လျိုရှန်း လှုပ်ရှားနေပြီ
Vol. 141 Ch. 4.1628
စုန့်ယင်က ပေါ့ပေါ့ပါးပါး နှာမှုတ်လိုက်ပြီး သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ ဓားများစွာသည် လျိုးရှန်ကို ဖုံးအုပ်ကာ ဓားပိုက်ကွန်တစ်ခုအဖြစ် အဆက်မပြတ် လွင့်ထွက်နေသည်။
လျိုရှန်း ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ကာ သူ့လက်ထဲမှာ ဖဲကြိုးကို ဆွဲကိုင်လိုက်ပြီး ဓားစွမ်းအင်များဆီ ဖြတ်သွားလိုက်သည်။ ခန္ဓာကိုယ်သည် တဖျပ်ဖျပ်ဖျပ် ခတ်ပြီး ဖဲကြိုးတွေကို နှစ်ရာကျော်အထိ တောက်ပသွားခဲ့သည်။
စုန့်ယင်ရဲ့ ဓားပိုက်ကွန်ကို ဖြတ်ကျော်ဖို့က အလွန်လွယ်ကူပါသည်။ လူတွေလည်း ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဒီဓားစွမ်းအင်ကို ဒီလို ရိုးရိုးရှင်းရှင်းလေး ခုခံလိုက်တာလား။
စုန့်ယင်လည်း အနည်းငယ် အံ့သြပေမယ့် မကျေမနပ်ဖြစ်ကာ ပေါ့ပေါ့တန်တန် ဟစ်အော်လိုက်သည်။ ဓားရှည်ကို ဆက်လက် ဝှေ့ယမ်းနေပြီး ခန္ဓာကိုယ်ကလည်း ကောင်းကင်အထက်တွင် တောက်ပနေကာ ဓားအလင်းတစ်ခုလို လျိုရှန်းဆီသို့ ပြေးသွားလေသည်။
လျိုရှန်းက လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ဖဲကြိုးကို တဖျပ်ဖျပ် ခတ်စေကာ စုန့်ယင်ရဲ့ ဓားကို ရစ်ပတ်ထားလိုက်သည်။ သူမသည် ဖဲကြိုးကို စက်ဝိုင်းတစ်ခုဖြစ်အောင် တမင်ကြိုးချည်လိုက်သကဲ့သို့ပင် သက်သောင့်သက်သာလေး လှုပ်ရှားသွား၏။
စုန့်ယင်ရဲ့ နောက်ထပ်လှုပ်ရှားမှုကို လျိုရှန်း လုံး၀ မြင်နေရသလိုပင်။ တကယ်တော့ စုန့်ယင်ရဲ့ လှုပ်ရှားမှုတိုင်းကို လျိုရှန်း ကြိုသိနေခဲ့ပါသည်။ ဒီအချိန်မှာ သူတို့တင်မကဘဲ သာမန်လူတွေတောင် မြင်နိုင်ပါသည်။
လျိုရှန်းကို ကြည့်သောအခါ လူတိုင်းရဲ့ မျက်လုံးအရောင်များက ပြောင်းလဲသွားသည်။ ကောင်းကင်လူသားများ၏ လျှို့ဝှက်ဆန်းကြယ်မှုသည် အမှန်တကယ်ပင် ပြိုင်ဘက်၏ တိုက်ခိုက်မှုများကို မြင်တွေ့နိုင်သည့် စွမ်းရည်သာ ဖြစ်သည်။
"အံ့သြစရာကောင်းတယ်..."
နဂါးလေးဟာ လျိုရှန်းရဲ့ ရုပ်သွင်ကိုကြည့်ကာ တိတ်တဆိတ် သဘောကျနေသလို စိတ်ချလက်ချ ဖြစ်သွားသလို ခံစားလိုက်ရသော်လည်း အနည်းငယ်လည်း ကြောက်သွားခဲ့သည်။
သူတို့ ပထမဆုံး စတွေ့တုန်းကတော့ လျိုရှန်းဟာ သူ့ကိုသတိရှိစေမယ့် အရိပ်အယောင် တစ်ခုရှိနေတယ်လို့ ခံစားမိပေမယ့် ဘာလဲဆိုတာကို သူမသိခဲ့။ နဂါးမျိုးရိုးရဲ့ မျိုးဆက်တစ်ဦး အနေဖြင့် သူသည် ကောင်းကင်လူသားများရဲ့ စွမ်းရည်နှင့် ဗေဒင်ဟောချက်များကို သဘာဝကျကျ သိသည်။ သူတို့မှာ ထူးကဲတဲ့ အရည်အချင်းတွေရှိပြီး ကောင်းကင်ဘုံရဲ့ အချစ်တော်တွေပင်။
သို့သော်လည်း သူမသည် ပြိုင်နေရင်း ခန့်မှန်းချက်ကို ပေါင်းစပ်ကာ ချောမွေ့စွာနှင့် သဘာဝကျကျ ပြသနိုင်ခဲ့သော ပထမဆုံးလူဖြစ်ခဲ့ပြီး သူမဆီက ရှာတွေ့နိုင်သော ချို့ယွင်းချက်က မရှိသလောက်ပဲ ဖြစ်သည်။
လုရွှမ်: "လျိုရှန်းရဲ့ ကျင့်စဥ်က တကယ်ကို ထက်တယ်... ဖြိုခွဲဖို့က အရမ်းခက်လိမ့်မယ်"
ကောင်းကင်သိမ်းငှက်: "အို....လုရွှမ် မင်း ဆိုရင်တောင် မရဘူးလား"
လုရွှမ်ဟာ ငရဲကျွန်းတွင်ရှိစဉ်တွင် သူ၏အစွမ်းသတ္တိကို သူတို့မျက်စိရှေ့တွင် အပြည့်အဝ ပြသခဲ့ပြီး သူ့ကို အလွန်အမင်းချီးကျူးစေခဲ့သည်။
ရဲ့ရှားလည်း လုရွှမ်စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာကို မြင်ချင်စိတ်ပေါက်သွား၏။
လုရွှမ်က ပြုံးပြီး :"ဒီကြိုတင်ခန့်မှန်းချက်ကို ဖြတ်ဖို့ နည်းလမ်းတွေ ရှိတယ်... လျိုရှန်းက ခန့်မှန်းနိုင်ရင်တောင် ပြိုင်ဘက်က ဘယ်လောက် မြန်မယ်ဆိုတာ ခန့်မှန်းလို့ မရဘူးလေ...အဲ့ဒါကြောင့် သူ့ထက် ပိုမြန်ရင် နောက်အကွက်ကို ရှောင်တိမ်းဖို့၊ တွန်းလှန်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး အဲ့အချိန်ကျရင် ရှုံးလိမ့်မယ်"
"ဒုတိယအနေနဲ့ လျိုရှန်းရဲ့ တိုက်ခိုက်မှုက သိပ်ပြီး အားကောင်းတာမျိုး မရှိဘူး... ဖဲကြိုးက တကယ်ပဲ ကောင်းကင်လက်နက် တစ်ခု ဆိုတာ အားလုံးမြင်ကြပေမယ့် လျိုရှန်းမှာတော့ လူသတ်ရောင်ဝါက မရှိသလောက်ပဲ... သူမမှာ ကောင်းကင်နဲ့ မြေကြီးနဲ့ ရောယှက်နေတဲ့ သဘာဝ အရိပ်အယောင်တွေ အမြဲတမ်းရှိတယ်... သတ်ဖြတ်တာက သူမရဲ့ ကျင့်စဥ်အတွက် မကောင်းဘူး..."
"ဒါကြောင့် ကိုယ်ပိုင်အလေ့အကျင့်ကို မြှင့်တင်ပြီး ခုခံအားကို ပြင်းထန်အောင် လုပ်နိုင်ရင် လျိုရှန်းရဲ့အကွက်တွေကလည်း သဘာဝအတိုင်း ဖောက်ဖျက်လို့ မရနိုင်ဘူး... ဒါပေမယ့် အကြာကြီး မတိုက်ခိုက်နိုင်ဘဲ တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အလမ်းတွေကို ဖြည်းဖြည်းချင်း ရှာရမယ်... အဲ့ကျရင် လျိုရှန်းကို အနိုင်ယူဖို့လည်း ဖြစ်နိုင်ခြေရှိတယ်...."
"နောက်တစ်နည်းကတော့ သူမကို တိုက်ခိုက်ဖို့ နောက်ထပ်အကွက်ကို မမှန်းဆနိုင်ဘဲ လျိုရှန်းကို သဘာဝအတိုင်း အနိုင်ယူဖို့ နောက်တစ်နည်းရှိတယ်"
ရန်ဖေး: "ဘာကြောင့် တခြားသူတွေ မှန်းဆလို့ မရဘူးဆိုတာကို ကျွန်မတို့က ဘယ်လိုရှင်းပြနိုင်မှာလဲ"
လုရွှမ်က ပြုံးပြီးပြောလိုက်သည်။
"ငါဘာတွေလုပ်မယ် ဒါမှမဟုတ် မှော်ဘာအစွမ်းတွေ သုံးမယ်မှန်းတောင် ငါ့ဘာသာ မခန့်မှန်းနိုင်သေးဘူး... သဘာဝက ကျွမ်းကျင်မှုရှိတဲ့ တိမ်နဲ့ ရေလို စီးဆင်းနေသလိုပဲလေ... အရာအားလုံးက ငါ့စိတ်တိုင်းကျ ဖြစ်မလာနိုင်ဘူးမလား။"
"မင်းမှာ ထူးကဲတဲ့ မှော်အစွမ်းတွေ ရှိတယ် ဒါကြောင့် လျိုရှန်းရဲ့ မှန်းဆချက်တွေကို သဘာဝအတိုင်း တားဆီးနိုင်တယ် ဒါမှမဟုတ် သူမက ဓားရှည်သုံးနိုင်တဲ့ ရန်ဖေးနဲ့တူတယ် အဲဒါက လျိုရှန်းအတွက် ပြီးပြည့်စုံတဲ့လမ်းကို ဖောက်ထားပေးပြီးသား... အဲ့လိုသာမဟုတ်ခဲ့ရင် လျိုရှန်းက ပညာရှင်ဆိုရင်တောင် သေချာပေါက် ခန့်မှန်းလို့ မရဘူး"
နဂါးလေး နှင့် အခြားသူများသည် လုရွှမ် ပြောတာ မှန်ကြောင်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ လျိုရှန်းသည် ပါရမီရှင်များကြားတွင် ထူးချွန်သူဖြစ်သည်။
အဆုံးစွန်သောလမ်းကို ရောက်ရန်ပင် အခွင့်အလမ်းမျိုးစုံ လိုအပ်သည်။ ကျင့်ကြံသူ သန်းရာနှင့်ချီ၍ ရှိသည့်ကြားတွင် လူတိုင်း ထိုသို့သော အခွင့်အရေးမျိုးကို မရရှိနိုင်ပါ။
ရဲ့ရှား: "လုရွှမ်...လျိုရှန်းက မင်းကို အရမ်း အထင်ကြီးနေတာ မင်းဆိုရင်ရော ဘာကိုသုံးမှာလဲ"
"လျိုရှန်းရဲ့ နတ်တန်ခိုးက ငါ့အတွက် အသုံးမဝင်ဘူး... ငါ့မှာ ကာကွယ်ဖို့ နေကိုးစင်းနတ်ဘုရား ခန္ဓာကိုယ်ရှိတယ်"
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားမပြောနိုင် ဖြစ်သွားကြသည်။ လုရွှမ်မှာ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားသုံးပါးထဲက ခန္ဓာ တစ်ခုရှိသည်။ ကောင်းကင်လက်နက်က ဘယ်လောက်ပဲ တန်ခိုးကြီးမားပါစေ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရပေ။
စုန့်ယင်ဟာ ထူးထူးခြားခြား ခွန်အားရှိပြီး နတ်ခြေလှမ်းနယ်ပယ်က သူမရဲ့ ကျင့်ကြံမှုကို အပြည့်အဝ အသုံးချနေခဲ့သည်။ သို့သော် လျိုရှန်းမှာကလည်း ပိုမိုကောင်းမွန်သော အရည်အချင်းများ ရှိပေသည်။ ကောင်းကင်လူသား မျိုးနွယ်က မင်းသမီးလေးအနေဖြင့် သူမက အလွန်အစွမ်းထက်ကာ နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်ဖို့ သူမအတွက် ပြဿနာမရှိပါဘူး။
ဤကျွန်းတွင် ပါရမီရှင်များစွာ ရှိသော်လည်း သဘာဝနိယာမများသည် ၎င်းတို့၏ သဘာဝကံကြမ္မာက ကိုယ်စီရှိကြသည်။
ဥပမာအားဖြင့် အလွန်အစွမ်းထက်သော ကျင့်စဥ်သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားပြီး လူတိုင်းသိလိမ့်မည် မဟုတ်ပေ။ ဤကျွန်းပေါ်ရှိ ကျင့်ကြံသူ အားလုံးနီးပါးသည် မွေးကတည်းက ပါရမီရှင်များ ဖြစ်ကြသော်လည်း တကယ့်ထိပ်တန်း ပါရမီရှင်များသည် ပြင်ပကမ္ဘာရှိလူများထက် အနည်းငယ်သာ သာလွန်နေသေးသည်။
ဒါကြောင့် စုန့်ယင်သည် သူမ၏ ကျွမ်းကျင်မှုကို အားကိုးနေသော်လည်း လျိုရှန်းကို လုံးဝ မနှိမ်နင်းနိုင်ခဲ့ပေ။
လျိုရှန်းရဲ့ အသွင်အပြင်နှင့် ကျက်သရေရှိလှသော လှုပ်ရှားမှုများကို ကြည့်လိုက်လျှင် သူမ အစွမ်းကုန် မကြိုးစားထားဘူးဟု လူတိုင်းက ခံစားရလိမ့်မည်။ ဒါကို မြင်လိုက်တာနဲ့ စုန့်ယင်ရဲ့ ဒေါသတွေက ပိုလို့တောင် ပြင်းထန်လာတော့သည်။
ရုတ်တရက် လူတိုင်း၏ မျက်လုံးရှေ့တွင် စုန့်ယင်ရဲ့ အဝတ်အစားများက အနီရောင်မှ အနက်ရောင်သို့ ရုတ်တရက် ပြောင်းလဲသွားတော့သည်။ လူတွေ ချက်ချင်း ထိတ်လန့်သွားပြီး စုန့်ချင်ရှန်းရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားလေ၏။
"ယင်အာ... လုံလောက်ပြီ! မြန်မြန်ပြန်လာခဲ့တော့!"
သူက ခပ်မြန်မြန် ထအော်လိုက်သည်။
သူမခန္ဓာကိုယ်ထဲရှိ သဘာဝလွန် စွမ်းအားများက သူမစိတ်ကို စတင်လွှမ်းမိုးလာနေတာ သိသာ ထင်ရှားသည်။
"ဝမ်းကွဲအစ်မ?" စုန့်ယန်လည်း စိုးရိမ်မှုအပြည့်နဲ့ အော်လိုက်သည်။
"သခင်လေးလုရွှမ် အဖေဆီက သတင်းရခဲ့ပါတယ်..."
စုန့်ယန် အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြလိုက်သည်။
ဒါက သူ့အဖေ စုန့်ချင်ရှန်း သူ့ကို ပေါ့ပေါ့ဆဆ မပြောဘဲ ပြန်သတိပေးခဲ့တာ ဖြစ်သည်။ နောက်ဆုံးတော့ ဒီလိုကိစ္စမျိုးက အရမ်းအရေးကြီးတာကြောင့် သင့်လျော်သော အဖြေကို မရှာဖွေဘဲ ဖော်ထုတ်မိပါက ကမောက်ကမ ဖြစ်စေနိုင်သည်။
သို့သော် စုန့်ယန်မှာ သူ၏ဝမ်းကွဲ စုန့်ယင်နှင့်အတူ ကြီးပြင်းခဲ့ပြီး သူမထံမှ မကြာခဏဆိုသလို လမ်းညွှန်မှုကိုလည်း ရရှိခဲ့သည်။ နှလုံးသားထဲက စိုးရိမ်မှုတွေ ပြည့်နှက်နေတော့ ငါ့အဖေရဲ့ အရင်ညွှန်ကြားချက်တွေကို အာရုံစိုက်ဖို့ အချိန်မရှိတော့ချေါ
အထူးသဖြင့် လုရွှမ်နှင့် သူ့အဖွဲ့၏ တန်ခိုးနှင့် ထူးကဲသော မှော်စွမ်းအားများကို သက်သေခံပြီးနောက် သူ့အဖေနှင့် သူ့အဖွဲ့၏ အကူအညီမဲ့ခြင်းများနှင့် နှိုင်းယှဉ်ပါက လုရွှမ်ကို ပိုယုံကြည်လာခဲ့သည်။
လုရွှမ်ကလည်း ဒါကို မှန်းဆထားပြီးသား ဖြစ်ပေမယ့် ဒီလောက် လေးနက်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။
"ငါ နားလည်ပါတယ်... နတ်သမီးလျိုရှန်းကလည်သ မင်းရဲ့ဝမ်းကွဲအစ်မ ပြဿနာကို မြင်ပြီးပြီ... အခုလောလောဆယ် စိတ်မပူနဲ့ သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေကို အရင်ကြည့်ရအောင် ပြီးရင် အစီအစဉ်တွေ ချမယ်... နတ်သမီးလျိုရှန်းရဲ့ စိတ်ထဲမှာ တွက်ချက်မိထားပြီးသားပါ!"