ပြီး လူတိုင်းရဲ့အာရုံကို ချက်ချင်း ဆွဲဆောင်နေပါ၏။
သူမသည် လုရွှမ်တို့ ခြောက်ယောက်အား ပညာရှိမျက်လုံးများဖြင့် စိုက်ကြည့်ကာ နောက်ဆုံးတွင် လုရွှမ်အား စူးရှသော မျက်လုံးများဖြင်ြ စိုက်ကြည့်လာသည်။
"ကျွန်မက စုန့်ယင်ပါ... ပါရမီရှင်တွေအားလုံး မင်္ဂလာပါ.... ကောင်းကင်ခန်းမကျွန်းက အဝေးထောင့်မှာ တည်ရှိပြီး ကမ္ဘာပေါ်က ထူးချွန်သူတွေအားလုံး ဒီကျွန်းက လာကြရတယ်လို့ ကျွန်မတို့ ထင်ခဲ့ကြဖူးပါတယ်.... အခုချိန်မှာတော့ သခင်လေးတွေရဲ့ မှော်အစွမ်းနဲ့ နတ်သမီးတွေရဲ့ လေ့ကျင့်ပျိုးထောင်မှု စွမ်းအားတွေကို မြင်တွေ့ခဲ့ရပြီးမှ ရေတွင်းထဲမှာ ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်နေကြတာကို သိခဲ့ရတယ်..."
"ကံမလုံလောက်တာတော့ သနားစရာပေါ့... နောက်နှစ် နည်းနည်းကြာတော့ အသက်မရှင်တော့ဘဲ နတ်ခြေလှမ်းနယ်ပယ်ကို စောစောဝင်ခဲ့ရတယ်... မဟုတ်ရင် ပြင်ပကမ္ဘာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို စူးစမ်းဖို့ အားလုံးနဲ့ အတူ ရွက်လွှင့်ဖို့ မျှော်လင့်မိပါတယ်"
"သနားစရာပဲ ဒါပေမယ့် သခင်လေးတွေနဲ့ မိန်းကလေးတို့ရဲ့ မှော်အစွမ်းတွေကို တွေ့လိုက်ရတော့ ကျွန်မ အရမ်းအံ့သြပြီး မကြိုးစားဘဲ မနေချင်တော့ဘူး။... သခင်လေးလုရွှမ်က မျှော်စင်နယ်ပယ် တတိယအဆင့်ပဲ ရှိသေးပေမယ့် ပါရမီရှင်အားလုံးကို နှိမ်နှင်းနိုင်ခဲ့တယ် ပါရမီရှင်တွေ ကြားထဲက ပါရမီရှင်လို့ ပြောလို့ရပါတယ်... ထူးကဲထူးခြားတဲ့ အစွမ်းသတ္တိနဲ့ အရှိန်အဟုန်က မပျော့ညံ့ဘူး ဒါပေမယ့် ဒီလိုလူနဲ့ တွေ့ဖို့က အခွင့်အရေးက ရှားပါတယ်..."
"အဲဒါကြောင့် ကျွန်မ အခု ထွက်လာပြီး သခင်လေးဆီက အကြံဥာဏ်ကို တောင်းဖို့ သတ္တိမွေးထားပါတယ်.."
စုန့်ယင်ရဲ့ စကားများက ကျိုးကြောင်းဆီလျော်ပြီး ထက်မြက်သည်။ လုရွှမ်ကို ချီးကျူးကြပြီး သူ့ကို ချေပရန် ခွင့်မပေးခဲ့ပေ။ သူမသည် အလွန်နိမ့်ကျသော အနေအထားတွင် ရှိနေသော်လည်း ပြင်းထန်သော စိတ်ဓာတ်များဖြင့် ပြည့်နေသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ထိုစကားကြောင့် စုန့်ယင်က သာမန်လူမဟုတ်မှန်း သူ သိလိုက်သည်။ ကောင်းကင်ခန်းမကျွန်းရှိ ပါရမီရှင်အားလုံးကို အနိုင်ယူပြီး လွန်ခဲ့သော ငါးနှစ်က မျှော်စင်နယ်ပယ်ထဲတွင် နံပါတ်တစ် ဖြစ်လာခဲ့တာ အံ့သြစရာမရှိပါ။ သူက တကယ်ကို အစွမ်းထက်တဲ့ မိန်းကလေးပင်။
သူဘာမှပြန်မပြောခင် လျိုရှန်းက သူ့လက်မောင်းကို လက်ညိုးနဲ့ ဖိလာသည်။
"စိတ်မပူပါနဲ့... အဲဒီကောင်တွေလိုပဲ သူ့မှာလည်း ပြဿနာရှိတယ်ဆိုတာ ကျွန်မ သိပါတယ်..."
ထို့နောက် သူမက အသံမြှင့်ကာ ဆိုလိုက်သည်။
"နတ်သမီးစုန့်ယင်က အရမ်း အစွမ်းထက်မြက်ပြီး ဉာဏ်ရည်ထက်မြက်သူပါပဲ.... ကျွန်မ လေးစားမိပါတယ်... ဒါပေမယ့် လုရွှမ်နဲ့ တခြားသူတွေက လှုပ်ရှားပြီးသွားကြပြီ... ကျွန်မ ဘာမှ မလုပ်ရသေးဘူး..."
"လူတိုင်း အရမ်းပျော်နေကြတာကို မြင်ရတော့ ကျွန်မလည်း နည်းနည်း စိတ်လှုပ်ရှားမိတယ်... အစ်မစုန့်ယင်လိုပဲ နည်းနည်းတော့ ယားယံလာသလို ခံစားရတယ်... စိတ်မဆိုးဘူးဆိုရင်တော့ ခဏလောက် ကစားပေးပါ့မယ်.... "
"ကျွန်မက မျှော်စင် နယ်ပယ်ရဲ့ အဋ္ဌမအဆင့်ပဲမို့ ကျေးဇူးပြုပြီး နတ်သမီးစုန့်ယင်ကပဲ အရင်စလိုက်ပါ..."
လျိုရှန်းသည် စုန့်ယင်ကို ငြင်းခုံရန် အခွင့်အရေးမပေးဘဲ အော်ဟစ်ကာ ပြေးထွက်လာခဲ့သည်။ စုန့်ယင်လည်း အံ့ဩသွားပြီး သူမရဲ့ပါးပြင်များ နီရဲလာ၏။ အရင်က လုရွှမ်ကို အနိုင်ကျင့်ဖို့ စကားလုံးတွေ သုံးခဲ့ဖူးပေမယ့် လျိုရှန်းက သူ့ကို အခု တူညီတဲ့ စကားလုံးတွေနဲ့ အနိုင်ကျင့်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့။
သူမ လုရွှမ်ကို လှမ်းကြည့်လိုက်သော် ထိုသူသည် ငါးမျှားစင်မြင့်ပေါ်တွင် ထိုင်နေသကဲ့သို့ ငြိမ်သက်နေပုံကို မြင်လိုက်ရသည်။
"ကောင်းပြီလေ... စလိုက်ရအောင်..."
သူမ၏ အသံထဲတွင် လူသတ်ချင်လာတဲ့ ရည်ရွယ်ချက် အရိပ်အမြွက်က ရှိနှင့်ပြီးသား။ သူမသည် သူမရဲ့အဆင့်ကို အနည်းငယ်နှိမ့်ချထားသော်လည်း တခြားသူများထက် အရည်အချင်းနိမ့်သည်ဟု မဆိုလိုပါ။
အသက်ငါးဆယ်ကျော်တွင် သူမသည် နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်အထိ ရောက်နေပြီ ဖြစ်သည်။ သူမ ဘယ်မှာပဲနေပါစေ ထိပ်တန်းပါရမီရှင်လို့ ခေါ်နိုင်ပါ၏။
ကောင်းကင်ခန်းမကျွန်းက အနည်းငယ်ထူးခြားသော နေရာဖြစ်သော်လည်း ပါရမီရှင်များကြားတွင် ထင်ရှားပေါ်လွင်ပြီး ထိပ်တန်းနေရာကို ရယူနိုင်ခြင်းသည် နှိမ့်ချကြည့်ရှုနိုင်သည့် အရာဖြစ်သည်။
လျိုရှန်းက ရယ်ပြီး သူမမျက်နှာမှာ လုံးဝ မစိုးရိမ်သလို ပြုံးနေသေးသည်။
"ဒါဆို အစ်မကို ကရုဏာပြဖို့ တောင်းဆိုပါတယ်"
စုန့်ယန်ဟာ လုရွှမ်ဘေးတွင် ထိုင်နေခဲ့၏။ ယခုအချိန်တွင် စုန့်ယင်ရဲ့ လူသတ်လာတဲ့ ရည်ရွယ်ချက်ကို မြင်လိုက်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားသည်။
"ဟဲဟဲ ကျွန်တော့်ဝမ်းကွဲ... သူမ ဒီနေ့ သိပ်စိတ်မကောင်းဘူး ထင်တယ်..."
လုရွှမ် ပြုံးပြလိုက်သည်။
"ကိစ္စမရှိပါဘူး"
ဤစုန့်ယင်သည် နတ်ခြေလှမ်းနယ်ပယ် ဖြစ်သည်။ နောက်တစ်ခုက အရည်အချင်းရှိလွန်းလို့ တူညီတဲ့ နယ်ပယ်မှာတောင်မှ သူမနဲ့ တိုက်နိုင်သူ မရှိလောက်ပါ။ ထို့အပြင် ထိုလျှို့ဝှက် ဆန်းကြယ်သော မှော်စွမ်းအားမျိုးကို ရရှိပြီးနောက် သူမ၏ နတ်ခြေလှမ်း နယ်ပယ် ပထမအဆင့်သည် တခြားလူတွေရဲ့ ဒုတိယအဆင့် အထွတ်အထိပ်နှင့် နှိုင်းယှဉ်နိုင်သည်။
ဒီလူတွေထဲမှာ သူမနှင့် လျိုရှန်းကသာ တိုက်ပွဲဝင်နိုင်သည်။
ရန်ဖေးသည် နိမိတ်ဖတ်ဓားကို နားလည်ခဲ့သော်လည်း မချောမွေ့ခဲ့ပေ။ နဂါးလေးရဲ့ နယ်ပယ်က အလွန်နိမ့်လွန်းပြီး မျှော်စင်နယ်ပယ် စတုတ္ထအဆင့်တွင်သာ ရှိသေးသည်။ ကောင်းကင်သိမ်းငှက်နဲ့ ရဲ့ရှားတို့ကလည်း နည်းနည်းပိုဆိုးပါ၏။ စုန့်ယင်ကို အနိုင်ယူချင်ရင် လျိုရှန်းရဲ့ ဝှက်ဖဲပေါ်မှာ မူတည်နေပါပြီ။
လျိုရုဖုန်း ကောင်းကင်လက်နက် တစ်ခုဖြစ်သည့် သူမလက်နက်ကို ဆွဲထုတ်လိုက်သော်လည်း ၎င်းမှာ အလင်းသုံးရောင်၊ ကြည်လင်ပြတ်သားပြီး ပြိုးပြိုးပြက်ပြက်နေသော ဖဲကြိုးတစ်ခု ဖြစ်နေသည်။
လ၏အလင်းရောင် အောက်တွင် ၎င်းသည် အသက်ရှိလာသကဲ့သို့ ပို၍ပို၍ တက်ကြွလာသည်။
စုန့်ယင် အံ့သြနေရာမှ သူမဓားကို ဆွဲထုတ်လိုက်တယ်။ လက်နက်၏ ရွေ့လျားမှုနှင့် အရှိန်အဟုန်ကို ပြသရုံမျှဖြင့် အလွန်ထူးကဲကြောင်း ပြသခဲ့သည်။ သူမသည် ယခင် မထီမဲ့မြင်ပြုမှုကို ပယ်ရှားလိုက်ပြီး မျက်လုံးများက လေးနက်လာသည်။
ကောင်းကင်လူသား နိုင်မလား သို့မဟုတ် ရှုံးနိုင်သော်လည်း သူမကတော့ မရှုံးနိုင်ပါ၊ မဟုတ်ပါက အမှန်တကယ် ရှက်စရာ ဖြစ်သွားလိမ့်မည်။ နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်ကို ရောက်သွားတဲ့ နတ်သမီးက ရှုံးသွားခဲ့ရင် ကောင်းကင်ခန်းမကျွန်းဟာ မျက်နှာပျက်သွားလိမ့်မည်။
"အစ်မ... သတိထားပါ!"
လျိုရှန်းက အော်လိုက်သည်။ သူမရဲ့ ခန္ဓာကိုယ်က လွင့်ပျံလာကာ လှုပ်ရှားမှုများသည် တိမ်များနှင့် ရေပေါ် ကခုန်နေသလို ပေါ့ပါးလှသော်လည်း အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသဖြင့် ခဏလေးနဲ့ စုန့်ယင် ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာလေသည်။
စုန့်ယင်ရဲ့ တုံ့ပြန်မှုကလည်း တူညီစွာ လျင်မြန်လှသည်။ သူမသည် သူ့ဓားကို လှန်လိုက်ပြီး လျိုရှန်း၏ ဖဲကြိုးအား ခုတ်ထစ်ပစ်ကာ လျိုရှန်းရဲ့ အဆင့်ကို တိုင်းတာရန် ကြိုးစားလိုက်သည်။
ဖဲကြိုးများသည် စီးဆင်းနေသော ရေ သို့မဟုတ် သစ်ရွက်များကဲ့သို့ ကခုန်ကာ လေထဲတွင် ပျံဝဲရင်း ဓားစွမ်းအင်ကို တွန်းလှန်နိုင်ခဲ့ကာ အင်အားလုံးဝ မထိရောက်ပေ။ ဓားစွမ်းအင်က ပေါ့ပေါ့ပါးပါးသာ လှုပ်ရှားသွားသည်။
လူတိုင်းက စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ကျင့်ကြံသူ အားလုံးသည် ကောင်းကင်နဂါးမျိုးနွယ် ၈မျိုးအကြောင်းကို ကြားဖူးကြသော်လည်း ဘယ်လောက် တန်ခိုးကြီးမားသလဲ မသိကြပေ။
လုရွှမ်ပင်လျှင် လျိုရှန်းရဲ့ ခန္ဓာကိုယ်ကို စိုက်ကြည့်နေပြီး ကောင်းကင်၏ မှော်စွမ်းအားများနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို ရှင်းရှင်းလင်းလင်း မြင်လိုသည်။ တကယ်တော့ သူမဟာ နဂါးလေးကတောင် ကြောက်ရတဲ့သူတစ်ယောက်ပင်။
သူမမှာ ဘယ်လိုမှော်အစွမ်းတွေ ရှိနိုင်လဲ။