← Chapters

ပြေး

Vol. 141 Ch. 4.1630

ပြေး

Vol. 141 Ch. 4.1630

စုန့်ယင် ထွက်ပြေးသွားစဥ်က လုရွှမ်စိတ်ထဲတွင် ခံစားလိုက်ရပြီး တစ်စုံတစ်ခု မှားနေပြီဟု နားမလည်နိုင်စွာ ခံစားလိုက်ရသည်။ မမျှော်လင့်ဘဲ သူတို့ အရူးလုပ်သွားခဲ့သည်။ ဤနတ်ဆိုးသည် လူအားလုံးကို စုဝေးစေပြီး အကုန်လုံးကို ဒဏ်ရာရသွားအောင် လုပ်ချင်နေ၏။

ဤအခိုက်အတန့်တွင် လုရွှမ် ဒီအချက်ကို ရှင်းရှင်းလင်းလင်း သတိထားမိလိုက်ပြီး ပြေးသွားသော်လည်း ထိုစွမ်းအားကြောင့် သူလည်း ခံရမည်ကို သိလိုက်သည်။ သူ့အနီးဆုံးဖြစ်သော ရဲ့ရှားနဲ့ ကောင်းကင်သိမ်းငှက်တို့၊ အထူးသဖြင့် လျိုရှန်းက ဒဏ်ရာပြင်းထန်စွာ ရသွားပေမည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မည်သူမဆို ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။ တစ်ခုတည်းသော နည်းလမ်းမှာ စုန့်ယင် မိမိကိုယ်ကို ဖျက်ဆီးတာကို ရပ်တန့်ခိုင်းရန်ပင်။

တခြားသူများသည် အပြင်ဘက်သို့ အရူးအမူး ပျံသန်းနေကြသော်လည်း စုန့်ယင်၏ နောက်ကွယ်မှ စုပ်ယူအားက သူတို့အရှိန်ကို အလွန်နှေးကွေးသွားစေခဲ့သည်။ လုရွှမ် ခုန်တက်လာပြီး စုန့်ယင်ရဲ့ ဆန့်ကျင်ဘက်ဘက်ကို ပြေးသွားခဲ့သည်။

သူ့စိတ်ထဲက အတွေးများကလည်း ယခင်ကထက် ပိုမိုရှင်းလင်းလာသည်။ ဤလူသည် ကောင်းကင်လူသားအပေါ် မုန်းတီးမှု ကြီးနေ၏။ တစ်နည်းဆိုရသော် ဤလူကို တံဆိပ် ခတ်လိုက်သောအခါက ကြားဝင်စွက်ဖက်သော ကောင်းကင်လူသား တစ်ယောက် ရှိခဲ့ပေလိမ့်မည်။

ထိုစဥ် လုရွှမ်၏ ကျင့်ကြံခြင်းအမြုတေထဲတွင် ကောင်းကင်နဂါးပုတီးစေ့ရဲ့ စွမ်းအားများ ပြည့်လာပြီး ရွှေချို၏ စွမ်းအားနှင့် ပေါင်းစပ်ကာ ယွမ်ယန် စွမ်းအားအဖြစ် နတ်ခန္ဓာကိုယ်ပေါ်သို့ ပေါင်းထည့်လိုက်သည်။ စွမ်းအင်သုံးခုကို စုရုံးပြီး သူ့လက်ဖဝါးထဲမှာ ပေါင်းထည့်လိုက်သည်။

ထို့နောက် လက်ဖဝါးစွမ်းအင်က ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး စုန့်ယင်ရဲ့ နောက်ကျောဘက်သို့ ခုတ်ထစ်ချလိုက်သည်။ ဒီအကွက်က သူမနောက်ကွယ်က အမှောင်ရိပ်တွေကို လုံးလုံးလျားလျား ရှင်းပစ်ဖို့ပါပဲ။

လုရွှမ်နောက်ကွယ်မှ အနီရောင်နေလုံးက စုန့်​မိသားစုတစ်ခုလုံးကို လင်းလက်တောက်ပစေသည်။ လုရွှမ် ချဉ်းကပ်လာသည်နှင့်အမျှ စုန့်ယင်နောက်ကွယ်ရှိ အမှောင်ရိပ်ထဲက အရာအားလုံး လင်းထိန်သွားခဲ့သည်။

၎င်းသည် အခြားကမ္ဘာမှ လာသကဲ့သို့ အက်ကွဲကြောင်း ဖြစ်လေ၏။ ယခုအချိန်တွင် အက်ကွဲအက်ကြောင်းကို တိတ်တိတ်ဆိတ်ဆိတ် ဖွင့်လိုက်ပြီး စုန့်ယင် ခန္ဓာကိုယ်မှတဆင့် ကြီးမားသော စုပ်ယူမှုစွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

ဓားချက်က ထူးထူးခြားခြား ပြင်းထန်လှတာကြောင့် အနက်ရောင် အရိပ်ကို ခုတ်ထစ်ပြီးတာနဲ့ အနက်ရောင် သွေးများ ထွက်လာတော့သည်။

လုရွှမ်သည် စုန့်ယင်ခေါင်းကို ရိုက်ချရန် အခွင့်အရေးယူပြီးနောက် ယွမ်ယန် စွမ်းအားကို သူမခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားစေလိုက်သည်။ တစ်ဆက်တည်း သူ့နောက်ကွယ်မှ ကောင်းကင်ဓားရှည်သည် အလိုအလျောက် ပျံတက်သွားပြီး နောက်တစ်ကြိမ် ထပ်ခုတ်လိုက်သည်။

နတ်အလင်းရောင်များ ဖြာထွက်လာ၏။ ခဏတာမျှပင် ဖြစ်သော်လည်း ၎င်း၏တောက်ပမှုသည် အနီရောင်နေထက်ပင် ပို၍တောက်ပနေသေးသည်။

"အား!"

"ဒါ ပရမ်းပတာပန်းရဲ့ နတ်အလင်း! မင်း ငရဲကျွန်းက လာတာ!"

အမှောင်ထဲက အရိပ်တစ်ခုက အော်ဟစ်လိုက်ပြီးနောက် စုန့်ယင်ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီးနောက် သူမ၏ ခေါင်းမှ ထွက်သွားလေသည်။

လုရွှမ် သူ့ကို မတားလိုက်ချေ။ မဟုတ်ရင် စုန့်ယင် သေသွားရမယ်ဆိုတာ သေချာလေသည်။

အနက်ရောင် အရိပ် ကောင်းကင်သို့ ပျံတက်သွားပေမယ့် လုရွှမ် ၎င်းနောက်မှ လိုက်မသွားပေ။ တစ်ဖန် စုန့်ယင်ရဲ့ ခန္ဓာကိုယ်ထဲသို့ အင်အားတစ်ခု ထိုးဖောက်ဝင်ရောက်စေကာ အနက်ရော င်စွမ်းအင်ကို စစ်ဆေးကြည့်သည်။

သေချာတာပေါ့၊ သူမရဲ့ ကျင့်ကြံခြင်းအမြုတေထဲမှာ အနက်ရောင် သလင်းကျောက်ကို တွေ့ရပြီး အဲဒီအရာက လူတွေကို လုပ်ကြံဖို့ တစ်ဖက်ရန်သူက တစ်စုံတစ်ခု ချန်ထားခဲ့တာ သိသာပေသည်။ ယွမ်ယန်စွမ်းအင်များက စုန့်ယင်ခန္ဓာကိုယ်ထဲသို့ အားအင်အပြည့်ဖြင့် တိုးဝင်သွားသည်။

ကြည်လင်နေသော သလင်းကျောက်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး လွတ်မြောက်ချင်ဘယသည်။ လုရွှမ် လက်နဲ့ ဆုပ်ကိုင်လိုက်ပြီး အနေအထားကို ပြင်ရင်း တွန်းထုတ်လိုက်၏။ ၎င်းက စိန်ပုံသဏ္ဌာန်လေး တစ်ခုပင်။ အတွင်းထဲမှာ အရမ်းမှောင်နေတော့ ဘာမှမမြင်ရ။ ဒါပေမယ့် လှိမ့်လိုက်တဲ့အခါ အထဲမှာ အခိုးအငွေ့တွေ ထွက်လာသည်။

ထပ်မံစစ်ဆေးကြည့်ရာ စုန့်ယင်ကိုယ်ထဲတွင် တခြားဘာမှ ထပ်မတွေ့ခဲ့ရပေ။ သူ့လက်ဖဝါးနဲ့ တစ်ချက် ရိုက်လိုက်တဲ့အခါ စုန့်ယင် ရုတ်တရက် သွေးအနက်ရောင်တွေကို ထွေးထုတ်လာသည်။ အကြိမ်ပေါင်းများစွာ ထွေးထုတ်ပြီးနောက် သွေးများ ပြန်လည် နီရဲလာသည်။

လုရွှမ် သူ့လက်ကို ရုတ်သိမ်းလိုက်တဲ့အခါ သူ့ပတ်ဝန်းကျင်က လူတွေက သူ့ကို သဘောကျစွာ ကြည့်နေကြတာ တွေ့လိုက်ရလေသည်။ အစောက လုရွှမ်သာ ရူးသွပ်စွာ ပြေးမသွားဘဲ တခြားသူသာဆိုရင် ဘာဖြစ်သွားမလဲ သိသာနေပြီလေ။

ယခုအချိန်တွင် လုရွှမ်က သူတို့ရဲ့အသက်ကို ကယ်တင်ရုံသာမက စုန့်ယင်​အသက်ကိုပါ ကယ်တင်ကာ သူမကိုယ်တွင်းမှ ထူးခြားမှုကို တွန်းလှန်လိုက်ပုံရသည်။ စုန့်ချင်ရှန်း အလွန်ဝမ်းသာသွားပြီး လုရွှမ်ကို ကျေးဇူးတင်စကားဆိုရန် ပြေးသွားခဲ့သည်။ လုရွှမ်ကြောင့်သာမဟုတ်ရင် သူ့တူမသေမှာ သေချာပါ၏။

"ယင်အာ... အဆင်ပြေရဲ့လား?"

စုန့်ယင် နည်းနည်းတော့ စိတ်ရှုပ်နေတုန်းပင်။

"ဘာဖြစ်တာလဲ...အ​စောက ပြိုင်နေတာ မဟုတ်ဘူးလား...ရုတ်တရက် ဘာဖြစ်သွားတာလဲ?"

စုန့်ချင်ရှန်းလည်း အရင်က ဖြစ်ပျက်ခဲ့တာတွေကို အမြန်ရှင်းပြလိုက်တော့ စုန့်ယင် ထိတ်လန့်ကာ ရှက်သွားပြီး အမြန်တောင်းပန်လိုက်သည်။

လုရွှမ်က ပြုံးပြီး ."ဘာမှမ​ဖြစ်ပါဘူး ဒါက ကောင်းသွားတာပါပဲ... ပြဿနာတချို့ကို ရှာတွေ့ခဲ့တာပေါ့"

ချောင်းဆိုးသံနဲ့ ထန်ရှိုးဝမ်က သူ့ဘေးမှ ထန်ဝူကို လက်ဖြင့်ပုတ်​လေသည်။ တစ်ဖက်လူလည်း ရှေ့သို့ အမြန်လှမ်းလာကာ မျက်နှာကြီး နီမြန်းလာသော်လည်း စကားစမြည်ကို ဘယ်လိုစရမှန်း မသိ ဖြစ်နေသည်။

လုရွှမ်: "ဟားဟား အစ်ကိုထန် ဒီလိုလုပ်စရာ မလိုပါဘူး... အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်အောင် ငါကူညီပေးမယ် အခုအချိန်က အရေးတကြီး အခြေအနေ ဖြစ်နေ​ပြီ... ငါတို့လှေပေါ်တက်ပြီးရင် မင်းနဲ့ မိန်းကလေး ရှောင်ယွီတို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးပါ့မယ်..."

"ငါတို့ရဲ့ အရေးအကြီးဆုံး တာဝန်က အရိပ်မည်းသတ္တဝါရဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ"

စုန့်ချင်ရှန်းလည်း ဒေါသတကြီးနဲ့ ဝင်အော်လိုက်သည်။

"ဟုတ်တယ်... ငါတို့နှာခေါင်းအောက်မှာ ဒီလိုကြောက်စရာကောင်းတဲ့ အကောင်မျိုး ပေါက်လာတာ ငါတို့မသိခဲ့ရဘူး"

ယွမ်ရှောက် : "မှန်တယ်... ဒီသတင်းသာ ပျံ့နှံ့သွားမယ်ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ သမိုင်းက ပျက်စီးသွားလိမ့်မယ် ဟမ့် ငါတို့ရဲ့ ကောင်းကင်ခန်းမကျွန်းက မရဏကျွန်းပဲ ဖြစ်လာလိမ့်မယ်"

အရင်က စုန့်ယင်ရဲ့ ကြောက်စရာကောင်းတဲ့ အပြောင်းအလဲတွေကို သူမြင်ပြီးနောက် အတော်လေး စိတ်ပူသွားခဲ့သည်။ ရှောင်ယွီက သူ့ရဲ့ နောက်ဆုံးတပည့် ဖြစ်သည်။ သူ့ရဲ့ကြိုးစားမှု အားလုံးကို သူမဆီ လောင်းထည့်လိုက်တာကြောင့် သူမသာ တစ်ခုခုဖြစ်ခဲ့ရင် သူလည်း နောင်တရပြီး သေဆုံးသွားရလိမ့်မည်။

သို့နှင့် ပြိုင်ပွဲကို လုံးဝ ထုတ်ပြန်ပြီး အတည်ပြုခဲ့သည်။ သင်္ဘောပေါ်တက်သူ သုံးဦးမှာ ဖူကျွမ်ချင်း၊ ထန်ဝူနဲ့ ရှောင်ယွီတို့ဖြစ်သည်။ ဧည့်သည်များ ပြန်သွားကာ သတင်းကို ဖြန့်ကြသည်။

လုရွှမ်နှင့် သူ၏အဖွဲ့သည် ဒေသခံအင်အားကြီး သုံးဦးနှင့်အတူ တိတ်ဆိတ်ငြိမ်သက်သော ခြံဝင်းအတွင်းသို့ ဝင်ရောက်ကာ စတင် ဆွေးနွေးခဲ့ကြသည်။ အင်အားကြီး သုံးဦးထံမှ စုံစမ်းမှုတချို့ ပြုလုပ်ပြီးနောက် ထိုအကောင်ရဲ့ မူလအစကို ဘယ်သူမှ မသိရှိကြောင်းသာ ရလဒ် ထွက်လာခဲ့သည်။

"ကောင်းပြီ...ဒီကျွန်းမှာ အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာရှိလားလို့ မေးလို့ရမလား.. မှတ်တမ်းအချို့ပါရှိတဲ့ ကျောက်ပြားတစ်ချပ်တို့ ရှိကောင်းရှိနိုင်မလား"

စုန့်ယန်ရဲ့ မျက်လုံးတွေက ရုတ်ချည်း တောက်ပလာခဲ့သည်။

"အရင်တုန်းက ယွဲ့ခုန်းတောင်မှာ ကျောက်ပြားတစ်ချပ် ရှိတယ်... အရမ်းဟောင်းနေပြီ... ငယ်ငယ်က အဲ့မှာ သွားကစားခဲ့ဖူးတယ်"

ဒါကိုကြားပြီးနောက် ယွမ်ရှောက်ကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ် ငါအရင်က အဲ့မှာ သွားကျင့်ကြံဖူးတယ်.. မိုးကြိုးပစ်ချထားသလိုပဲ ကျောက်ပြားက အပိုင်းပိုင်း ကွဲသွားတာ ကြာပြီ"

"ဒါပေမယ့် ကမ္ပည်းစာမှာ နားမလည်နိုင်တဲ့ ပုံစံတစ်ခု ရှိတယ်၊ ဒါပေမယ့် ဘာလဲဆိုတာ ဘယ်သူမှ သေချာမသိဘူး"

ရန်ဖေးရဲ့ မျက်လုံးများလည်း တောက်ပလာခဲ့သည်။

"အစ်ကိုလုရွှမ်...အဲ့ကျောက်ပြားမှာ ညီမတို့လိုချင်တာတွေ ပါနေတယ်လို့ ပြောချင်တာလား"

လုရွှမ်: "ဘာလို့ ကောင်းကင်ခန်းမကျွန်းမှာ ပေါ်လာတာလဲ ဒီမှာ ဝိညာဉ်စွမ်းအင်၊ နိယာမနဲ့ တခြားအရာတွေက သိပ်ထူးထူးခြားခြားလည်း မရှိပါဘူး... ကောင်းကင်ကမ္ဘာနဲ့ နှိုင်းယှဥ်ပြောလို့​တောင် မရဘူး ကမ္ဘာမြေကြီးရဲ့ အချမ်းသာဆုံးနေရာတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ကြီးကြီးမားမား အားသာချက်လည်း သိပ်မရှိနိုင်ပါဘူး ဒါပေမယ့် ဘာလို့ ဒီလောက်များတဲ့ ပါရမီရှင်တွေကို မွေးထုတ်နိုင်ရတာလဲ"

"ဘာအကြောင်းကြောင့်လဲ?"

လုရွှမ် လူတိုင်းကို လှည့်ပတ်ကြည့်နေသည်။ ထိုစဥ် အသက်အကြီးဆုံးဖြစ်သူ ယွမ်ရှောက်က သက်ပြင်းချလေ၏။

"ဒီကျွန်းမှာ အပြောင်းအလဲတွေက မြန်လွန်းတယ်... ငါတို့ ရှေးဟောင်း ဒဏ္ဍာရီတွေနဲ့ သမိုင်းရဲ့ မူလအစကိုတောင် မေ့နေတာ ကြာပြီပေါ့..."

All Chapters